HomeCharacterDC ကောမစ်ထဲက အကောင်းဆုံး Joker ဗားရှင်း(၁၀)မျိုး 

DC ကောမစ်ထဲက အကောင်းဆုံး Joker ဗားရှင်း(၁၀)မျိုး 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

DC ကောမစ်ထဲက ဇာတ်ကောင်တွေဟာ ဇာတ်လမ်းတွေ ပြောင်းသွားတာနဲ့အမျှ ဇာတ်ကောင်ဗားရှင်းတွေ အမျိူးမျိူး ပြောင်းလဲသွားလေ့ ရှိပါတယ်။ ဒါ့အပြင် universe တွေလည်း မတူညီတာကြောင့် ဇာတ်ကောင်တစ်ခုရဲ့ ဗားရှင်းတွေဟာလည်း အများကြီး ရှိပါတယ်။ Joker ကတော့ Batman ရဲ့ ရန်သူတော်ကြီးတစ်ယောက် ဖြစ်ပြီးတော့ Batman ရဲ့ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ ဆိုးရွားတဲ့ဖြစ်ရပ် အများအပြားဟာ သူနဲ့ သက်ဆိုင်နေပါတယ်။ တစ်ချို့ဇာတ်လမ်းတွေမှာဆိုရင် Batman ကိုယ်တိုင်ကတောင် Joker ဖြစ်သွားတာမျိူးတွေလည်း ရှိပါသေးတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ကောမစ်ထဲက Joker ရဲ့ အကောင်းဆုံးဗားရှင်း(၁၀)မျိူး ကို ဖော်ပြပေးလိုက်ပါတယ်။

(10) Pirate Captain Joker – The Laughing Man
photo via cbr

Joker ရဲ့ ဒီဗားရှင်းကတော့ တစ်ခြား universe တစ်ခုရဲ့ (၁၅)ရာစုလောက်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Batman ကို Leatherwing ဆိုတဲ့ နာမည်နဲ့ မြင်တွေ့ခဲ့ရပြီး Robin ကိုတော့ Redblade အဖြစ်နဲ့ မြင်တွေ့ခဲ့ရပါတယ်။ သူတို့နှစ်ယောက်ဟာ The Laughing Man လို့ခေါ်တဲ့ ပင်လယ်ဓားပြခေါင်းဆောင်ရဲ့ လက်ထဲကနေ သူတို့မြို့ကို ကာကွယ်ပေးနေခဲ့ပါတယ်။ ဒီ Joker ဟာ Earth-1 က Joker လိုပဲ ဘာဆက်လုပ်မလည်းဆိုတာ ခန့်မှန်းလို့မရသလို ရက်စက်တတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

(9) Lex Luthor – Speeding Bullet
photo via cbr

ဒီဇာတ်လမ်းကလည်း တစ်ခြား universe တစ်ခုမှာ ဖြစ်ပျက်ခဲ့တာပါ။ ဖြစ်ပုံကတော့ Kal-El ရဲ့ ယာဉ်ပျံဟာ Smallville မှာ မပျက်ကျခဲ့ဘဲ Gotham မြို့မှာ ပျက်ကျကာ ယာဉ်ပျံထဲက ကလေးကို Thomas Wayne က မွေးစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Bruce လို့ နာမည်ပေးခဲ့ပြီး နောက်ပိုင်းမှာ သူဟာ Batman ဖြစ်လာခဲ့ပါတယ်။ သူကတော့ ပုံမှန်လူသားမဟုတ်ဘဲ ခရစ်ပ်တိုနီယန် ဂြိုဟ်သားတစ်ယောက် ဖြစ်တာကြောင့် သူ့ရဲ့စွမ်းအားတွေကို အသုံးပြုပြီး Batman နာမည်နဲ့ ရာဇဝတ်မှုတွေကို ကာကွယ်နေခဲ့ပါတယ်။ သူဟာ Batman နဲ့ Superman ကို ရောထားတဲ့ဗားရှင်း ဖြစ်တာကြောင့် သူ့ရဲ့ဗီလိန်ကလည်း Joker နဲ့ Lex Luthor တို့ ပေါင်းစပ်သွားခဲ့ပါတယ်။ ဒီ Joker ဗားရှင်းဟာ Lex Luthor ရဲ့ ဉာဏ်ရည်နဲ့ Joker ရဲ့ ခန့်မှန်းလို့မရလောက်တဲ့ စိတ်အခြေအနေတွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

(8) Joker – Batman Beyond
photo via cbr

ဒီဇာတ်လမ်းကတော့ ဝေးကွာတဲ့ အနာဂတ်ကာလတစ်ခုမှာ ဖြစ်ခဲ့ပြီး Bruce က Batman အဖြစ်ကနေ အနားယူကာ Terry Mcginnis ကို Batman အသစ်အဖြစ် လေ့ကျင့်ပေးနေခဲ့ပါတယ်။ အံ့ဩစရာတစ်ခုကတော့ Joker ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သေသွားပြီလို့ ယူဆထားခဲ့ကြပေမယ့်လည်း အဲ့ဒီအချိန်မှာ ပြန်လည်ပေါ်ထွက်လာပြီး ဂေါ်သမ်မြို့မှာ သောင်းကျန်းနေခဲ့ပါတယ်။ နောက်ပိုင်းမှ သိလိုက်ရတဲ့အချက်ကတော့ အဲ့ဒီ Joker ဟာ Tim Drake ဖြစ်နေပြီး အဲ့လို Joker ဖြစ်မလာခင်မှာ နှစ်တွေအကြာကြီး နှိပ်စက်ခံခဲ့ရပါတယ်။

(7) Martha Wayne – Flashpoint Joker
photo via cbr

Flashpoint ဇာတ်လမ်းဟာ ထူးဆန်းတဲ့အရာတွေ အများကြီးကို ဖြစ်လာစေခဲ့ပါတယ်။ အဲ့ဒီအရာတွေထဲမှာ Kal-El ရဲ့ ယာဉ်ပျံဟာ Smallville မှာ မပျက်ကျခဲ့ဘဲ Metropolis မြို့လယ်ခေါင်မှာ ပျက်ခဲ့ပြီး Wonder Woman နဲ့ Aquaman တို့ဟာလည်း စစ်ဖြစ်ခဲ့ကြပါသေးတယ်။ အဲ့ဒီထဲကမှ လုံးဝပြောင်းလဲသွားတဲ့ တစ်ချက်ကတော့ Bruce ဟာ သူ့ရဲ့မိဘတွေအစား သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီစိတ်မကောင်းစရာ ဖြစ်ရပ်ကြောင့်ပဲ Thomas Wayne ဟာ Batman ဖြစ်လာပြီး Martha Wayne ကတော့ ရူးသွပ်သွားကာ Thomas ကို စိတ်ရှုပ်အောင် လုပ်ဖို့သပ်သပ်နဲ့ လူသတ်ဖို့တောင် ဝန်မလေးတော့တဲ့ Joker ဖြစ်လာခဲ့ပါတယ်။

(6) Bruce – Joker
photo via cbr

ဒီဇာတ်လမ်းကလည်း တစ်ခြား universe တစ်ခုမှာ ဖြစ်ပျက်ခဲ့ပြီး Bruce ကတော့ Harvey Dent ရဲ့ လူတစ်ကိုယ်စိတ်နှစ်မျိူး ဖြစ်နေတာကို ကုသပေးဖို့အတွက် ဆေးရည် တီထွင်ပေးနေခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ အဲ့ဒီဆေးကို တီထွင်နေရင်းနဲ့ မတော်တဆ သူ့ကိုယ်သူ လူတစ်ကိုယ်စိတ်နှစ်မျိူး ဖြစ်သွားအောင် လုပ်မိသွားပါတယ်။ အဲ့ဒါကြောင့်ပဲ Bruce ရဲ့ နောက်ထပ်အသစ်တိုးလာတဲ့ စိတ်ကတော့ Joker ဖြစ်လာပြီး သူကိုယ်တိုင်ဟာ Joker ဖြစ်လိုက် Batman ဖြစ်လိုက် ဖြစ်နေပါတယ်။

ဒါပေမယ့်လည်း သူ့ကိုယ်သူ အဲ့လိုဖြစ်နေမှန်းမသိဘဲ လူတွေအသတ်ခံနေရတဲ့ သတင်းတွေကြောင့် Catwoman ကို ခေါ်ပြီး စုံစမ်းခိုင်းခဲ့ပါတယ်။ နောက်ဆုံး သူကိုယ်တိုင်ဟာ Joker ဖြစ်နေတာကို သိသွားတဲ့အချိန်မှာတော့ နောက်ထပ်လူတွေ ထပ်ပြီးမသေစေချင်တာကြောင့် သူ့ကိုယ်သူ သတ်သေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Two Face ဟာ Bruce တီထွင်ခဲ့တဲ့ ဆေးရည်ကို အသုံးပြုပြီး သူ့ရဲ့စိတ်ဟာ ပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်။ ဒါနဲ့ပဲ Batman အနေနဲ့ ဂေါ်သမ်မြို့ကြီးကို ဆက်လက်စောင့်ရှောက်နေခဲ့ပါတယ်။

(5) Bianca Steeplechase
photo via cbr

သူမကတော့ Earth-37 မှာရှိတဲ့ Joker ပဲ ဖြစ်ပါတယ်။ သူမဟာလည်း Earth-1 က Joker လိုမျိူး ရက်စက်တတ်တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမဟာ Robin ကို သတ်ပစ်ခဲ့ပြီး Selina Kyle ရဲ့ သေဆုံးမှုအတွက်လည်း Batman ကို ချောက်ချခဲ့ပါသေးတယ်။ ဒါ့အပြင် သူမဟာ ဂေါ်သမ်မြို့ရဲ့ မြို့တော်ဝန်ကိုလည်း လက်ထပ်ခဲ့ပြီးတော့ အာဏာရအောင် ကြိုးစားခဲ့ပါသေးတယ်။

(4) Gotham By Gaslight Joker
photo via cbr

Gotham By Gaslight ဇာတ်လမ်းကတော့ (၁၇)ရာစုလောက်မှာ အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်  ဇာတ်ကောင်တွေကို အရင်ခေတ်တုန်းက ပုံစံတွေနဲ့ မြင်တွေ့ရမှာ ဖြစ်ပြီး Batman ကတော့ Jack the Ripper ရဲ့ရန်ကနေ ဂေါ်သမ်မြို့ကို ကာကွယ်ပေးနေခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Selina Kyle နဲ့ Robin တို့ကို မြင်တွေ့ခဲ့ရတဲ့အပြင် Joker ကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။

(3) Earth-13 Bruce Wayne
photo via cbr

ဒီဇာတ်လမ်းကလည်း တစ်ခြား universe တစ်ခုထဲက Joker နဲ့ Batman တို့ ပေါင်းစပ်ထားတဲ့ နောက်ထပ်ဗားရှင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ Bruce ကတော့ Earth-13 က ဖြစ်ပြီး ကလေးဘဝတုန်းက သူ့ရဲ့မိဘတွေကို သူကိုယ်တိုင် သတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဟီးရိုးတွေကို လှောင်ပြောင်တဲ့အနေနဲ့ Batsuit ကို ဝတ်ဆင်ထားပါတယ်။ ဒါ့အပြင် Barbara Gordon နဲ့ Clark တို့ကိုတောင် သတ်ပစ်ခဲ့ပါသေးတယ်။

(2) Emperor Joker
photo via cbr

ဒီ Joker ဗားရှင်းကတော့ တော်တော်လေး ထူးခြားတဲ့ ဗားရှင်းတစ်ခု ဖြစ်ပါတယ်။ သူဟာ Superman ရဲ့ဗီလိန်တစ်ယောက်ဖြစ်တဲ့ Mr. Mxyzptlk ကို လှည့်စားပြီးတော့ reality တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားကို ရယူခဲ့ပါတယ်။ အဲ့ဒီ့နောက် သူဟာ reality တွေကို ပြောင်းလဲပစ်ခဲ့ပြီး ဟီးရိုးတွေကို ဗီလိန်တွေအဖြစ် ပြောင်းလဲခဲ့တဲ့အပြင် Batman ကိုလည်း သတ်လိုက်၊ အသက်ပြန်သွင်းလိုက် ပြုလုပ်ခဲ့ပါသေးတယ်။ Joker ဟာ ရိုးရိုးလူတစ်ယောက်အနေနဲ့တောင် အလွန်အန္တရာယ်များသူဖြစ်ပြီး reality တစ်ခုလုံး ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားကို ရသွားတဲ့အချိန်မှာတော့……။

(1) Batman Who Laughs – Earth-22
photo via cbr

ဒီ Joker ဗားရှင်းကတော့ Earth-22 မှာ ဖြစ်ခဲ့တာပါ။ ဒီဇာတ်လမ်းမှာတော့ Batman ဟာ အသိစိတ်လွတ်ပြီး Joker ကို သတ်လိုက်တဲ့အချိန်မှာပဲ Joker Venom ဓာတ်ငွေ့ကြောင့် ရူးသွပ်သွားပြီး Batman Who Laughs ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ Joker လိုမျိူး ဖြစ်လာပြီးတော့ Robin သုံးယောက်အပါအဝင် Justice League နဲ့ သူ့ရဲ့ဗီလိန်တွေအကုန်လုံးကိုလည်း သတ်ဖြတ်ပစ်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Robin သုံးယောက်ကို ဇွန်ဘီဖြစ်အောင် ပြုလုပ်ခဲ့ပြီး လက်နက်အဖြစ်လည်း အသုံးပြုခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ တစ်ခြား universe က Batman ရဲ့ ဗီလိန်ကို ရှာဖွေပြီးတော့ Earth-1 မှာရှိတဲ့ Batman ကို တိုက်ခိုက်ဖို့အတွက် ပြုလုပ်ခဲ့ပါသေးတယ်။

ဒါကတော့ DC ကောမစ်တွေထဲက အကောင်းဆုံး Joker ဗားရှင်း(၁၀)မျိုး ဖြစ်ပါတယ်။ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် နောက်လည်း ဒီလိုစိတ်ဝင်စားဖွယ်ရာ ဆောင်းပါးတွေ ဖတ်ရှုနိုင်ဖို့ ဒီပေ့ချ်လေးကို Like & Follow လုပ်ထားပါလို့ တိုက်တွန်းလိုက်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

DC ေကာမစ္ထဲက ဇာတ္ေကာင္ေတြဟာ ဇာတ္လမ္းေတြ ေျပာင္းသြားတာနဲ႔အမွ် ဇာတ္ေကာင္ဗားရွင္းေတြ အမ်ိဴးမ်ိဴး ေျပာင္းလဲသြားေလ့ ရွိပါတယ္။ ဒါ့အျပင္ universe ေတြလည္း မတူညီတာေၾကာင့္ ဇာတ္ေကာင္တစ္ခုရဲ႕ ဗားရွင္းေတြဟာလည္း အမ်ားႀကီး ရွိပါတယ္။ Joker ကေတာ့ Batman ရဲ႕ ရန္သူေတာ္ႀကီးတစ္ေယာက္ ျဖစ္ၿပီးေတာ့ Batman ရဲ႕ဘဝမွာ ျဖစ္ပ်က္ခဲ့တဲ့ ဆိုး႐ြားတဲ့ျဖစ္ရပ္ အမ်ားအျပားဟာ သူနဲ႔ သက္ဆိုင္ေနပါတယ္။ တစ္ခ်ိဳ႕ဇာတ္လမ္းေတြမွာဆိုရင္ Batman ကိုယ္တိုင္ကေတာင္ Joker ျဖစ္သြားတာမ်ိဴးေတြလည္း ရွိပါေသးတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ေကာမစ္ထဲက Joker ရဲ႕ အေကာင္းဆုံးဗားရွင္း(၁၀)မ်ိဴး ကို ေဖာ္ျပေပးလိုက္ပါတယ္။

(10) Pirate Captain Joker – The Laughing Man
photo via cbr

Joker ရဲ႕ ဒီဗားရွင္းကေတာ့ တစ္ျခား universe တစ္ခုရဲ႕ (၁၅)ရာစုေလာက္မွာ ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္တစ္ခုပဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Batman ကို Leatherwing ဆိုတဲ့ နာမည္နဲ႔ ျမင္ေတြ႕ခဲ့ရၿပီး Robin ကိုေတာ့ Redblade အျဖစ္နဲ႔ ျမင္ေတြ႕ခဲ့ရပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ The Laughing Man လို႔ေခၚတဲ့ ပင္လယ္ဓားျပေခါင္းေဆာင္ရဲ႕ လက္ထဲကေန သူတို႔ၿမိဳ႕ကို ကာကြယ္ေပးေနခဲ့ပါတယ္။ ဒီ Joker ဟာ Earth-1 က Joker လိုပဲ ဘာဆက္လုပ္မလည္းဆိုတာ ခန႔္မွန္းလို႔မရသလို ရက္စက္တတ္သူတစ္ေယာက္လည္း ျဖစ္ပါတယ္။

(9) Lex Luthor – Speeding Bullet
photo via cbr

ဒီဇာတ္လမ္းကလည္း တစ္ျခား universe တစ္ခုမွာ ျဖစ္ပ်က္ခဲ့တာပါ။ ျဖစ္ပုံကေတာ့ Kal-El ရဲ႕ ယာဥ္ပ်ံဟာ Smallville မွာ မပ်က္က်ခဲ့ဘဲ Gotham ၿမိဳ႕မွာ ပ်က္က်ကာ ယာဥ္ပ်ံထဲက ကေလးကို Thomas Wayne က ေမြးစားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Bruce လို႔ နာမည္ေပးခဲ့ၿပီး ေနာက္ပိုင္းမွာ သူဟာ Batman ျဖစ္လာခဲ့ပါတယ္။ သူကေတာ့ ပုံမွန္လူသားမဟုတ္ဘဲ ခရစ္ပ္တိုနီယန္ ၿဂိဳဟ္သားတစ္ေယာက္ ျဖစ္တာေၾကာင့္ သူ႔ရဲ႕စြမ္းအားေတြကို အသုံးျပဳၿပီး Batman နာမည္နဲ႔ ရာဇဝတ္မႈေတြကို ကာကြယ္ေနခဲ့ပါတယ္။ သူဟာ Batman နဲ႔ Superman ကို ေရာထားတဲ့ဗားရွင္း ျဖစ္တာေၾကာင့္ သူ႔ရဲ႕ဗီလိန္ကလည္း Joker နဲ႔ Lex Luthor တို႔ ေပါင္းစပ္သြားခဲ့ပါတယ္။ ဒီ Joker ဗားရွင္းဟာ Lex Luthor ရဲ႕ ဉာဏ္ရည္နဲ႔ Joker ရဲ႕ ခန႔္မွန္းလို႔မရေလာက္တဲ့ စိတ္အေျခအေနေတြကို ေပါင္းစပ္ထားတာ ျဖစ္ပါတယ္။

(8) Joker – Batman Beyond
photo via cbr

ဒီဇာတ္လမ္းကေတာ့ ေဝးကြာတဲ့ အနာဂတ္ကာလတစ္ခုမွာ ျဖစ္ခဲ့ၿပီး Bruce က Batman အျဖစ္ကေန အနားယူကာ Terry Mcginnis ကို Batman အသစ္အျဖစ္ ေလ့က်င့္ေပးေနခဲ့ပါတယ္။ အံ့ဩစရာတစ္ခုကေတာ့ Joker ဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက ေသသြားၿပီလို႔ ယူဆထားခဲ့ၾကေပမယ့္လည္း အဲ့ဒီအခ်ိန္မွာ ျပန္လည္ေပၚထြက္လာၿပီး ေဂၚသမ္ၿမိဳ႕မွာ ေသာင္းက်န္းေနခဲ့ပါတယ္။ ေနာက္ပိုင္းမွ သိလိုက္ရတဲ့အခ်က္ကေတာ့ အဲ့ဒီ Joker ဟာ Tim Drake ျဖစ္ေနၿပီး အဲ့လို Joker ျဖစ္မလာခင္မွာ ႏွစ္ေတြအၾကာႀကီး ႏွိပ္စက္ခံခဲ့ရပါတယ္။

(7) Martha Wayne – Flashpoint Joker
photo via cbr

Flashpoint ဇာတ္လမ္းဟာ ထူးဆန္းတဲ့အရာေတြ အမ်ားႀကီးကို ျဖစ္လာေစခဲ့ပါတယ္။ အဲ့ဒီအရာေတြထဲမွာ Kal-El ရဲ႕ ယာဥ္ပ်ံဟာ Smallville မွာ မပ်က္က်ခဲ့ဘဲ Metropolis ၿမိဳ႕လယ္ေခါင္မွာ ပ်က္ခဲ့ၿပီး Wonder Woman နဲ႔ Aquaman တို႔ဟာလည္း စစ္ျဖစ္ခဲ့ၾကပါေသးတယ္။ အဲ့ဒီထဲကမွ လုံးဝေျပာင္းလဲသြားတဲ့ တစ္ခ်က္ကေတာ့ Bruce ဟာ သူ႔ရဲ႕မိဘေတြအစား ေသနတ္နဲ႔ ပစ္သတ္ခံရၿပီး ေသဆုံးသြားခဲ့ပါတယ္။ အဲ့ဒီစိတ္မေကာင္းစရာ ျဖစ္ရပ္ေၾကာင့္ပဲ Thomas Wayne ဟာ Batman ျဖစ္လာၿပီး Martha Wayne ကေတာ့ ႐ူးသြပ္သြားကာ Thomas ကို စိတ္ရႈပ္ေအာင္ လုပ္ဖို႔သပ္သပ္နဲ႔ လူသတ္ဖို႔ေတာင္ ဝန္မေလးေတာ့တဲ့ Joker ျဖစ္လာခဲ့ပါတယ္။

(6) Bruce – Joker
photo via cbr

ဒီဇာတ္လမ္းကလည္း တစ္ျခား universe တစ္ခုမွာ ျဖစ္ပ်က္ခဲ့ၿပီး Bruce ကေတာ့ Harvey Dent ရဲ႕ လူတစ္ကိုယ္စိတ္ႏွစ္မ်ိဴး ျဖစ္ေနတာကို ကုသေပးဖို႔အတြက္ ေဆးရည္ တီထြင္ေပးေနခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာ အဲ့ဒီေဆးကို တီထြင္ေနရင္းနဲ႔ မေတာ္တဆ သူ႔ကိုယ္သူ လူတစ္ကိုယ္စိတ္ႏွစ္မ်ိဴး ျဖစ္သြားေအာင္ လုပ္မိသြားပါတယ္။ အဲ့ဒါေၾကာင့္ပဲ Bruce ရဲ႕ ေနာက္ထပ္အသစ္တိုးလာတဲ့ စိတ္ကေတာ့ Joker ျဖစ္လာၿပီး သူကိုယ္တိုင္ဟာ Joker ျဖစ္လိုက္ Batman ျဖစ္လိုက္ ျဖစ္ေနပါတယ္။

ဒါေပမယ့္လည္း သူ႔ကိုယ္သူ အဲ့လိုျဖစ္ေနမွန္းမသိဘဲ လူေတြအသတ္ခံေနရတဲ့ သတင္းေတြေၾကာင့္ Catwoman ကို ေခၚၿပီး စုံစမ္းခိုင္းခဲ့ပါတယ္။ ေနာက္ဆုံး သူကိုယ္တိုင္ဟာ Joker ျဖစ္ေနတာကို သိသြားတဲ့အခ်ိန္မွာေတာ့ ေနာက္ထပ္လူေတြ ထပ္ၿပီးမေသေစခ်င္တာေၾကာင့္ သူ႔ကိုယ္သူ သတ္ေသခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Two Face ဟာ Bruce တီထြင္ခဲ့တဲ့ ေဆးရည္ကို အသုံးျပဳၿပီး သူ႔ရဲ႕စိတ္ဟာ ပုံမွန္ျပန္ျဖစ္သြားခဲ့ပါတယ္။ ဒါနဲ႔ပဲ Batman အေနနဲ႔ ေဂၚသမ္ၿမိဳ႕ႀကီးကို ဆက္လက္ေစာင့္ေရွာက္ေနခဲ့ပါတယ္။

(5) Bianca Steeplechase
photo via cbr

သူမကေတာ့ Earth-37 မွာရွိတဲ့ Joker ပဲ ျဖစ္ပါတယ္။ သူမဟာလည္း Earth-1 က Joker လိုမ်ိဴး ရက္စက္တတ္တဲ့ သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူမဟာ Robin ကို သတ္ပစ္ခဲ့ၿပီး Selina Kyle ရဲ႕ ေသဆုံးမႈအတြက္လည္း Batman ကို ေခ်ာက္ခ်ခဲ့ပါေသးတယ္။ ဒါ့အျပင္ သူမဟာ ေဂၚသမ္ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ဝန္ကိုလည္း လက္ထပ္ခဲ့ၿပီးေတာ့ အာဏာရေအာင္ ႀကိဳးစားခဲ့ပါေသးတယ္။

(4) Gotham By Gaslight Joker
photo via cbr

Gotham By Gaslight ဇာတ္လမ္းကေတာ့ (၁၇)ရာစုေလာက္မွာ အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္  ဇာတ္ေကာင္ေတြကို အရင္ေခတ္တုန္းက ပုံစံေတြနဲ႔ ျမင္ေတြ႕ရမွာ ျဖစ္ၿပီး Batman ကေတာ့ Jack the Ripper ရဲ႕ရန္ကေန ေဂၚသမ္ၿမိဳ႕ကို ကာကြယ္ေပးေနခဲ့ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Selina Kyle နဲ႔ Robin တို႔ကို ျမင္ေတြ႕ခဲ့ရတဲ့အျပင္ Joker ကိုလည္း ျမင္ေတြ႕ခဲ့ရပါေသးတယ္။

(3) Earth-13 Bruce Wayne
photo via cbr

ဒီဇာတ္လမ္းကလည္း တစ္ျခား universe တစ္ခုထဲက Joker နဲ႔ Batman တို႔ ေပါင္းစပ္ထားတဲ့ ေနာက္ထပ္ဗားရွင္းတစ္ခုပဲ ျဖစ္ပါတယ္။ ဒီ Bruce ကေတာ့ Earth-13 က ျဖစ္ၿပီး ကေလးဘဝတုန္းက သူ႔ရဲ႕မိဘေတြကို သူကိုယ္တိုင္ သတ္ပစ္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဟီး႐ိုးေတြကို ေလွာင္ေျပာင္တဲ့အေနနဲ႔ Batsuit ကို ဝတ္ဆင္ထားပါတယ္။ ဒါ့အျပင္ Barbara Gordon နဲ႔ Clark တို႔ကိုေတာင္ သတ္ပစ္ခဲ့ပါေသးတယ္။

(2) Emperor Joker
photo via cbr

ဒီ Joker ဗားရွင္းကေတာ့ ေတာ္ေတာ္ေလး ထူးျခားတဲ့ ဗားရွင္းတစ္ခု ျဖစ္ပါတယ္။ သူဟာ Superman ရဲ႕ဗီလိန္တစ္ေယာက္ျဖစ္တဲ့ Mr. Mxyzptlk ကို လွည့္စားၿပီးေတာ့ reality တစ္ခုလုံးကို ေျပာင္းလဲပစ္ႏိုင္တဲ့ စြမ္းအားကို ရယူခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ သူဟာ reality ေတြကို ေျပာင္းလဲပစ္ခဲ့ၿပီး ဟီး႐ိုးေတြကို ဗီလိန္ေတြအျဖစ္ ေျပာင္းလဲခဲ့တဲ့အျပင္ Batman ကိုလည္း သတ္လိုက္၊ အသက္ျပန္သြင္းလိုက္ ျပဳလုပ္ခဲ့ပါေသးတယ္။ Joker ဟာ ႐ိုး႐ိုးလူတစ္ေယာက္အေနနဲ႔ေတာင္ အလြန္အႏၲရာယ္မ်ားသူျဖစ္ၿပီး reality တစ္ခုလုံး ေျပာင္းလဲပစ္ႏိုင္တဲ့ စြမ္းအားကို ရသြားတဲ့အခ်ိန္မွာေတာ့……။

(1) Batman Who Laughs – Earth-22
photo via cbr

ဒီ Joker ဗားရွင္းကေတာ့ Earth-22 မွာ ျဖစ္ခဲ့တာပါ။ ဒီဇာတ္လမ္းမွာေတာ့ Batman ဟာ အသိစိတ္လြတ္ၿပီး Joker ကို သတ္လိုက္တဲ့အခ်ိန္မွာပဲ Joker Venom ဓာတ္ေငြ႕ေၾကာင့္ ႐ူးသြပ္သြားၿပီး Batman Who Laughs ျဖစ္လာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ Joker လိုမ်ိဴး ျဖစ္လာၿပီးေတာ့ Robin သုံးေယာက္အပါအဝင္ Justice League နဲ႔ သူ႔ရဲ႕ဗီလိန္ေတြအကုန္လုံးကိုလည္း သတ္ျဖတ္ပစ္ခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ Robin သုံးေယာက္ကို ဇြန္ဘီျဖစ္ေအာင္ ျပဳလုပ္ခဲ့ၿပီး လက္နက္အျဖစ္လည္း အသုံးျပဳခဲ့ပါေသးတယ္။ ေနာက္ပိုင္းမွာေတာ့ တစ္ျခား universe က Batman ရဲ႕ ဗီလိန္ကို ရွာေဖြၿပီးေတာ့ Earth-1 မွာရွိတဲ့ Batman ကို တိုက္ခိုက္ဖို႔အတြက္ ျပဳလုပ္ခဲ့ပါေသးတယ္။

ဒါကေတာ့ DC ေကာမစ္ေတြထဲက အေကာင္းဆုံး Joker ဗားရွင္း(၁၀)မ်ိဳး ျဖစ္ပါတယ္။ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ ေနာက္လည္း ဒီလိုစိတ္ဝင္စားဖြယ္ရာ ေဆာင္းပါးေတြ ဖတ္ရႈႏိုင္ဖို႔ ဒီေပ့ခ်္ေလးကို Like & Follow လုပ္ထားပါလို႔ တိုက္တြန္းလိုက္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular