HomeEntertainmentFilmတော်လှန်ရေးအကြောင်း အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းများ

တော်လှန်ရေးအကြောင်း အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

တော်လှန်ရေးအကြောင်း စိတ်ဝင်စားကြတဲ့ ရုပ်ရှင်ချစ်သူများအတွက် တော်လှန်ရေးကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

They Live
Photo via IMDb

ဒီဇာတ်ကားကတော့ ဂြိုဟ်သားတွေရဲ့ နယ်ချဲ့မှုကနေ လူသားမျိုးနွယ်ကို ပြန်လည်လွတ်မြောက်အောင် ကြိုးစားရတဲ့ တော်လှန်ရေးတစ်ခုအကြောင်း စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပြီး IMDb rating (7.3) ရရှိထားပါတယ်။

ဇာတ်လမ်းကတော့ Nada ဆိုတဲ့ လူတစ်ယောက်ဟာ ဘဝမှာ ဘာအဓိပ္ပာယ်မှ မရှိဘဲ ခြေသလုံးအိမ်တိုင် လျှောက်သွားနေတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ Nada ဟာ ထူးဆန်းတဲ့ မျက်မှန်တစ်လက်ကို ရှာတွေ့သွားပါတယ်။ အဲဒီမျက်မှန်ကတော့ ကမ္ဘာကြီးရဲ့ တကယ့်ပုံစံအစစ်ကို မြင်ရစေတဲ့အစွမ်း ရှိပါတယ်။

အဲဒီမျက်မှန်ကို တပ်ပြီး လော့စ်အိန်ဂျလိစ်မြို့က လမ်းမတွေပေါ် လျှောက်သွားမိတဲ့အခါမှာတော့ မီဒီယာတွေနဲ့ အစိုးရအဖွဲ့အစည်းတွေဟာ လူဦးရေ လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်း ထိန်းချုပ်ခံထားရပြီး အထက်တန်းလွှာ လူတန်းစားအများစုဟာလည်း အရိုးခေါင်းမျက်နှာနဲ့ ဂြိုဟ်သားတွေ ဖြစ်နေတာကို သိလိုက်ရပါတယ်။ ဒီအမှန်တရားကို သိလိုက်ရပြီးနောက်မှာတော့ လူသားမျိုးနွယ်ကို သိမ်းပိုက်ပြီး အုပ်စိုးနေတဲ့ ဂြိုဟ်သားတွေကို ပြန်လည် တိုက်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။

V For Vendetta
©Warner Bros

ဒီဇာတ်ကားကတော့ မင်းသားကြီး Hugo Weaving နဲ့ မင်းသမီး Natalie Portman တို့ အဓိက သရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ နာမည်ကျော် Matrix ဇာတ်ကားတွေကို ဇာတ်လမ်းရေးသားပြီး ရိုက်ကူးခဲ့တဲ့ Wachowski ညီအစ်မရဲ့ ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ IMDb rating ကတော့ (8.1) ရရှိထားပါတယ်။

ဇာတ်လမ်းကတော့ ကမ္ဘာစစ်ပြီးနောက်မှာ လန်ဒန်ဟာ ဖက်ဆစ်အစိုးရက ချုပ်ကိုင်ထားတဲ့ အကြမ်းဖက် ရဲတပ်ဖွဲ့ရဲ့ အုပ်ချုပ်မှုအောက် ကျရောက်နေရပါတယ်။ ဒီလို မတရားဖိနှိပ်မှုတွေကို တကိုယ်တော် တော်လှန်နေတဲ့ V ဆိုတဲ့ လူတစ်ယောက် ရှိပါတယ်။ တစ်နေ့တော့ လျှို့ဝှက်ရဲတပ်ဖွဲ့ထဲက Evey ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို V က ကယ်တင်လိုက်ပြီးနောက်မှာ သူမရဲ့အကူအညီနဲ့ မတရား ဖိနှိပ် အုပ်ချုပ်နေတဲ့ ဖက်ဆစ်တပ်ကို မြေလှန်ဖို့ ကြိုးစားပါတော့တယ်။

The Patriot
Photo via IMDb

ဒီဇာတ်ကားကတော့ နာမည်ကျော် ဂန္ထဝင်မင်းသားကြီး Mel Gibson နဲ့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ မင်းသား Heath Ledger တို့ အဓိက ပါဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ IMDb (7.2) ရရှိထားပြီး တခေတ်တခါက နာမည်ကြီးခဲ့တဲ့ စစ်နောက်ခံ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် သမိုင်းကြောင်းကို တပိုင်းတစ အခြေခံထားတာ ဖြစ်ပြီး တကယ် ရှိခဲ့တဲ့ လူပုဂ္ဂိုလ်တွေအကြောင်းကို ကာရိုက်တာတွေအဖြစ် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Benjamin ဟာ လက်ထပ်ပြီးနောက် သူ့ရဲ့  ကြမ်းတမ်းရက်စက်တဲ့ အတိတ်ကို မေ့ပျောက်ထားလိုက်ပြီး သာမန် လယ်သမားတစ်ယောက်အဖြစ် နေထိုင်နေပါတယ်။ ဒီလိုနဲ့ ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက်မှာ ကလေး(၇)ယောက်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ရပါတယ်။ အဲဒီနောက် ရက်စက် ကြမ်းကြုတ်လွန်းတဲ့ ဗြိတိသျှအရာရှိတစ်ဦးဟာ သူ့ရဲ့ သားတစ်ယောက်ကို သတ်ပစ်လိုက်တဲ့အခါမှာတော့ အမေရိကန်တော်လှန်ရေးမှာ ကိုယ်တိုင် ပါဝင်ရပါတော့တယ်။

Che
Photo via IMDb

ဒီဇာတ်ကားကတော့ နာမည်ကျော် တော်လှန်ရေးသမားကြီး Che Guevara ရဲ့ တော်လှန်ရေးသမိုင်းကြောင်းနဲ့ အတ္ထုပတ္တိကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အပိုင်းနှစ်ပိုင်း ပါဝင်ပြီး ပထမအပိုင်းကတော့ ကြာမြင့်ချိန် (၄)နာရီခွဲခန့် ရှိပြီး ဒုတိယအပိုင်းကတော့ (၂)နာရီကျော် ကြာမြင့်ပါတယ်။ IMDb rating ကတော့ ပထမအပိုင်းအတွက် (7.2) ရရှိထားပြီး ဒုတိယအပိုင်းအတွက် (6.9) ရရှိထားပါတယ်။

အာဂျင်တီးနားနိုင်ငံသား ဆရာဝန်တစ်ယောက်အဖြစ်မှ ကမ္ဘာနဲ့ချီတဲ့ တော်လှန်ရေးသမားကြီး ဖြစ်လာခဲ့တဲ့ Che Guevara ရဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကို ဒီဇာတ်ကားထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အောင်မြင်ခဲ့တဲ့ ကျူးဘားတော်လှန်ရေးကနေ ဗိုလီဘီးယားနိုင်ငံရဲ့ တောင်တန်းတွေကြားမှာ အသက်ဆုံးရှုံးခဲ့ရသည်အထိ Che ရဲ့ ဘဝဇာတ်ကြောင်းတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Les Miserables
Photo via IMDb

ဒီဇာတ်ကားကတော့ နာမည်ကြီး ပြင်သစ်တော်လှန်ရေးရဲ့ သမိုင်းနောက်ခံနဲ့ ဇာတ်ကားဖြစ်ပြီး နာမည်ကျော် Les Miserables ပြဇာတ်ကြီးကို အခြေခံ ရိုက်ကူးထားတဲ့ musical drama ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က ဒီဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့ကြပြီး နောက်ဆုံး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကတော့ ၂၀၁၂ခုနှစ်က ထွက်ရှိခဲ့ပါတယ်။

နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Anne Hathaway ၊ Hugh Jackman ၊ Russell Crowe ၊ Amanda Seyfried ၊ Eddie Redmayne နဲ့ Helena Bonham Carter တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အော်စကာ သုံးဆု၊ ရွှေကမ္ဘာလုံးဆု သုံးဆုအပြင် အခြားသော ရုပ်ရှင်ထူးချွန်ဆုများစွာ ဆွတ်ခူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ (၁၉)ရာစုနှစ် အစောပိုင်းလောက်မှာ ဇာတ်အိမ်တည်ထားပြီး Jean Valjean ဆိုတဲ့ လူတစ်ယောက်အကြောင်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Jean Valjean ဟာ (၁၉)နှစ်ကြာ အကျဉ်းကျခံနေရသူ ဖြစ်ပြီး တစ်ရက်မှာတော့ ထောင်မှူးက လွတ်မြောက်ခွင့်ပေးခြင်း ခံလိုက်ရပါတယ်။ သို့ပေမယ့် သူဟာ ထောင်မှူး ချမှတ်ထားတဲ့ စည်းကမ်းကို ဖောက်ဖျက်ကာ ထွက်ပြေးပြီး ခိုးယူလာတဲ့ ငွေထည်တချို့နဲ့ ဘဝသစ် စတင်ဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ Jean Valjean ဟာ လူမမယ် ကောင်မလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ဖြစ်လာပေမယ့် သူ့ရဲ့အတိတ်က သူ့နောက်ကို လိုက်လာတဲ့အခါမှာတော့ … ။

Braveheart
Photo via IMDb

ဒီဇာတ်ကားကလည်း တကယ့် သမိုင်းဖြစ်ရပ်ကို နောက်ခံပြုထားတဲ့ ဒရာမာ စစ်ကားတစ်ကား ဖြစ်ပါတယ်။ အင်္ဂလိပ်လက်အောက် ကျရောက်နေတဲ့ စကော့တလန်ရဲ့ လွတ်လပ်ရေးကို ပြန်လည် တိုက်ယူခဲ့ရတဲ့ တော်လှန်ရေးကားတစ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ မင်းသားကြီး Mel Gibson က အဓိက သရုပ်ဆောင်ထားပြီး သူ့ရဲ့ အကောင်းဆုံး ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ အော်စကာဆု(၁၀)ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပြီး (၅)ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ Sir William Wallace ဆိုတဲ့ စကော့တလန် သူရဲကောင်းတစ်ယောက် ဦးဆောင်တဲ့ ပထမဆုံး စကော့တလန် လွတ်မြောက်ရေး တိုက်ပွဲအကြောင်း ဖြစ်ပါတယ်။ Sir William Wallace ဟာ သူ့ချစ်သူ ကောင်မလေးနဲ့ လက်ထပ်ပြီး နောက်တစ်ရက်မှာတင် ဇနီးဖြစ်သူကို အင်္ဂလန်ဘုရင် Edward I က သတ်ပစ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ နောက်လိုက်ပါတွေနဲ့အတူ အင်္ဂလိပ်ရဲ့ အနိုင်ကျင့် ရက်စက်မှုတွေက လွတ်မြောက်ဖို့ စစ်ပွဲကို စတင်ပါတော့တယ်။

ဒါကတော့ တော်လှန်ရေးအကြောင်း အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းများ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဇာတ်ကားကောင်းတွေ ရှိရင်လည်း ပြန်လည် မျှဝေပေးခဲ့ပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေတာ္လွန္ေရးအေၾကာင္း စိတ္ဝင္စားၾကတဲ့ ႐ုပ္ရွင္ခ်စ္သူမ်ားအတြက္ ေတာ္လွန္ေရးကို အေျခခံၿပီး ႐ိုက္ကူးထားတဲ့ ဇာတ္ကားေကာင္းေတြနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။

They Live
Photo via IMDb

ဒီဇာတ္ကားကေတာ့ ၿဂိဳဟ္သားေတြရဲ႕ နယ္ခ်ဲ႕မႈကေန လူသားမ်ိဳးႏြယ္ကို ျပန္လည္လြတ္ေျမာက္ေအာင္ ႀကိဳးစားရတဲ့ ေတာ္လွန္ေရးတစ္ခုအေၾကာင္း စိတ္ကူးယဥ္ ႐ိုက္ကူးထားတဲ့ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ ၁၉၈၈ခုႏွစ္မွာ ထြက္ရွိထားတာ ျဖစ္ၿပီး IMDb rating (7.3) ရရွိထားပါတယ္။

ဇာတ္လမ္းကေတာ့ Nada ဆိုတဲ့ လူတစ္ေယာက္ဟာ ဘဝမွာ ဘာအဓိပၸာယ္မွ မရွိဘဲ ေျခသလုံးအိမ္တိုင္ ေလွ်ာက္သြားေနတဲ့ လူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီလိုနဲ႔ တစ္ေန႔မွာေတာ့ Nada ဟာ ထူးဆန္းတဲ့ မ်က္မွန္တစ္လက္ကို ရွာေတြ႕သြားပါတယ္။ အဲဒီမ်က္မွန္ကေတာ့ ကမာၻႀကီးရဲ႕ တကယ့္ပုံစံအစစ္ကို ျမင္ရေစတဲ့အစြမ္း ရွိပါတယ္။

အဲဒီမ်က္မွန္ကို တပ္ၿပီး ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕က လမ္းမေတြေပၚ ေလွ်ာက္သြားမိတဲ့အခါမွာေတာ့ မီဒီယာေတြနဲ႔ အစိုးရအဖြဲ႕အစည္းေတြဟာ လူဦးေရ ေလွ်ာ့ခ်ဖို႔ ရည္႐ြယ္ခ်က္နဲ႔ ဖြဲ႕စည္း ထိန္းခ်ဳပ္ခံထားရၿပီး အထက္တန္းလႊာ လူတန္းစားအမ်ားစုဟာလည္း အ႐ိုးေခါင္းမ်က္ႏွာနဲ႔ ၿဂိဳဟ္သားေတြ ျဖစ္ေနတာကို သိလိုက္ရပါတယ္။ ဒီအမွန္တရားကို သိလိုက္ရၿပီးေနာက္မွာေတာ့ လူသားမ်ိဳးႏြယ္ကို သိမ္းပိုက္ၿပီး အုပ္စိုးေနတဲ့ ၿဂိဳဟ္သားေတြကို ျပန္လည္ တိုက္ထုတ္ဖို႔ ႀကိဳးစားရပါေတာ့တယ္။

V For Vendetta
©Warner Bros

ဒီဇာတ္ကားကေတာ့ မင္းသားႀကီး Hugo Weaving နဲ႔ မင္းသမီး Natalie Portman တို႔ အဓိက သ႐ုပ္ေဆာင္ထားတဲ့ သည္းထိတ္ရင္ဖို အက္ရွင္ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ နာမည္ေက်ာ္ Matrix ဇာတ္ကားေတြကို ဇာတ္လမ္းေရးသားၿပီး ႐ိုက္ကူးခဲ့တဲ့ Wachowski ညီအစ္မရဲ႕ ဇာတ္လမ္းလည္း ျဖစ္ပါတယ္။ IMDb rating ကေတာ့ (8.1) ရရွိထားပါတယ္။

ဇာတ္လမ္းကေတာ့ ကမာၻစစ္ၿပီးေနာက္မွာ လန္ဒန္ဟာ ဖက္ဆစ္အစိုးရက ခ်ဳပ္ကိုင္ထားတဲ့ အၾကမ္းဖက္ ရဲတပ္ဖြဲ႕ရဲ႕ အုပ္ခ်ဳပ္မႈေအာက္ က်ေရာက္ေနရပါတယ္။ ဒီလို မတရားဖိႏွိပ္မႈေတြကို တကိုယ္ေတာ္ ေတာ္လွန္ေနတဲ့ V ဆိုတဲ့ လူတစ္ေယာက္ ရွိပါတယ္။ တစ္ေန႔ေတာ့ လွ်ိဳ႕ဝွက္ရဲတပ္ဖြဲ႕ထဲက Evey ဆိုတဲ့ ေကာင္မေလးတစ္ေယာက္ကို V က ကယ္တင္လိုက္ၿပီးေနာက္မွာ သူမရဲ႕အကူအညီနဲ႔ မတရား ဖိႏွိပ္ အုပ္ခ်ဳပ္ေနတဲ့ ဖက္ဆစ္တပ္ကို ေျမလွန္ဖို႔ ႀကိဳးစားပါေတာ့တယ္။

The Patriot
Photo via IMDb

ဒီဇာတ္ကားကေတာ့ နာမည္ေက်ာ္ ဂႏၴဝင္မင္းသားႀကီး Mel Gibson နဲ႔ ကြယ္လြန္သြားၿပီ ျဖစ္တဲ့ မင္းသား Heath Ledger တို႔ အဓိက ပါဝင္ထားတဲ့ ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။ IMDb (7.2) ရရွိထားၿပီး တေခတ္တခါက နာမည္ႀကီးခဲ့တဲ့ စစ္ေနာက္ခံ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဇာတ္ကားဟာ ျဖစ္ရပ္မွန္ သမိုင္းေၾကာင္းကို တပိုင္းတစ အေျခခံထားတာ ျဖစ္ၿပီး တကယ္ ရွိခဲ့တဲ့ လူပုဂၢိဳလ္ေတြအေၾကာင္းကို ကာ႐ိုက္တာေတြအျဖစ္ တည္ေဆာက္ထားတာ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ Benjamin ဟာ လက္ထပ္ၿပီးေနာက္ သူ႔ရဲ႕  ၾကမ္းတမ္းရက္စက္တဲ့ အတိတ္ကို ေမ့ေပ်ာက္ထားလိုက္ၿပီး သာမန္ လယ္သမားတစ္ေယာက္အျဖစ္ ေနထိုင္ေနပါတယ္။ ဒီလိုနဲ႔ ဇနီးျဖစ္သူ ကြယ္လြန္သြားၿပီးေနာက္မွာ ကေလး(၇)ေယာက္ကို တစ္ေယာက္တည္း ျပဳစုပ်ိဳးေထာင္ခဲ့ရပါတယ္။ အဲဒီေနာက္ ရက္စက္ ၾကမ္းၾကဳတ္လြန္းတဲ့ ၿဗိတိသွ်အရာရွိတစ္ဦးဟာ သူ႔ရဲ႕ သားတစ္ေယာက္ကို သတ္ပစ္လိုက္တဲ့အခါမွာေတာ့ အေမရိကန္ေတာ္လွန္ေရးမွာ ကိုယ္တိုင္ ပါဝင္ရပါေတာ့တယ္။

Che
Photo via IMDb

ဒီဇာတ္ကားကေတာ့ နာမည္ေက်ာ္ ေတာ္လွန္ေရးသမားႀကီး Che Guevara ရဲ႕ ေတာ္လွန္ေရးသမိုင္းေၾကာင္းနဲ႔ အတၳဳပတၱိကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အပိုင္းႏွစ္ပိုင္း ပါဝင္ၿပီး ပထမအပိုင္းကေတာ့ ၾကာျမင့္ခ်ိန္ (၄)နာရီခြဲခန႔္ ရွိၿပီး ဒုတိယအပိုင္းကေတာ့ (၂)နာရီေက်ာ္ ၾကာျမင့္ပါတယ္။ IMDb rating ကေတာ့ ပထမအပိုင္းအတြက္ (7.2) ရရွိထားၿပီး ဒုတိယအပိုင္းအတြက္ (6.9) ရရွိထားပါတယ္။

အာဂ်င္တီးနားႏိုင္ငံသား ဆရာဝန္တစ္ေယာက္အျဖစ္မွ ကမာၻနဲ႔ခ်ီတဲ့ ေတာ္လွန္ေရးသမားႀကီး ျဖစ္လာခဲ့တဲ့ Che Guevara ရဲ႕ ေတာ္လွန္ေရး လႈပ္ရွားမႈေတြကို ဒီဇာတ္ကားထဲမွာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ေအာင္ျမင္ခဲ့တဲ့ က်ဴးဘားေတာ္လွန္ေရးကေန ဗိုလီဘီးယားႏိုင္ငံရဲ႕ ေတာင္တန္းေတြၾကားမွာ အသက္ဆုံးရႈံးခဲ့ရသည္အထိ Che ရဲ႕ ဘဝဇာတ္ေၾကာင္းေတြကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

Les Miserables
Photo via IMDb

ဒီဇာတ္ကားကေတာ့ နာမည္ႀကီး ျပင္သစ္ေတာ္လွန္ေရးရဲ႕ သမိုင္းေနာက္ခံနဲ႔ ဇာတ္ကားျဖစ္ၿပီး နာမည္ေက်ာ္ Les Miserables ျပဇာတ္ႀကီးကို အေျခခံ ႐ိုက္ကူးထားတဲ့ musical drama ျဖစ္ပါတယ္။ ေခတ္အဆက္ဆက္က ဒီဇာတ္လမ္းကို ႐ုပ္ရွင္အျဖစ္ ျပန္လည္႐ိုက္ကူးခဲ့ၾကၿပီး ေနာက္ဆုံး ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ကေတာ့ ၂၀၁၂ခုႏွစ္က ထြက္ရွိခဲ့ပါတယ္။

နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Anne Hathaway ၊ Hugh Jackman ၊ Russell Crowe ၊ Amanda Seyfried ၊ Eddie Redmayne နဲ႔ Helena Bonham Carter တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ေအာ္စကာ သုံးဆု၊ ေ႐ႊကမာၻလုံးဆု သုံးဆုအျပင္ အျခားေသာ ႐ုပ္ရွင္ထူးခြၽန္ဆုမ်ားစြာ ဆြတ္ခူးထားတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ (၁၉)ရာစုႏွစ္ အေစာပိုင္းေလာက္မွာ ဇာတ္အိမ္တည္ထားၿပီး Jean Valjean ဆိုတဲ့ လူတစ္ေယာက္အေၾကာင္းကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ Jean Valjean ဟာ (၁၉)ႏွစ္ၾကာ အက်ဥ္းက်ခံေနရသူ ျဖစ္ၿပီး တစ္ရက္မွာေတာ့ ေထာင္မႉးက လြတ္ေျမာက္ခြင့္ေပးျခင္း ခံလိုက္ရပါတယ္။ သို႔ေပမယ့္ သူဟာ ေထာင္မႉး ခ်မွတ္ထားတဲ့ စည္းကမ္းကို ေဖာက္ဖ်က္ကာ ထြက္ေျပးၿပီး ခိုးယူလာတဲ့ ေငြထည္တခ်ိဳ႕နဲ႔ ဘဝသစ္ စတင္ဖို႔ ႀကိဳးစားပါေတာ့တယ္။ ဒီလိုနဲ႔ Jean Valjean ဟာ လူမမယ္ ေကာင္မေလးတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ဖို႔ ျဖစ္လာေပမယ့္ သူ႔ရဲ႕အတိတ္က သူ႔ေနာက္ကို လိုက္လာတဲ့အခါမွာေတာ့ … ။

Braveheart
Photo via IMDb

ဒီဇာတ္ကားကလည္း တကယ့္ သမိုင္းျဖစ္ရပ္ကို ေနာက္ခံျပဳထားတဲ့ ဒရာမာ စစ္ကားတစ္ကား ျဖစ္ပါတယ္။ အဂၤလိပ္လက္ေအာက္ က်ေရာက္ေနတဲ့ စေကာ့တလန္ရဲ႕ လြတ္လပ္ေရးကို ျပန္လည္ တိုက္ယူခဲ့ရတဲ့ ေတာ္လွန္ေရးကားတစ္ကားလည္း ျဖစ္ပါတယ္။ ဒီဇာတ္ကားကိုေတာ့ မင္းသားႀကီး Mel Gibson က အဓိက သ႐ုပ္ေဆာင္ထားၿပီး သူ႔ရဲ႕ အေကာင္းဆုံး ဇာတ္ကားတစ္ကားဆိုလည္း မမွားပါဘူး။ ေအာ္စကာဆု(၁၀)ဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့ၿပီး (၅)ဆု ဆြတ္ခူးႏိုင္ခဲ့တဲ့ ဇာတ္ကားႀကီးလည္း ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ Sir William Wallace ဆိုတဲ့ စေကာ့တလန္ သူရဲေကာင္းတစ္ေယာက္ ဦးေဆာင္တဲ့ ပထမဆုံး စေကာ့တလန္ လြတ္ေျမာက္ေရး တိုက္ပြဲအေၾကာင္း ျဖစ္ပါတယ္။ Sir William Wallace ဟာ သူ႔ခ်စ္သူ ေကာင္မေလးနဲ႔ လက္ထပ္ၿပီး ေနာက္တစ္ရက္မွာတင္ ဇနီးျဖစ္သူကို အဂၤလန္ဘုရင္ Edward I က သတ္ပစ္လိုက္ပါတယ္။ အဲဒီေနာက္မွာေတာ့ သူ႔ရဲ႕ ေနာက္လိုက္ပါေတြနဲ႔အတူ အဂၤလိပ္ရဲ႕ အႏိုင္က်င့္ ရက္စက္မႈေတြက လြတ္ေျမာက္ဖို႔ စစ္ပြဲကို စတင္ပါေတာ့တယ္။

ဒါကေတာ့ ေတာ္လွန္ေရးအေၾကာင္း အေျခခံ ႐ိုက္ကူးထားတဲ့ ဇာတ္ကားေကာင္းမ်ား ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားဇာတ္ကားေကာင္းေတြ ရွိရင္လည္း ျပန္လည္ မွ်ေဝေပးခဲ့ပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular