HomeCelebs Update NewsInternationalJustin Bieber ကို စွဲလမ်းလွန်းလို့ ကုထုံးခံယူရတော့မလို ဖြစ်ခဲ့ဖူးတဲ့ Billie Eilish 

Justin Bieber ကို စွဲလမ်းလွန်းလို့ ကုထုံးခံယူရတော့မလို ဖြစ်ခဲ့ဖူးတဲ့ Billie Eilish 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Billie Eilish ဟာ Justin Bieber ရဲ့ အမာခံပရိသတ်တစ်ယောက်ဆိုတာ ဂီတချစ်သူတွေဆိုရင်တော့ သိထားကြပြီးသား ဖြစ်မှာပါ။ သို့ပေမယ့် Billie ရဲ့ JB အပေါ်ထားတဲ့ အားပေးချစ်ခင်မှုနဲ့ စွဲလမ်းစိတ်ဟာ တော်ရုံသာမန်မဟုတ်ဘဲ အလွန်အမင်း စွဲလမ်းနေခဲ့လို့ မိဘဖြစ်သူတွေက ကုထုံးစင်တာကို သွားပို့ရတော့မလိုတောင် ဖြစ်ခဲ့ဖူးတယ်လို့ မိခင်ဖြစ်သူရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒီအကြောင်းကိုတော့ ဇူလိုင်လ(၃)ရက်နေ့က Apple Music မှာ ထုတ်လွှင့်ခဲ့တဲ့ Billie ရဲ့ me & dad radio အစီအစဉ်ရဲ့ အပိုင်း(၃)မှာ မိခင်ဖြစ်သူ Maggie Baird က ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo: billieeilish/ Twitter

“Billie နဲ့အတူတူ အကစတူဒီယိုကို ကားမောင်းသွားတုန်းက ကားပေါ်မှာ Justin Bieber ရဲ့ As Long As You Love Me သီချင်းကို ဖွင့်ထားတာပေါ့။ အဲ့မှာ အသွားတုန်းကလည်း အဲ့သီချင်းကို နားထောင်ရင်း သူ့မှာငိုရတာ။ အပြန်ကျတော့လည်း အဲ့သီချင်းပဲဖွင့်ပြီး နားထောင်နေရင်း အော်ငိုပြန်ရော။ ပြောရရင် Justin Bieber ရဲ့ ဘယ်သီချင်းမဆို နားထောင်တာနဲ့ သူ့မှာ အဲ့လိုဖြစ်နေကျပဲ။

ဒါပေမယ့် ထူးထူးခြားခြား အဲ့ဒီ့ As Long As You Love Me ကိုတော့ ကျွန်မ ပိုပြီးမှတ်မိနေတယ်။ ပြီးတော့ သီချင်းတင်လားဆိုတော့ မဟုတ်ဘူး။ music video ထွက်လာတော့လည်း ကျွန်မကို သူ့မှာ အပြေးအလွှား လာပြောပြရတာ။ အဲ့ဒီ့ MV ထွက်ပြီဆိုပြီးတော့။ သူ့ကိုကြည့်ရတာ စိတ်တွေလှုပ်ရှားနေတာ တအားပဲ။ ပြောလည်းပြော ငိုလည်းငို။ Justin Bieber ကို Billie ဘယ်လိုရူးတယ်ဆိုတာ တော်တော်များများ သိထားကြပြီးသားပါ။ ဒါပေမယ့် ဒီသီချင်းက အားလုံးထက် ပိုထူးပြီး သူ့အပေါ်မှာ သက်ရောက်မှုတွေ ရှိခဲ့တယ်…” လို့ Billie ရဲ့မိခင် Maggie Baird က ဆိုပါတယ်။

Photo: billieeilish/ Instagram

“အဲ့ဒီ့သီချင်းရဲ့ music video ကိုကြည့်ပြီးတော့ ကျွန်မ အမြဲငိုမိတာ…” လို့ Billie ကလည်း ဖြည့်စွက် ပြောကြားခဲ့ပါသေးတယ်။

ဒီမှာတင် မိခင်ဖြစ်သူ Maggie Baird က “အမေ ပြောပြချင်တာ ရှိသေးတယ်။ သမီးကို ကြည့်ရတာ Justin Bieber ကြောင့်နဲ့ သိပ်ကိုနာကျင်ခံစားနေရတဲ့ပုံ ပေါက်နေလို့ အဲ့ဒီ့တုန်းက အမေတို့ သမီးကို ကုထုံးစင်တာကို ခေါ်သွားပြီး ကုပေးဖို့တောင် စဉ်းစားခဲ့ကြသေးတယ်…” လို့ ပြောခဲ့ပါတယ်။

Photo: BillieEilishPH/ Twitter

Billie လည်း မိဘတွေရဲ့ အမြင်ကို အဲ့ဒီ့အချိန်မှ သတိထားမိသွားဟန်ရှိပြီး “တကယ်လား … အမေလေး ရှက်စရာကြီး …” လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

Billie ဟာ Justin Bieber ရဲ့ ရှေ့ဆုံးက အမာခံပရိသတ်တစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာခဲ့သူ ဖြစ်ပါတယ်။ သူမ ငယ်ငယ်တည်းက အားပေးချစ်ခင်ခဲ့ရတဲ့ JB ကို ၂၀၁၉ခုနှစ် ဧပြီလမှာ ကျင်းပခဲ့တဲ့ Coachella ပွဲတော်မှာ လူချင်းဆုံဆည်းခဲ့ရပါတယ်။ ငယ်ငယ်လေးနဲ့ ဂီတလမ်းပေါ် လျှောက်လှမ်းနိုင်ခဲ့တဲ့ ပရိသတ်မလေး Billie ကိုတော့ JB က ဂုဏ်ယူရကြောင်း ပြောထားပါသေးတယ်။

LaNina

Source: hollywoodlife

(Zawgyi Version)

Billie Eilish ဟာ Justin Bieber ရဲ႕ အမာခံပရိသတ္တစ္ေယာက္ဆိုတာ ဂီတခ်စ္သူေတြဆိုရင္ေတာ့ သိထားၾကၿပီးသား ျဖစ္မွာပါ။ သို႔ေပမယ့္ Billie ရဲ႕ JB အေပၚထားတဲ့ အားေပးခ်စ္ခင္မႈနဲ႔ စြဲလမ္းစိတ္ဟာ ေတာ္႐ုံသာမန္မဟုတ္ဘဲ အလြန္အမင္း စြဲလမ္းေနခဲ့လို႔ မိဘျဖစ္သူေတြက ကုထုံးစင္တာကို သြားပို႔ရေတာ့မလိုေတာင္ ျဖစ္ခဲ့ဖူးတယ္လို႔ မိခင္ျဖစ္သူရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ဒီအေၾကာင္းကိုေတာ့ ဇူလိုင္လ(၃)ရက္ေန႔က Apple Music မွာ ထုတ္လႊင့္ခဲ့တဲ့ Billie ရဲ႕ me & dad radio အစီအစဥ္ရဲ႕ အပိုင္း(၃)မွာ မိခင္ျဖစ္သူ Maggie Baird က ေျပာျပခဲ့တာ ျဖစ္ပါတယ္။

Photo: billieeilish/ Twitter

“Billie နဲ႔အတူတူ အကစတူဒီယိုကို ကားေမာင္းသြားတုန္းက ကားေပၚမွာ Justin Bieber ရဲ႕ As Long As You Love Me သီခ်င္းကို ဖြင့္ထားတာေပါ့။ အဲ့မွာ အသြားတုန္းကလည္း အဲ့သီခ်င္းကို နားေထာင္ရင္း သူ႔မွာငိုရတာ။ အျပန္က်ေတာ့လည္း အဲ့သီခ်င္းပဲဖြင့္ၿပီး နားေထာင္ေနရင္း ေအာ္ငိုျပန္ေရာ။ ေျပာရရင္ Justin Bieber ရဲ႕ ဘယ္သီခ်င္းမဆို နားေထာင္တာနဲ႔ သူ႔မွာ အဲ့လိုျဖစ္ေနက်ပဲ။

ဒါေပမယ့္ ထူးထူးျခားျခား အဲ့ဒီ့ As Long As You Love Me ကိုေတာ့ ကြၽန္မ ပိုၿပီးမွတ္မိေနတယ္။ ၿပီးေတာ့ သီခ်င္းတင္လားဆိုေတာ့ မဟုတ္ဘူး။ music video ထြက္လာေတာ့လည္း ကြၽန္မကို သူ႔မွာ အေျပးအလႊား လာေျပာျပရတာ။ အဲ့ဒီ့ MV ထြက္ၿပီဆိုၿပီးေတာ့။ သူ႔ကိုၾကည့္ရတာ စိတ္ေတြလႈပ္ရွားေနတာ တအားပဲ။ ေျပာလည္းေျပာ ငိုလည္းငို။ Justin Bieber ကို Billie ဘယ္လို႐ူးတယ္ဆိုတာ ေတာ္ေတာ္မ်ားမ်ား သိထားၾကၿပီးသားပါ။ ဒါေပမယ့္ ဒီသီခ်င္းက အားလုံးထက္ ပိုထူးၿပီး သူ႔အေပၚမွာ သက္ေရာက္မႈေတြ ရွိခဲ့တယ္…” လို႔ Billie ရဲ႕မိခင္ Maggie Baird က ဆိုပါတယ္။

Photo: billieeilish/ Instagram

“အဲ့ဒီ့သီခ်င္းရဲ႕ music video ကိုၾကည့္ၿပီးေတာ့ ကြၽန္မ အၿမဲငိုမိတာ…” လို႔ Billie ကလည္း ျဖည့္စြက္ ေျပာၾကားခဲ့ပါေသးတယ္။

ဒီမွာတင္ မိခင္ျဖစ္သူ Maggie Baird က “အေမ ေျပာျပခ်င္တာ ရွိေသးတယ္။ သမီးကို ၾကည့္ရတာ Justin Bieber ေၾကာင့္နဲ႔ သိပ္ကိုနာက်င္ခံစားေနရတဲ့ပုံ ေပါက္ေနလို႔ အဲ့ဒီ့တုန္းက အေမတို႔ သမီးကို ကုထုံးစင္တာကို ေခၚသြားၿပီး ကုေပးဖို႔ေတာင္ စဥ္းစားခဲ့ၾကေသးတယ္…” လို႔ ေျပာခဲ့ပါတယ္။

Photo: BillieEilishPH/ Twitter

Billie လည္း မိဘေတြရဲ႕ အျမင္ကို အဲ့ဒီ့အခ်ိန္မွ သတိထားမိသြားဟန္ရွိၿပီး “တကယ္လား … အေမေလး ရွက္စရာႀကီး …” လို႔ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

Billie ဟာ Justin Bieber ရဲ႕ ေရွ႕ဆုံးက အမာခံပရိသတ္တစ္ေယာက္အျဖစ္ ႀကီးျပင္းအ႐ြယ္ေရာက္လာခဲ့သူ ျဖစ္ပါတယ္။ သူမ ငယ္ငယ္တည္းက အားေပးခ်စ္ခင္ခဲ့ရတဲ့ JB ကို ၂၀၁၉ခုႏွစ္ ဧၿပီလမွာ က်င္းပခဲ့တဲ့ Coachella ပြဲေတာ္မွာ လူခ်င္းဆုံဆည္းခဲ့ရပါတယ္။ ငယ္ငယ္ေလးနဲ႔ ဂီတလမ္းေပၚ ေလွ်ာက္လွမ္းႏိုင္ခဲ့တဲ့ ပရိသတ္မေလး Billie ကိုေတာ့ JB က ဂုဏ္ယူရေၾကာင္း ေျပာထားပါေသးတယ္။

LaNina

Source: hollywoodlife

RELATED ARTICLES

Most Popular