HomeEntertainmentFilmပရလောကနဲ့ သဘာဝလွန်ဖြစ်ရပ်တွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းများ

ပရလောကနဲ့ သဘာဝလွန်ဖြစ်ရပ်တွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကြောက်မက်စရာ Horror ဇာတ်ကား အမျိုးအစားထဲမှာဆိုရင် သဘာဝလွန်ဖြစ်ရပ် ဇာတ်လမ်းများကတော့ Hollywood မှာ အမြဲတမ်း လူကြိုက်များပါတယ်။ သဘာဝလွန် ဖြစ်ရပ်တွေလို့ ပြောလိုက်ရင် တမလွန်ဘဝအကြောင်းတွေ၊ ဘာသာရေးတွေ၊ တန်ခိုးပါဝါတွေ၊ သရဲတစ္ဆေတွေ တည်ရှိမှုအကြောင်းတွေ၊ နတ်ဆိုး မိစ္ဆာမကောင်းဆိုးဝါးတွေနဲ့ ဆက်စပ်တဲ့ horror ဇာတ်လမ်းတွေကို အထူးသဖြင့် တွေ့ရပါတယ်။

ဒီသဘာဝလွန် ကြောက်မက်ဖွယ်ဇာတ်လမ်းတွေဟာ ၁၉၂၀ခုနှစ်နဲ့ ၁၉၃၀ခုနှစ်များက ဂျာမနီ အသံတိတ်ရုပ်ရှင်တွေက စတင်ပြီး လူကြိုက်များလာတာဖြစ်ပါတယ်။ နောက်ပိုင်း အဲဒီဂယက်က Hollywood ကို လာရိုက်ခတ်ပြီး ရင်ဖိုစရာနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး horror ဇာတ်ကားတွေရဲ့ ခရီးအစ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပရလောကနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Carrie
Photo Via Screenrant

Stephen King ဟာ တကယ့်ကို နာမည်ကြီးတဲ့ စာရေးဆရာဖြစ်ပြီး သူ့ရဲ့ဝတ္တုအများစုကိုလည်း ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ ပြန်လည်ရိုက်ကူးထားကြပါတယ်။ သူ့ရဲ့ ပထမဆုံးဝတ္တုဖြစ်တဲ့ Carrie ကိုတော့ ၁၉၇၆ခုနှစ်မှာ ရုပ်ရှင်ပြန်ရိုက်ခဲ့ပြီး အဲ့ဒီ့ကစလို့ ချက်ချင်းကို လူတွေကြား ရေပန်းစားအောင်မြင်ခဲ့ပါတယ်။ ဒီကားကတော့ IMDb 7.4  ရရှိထားပါတယ်။

Carrie ကတော့ (၁၆)နှစ်အရွယ် ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ အဲ့ဒီ့ကောင်မလေးဟာ ကျောင်းမှာ အမြဲတမ်း အနိုင်ကျင့်ခံနေရသူပါ။ ဒီလိုနဲ့ သူမရဲ့ဒေါသနဲ့ မခံချင်စိတ်တွေကြောင့် သူမဆီမှာ ရှိနေတဲ့ ထူးဆန်းတဲ့ စွမ်းအားတွေက ပွင့်ထွက်လာတဲ့အခါမှာတော့ အားလုံးအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာပါတော့တယ်။

The Omen
Photo Via Screenrant

The Omen ဟာ ၁၉၇၆ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb 7.5 ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကလေးရဖို့ ကြိုးစားနေကြတဲ့ အမေရိကန်သံအမတ် Robert နဲ့ သူရဲ့ဇနီး Katherine တို့ရဲ့အကြောင်း ဖြစ်ပါတယ်။ ကံမကောင်းစွာပဲ Katherine မွေးတဲ့ ကလေးဟာ အဖတ်မတင်တဲ့ နောက်မှာတော့ Damien လို့ခေါ်တဲ့ ကလေးတစ်ယောက်ကို မွေးစားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သိပ်မကြာခင်မှာပဲ Damien ရဲ့ ပထမဆုံးနန်နီဟာ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။ ဘုန်းတော်ကြီးတစ်ပါးကလည်း ဒီကလေးဟာ မိသားစုကို ဝမ်းနည်းစရာတွေပဲ ပေးလိမ့်မယ်လို့ Robert တို့လင်မယားကို သတိပေးခဲ့ပါတယ်။ သို့ပေမယ့် အမှုမဲ့ အမှတ်မဲ့ပဲ နေမိတဲ့ Robert တို့မောင်နှံဟာ မမျှော်လင့်ထားလောက်တဲ့ ကံဆိုးမှုတွေကို ရင်ဆိုင်ကြရပါတော့တယ်။ ဒီကားမှာတော့ ဂန္ထဝင်မင်းသားကြီး Gregory Peck က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

The Haunting
Photo Via Screenrant

The Haunting ဟာ အကောင်းဆုံး horror ဇာတ်ကားစားရင်းတွေမှာ အမြဲတမ်း ပါဝင်ခဲ့ပြီးတော့ လက်ရှိအချိန်အထိလည်း ဂန္ထဝင်ကားကောင်းတစ်ကား ဖြစ်နေဆဲပါ။ ဒီဇာတ်ကားဟာ ၁၉၆၃ခုနှစ်မှာ ထွက်ရှိထားပြီး IMDb 7.5 ရရှိထားပါတယ်။ ဒီကားကိုပဲ ၁၉၉၉ခုနှစ်မှာ မင်းသား Liam Neeson နဲ့ ပြန်လည်ရိုက်ကူးခဲ့ပေမယ့် မူရင်းကို မမှီဘဲ ပရိသတ်တွေနဲ့ ဝေဖန်သူတွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။

ဒီအော်ရီဂျင်နယ် ဇာတ်လမ်းထဲမှာတော့ သိပ္ပံပညာရှင် ဒေါက်တာ Markway ဟာ သဘာဝလွန် ဖြစ်ရပ်တွေရှိကြောင်းသက်သေပြနိုင်ဖို့ Hill House စံအိမ်ကြီးမှာ စုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ အမျိုးသမီးနှစ်ယောက်ကို သူနဲ့အတူစုံစမ်းဖို့ခေါ်လာခဲ့ပြီး သိပ်မကြာခင်မှာပဲ သူတို့ထဲက အမျိုးသမီးတစ်ယောက်မှာ မူမမှန်တဲ့ ခြောက်ခြားဖွယ်ရာတွေ မြင်လာရပါတော့တယ်။

The Conjuring
Photo Via Screenrant

ဒါရိုက်တာ James Wan ရဲ့လက်ရာဖြစ်ပြီး IMDb 7.5 ရရှိထားတဲ့ ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းကတော့ ၁၉၇၁ခုနှစ်က အဖြစ်အပျက်တစ်ခုကို အခြေခံထားပါတယ်။ Roger Perron ဆိုတဲ့ လူတစ်ယောက်ဟာ ဇနီးသည်နဲ့ သမီးတွေနဲ့အတူတူ Rhode Island မှာရှိတဲ့ လယ်တောအိမ်လေးတစ်အိမ်ကို ပြောင်းရွှေ့လာပါတယ်။ ပြောင်းလာပြီးသိပ်မကြာခင်မှာပဲ လျှို့ဝှက်မြေတိုက်ခန်းတစ်ခုကို တွေ့ခဲ့ပြီးနောက်ပိုင်းမှာတော့ ထူးဆန်းတဲ့အရာတွေက သူတို့ကိုစတင်ခြောက်လှန့်လာပါတော့တယ်။

The Others
Photo Via Screenrant

၂၀၀၁ခုနှစ်က ထွက်ရှိခဲ့တဲ့ The Others ဇာတ်ကားကတော့ IMDb 7.6 ရရှိထားပါတယ်။ ဇာတ်လမ်းရဲ့ အချိန်ကာလကို ၁၉၄၅ခုနှစ် ပတ်ဝန်းကျင်မှာ အခြေတည်ထားပြီး Grace Stewart ဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဇာတ်အိမ်တည်ထားပါတယ်။ Grace ဟာ ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ ရှေ့တန်းသွားနေတဲ့ သူမရဲ့ယောက်ျား ပြန်အလာကိုအချိန်အတော်ကြာ စောင့်မျှော်ပြီးနောက်မှာတော့ သူသေပြီလို့ ကောက်ချက်ချခဲ့ပါတယ်။

အဲ့ဒီ့နောက် အလင်းရောင်ခြည်နဲ့ ဓာတ်မတည့်တဲ့ ရောဂါတစ်မျိုး ဖြစ်နေတဲ့ သူမရဲ့ကလေးတွေနဲ့အတူတူ Channel Islands မှာ တိတ်တဆိတ် သွားနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမရဲ့သားနဲ့သမီးကို အလင်းရောင် တိုက်ရိုက်မထိဖို့အတွက် အိမ်မှာရှိသမျှ တံခါးတွေ၊ ပြတင်းပေါက်တွေကို အချိန်တိုင်း ကျိန်းသေပိတ်ထားရမယ်လို့ သင်ပေးထားပြီး တင်းကြပ်တဲ့ စည်းကမ်းလည်း ထုတ်ထားပါတယ်။ ဒီလိုနဲ့ အိမ်အကူ ငှားပြီးနောက်ပိုင်းမှာတော့ သူတို့ဆီကို သူစိမ်းကောင်လေးတစ်ယောက် မကြာခဏ လာလည်နေတယ်လို့ သူမရဲ့ကလေးတွေက ပြောပါတော့တယ်။ အဲဒီကစပြီးတော့ သဘာဝလွန်အဖြစ်အပျက်တွေဟာ တောက်လျှောက်ဖြစ်လာပါတော့တယ်။ မင်းသမီး Nicole Kidman က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။

The Innocents
Photo Via Screenrant

ဒီဇာတ်ကားကတော့ ၁၉၆၁ခုနှစ်မှာ ထွက်ရှိထားပြီး IMDb 7.8 ရရှိထားပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ ဝိတိုရိယခေတ်ကို အခြေခံထားတဲ့ ဒီဇာတ်လမ်းမှာတော့ အလုပ်အလွန်များတဲ့ လူချမ်းသာတစ်ယောက်ဟာ မိဘမဲ့နေတဲ့ တူဖြစ်သူ Miles နဲ့ တူမလေး Flora တို့ကို စောင့်ရှောက်ဖို့ အိမ်ထိန်းအသစ် ငှားလိုက်ပါတယ်။

အိမ်တော်ထိန်း Miss Giddens ရဲ့ တာဝန်ကတော့ ကလေးတွေကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်ဖို့ ဖြစ်ပါတယ်။ သို့ပေမယ့် သူမရဲ့အလုပ်ဟာ ထင်သလောက်တော့ ချောမွေ့၊ လွယ်ကူမနေပါဘူး။ ဒီလိုနဲ့ အဲ့ဒီ့အိမ်က ကလေးနှစ်ယောက်ဟာ ယခင်‌က နေထိုင်သွားတဲ့ အိမ်တော်ထိန်းအဟောင်းတွေရဲ့ ဝိဉာဉ်တွေ ပူးကပ်ခံနေရတယ်လို့ Miss Giddens က ယုံကြည်လာပါတယ်။ ဒါကြောင့်ပဲ သူမဟာ သရဲတစ္ဆေတွေနဲ့ အိမ်တော်ထဲက ထူးဆန်းတဲ့ကိစ္စတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။

Rosemary’s Baby
Photo Via Screenrant

ဒီဇာတ်ကားကတော့ ပြင်သစ်ဒါရိုက်တာ Polanski ရဲ့ လက်ရာဖြစ်ပြီး ၁၉၆၈ခုနှစ်က ထွက်ရှိခဲ့ကာ IMDb 8 ရရှိထားပါတယ်။ Rosemary’s Baby ဇာတ်ကားမှာတော့ ပတ်ဝန်းကျင်အသစ်ကို ပြောင်းလာတဲ့ လင်မယားနှစ်ယောက်ရဲ့အကြောင်းကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဇနီးသည်ဖြစ်သူမှာ ကိုယ်ဝန်ရပြီးနောက်မှာတော့ သူမရဲ့ကလေးဟာ မကောင်းဆိုးဝါးနဲ့ ဆက်နွယ်နေသလားလို့ သံသယရှိလာပါတယ်။ ဒီရုပ်ရှင်ဟာ အော်စကာနှစ်ဆုနဲ့ ရွှေကမ္ဘာလုံးဆု လေးဆုအတွက် စံကာတင်စာရင်းဝင်ခဲ့ပါတယ်။

The Exorcist
Photo Via Screenrant

The Exorcist ရုပ်ရှင်ဇာတ်ကားဟာ ၁၉၇၃ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး IMDb 8 ရရှိထားပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားဟာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် စံကာတင်စာရင်းဝင်ခဲ့တဲ့ ပထမဦးဆုံး horror ရုပ်ရှင်ဖြစ်ခဲ့ပြီး နောက်ထပ် အော်စကာဆု ဆယ်ဆုအတွက်လည်း စံကာတင်ဝင်ခဲ့ပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတာကတော့ ဟောလိဝုဒ်ရဲ့ နာမည်ကြီးသရုပ်ဆောင်များစွာဟာ ဒီဇာတ်ကားက အောင်မြင်ဖို့ မသေချာဘူးဆိုပြီး သရုပ်ဆောင်ဖို့ ငြင်းဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ မိခင်တစ်ယောက်ဟာ မိစ္ဆာဝင်ပူးခံနေရတဲ့ သမီးလေးကို ကယ်တင်ဖို့ ကတ်သလစ် ဘုန်းတော်ကြီးနှစ်ပါးဆီမှာ အကူညီတောင်းခံရာက မိစ္ဆာနဲ့ ဘုန်းတော်ကြီးတို့ ထိပ်တိုက်တွေ့တဲ့ အစွဲချွတ်ပွဲ ဖြစ်လာပါတော့တယ်။ The Exorcist ဟာ R-rated ရုပ်ရှင်တွေကြားမှာ ဆယ်စုနှစ်နှစ်ခုလောက် သရဖူဆောင်းလာခဲ့ပြီး Terminator: Judgement Day ထွက်လာတဲ့ ၁၉၉၁ခုနှစ်ကျမှ ပထမနေရာကနေ ဆင်းပေးခဲ့ရပါတယ်။

The Sixth Sense
Photo Via Screenrant

The Sixth Sense ဇာတ်ကားကတော့ ၁၉၉၉ခုနှစ်မှာ ထွက်ရှိထားပြီး IMDb 8.1 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Cole Sear လို့ခေါ်တဲ့ ကလေးတစ်ယောက်ဟာ သေပြီးသူတွေကို မြင်နိုင်၊စကားပြောနိုင်တဲ့ အစွမ်းတစ်ခုကို ရရှိထားပါတယ်။ ဖီလာဒဲလ်ဖီးယားပြည်နယ်က ကလေးစိတ်ကုဆရာဝန် Malcolm Crowe ကတော့ ဒီကလေးရဲ့ ထူးဆန်းတဲ့ အခြေအနေတွေကို ကူညီဖို့ ကြိုးစားခဲ့ပါတယ်။

ဒီဇာတ်ကားမှာတော့ Haley Joel Osment နဲ့ Bruce Willis တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Box office ဝင်ငွေအနေနဲ့ အတော်လေးကို ကောင်းခဲ့ပြီးတော့ ၁၉၉၉ခုနှစ်ရဲ့ ဒုတိယဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာလည်း အကောင်းဆုံးရုပ်ရှင်ဆု အပါအဝင် အော်စကာခြောက်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

The Shining
Photo Via Screenrant

ဒါရိုက်တာ Stanley Kubrick ရဲ့ The Shining ဇာတ်ကားဟာ horror ဇာတ်ကားတွေထဲမှာတော့ တကယ့်ကို ဂန္ထဝင်ရုပ်ရှင်အဖြစ် အထင်ကရ တည်ရှိဆဲ ဖြစ်ပါတယ်။ ၁၉၈၀ခုနှစ်က ထွက်ရှိထားပြီး IMDb 8.4 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Jack Torrance ဆိုတဲ့ အရက်စွဲနေတဲ့ စာရေးဆရာတစ်ယောက်ဟာ လူသူမနီးတဲ့ နေရာက ဇိမ်ခံဟိုတယ်ကြီးတစ်ခုကို ခရီးသွားရာသီအပြီးမှာ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ အလုပ်ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲ့ဒီ့ဟိုတယ်ကြီးမှာ ထူးဆန်းတဲ့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရပါတော့တယ်။

ဒီဇာတ်ကားဟာ ပရိသတ်တွေနဲ့ ရုပ်ရှင်ဝေဖန်သူတွေရဲ့ နှစ်သက်မှုကို တခဲနက် ရရှိခဲ့ပေမယ့် Stephen King ကိုယ်တိုင်ကတော့ မကြိုက်ခဲ့ပါဘူး။ Stephen King ကတော့ ဒီဇာတ်ကားဟာ သူ့ဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်တဲ့ လက်ရာတွေထဲမှာ ညံ့တယ်ဆိုပြီး အမြဲတမ်း ပြောခဲ့ပါတယ်။ The Shining ဟာ စထွက်ခဲ့တုန်းက သိပ်မအောင်မြင်ခဲ့ဘဲ အချိန်တစ်ခုကြာတော့မှ ဟုန်းဟုန်းတောက် အောင်မြင်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါတွေကတော့ horror ရုပ်ရှင်သမိုင်းမှာ IMDb အများဆုံးနဲ့ အအောင်မြင်ခဲ့ဆုံး ရုပ်ရှင်ကားတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ရဲ့ အကြိုက်ဇာတ်ကားတွေကိုလည်း ပြောပြပေးခဲ့ကြပါဦး။

C 21

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေၾကာက္မက္စရာ Horror ဇာတ္ကား အမ်ိဳးအစားထဲမွာဆိုရင္ သဘာဝလြန္ျဖစ္ရပ္ ဇာတ္လမ္းမ်ားကေတာ့ Hollywood မွာ အၿမဲတမ္း လူႀကိဳက္မ်ားပါတယ္။ သဘာဝလြန္ ျဖစ္ရပ္ေတြလို႔ ေျပာလိုက္ရင္ တမလြန္ဘဝအေၾကာင္းေတြ၊ ဘာသာေရးေတြ၊ တန္ခိုးပါဝါေတြ၊ သရဲတေစၦေတြ တည္ရွိမႈအေၾကာင္းေတြ၊ နတ္ဆိုး မိစာၦမေကာင္းဆိုးဝါးေတြနဲ႔ ဆက္စပ္တဲ့ horror ဇာတ္လမ္းေတြကို အထူးသျဖင့္ ေတြ႕ရပါတယ္။

ဒီသဘာဝလြန္ ေၾကာက္မက္ဖြယ္ဇာတ္လမ္းေတြဟာ ၁၉၂၀ခုႏွစ္နဲ႔ ၁၉၃၀ခုႏွစ္မ်ားက ဂ်ာမနီ အသံတိတ္႐ုပ္ရွင္ေတြက စတင္ၿပီး လူႀကိဳက္မ်ားလာတာျဖစ္ပါတယ္။ ေနာက္ပိုင္း အဲဒီဂယက္က Hollywood ကို လာ႐ိုက္ခတ္ၿပီး ရင္ဖိုစရာနဲ႔ စိတ္လႈပ္ရွားစရာအေကာင္းဆုံး horror ဇာတ္ကားေတြရဲ႕ ခရီးအစ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ပရေလာကနဲ႔ သဘာဝလြန္ျဖစ္ရပ္ေတြကို အေျခခံ႐ိုက္ကူးထားတဲ့ ဇာတ္ကားေကာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Carrie
Photo Via Screenrant

Stephen King ဟာ တကယ့္ကို နာမည္ႀကီးတဲ့ စာေရးဆရာျဖစ္ၿပီး သူ႔ရဲ႕ဝတၱဳအမ်ားစုကိုလည္း ႐ုပ္ရွင္ေတြ၊ ဇာတ္လမ္းတြဲေတြ ျပန္လည္႐ိုက္ကူးထားၾကပါတယ္။ သူ႔ရဲ႕ ပထမဆုံးဝတၱဳျဖစ္တဲ့ Carrie ကိုေတာ့ ၁၉၇၆ခုႏွစ္မွာ ႐ုပ္ရွင္ျပန္႐ိုက္ခဲ့ၿပီး အဲ့ဒီ့ကစလို႔ ခ်က္ခ်င္းကို လူေတြၾကား ေရပန္းစားေအာင္ျမင္ခဲ့ပါတယ္။ ဒီကားကေတာ့ IMDb 7.4  ရရွိထားပါတယ္။

Carrie ကေတာ့ (၁၆)ႏွစ္အ႐ြယ္ ေကာင္မေလးတစ္ေယာက္ရဲ႕ ဇာတ္လမ္း ျဖစ္ပါတယ္။ အဲ့ဒီ့ေကာင္မေလးဟာ ေက်ာင္းမွာ အၿမဲတမ္း အႏိုင္က်င့္ခံေနရသူပါ။ ဒီလိုနဲ႔ သူမရဲ႕ေဒါသနဲ႔ မခံခ်င္စိတ္ေတြေၾကာင့္ သူမဆီမွာ ရွိေနတဲ့ ထူးဆန္းတဲ့ စြမ္းအားေတြက ပြင့္ထြက္လာတဲ့အခါမွာေတာ့ အားလုံးအတြက္ အိပ္မက္ဆိုးတစ္ခု ျဖစ္လာပါေတာ့တယ္။

The Omen
Photo Via Screenrant

The Omen ဟာ ၁၉၇၆ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb 7.5 ရရွိထားတဲ့ ဇာတ္ကားေကာင္းတစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ကေလးရဖို႔ ႀကိဳးစားေနၾကတဲ့ အေမရိကန္သံအမတ္ Robert နဲ႔ သူရဲ႕ဇနီး Katherine တို႔ရဲ႕အေၾကာင္း ျဖစ္ပါတယ္။ ကံမေကာင္းစြာပဲ Katherine ေမြးတဲ့ ကေလးဟာ အဖတ္မတင္တဲ့ ေနာက္မွာေတာ့ Damien လို႔ေခၚတဲ့ ကေလးတစ္ေယာက္ကို ေမြးစားဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။

သိပ္မၾကာခင္မွာပဲ Damien ရဲ႕ ပထမဆုံးနန္နီဟာ ကိုယ့္ကိုယ္ကို သတ္ေသသြားပါတယ္။ ဘုန္းေတာ္ႀကီးတစ္ပါးကလည္း ဒီကေလးဟာ မိသားစုကို ဝမ္းနည္းစရာေတြပဲ ေပးလိမ့္မယ္လို႔ Robert တို႔လင္မယားကို သတိေပးခဲ့ပါတယ္။ သို႔ေပမယ့္ အမႈမဲ့ အမွတ္မဲ့ပဲ ေနမိတဲ့ Robert တို႔ေမာင္ႏွံဟာ မေမွ်ာ္လင့္ထားေလာက္တဲ့ ကံဆိုးမႈေတြကို ရင္ဆိုင္ၾကရပါေတာ့တယ္။ ဒီကားမွာေတာ့ ဂႏၴဝင္မင္းသားႀကီး Gregory Peck က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

The Haunting
Photo Via Screenrant

The Haunting ဟာ အေကာင္းဆုံး horror ဇာတ္ကားစားရင္းေတြမွာ အၿမဲတမ္း ပါဝင္ခဲ့ၿပီးေတာ့ လက္ရွိအခ်ိန္အထိလည္း ဂႏၴဝင္ကားေကာင္းတစ္ကား ျဖစ္ေနဆဲပါ။ ဒီဇာတ္ကားဟာ ၁၉၆၃ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb 7.5 ရရွိထားပါတယ္။ ဒီကားကိုပဲ ၁၉၉၉ခုႏွစ္မွာ မင္းသား Liam Neeson နဲ႔ ျပန္လည္႐ိုက္ကူးခဲ့ေပမယ့္ မူရင္းကို မမွီဘဲ ပရိသတ္ေတြနဲ႔ ေဝဖန္သူေတြရဲ႕ ေဝဖန္မႈေတြကို ခံခဲ့ရပါတယ္။

ဒီေအာ္ရီဂ်င္နယ္ ဇာတ္လမ္းထဲမွာေတာ့ သိပၸံပညာရွင္ ေဒါက္တာ Markway ဟာ သဘာဝလြန္ ျဖစ္ရပ္ေတြရွိေၾကာင္းသက္ေသျပႏိုင္ဖို႔ Hill House စံအိမ္ႀကီးမွာ စုံစမ္းဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒီလိုနဲ႔ အမ်ိဳးသမီးႏွစ္ေယာက္ကို သူနဲ႔အတူစုံစမ္းဖို႔ေခၚလာခဲ့ၿပီး သိပ္မၾကာခင္မွာပဲ သူတို႔ထဲက အမ်ိဳးသမီးတစ္ေယာက္မွာ မူမမွန္တဲ့ ေျခာက္ျခားဖြယ္ရာေတြ ျမင္လာရပါေတာ့တယ္။

The Conjuring
Photo Via Screenrant

ဒါ႐ိုက္တာ James Wan ရဲ႕လက္ရာျဖစ္ၿပီး IMDb 7.5 ရရွိထားတဲ့ ကားေကာင္းတစ္ကားပါ။ ဇာတ္လမ္းကေတာ့ ၁၉၇၁ခုႏွစ္က အျဖစ္အပ်က္တစ္ခုကို အေျခခံထားပါတယ္။ Roger Perron ဆိုတဲ့ လူတစ္ေယာက္ဟာ ဇနီးသည္နဲ႔ သမီးေတြနဲ႔အတူတူ Rhode Island မွာရွိတဲ့ လယ္ေတာအိမ္ေလးတစ္အိမ္ကို ေျပာင္းေ႐ႊ႕လာပါတယ္။ ေျပာင္းလာၿပီးသိပ္မၾကာခင္မွာပဲ လွ်ိဳ႕ဝွက္ေျမတိုက္ခန္းတစ္ခုကို ေတြ႕ခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ ထူးဆန္းတဲ့အရာေတြက သူတို႔ကိုစတင္ေျခာက္လွန႔္လာပါေတာ့တယ္။

The Others
Photo Via Screenrant

၂၀၀၁ခုႏွစ္က ထြက္ရွိခဲ့တဲ့ The Others ဇာတ္ကားကေတာ့ IMDb 7.6 ရရွိထားပါတယ္။ ဇာတ္လမ္းရဲ႕ အခ်ိန္ကာလကို ၁၉၄၅ခုႏွစ္ ပတ္ဝန္းက်င္မွာ အေျခတည္ထားၿပီး Grace Stewart ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္နဲ႔ ဇာတ္အိမ္တည္ထားပါတယ္။ Grace ဟာ ဒုတိယကမာၻစစ္ကာလအတြင္းမွာ ေရွ႕တန္းသြားေနတဲ့ သူမရဲ႕ေယာက္်ား ျပန္အလာကိုအခ်ိန္အေတာ္ၾကာ ေစာင့္ေမွ်ာ္ၿပီးေနာက္မွာေတာ့ သူေသၿပီလို႔ ေကာက္ခ်က္ခ်ခဲ့ပါတယ္။

အဲ့ဒီ့ေနာက္ အလင္းေရာင္ျခည္နဲ႔ ဓာတ္မတည့္တဲ့ ေရာဂါတစ္မ်ိဳး ျဖစ္ေနတဲ့ သူမရဲ႕ကေလးေတြနဲ႔အတူတူ Channel Islands မွာ တိတ္တဆိတ္ သြားေနဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ သူမရဲ႕သားနဲ႔သမီးကို အလင္းေရာင္ တိုက္႐ိုက္မထိဖို႔အတြက္ အိမ္မွာရွိသမွ် တံခါးေတြ၊ ျပတင္းေပါက္ေတြကို အခ်ိန္တိုင္း က်ိန္းေသပိတ္ထားရမယ္လို႔ သင္ေပးထားၿပီး တင္းၾကပ္တဲ့ စည္းကမ္းလည္း ထုတ္ထားပါတယ္။ ဒီလိုနဲ႔ အိမ္အကူ ငွားၿပီးေနာက္ပိုင္းမွာေတာ့ သူတို႔ဆီကို သူစိမ္းေကာင္ေလးတစ္ေယာက္ မၾကာခဏ လာလည္ေနတယ္လို႔ သူမရဲ႕ကေလးေတြက ေျပာပါေတာ့တယ္။ အဲဒီကစၿပီးေတာ့ သဘာဝလြန္အျဖစ္အပ်က္ေတြဟာ ေတာက္ေလွ်ာက္ျဖစ္လာပါေတာ့တယ္။ မင္းသမီး Nicole Kidman က အဓိကပါဝင္ သ႐ုပ္ေဆာင္ထားပါတယ္။

The Innocents
Photo Via Screenrant

ဒီဇာတ္ကားကေတာ့ ၁၉၆၁ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb 7.8 ရရွိထားပါတယ္။ အဂၤလန္ႏိုင္ငံရဲ႕ ဝိတိုရိယေခတ္ကို အေျခခံထားတဲ့ ဒီဇာတ္လမ္းမွာေတာ့ အလုပ္အလြန္မ်ားတဲ့ လူခ်မ္းသာတစ္ေယာက္ဟာ မိဘမဲ့ေနတဲ့ တူျဖစ္သူ Miles နဲ႔ တူမေလး Flora တို႔ကို ေစာင့္ေရွာက္ဖို႔ အိမ္ထိန္းအသစ္ ငွားလိုက္ပါတယ္။

အိမ္ေတာ္ထိန္း Miss Giddens ရဲ႕ တာဝန္ကေတာ့ ကေလးေတြကို အေကာင္းဆုံး ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ ျဖစ္ပါတယ္။ သို႔ေပမယ့္ သူမရဲ႕အလုပ္ဟာ ထင္သေလာက္ေတာ့ ေခ်ာေမြ႕၊ လြယ္ကူမေနပါဘူး။ ဒီလိုနဲ႔ အဲ့ဒီ့အိမ္က ကေလးႏွစ္ေယာက္ဟာ ယခင္‌က ေနထိုင္သြားတဲ့ အိမ္ေတာ္ထိန္းအေဟာင္းေတြရဲ႕ ဝိဉာဥ္ေတြ ပူးကပ္ခံေနရတယ္လို႔ Miss Giddens က ယုံၾကည္လာပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ သရဲတေစၦေတြနဲ႔ အိမ္ေတာ္ထဲက ထူးဆန္းတဲ့ကိစၥေတြကို ရင္ဆိုင္ေျဖရွင္းဖို႔ ဆုံးျဖတ္ခ်က္ ခ်လိုက္ပါေတာ့တယ္။

Rosemary’s Baby
Photo Via Screenrant

ဒီဇာတ္ကားကေတာ့ ျပင္သစ္ဒါ႐ိုက္တာ Polanski ရဲ႕ လက္ရာျဖစ္ၿပီး ၁၉၆၈ခုႏွစ္က ထြက္ရွိခဲ့ကာ IMDb 8 ရရွိထားပါတယ္။ Rosemary’s Baby ဇာတ္ကားမွာေတာ့ ပတ္ဝန္းက်င္အသစ္ကို ေျပာင္းလာတဲ့ လင္မယားႏွစ္ေယာက္ရဲ႕အေၾကာင္းကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ဇနီးသည္ျဖစ္သူမွာ ကိုယ္ဝန္ရၿပီးေနာက္မွာေတာ့ သူမရဲ႕ကေလးဟာ မေကာင္းဆိုးဝါးနဲ႔ ဆက္ႏြယ္ေနသလားလို႔ သံသယရွိလာပါတယ္။ ဒီ႐ုပ္ရွင္ဟာ ေအာ္စကာႏွစ္ဆုနဲ႔ ေ႐ႊကမာၻလုံးဆု ေလးဆုအတြက္ စံကာတင္စာရင္းဝင္ခဲ့ပါတယ္။

The Exorcist
Photo Via Screenrant

The Exorcist ႐ုပ္ရွင္ဇာတ္ကားဟာ ၁၉၇၃ခုႏွစ္က ထြက္ရွိထားတာျဖစ္ၿပီး IMDb 8 ရရွိထားပါတယ္။ ဒါ့အျပင္ ဒီဇာတ္ကားဟာ အေကာင္းဆုံး႐ုပ္ရွင္ဆုအတြက္ စံကာတင္စာရင္းဝင္ခဲ့တဲ့ ပထမဦးဆုံး horror ႐ုပ္ရွင္ျဖစ္ခဲ့ၿပီး ေနာက္ထပ္ ေအာ္စကာဆု ဆယ္ဆုအတြက္လည္း စံကာတင္ဝင္ခဲ့ပါတယ္။ ေနာက္ထပ္ စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ ေဟာလိဝုဒ္ရဲ႕ နာမည္ႀကီးသ႐ုပ္ေဆာင္မ်ားစြာဟာ ဒီဇာတ္ကားက ေအာင္ျမင္ဖို႔ မေသခ်ာဘူးဆိုၿပီး သ႐ုပ္ေဆာင္ဖို႔ ျငင္းဆိုခဲ့ၾကတာပဲ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ မိခင္တစ္ေယာက္ဟာ မိစာၦဝင္ပူးခံေနရတဲ့ သမီးေလးကို ကယ္တင္ဖို႔ ကတ္သလစ္ ဘုန္းေတာ္ႀကီးႏွစ္ပါးဆီမွာ အကူညီေတာင္းခံရာက မိစာၦနဲ႔ ဘုန္းေတာ္ႀကီးတို႔ ထိပ္တိုက္ေတြ႕တဲ့ အစြဲခြၽတ္ပြဲ ျဖစ္လာပါေတာ့တယ္။ The Exorcist ဟာ R-rated ႐ုပ္ရွင္ေတြၾကားမွာ ဆယ္စုႏွစ္ႏွစ္ခုေလာက္ သရဖူေဆာင္းလာခဲ့ၿပီး Terminator: Judgement Day ထြက္လာတဲ့ ၁၉၉၁ခုႏွစ္က်မွ ပထမေနရာကေန ဆင္းေပးခဲ့ရပါတယ္။

The Sixth Sense
Photo Via Screenrant

The Sixth Sense ဇာတ္ကားကေတာ့ ၁၉၉၉ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb 8.1 ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Cole Sear လို႔ေခၚတဲ့ ကေလးတစ္ေယာက္ဟာ ေသၿပီးသူေတြကို ျမင္ႏိုင္၊စကားေျပာႏိုင္တဲ့ အစြမ္းတစ္ခုကို ရရွိထားပါတယ္။ ဖီလာဒဲလ္ဖီးယားျပည္နယ္က ကေလးစိတ္ကုဆရာဝန္ Malcolm Crowe ကေတာ့ ဒီကေလးရဲ႕ ထူးဆန္းတဲ့ အေျခအေနေတြကို ကူညီဖို႔ ႀကိဳးစားခဲ့ပါတယ္။

ဒီဇာတ္ကားမွာေတာ့ Haley Joel Osment နဲ႔ Bruce Willis တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ Box office ဝင္ေငြအေနနဲ႔ အေတာ္ေလးကို ေကာင္းခဲ့ၿပီးေတာ့ ၁၉၉၉ခုႏွစ္ရဲ႕ ဒုတိယဝင္ေငြအေကာင္းဆုံး ႐ုပ္ရွင္ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာလည္း အေကာင္းဆုံး႐ုပ္ရွင္ဆု အပါအဝင္ ေအာ္စကာေျခာက္ဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့ပါတယ္။

The Shining
Photo Via Screenrant

ဒါ႐ိုက္တာ Stanley Kubrick ရဲ႕ The Shining ဇာတ္ကားဟာ horror ဇာတ္ကားေတြထဲမွာေတာ့ တကယ့္ကို ဂႏၴဝင္႐ုပ္ရွင္အျဖစ္ အထင္ကရ တည္ရွိဆဲ ျဖစ္ပါတယ္။ ၁၉၈၀ခုႏွစ္က ထြက္ရွိထားၿပီး IMDb 8.4 ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Jack Torrance ဆိုတဲ့ အရက္စြဲေနတဲ့ စာေရးဆရာတစ္ေယာက္ဟာ လူသူမနီးတဲ့ ေနရာက ဇိမ္ခံဟိုတယ္ႀကီးတစ္ခုကို ခရီးသြားရာသီအၿပီးမွာ ထိန္းသိမ္းေစာင့္ေရွာက္ေပးဖို႔ အလုပ္ရရွိခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အဲ့ဒီ့ဟိုတယ္ႀကီးမွာ ထူးဆန္းတဲ့ သဘာဝလြန္ျဖစ္ရပ္ေတြနဲ႔ ႀကဳံေတြ႕ရပါေတာ့တယ္။

ဒီဇာတ္ကားဟာ ပရိသတ္ေတြနဲ႔ ႐ုပ္ရွင္ေဝဖန္သူေတြရဲ႕ ႏွစ္သက္မႈကို တခဲနက္ ရရွိခဲ့ေပမယ့္ Stephen King ကိုယ္တိုင္ကေတာ့ မႀကိဳက္ခဲ့ပါဘူး။ Stephen King ကေတာ့ ဒီဇာတ္ကားဟာ သူ႔ဝတၳဳကို ႐ုပ္ရွင္ျပန္႐ိုက္တဲ့ လက္ရာေတြထဲမွာ ညံ့တယ္ဆိုၿပီး အၿမဲတမ္း ေျပာခဲ့ပါတယ္။ The Shining ဟာ စထြက္ခဲ့တုန္းက သိပ္မေအာင္ျမင္ခဲ့ဘဲ အခ်ိန္တစ္ခုၾကာေတာ့မွ ဟုန္းဟုန္းေတာက္ ေအာင္ျမင္မႈ ရရွိခဲ့တာ ျဖစ္ပါတယ္။

ဒါေတြကေတာ့ horror ႐ုပ္ရွင္သမိုင္းမွာ IMDb အမ်ားဆုံးနဲ႔ အေအာင္ျမင္ခဲ့ဆုံး ႐ုပ္ရွင္ကားေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ရဲ႕ အႀကိဳက္ဇာတ္ကားေတြကိုလည္း ေျပာျပေပးခဲ့ၾကပါဦး။

C 21

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular