HomeEntertainmentFilmThor ဗားရှင်းတစ်မျိုးဖြစ်တဲ့ Beta Ray Bill ပါဝင်လာနိုင်တဲ့ Thor: Love and Thunder

Thor ဗားရှင်းတစ်မျိုးဖြစ်တဲ့ Beta Ray Bill ပါဝင်လာနိုင်တဲ့ Thor: Love and Thunder

ပရိသတ်တွေ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေတဲ့ Thor: Love and Thunder ရဲ့ ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီထွေလာထဲမှာတော့ စူပါဟီးရိုးဘဝကနေ အနားယူသွားတဲ့ Thor ကို မြင်တွေ့ခဲ့ရသလို Jane Foster ရဲ့ Mighty Thor ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်တွေတင် မကသေးဘဲ ဒီထွေလာထဲမှာတော့ Beta Ray Bill ကို tease လုပ်သွားတာ တွေ့ရပါတယ်။

photo via screenrant

Thor: Love and Thunder အပြီးမှာ Thor Odinson ကို ဆက်လက် မြင်တွေ့နိုင်သေးပေမယ့်လည်း Jane Foster ကို Mighty Thor အဖြစ် ပြောင်းလဲလိုက်တာကြောင့် MCU ဟာ Thor Odinson ကို အစားထိုးဖို့ စီစဉ်နေပြီလို့ ယူဆနိုင်ပါတယ်။ ဒါကြောင့်ပဲ နောက်ထပ် Thor ဗားရှင်းတစ်မျိူးကို မြင်တွေ့ရနိုင်ချေ ရှိပါတယ်။ ပရိသတ်တွေကတော့ Thor ရဲ့ နောက်ထပ် ဗားရှင်းတစ်မျိူးဖြစ်တဲ့ Beta Ray Bill ကိုလည်း Live Action အနေနဲ့ မြင်တွေ့ချင်နေကြပါတယ်။

Beta Ray Bill ကတော့ Mjolnir ကို ကိုင်ဆောင်နိုင်သူတွေထဲက တစ်ယောက်ဖြစ်ပြီး Thor ရဲ့ စွမ်းအားတွေကို ရရှိထားတဲ့ Korbonite စစ်သည်တော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကောမစ်ထဲမှာ ဆိုရင်တော့ Stormbreaker ရဲ့ မူလပိုင်ရှင်ဟာ Beta Ray Bill ပဲ ဖြစ်ပါတယ်။ ဒီထွေလာထဲက ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Thor နဲ့ Korg တို့ နှစ်ယောက်ဟာ Sakaar ဂြိုဟ်ပေါ်ကို ရောက်နေတာ မြင်တွေ့ခဲ့ရပါတယ်။ သူတို့နှစ်ယောက်ဟာလည်း ဒီဂြိုဟ်ပေါ်က Grandmaster ရဲ့ တိုက်ခိုက်ရေးပွဲမှာ စတင်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

Thor: Ragnarok ထဲမှာတော့ Hulk ဟာ Grandmaster ရဲ့ ချန်ပီယံ ဖြစ်နေပြီး အဲ့ဒီအချိန်မတိုင်ခင်မှာတော့ Beta Ray Bill ဟာ Grandmaster ရဲ့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Thor နဲ့ Korg တို့ဟာ Sakaar ဂြိုဟ်ပေါ်မှာ Beta Ray Bill နဲ့ တွေ့ဆုံသွားနိုင်ချေ ရှိနေပါတယ်။ Thor: Ragnarok ထဲမှာတော့ Sakaar ဂြိုဟ်သူဂြိုဟ်သားတွေဟာ Grandmaster ကို တော်လှန်နေကြပြီး Beta Ray Bill ကလည်း အဲ့ဒီတော်လှန်ရေးကို ကူညီပေးဖို့ ရောက်လာတာမျိူး မြင်တွေ့ရနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Thor: Love and Thunder ထဲမှာ Beta Ray Bill ကို မြင်ရမလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular