HomeEntertainmentFilmစိတ်ဝင်တစား ကြည့်ရှုရမယ့် အကောင်းဆုံး Survival ရုပ်ရှင်များ

စိတ်ဝင်တစား ကြည့်ရှုရမယ့် အကောင်းဆုံး Survival ရုပ်ရှင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Survival movie တွေဟာ ကြည့်နေတဲ့ ပရိသတ်တွေကို လုံးဝကို ရင်ခုန်စိတ်လှုပ်ရှားအောင် ပြုလုပ်နိုင်စွမ်း ရှိပါတယ်။ ဒီလိုဇာတ်ကားတွေဟာ အန္တရာယ်တွေ ကြုံလာတဲ့အချိန်မှာ အသက်ရှင်သန်ဖို့အတွက် ကြိုးစားရုန်းကန်ကြပုံကို ရိုက်ထားတာ ဖြစ်ပြီးတော့ ကိုယ်ဟာ အန္တရာယ်ကင်းကင်းနဲ့ အသက်ရှင်နေရတာဟာ တန်ဖိုးထားသင့်တယ်ဆိုတာကိုလည်း သိမြင်စေပါတယ်။ အဲ့ဒါကြောင့် ဒီလိုဇာတ်ကားတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ကြည့်သင့်တဲ့ ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(7) The Grey
photo via screenrant

ဒီကားကတော့ ၂၀၁၁ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (6.8) ရထားပါတယ်။ ဇာတ်လမ်းကတော့ လေယာဉ်ပျက်ကျမှုတစ်ခု ဖြစ်ခဲ့ပြီး လူခြောက်ယောက်ဟာ အလာစကာပြည်နယ်ထဲကို ရောက်သွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ နှင်းတောထဲမှာ မုဆိုးတစ်ယောက်နဲ့ သွားတွေ့ကြပြီးတော့ ဆာလောင်နေတဲ့ ဝံပုလွေတစ်အုပ်ရဲ့ အမဲလိုက်ခြင်းကို ခံရတာကြောင့် သူတို့ခြောက်ယောက်လုံးဟာ အသက်ရှင်သန်ဖို့အတွက် အဲ့ဒီမုဆိုးကိုပဲ အားကိုးရပါတော့တယ်။ သူတို့အားလုံးရော အသက်ရှင်သန်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားပဲ ဖြစ်ပါတယ်။

(6) Theeb
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (7.2) ရထားပါတယ်။ Theeb ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့အစ်ကိုနဲ့အတူ Ottoman အင်ပါယာရဲ့ ဝေးလံတဲ့ နေရာတစ်ခုမှာ နေထိုင်ကြပါတယ်။ တစ်ရက်မှာတော့ သူ့ရဲ့အစ်ကိုဟာ ဗြိတိန်အရာရှိ တစ်ယောက်ကို သဲကန္တာရကိုဖြတ်ပြီး လိုက်ပို့ပေးဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲ့အချိန်မှာ Theeb ကလည်း သူ့အကိုနဲ့ အတူလိုက်သွားပြီးတော့ သဲကန္တာရထဲမှာ ဘယ်လိုမျိုးအန္တရာယ်တွေ ကြုံတွေ့ကြမလဲ ဆိုတာကို ကြည့်ရှုရမှာပါ။

(5) The Impossible
photo via screenrant

ဒီကားကတော့ ၂၀၁၂ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (7.6) ရထားပါတယ်။ Maria နဲ့ Henry တို့ဟာ သူတို့ရဲ့ကလေးတွေနဲ့အတူ အားလပ်ချိန်ဖြစ်တဲ့ ခရစ်စမတ်ကာလကို ထိုင်းနိုင်ငံမှာ ကုန်ဆုံးဖို့အတွက် ဆုံးဖြတ်လိုက်ပြီးတော့ ထိုင်းနိုင်ငံကို ခရီးထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့ခရီးထွက်သွားတဲ့ နေရာကို ဆူနာမီ ဝင်လာတဲ့အခါမှာတော့ သူတို့ရဲ့ ပျော်စရာခရီးစဉ်လေးဟာ ဝမ်းနည်းစရာတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

(4) 127 Hours
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၀ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (7.6) ရထားပါတယ်။ တောင်တက်ပြီး စွန့်စားခရီးသွားရတာကို ကြိုက်နှစ်သက်တဲ့ သူတစ်ယောက်ဟာ အ‌မေရိကန်နိုင်ငံရဲ့ Utah ပြည်နယ်မှာရှိတဲ့ နေရာမှာ တောင်တက်ပြီးတော့ စွန့်စားခရီး ထွက်လာခဲ့ပါတယ်။ အဲ့လိုသွားနေရင်းနဲ့ ကျောက်ဆောင်နှစ်ခုကြားကနေရာမှာ သူ့ရဲ့လက်ဟာ ညှပ်သွားပြီး ပြန်ထုတ်လို့မရတော့တဲ့ အခါမှာတော့ သူဟာ အစာရေစာနည်းနည်းလေးနဲ့ အဲ့လိုနေရာမှာ ဘယ်လောက်ကြာကြာ အသက်ရှင်သန်နိုင်မလဲဆိုတာကို ကြည့်ရှုရမှာပါ။

(3) Gravity
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၃ ခုနှစ်က ထွက်ထားပြီးတော့ IMDb (7.7) ရထားခဲ့ပါတယ်။ အာကာသယာဉ်မှုးနဲ့ အင်ဂျင်နီယာ နှစ်ယောက်တို့ဟာ အာကာသထဲမှာ မစ်ရှင်တစ်ခုကို အတူတူ လုပ်နေခဲ့ပါတယ်။ အဲ့နောက်မှာတော့ အရှိန်ပြင်းပြင်းနဲ့ လာနေတဲ့ အပိုင်းအစတစ်ခုက သူတို့ကို တိုက်မိသွားပြီးတော့ သူတို့နှစ်ယောက်ဟာ ကမ္ဘာပေါ်ကို ပြန်ဖို့အတွက် အခက်တွေ့သွားတာကြောင့် သူတို့ဟာ အာကာသထဲမှာ အသက်ရှင်သန်ဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။

(2) The Martian
photo via screenrant

ဒီကားကတော့ ၂၀၁၅ ခုနှစ်ကထွက်ထားတာ ဖြစ်ပြီး IMDb (8.0) ရထားပါတယ်။ အာကာသယာဉ်မှုးတွေဟာ မားစ်ဂြိုဟ်ကို လေ့လာဖို့အတွက် သွားခဲ့ကြပြီးတော့ သူတို့အဖွဲ့ဟာ အန္တရာယ်တစ်ခုနဲ့ ကြုံလိုက်ရပြီးတဲ့နောက်မှာ Mark Watney ကိုသေပြီအထင်နဲ့ ထားခဲ့ကြပါတယ်။ တကယ်တော့ သူဟာ မသေသေးဘဲနဲ့ ကမ္ဘာပေါ်ကို ပြန်ဖို့အတွက် သူတို့စခန်းကို အချက်ပြဖို့ ကြိုးစားရပါတော့တယ်။ သူဟာ အောင်မြင်စွာနဲ့ ကမ္ဘာပေါ်ကို အချက်ပြနိုင်မှာလားနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေလာတဲ့အချိန်ထိရော အသက်ရှင်သန်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ။

(1) The Revenant
photo via screenrant

ဒီကားကတော့ ၂၀၁၅ ခုနှစ်ကထွက်ထားပြီး IMDb (8.0) ရထားတဲ့အပြင် Leonardo DiCaprio ဟာလည်း ဒီဇာတ်ကားနဲ့ အော်စကာဆု ရခဲ့ပါသေးတယ်။ နှင်းတောတွေထဲမှာ အမဲလိုက်ပြီးတော့  နေထိုင်တဲ့ လူတွေထဲက Hugh Glass ဟာ တစ်ရက်မှာတော့ အမဲလိုက်နေရင်း ဝက်ဝံတွေနဲ့ တိုက်ခိုက်ပြီးတော့ ဒဏ်ရာတွေ ဆိုးဆိုးရွားရွား ရသွားပါတယ်။ အဲ့နောက်မှာတော့ သူ့ရဲ့အဖွဲ့ထဲက လူတစ်ယောက်က သစ္စာဖောက်ပြီးတော့ နှင်းတောထဲမှာပဲ သူ့ကို သေအောင်ပစ်ထားသွားခဲ့ပါတယ်။ အဲ့ဒါကြောင့် သူ့ရဲ့ကျွမ်းကျင်မှုတွေကို အသုံးပြုပြီးတော့ အသက်ရှင်သန်ဖို့ ကြိုးစားရုန်းကန်ရပါတော့တယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Survival movie ေတြဟာ ၾကည့္ေနတဲ့ ပရိသတ္ေတြကို လုံးဝကို ရင္ခုန္စိတ္လႈပ္ရွားေအာင္ ျပဳလုပ္ႏိုင္စြမ္း ရွိပါတယ္။ ဒီလိုဇာတ္ကားေတြဟာ အႏၲရာယ္ေတြ ႀကဳံလာတဲ့အခ်ိန္မွာ အသက္ရွင္သန္ဖို႔အတြက္ ႀကိဳးစား႐ုန္းကန္ၾကပုံကို ႐ိုက္ထားတာ ျဖစ္ၿပီးေတာ့ ကိုယ္ဟာ အႏၲရာယ္ကင္းကင္းနဲ႔ အသက္ရွင္ေနရတာဟာ တန္ဖိုးထားသင့္တယ္ဆိုတာကိုလည္း သိျမင္ေစပါတယ္။ အဲ့ဒါေၾကာင့္ ဒီလိုဇာတ္ကားေတြကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ ၾကည့္သင့္တဲ့ ဇာတ္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) The Grey
photo via screenrant

ဒီကားကေတာ့ ၂၀၁၁ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (6.8) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ ေလယာဥ္ပ်က္က်မႈတစ္ခု ျဖစ္ခဲ့ၿပီး လူေျခာက္ေယာက္ဟာ အလာစကာျပည္နယ္ထဲကို ေရာက္သြားခဲ့ပါတယ္။ အဲ့ေနာက္မွာေတာ့ ႏွင္းေတာထဲမွာ မုဆိုးတစ္ေယာက္နဲ႔ သြားေတြ႕ၾကၿပီးေတာ့ ဆာေလာင္ေနတဲ့ ဝံပုေလြတစ္အုပ္ရဲ႕ အမဲလိုက္ျခင္းကို ခံရတာေၾကာင့္ သူတို႔ေျခာက္ေယာက္လုံးဟာ အသက္ရွင္သန္ဖို႔အတြက္ အဲ့ဒီမုဆိုးကိုပဲ အားကိုးရပါေတာ့တယ္။ သူတို႔အားလုံးေရာ အသက္ရွင္သန္ႏိုင္ပါ့မလားဆိုတာကို စိတ္ဝင္တစားနဲ႔ ၾကည့္ရႈရမယ့္ ဇာတ္ကားပဲ ျဖစ္ပါတယ္။

(6) Theeb
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၄ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (7.2) ရထားပါတယ္။ Theeb ဆိုတဲ့ ေကာင္ေလးဟာ သူ႔ရဲ႕အစ္ကိုနဲ႔အတူ Ottoman အင္ပါယာရဲ႕ ေဝးလံတဲ့ ေနရာတစ္ခုမွာ ေနထိုင္ၾကပါတယ္။ တစ္ရက္မွာေတာ့ သူ႔ရဲ႕အစ္ကိုဟာ ၿဗိတိန္အရာရွိ တစ္ေယာက္ကို သဲကႏၲာရကိုျဖတ္ၿပီး လိုက္ပို႔ေပးဖို႔ အေၾကာင္းဖန္လာပါေတာ့တယ္။ အဲ့အခ်ိန္မွာ Theeb ကလည္း သူ႔အကိုနဲ႔ အတူလိုက္သြားၿပီးေတာ့ သဲကႏၲာရထဲမွာ ဘယ္လိုမ်ိဳးအႏၲရာယ္ေတြ ႀကဳံေတြ႕ၾကမလဲ ဆိုတာကို ၾကည့္ရႈရမွာပါ။

(5) The Impossible
photo via screenrant

ဒီကားကေတာ့ ၂၀၁၂ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (7.6) ရထားပါတယ္။ Maria နဲ႔ Henry တို႔ဟာ သူတို႔ရဲ႕ကေလးေတြနဲ႔အတူ အားလပ္ခ်ိန္ျဖစ္တဲ့ ခရစ္စမတ္ကာလကို ထိုင္းႏိုင္ငံမွာ ကုန္ဆုံးဖို႔အတြက္ ဆုံးျဖတ္လိုက္ၿပီးေတာ့ ထိုင္းႏိုင္ငံကို ခရီးထြက္သြားခဲ့ပါတယ္။ ဒါေပမဲ့လည္း သူတို႔ခရီးထြက္သြားတဲ့ ေနရာကို ဆူနာမီ ဝင္လာတဲ့အခါမွာေတာ့ သူတို႔ရဲ႕ ေပ်ာ္စရာခရီးစဥ္ေလးဟာ ဝမ္းနည္းစရာေတြအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။

(4) 127 Hours
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၀ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (7.6) ရထားပါတယ္။ ေတာင္တက္ၿပီး စြန႔္စားခရီးသြားရတာကို ႀကိဳက္ႏွစ္သက္တဲ့ သူတစ္ေယာက္ဟာ အ‌ေမရိကန္ႏိုင္ငံရဲ႕ Utah ျပည္နယ္မွာရွိတဲ့ ေနရာမွာ ေတာင္တက္ၿပီးေတာ့ စြန႔္စားခရီး ထြက္လာခဲ့ပါတယ္။ အဲ့လိုသြားေနရင္းနဲ႔ ေက်ာက္ေဆာင္ႏွစ္ခုၾကားကေနရာမွာ သူ႔ရဲ႕လက္ဟာ ညႇပ္သြားၿပီး ျပန္ထုတ္လို႔မရေတာ့တဲ့ အခါမွာေတာ့ သူဟာ အစာေရစာနည္းနည္းေလးနဲ႔ အဲ့လိုေနရာမွာ ဘယ္ေလာက္ၾကာၾကာ အသက္ရွင္သန္ႏိုင္မလဲဆိုတာကို ၾကည့္ရႈရမွာပါ။

(3) Gravity
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၃ ခုႏွစ္က ထြက္ထားၿပီးေတာ့ IMDb (7.7) ရထားခဲ့ပါတယ္။ အာကာသယာဥ္မႈးနဲ႔ အင္ဂ်င္နီယာ ႏွစ္ေယာက္တို႔ဟာ အာကာသထဲမွာ မစ္ရွင္တစ္ခုကို အတူတူ လုပ္ေနခဲ့ပါတယ္။ အဲ့ေနာက္မွာေတာ့ အရွိန္ျပင္းျပင္းနဲ႔ လာေနတဲ့ အပိုင္းအစတစ္ခုက သူတို႔ကို တိုက္မိသြားၿပီးေတာ့ သူတို႔ႏွစ္ေယာက္ဟာ ကမာၻေပၚကို ျပန္ဖို႔အတြက္ အခက္ေတြ႕သြားတာေၾကာင့္ သူတို႔ဟာ အာကာသထဲမွာ အသက္ရွင္သန္ဖို႔ ဘယ္လိုႀကိဳးစားၾကမလဲဆိုတာကို ၾကည့္ရႈရမွာပါ။

(2) The Martian
photo via screenrant

ဒီကားကေတာ့ ၂၀၁၅ ခုႏွစ္ကထြက္ထားတာ ျဖစ္ၿပီး IMDb (8.0) ရထားပါတယ္။ အာကာသယာဥ္မႈးေတြဟာ မားစ္ၿဂိဳဟ္ကို ေလ့လာဖို႔အတြက္ သြားခဲ့ၾကၿပီးေတာ့ သူတို႔အဖြဲ႕ဟာ အႏၲရာယ္တစ္ခုနဲ႔ ႀကဳံလိုက္ရၿပီးတဲ့ေနာက္မွာ Mark Watney ကိုေသၿပီအထင္နဲ႔ ထားခဲ့ၾကပါတယ္။ တကယ္ေတာ့ သူဟာ မေသေသးဘဲနဲ႔ ကမာၻေပၚကို ျပန္ဖို႔အတြက္ သူတို႔စခန္းကို အခ်က္ျပဖို႔ ႀကိဳးစားရပါေတာ့တယ္။ သူဟာ ေအာင္ျမင္စြာနဲ႔ ကမာၻေပၚကို အခ်က္ျပႏိုင္မွာလားနဲ႔ ကယ္ဆယ္ေရးအဖြဲ႕ေတြလာတဲ့အခ်ိန္ထိေရာ အသက္ရွင္သန္ႏိုင္ပါ့မလားဆိုတာကို ၾကည့္ရႈရမွာပါ။

(1) The Revenant
photo via screenrant

ဒီကားကေတာ့ ၂၀၁၅ ခုႏွစ္ကထြက္ထားၿပီး IMDb (8.0) ရထားတဲ့အျပင္ Leonardo DiCaprio ဟာလည္း ဒီဇာတ္ကားနဲ႔ ေအာ္စကာဆု ရခဲ့ပါေသးတယ္။ ႏွင္းေတာေတြထဲမွာ အမဲလိုက္ၿပီးေတာ့  ေနထိုင္တဲ့ လူေတြထဲက Hugh Glass ဟာ တစ္ရက္မွာေတာ့ အမဲလိုက္ေနရင္း ဝက္ဝံေတြနဲ႔ တိုက္ခိုက္ၿပီးေတာ့ ဒဏ္ရာေတြ ဆိုးဆိုး႐ြား႐ြား ရသြားပါတယ္။ အဲ့ေနာက္မွာေတာ့ သူ႔ရဲ႕အဖြဲ႕ထဲက လူတစ္ေယာက္က သစၥာေဖာက္ၿပီးေတာ့ ႏွင္းေတာထဲမွာပဲ သူ႔ကို ေသေအာင္ပစ္ထားသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ သူ႔ရဲ႕ကြၽမ္းက်င္မႈေတြကို အသုံးျပဳၿပီးေတာ့ အသက္ရွင္သန္ဖို႔ ႀကိဳးစား႐ုန္းကန္ရပါေတာ့တယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular