HomeEntertainmentFilmနာမည်ကြီး Cameo တွေ ပါဝင်လာမယ်ဆိုတဲ့ Thor: Love and Thunder

နာမည်ကြီး Cameo တွေ ပါဝင်လာမယ်ဆိုတဲ့ Thor: Love and Thunder

Thor: Love and Thunder ရုပ်ရှင်ရဲ့ ဒါရိုက်တာဖြစ်သူ Taika Waititi ကတော့ ဒီရုပ်ရှင်ထဲမှာ နာမည်ကြီး Cameo တွေ ပါဝင်လာမယ်လို့ အရိပ်အမြွက် ပြောပြသွားပါတယ်။ Taika Waititi ဟာ Thor: Ragnarok ကိုလည်း ရိုက်ကူးပေးခဲ့ပြီး အဲဒီရုပ်ရှင်ထဲမှာတော့ Thor ဇာတ်လမ်းရဲ့ စတိုင်တွေကို ပြောင်းလဲပစ်ခဲ့တာ တွေ့ခဲ့ရပါတယ်။ ပရိသတ်တွေကလည်း ဒီလိုတင်ဆက်ပုံကို သဘောကျတာကြောင့် ယခုဆိုရင်တော့ Thor ရဲ့ လေးကားမြောက် ဆိုလိုရုပ်ရှင်ကိုလည်း Taika Waititi ကပဲ ရိုက်ကူးပေးထားပါတယ်။

photo via screenrant

Thor: Love and Thunder ထဲမှာတော့ Chris Hemsworth က Thor Odinson အနေနဲ့ အဓိကပါဝင်လာမှာ ဖြစ်ပြီး Valkyrie နေရာမှာတော့ Tessa Thompson နဲ့ Jaimie Alexander ကတော့ Sif အနေနဲ့ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Taika Waititi ကိုယ်တိုင်ကတော့ Korg အနေနဲ့ အသံသရုပ်ဆောင်ထားပြီး Natalie Portman ကတော့ Mighty Thor အနေနဲ့ ပါဝင်လာမှာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ အဓိကဗီလိန်ကတော့ Gorr the God Butcher ပဲ ဖြစ်ပြီး Christian Bale က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ComicBook နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဒီရုပ်ရှင်ထဲမှာ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ Cameo တွေကို တွေ့ရမလားလို့ Taika Waititi ကို မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကိုတော့ “မြင်ရမှာပါ” လို့ပဲ ရိုးရိုးရှင်းရှင်းလေး ပြန်ဖြေသွားပါတယ်။ သို့ပေမယ့် Cameo တွေနဲ့ ပတ်သက်တဲ့အကြောင်းကိုတော့ သူ့အနေနဲ့ ဒီထက်ပိုပြီးပြောပြလို့ မရဘူးလို့ ပြောသွားပါတယ်။ “အဲ့လိုပြောပြလိုက်ရင် Cameo မဟုတ်တော့ဘူးလေ။ အဲဒီအကြောင်းတွေ ကျွန်တော် ပြောပြလို့ မရပါဘူး။ ဒီလိုသာဆို သူတို့တွေက ပိုစတာမှာပါ ပါနေမှာပေါ့ …” လို့ ပြောသွားပါတယ်။

photo via screenrant

ဒါရိုက်တာ Taika Waititi ရိုက်ကူးခဲ့တဲ့ Thor: Ragnarok ထဲမှာတော့ Matt Damon နဲ့ Sam Neill တို့လို နာမည်ကြီးသရုပ်ဆောင်တွေရဲ့ Cameo တွေပါဝင်ခဲ့ပြီး Chris Hemsworth ရဲ့ အစ်ကိုဖြစ်တဲ့ Luke Hemsworth လည်း ပါဝင်ထားပါသေးတယ်။ ဒါကြောင့် ယခု Thor: Love and Thunder ထဲမှာလည်း ဒါရိုက်တာ Taika Waititi ကိုယ်တိုင်က အတည်ပြုထားတာကြောင့် နာမည်ကြီးသရုပ်ဆောင်တွေရဲ့ Cameo တွေကို မြင်တွေ့ရဦးမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular