HomeCelebs Update NewsInternationalမကောင်းဆိုးဝါးတွေကိုကြောက်လို့ မိဘတွေရဲ့အခန်းထဲမှာ အတူအိပ်တယ်ဆိုတဲ့ Billie Eilish 

မကောင်းဆိုးဝါးတွေကိုကြောက်လို့ မိဘတွေရဲ့အခန်းထဲမှာ အတူအိပ်တယ်ဆိုတဲ့ Billie Eilish 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Billie Eilish ဟာ ကမ္ဘာကျော် အဆိုတော်တစ်ယောက် ဖြစ်နေပြီဆိုပေမယ့် အခုအချိန်ထိ မိဘတွေရဲ့အခန်းထဲမှာ အတူတူ သွားအိပ်နေတုန်းလို့ ဆိုပါတယ်။ သူမရဲ့ကိုယ်ပိုင်အခန်းမှာ မအိပ်ရတဲ့အကြောင်းကတော့ ကုတင်အောက်က မကောင်းဆိုးဝါးကြီးတွေကို ကြောက်လို့ပါလို့ ဆိုထားပါတယ်။

ဒီအကြောင်းကိုတော့ Apple TV+ က ရိုက်ကူးထုတ်လွှင့်မယ့် Billie Eilish: The World’s A Little Blurry မှတ်တမ်းရုပ်ရှင်အတွက် အသစ်ထွက်ရှိလာတဲ့ ထွေလာထဲမှာ တွေ့မြင်လိုက်ရတာ ဖြစ်ပါတယ်။ ထွေလာရဲ့ အစပိုင်းမှာတော့ “ကျွန်မအခန်းထဲက မကောင်းဆိုးဝါးတွေကို ကြောက်လို့ ကျွန်မ ဒီမှာ အိပ်တယ် …” လို့ Billie က ဆိုထားပါတယ်။

Photo: billieeilish/ Instagram

အဆိုပါထွေလာထဲမှာတော့ စံကာတင်စာရင်း (၁၄၁)ခု၊ ဆိုရှယ်မီဒီယာ ဖော်လိုဝါပေါင်း (၁၃၇)သန်း၊ streaming (၅၅)ဘီလျံ၊ Billboard Hot 100 chart မှာ ရပ်တည်ခဲ့တဲ့ သီချင်း(၁၉)ပုဒ်၊ ဂရမ်မီဆု(၅)ဆုကို ပိုင်ဆိုင်ထားတဲ့ Billie Eilish ရဲ့ဘဝပုံရိပ်အကြောင်းကို တစေ့တစောင်း ဖော်ပြသွားတာ ဖြစ်ပါတယ်။

မည်သို့ဆိုစေ Billie ဟာ အခုအချိန်ထိ အသက်(၁၈)နှစ်သာ ရှိသေးတဲ့ ကောင်မလေးတစ်ယောက် ဖြစ်တာကြောင့် တချို့နေရာတွေမှာ ကလေးတစ်ယောက်လိုပဲ ဖြစ်နေဦးမယ်ဆိုတာ အသေအချာပါပဲ။ ဒါကြောင့်လည်း သူမရဲ့အရွယ်ရောက်လာတဲ့ ဘဝခရီးတစ်လျှောက် ကမ္ဘာကျော် ပေါ့ပ်စတားတစ်ယောက် ဖြစ်လာတဲ့အထိ သူမရဲ့မိသားစု၊ ဂီတဖန်တီးမှု၊ စင်မြင့်ပေါ်မှာ ဖျော်ဖြေမှုစတဲ့ ဘဝအစိတ်အပိုင်းများစွာကို ဒီမှတ်တမ်းရုပ်ရှင်က ပုံဖော်ပြသသွားမှာ ဖြစ်ပါတယ်။

Photo: billieeilish/ Instagram

Billie ဟာ အခုလို အသက်ငယ်ငယ်လေးနဲ့ အောင်မြင်ကျော်ကြားတဲ့ဘဝကို ရောက်လာခဲ့တယ်ဆိုပေမယ့် သူမ ဖြတ်သန်းခဲ့ရတဲ့အရာများစွာ ရှိခဲ့ပါတယ်။ သူမဟာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ရင် ထိခိုက်ခံစားခဲ့ရတာတွေ ရှိသလို မိမိကိုယ်ကို နာကျင်အောင် ပြုလုပ်မိခဲ့တဲ့ အဖြစ်အပျက်တွေလည်း အတိတ်မှာ ရှိခဲ့ဖူးတယ်လို့ ကိုယ်တိုင်က ထုတ်ဖော်ပြောကြားထားတာ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့နှစ်တုန်းက ကျွန်မ အတော်လေးကို မပျော်မရွှင် ဖြစ်ခဲ့ရတယ်။ မပျော်ရတာမှ ကျွန်မဆီမှာ ပျော်ရွှင်စရာ ဘာမှမရှိတော့ဘူးလို့ ခံစားခဲ့ရတယ်။ သိပ်အဆိုးကြီးတော့ မပြောချင်ပါဘူး။ ဒါပေမယ့် ကျွန်မ အသက်(၁၇)နှစ်ပြည့်တဲ့အထိတောင် ရှင်သန်နိုင်မှာ မဟုတ်ဘူးလို့ တကယ်ကြီး တွေးခဲ့တာ … ” လို့ ၂၀၂၀ခုနှစ် ဇန်နဝါရီလမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့တောင် တွေးခဲ့ဖူးတဲ့အကြောင်း ပြောပြခဲ့ဖူးပါတယ်။

Photo: billieeilish/ Instagram

“အဲ့လိုလုပ်ဖို့ တစ်ခါက စဉ်းစားခဲ့ဖူးတယ်။ အဲ့တုန်းက ဘာလင်မှာ ရောက်နေတာ။ ဟိုတယ်က အခန်းထဲမှာ ကျွန်မ တစ်ယောက်တည်း။ ပြီးတော့ အဲ့မှာ ပြတင်းပေါက်တစ်ခု ရှိတာ မှတ်မိတယ်။ အဲ့ဒီ့တုန်းက ကျွန်မ ဘယ်လိုပုံစံနဲ့ သေဆုံးမလည်းလို့ တွေးပြီး ငိုနေမိခဲ့တာ။ ကျွန်မ တကယ် လုပ်တော့မလို့ပဲ … ” လို့ Billie က ဆိုခဲ့ပါတယ်။

ဒါ့အပြင် Billie ဟာ မကြာခဏဆိုသလို ဘော်ဒီရှိမ်းမင်းလည်း အလုပ်ခံခဲ့ရသူ ဖြစ်ပါတယ်။ သူမရဲ့ကိုယ်ပိုင်စတိုင်လ်ဖြစ်တဲ့ streetwear ပွပွဖောင်းဖောင်းကြီးတွေကို ဝတ်ဆင်ရတာဟာလည်း အရင်က ထားခဲ့ဖူးတဲ့ ရည်းစားတွေက ပေးသွားတဲ့ စိတ်ဒဏ်ရာကြောင့်လို့ ဝန်ခံထားပါတယ်။ သူမ ထားခဲ့ဖူးတဲ့ ရည်းစားတွေဟာ သူမကို မိန်းမတစ်ယောက်အနေနဲ့ တပ်မက်ဖို့ကောင်းတယ်ဆိုတဲ့ ခံစားချက်ကို မဖြစ်စေခဲ့တဲ့အကြောင်း ဆိုခဲ့ဖူးပါတယ်။

Photo: billieeilish/ Instagram

“အဲ့ဒါက ကျွန်မဘဝထဲမှာ ကိစ္စကြီးတစ်ခုအနေနဲ့ ရှိနေတယ်။ မိန်းမတစ်ယောက်အနေနဲ့ ဘယ်သူကမှ ကျွန်မရဲ့ခန္ဓာကိုယ်ကို နှစ်သက်ဖို့ကောင်းတယ်လို့ တွေးကြတာမျိုး မခံစားမိခဲ့ဘူး … ”

“ကျွန်မကတော့ ကျွန်မ ဝတ်နေကျ ပုံစံအတိုင်းပဲ ဝတ်တာပဲ။ ရှင်တို့ကို ထည့်ပြီး မတွေးချင်ဘူး။ ပြောချင်တာ သိတယ်မှတ်လား။ ဘယ်တစ်ယောက်ကမှ လာပြီးတော့ အရွယ်အစားတွေ ဘာတွေ လာ judge လုပ်တာမျိုး၊ ကဲ့ရဲ့တာမျိုးကို မလိုချင်တာ။ အဲ့လိုဆိုတိုင်းလည်း ကျွန်မ စိတ်ကူးပေါက်တဲ့အခါ ကြိုးတစ်‌ချောင်းအင်္ကျီဝတ်ပြီး လျှောက်သွားချင် သွားမှာပဲ … ” လို့ Billie က ဆိုထားဖူးပါတယ်။

သူမရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ Billie Eilish: The World’s A Little Blurry မှတ်တမ်းရုပ်ရှင်ကိုတော့ လာမယ့် ဖေဖော်ဝါရီလ(၂၆)ရက်နေ့မှာ Apple TV+ ကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

Billie Eilish ဟာ ကမာၻေက်ာ္ အဆိုေတာ္တစ္ေယာက္ ျဖစ္ေနၿပီဆိုေပမယ့္ အခုအခ်ိန္ထိ မိဘေတြရဲ႕အခန္းထဲမွာ အတူတူ သြားအိပ္ေနတုန္းလို႔ ဆိုပါတယ္။ သူမရဲ႕ကိုယ္ပိုင္အခန္းမွာ မအိပ္ရတဲ့အေၾကာင္းကေတာ့ ကုတင္ေအာက္က မေကာင္းဆိုးဝါးႀကီးေတြကို ေၾကာက္လို႔ပါလို႔ ဆိုထားပါတယ္။

ဒီအေၾကာင္းကိုေတာ့ Apple TV+ က ႐ိုက္ကူးထုတ္လႊင့္မယ့္ Billie Eilish: The World’s A Little Blurry မွတ္တမ္း႐ုပ္ရွင္အတြက္ အသစ္ထြက္ရွိလာတဲ့ ေထြလာထဲမွာ ေတြ႕ျမင္လိုက္ရတာ ျဖစ္ပါတယ္။ ေထြလာရဲ႕ အစပိုင္းမွာေတာ့ “ကြၽန္မအခန္းထဲက မေကာင္းဆိုးဝါးေတြကို ေၾကာက္လို႔ ကြၽန္မ ဒီမွာ အိပ္တယ္ …” လို႔ Billie က ဆိုထားပါတယ္။

Photo: billieeilish/ Instagram

အဆိုပါေထြလာထဲမွာေတာ့ စံကာတင္စာရင္း (၁၄၁)ခု၊ ဆိုရွယ္မီဒီယာ ေဖာ္လိုဝါေပါင္း (၁၃၇)သန္း၊ streaming (၅၅)ဘီလ်ံ၊ Billboard Hot 100 chart မွာ ရပ္တည္ခဲ့တဲ့ သီခ်င္း(၁၉)ပုဒ္၊ ဂရမ္မီဆု(၅)ဆုကို ပိုင္ဆိုင္ထားတဲ့ Billie Eilish ရဲ႕ဘဝပုံရိပ္အေၾကာင္းကို တေစ့တေစာင္း ေဖာ္ျပသြားတာ ျဖစ္ပါတယ္။

မည္သို႔ဆိုေစ Billie ဟာ အခုအခ်ိန္ထိ အသက္(၁၈)ႏွစ္သာ ရွိေသးတဲ့ ေကာင္မေလးတစ္ေယာက္ ျဖစ္တာေၾကာင့္ တခ်ိဳ႕ေနရာေတြမွာ ကေလးတစ္ေယာက္လိုပဲ ျဖစ္ေနဦးမယ္ဆိုတာ အေသအခ်ာပါပဲ။ ဒါေၾကာင့္လည္း သူမရဲ႕အ႐ြယ္ေရာက္လာတဲ့ ဘဝခရီးတစ္ေလွ်ာက္ ကမာၻေက်ာ္ ေပါ့ပ္စတားတစ္ေယာက္ ျဖစ္လာတဲ့အထိ သူမရဲ႕မိသားစု၊ ဂီတဖန္တီးမႈ၊ စင္ျမင့္ေပၚမွာ ေဖ်ာ္ေျဖမႈစတဲ့ ဘဝအစိတ္အပိုင္းမ်ားစြာကို ဒီမွတ္တမ္း႐ုပ္ရွင္က ပုံေဖာ္ျပသသြားမွာ ျဖစ္ပါတယ္။

Photo: billieeilish/ Instagram

Billie ဟာ အခုလို အသက္ငယ္ငယ္ေလးနဲ႔ ေအာင္ျမင္ေက်ာ္ၾကားတဲ့ဘဝကို ေရာက္လာခဲ့တယ္ဆိုေပမယ့္ သူမ ျဖတ္သန္းခဲ့ရတဲ့အရာမ်ားစြာ ရွိခဲ့ပါတယ္။ သူမဟာ စိတ္က်န္းမာေရးနဲ႔ ပတ္သက္ရင္ ထိခိုက္ခံစားခဲ့ရတာေတြ ရွိသလို မိမိကိုယ္ကို နာက်င္ေအာင္ ျပဳလုပ္မိခဲ့တဲ့ အျဖစ္အပ်က္ေတြလည္း အတိတ္မွာ ရွိခဲ့ဖူးတယ္လို႔ ကိုယ္တိုင္က ထုတ္ေဖာ္ေျပာၾကားထားတာ ျဖစ္ပါတယ္။

“ၿပီးခဲ့တဲ့ႏွစ္တုန္းက ကြၽန္မ အေတာ္ေလးကို မေပ်ာ္မ႐ႊင္ ျဖစ္ခဲ့ရတယ္။ မေပ်ာ္ရတာမွ ကြၽန္မဆီမွာ ေပ်ာ္႐ႊင္စရာ ဘာမွမရွိေတာ့ဘူးလို႔ ခံစားခဲ့ရတယ္။ သိပ္အဆိုးႀကီးေတာ့ မေျပာခ်င္ပါဘူး။ ဒါေပမယ့္ ကြၽန္မ အသက္(၁၇)ႏွစ္ျပည့္တဲ့အထိေတာင္ ရွင္သန္ႏိုင္မွာ မဟုတ္ဘူးလို႔ တကယ္ႀကီး ေတြးခဲ့တာ … ” လို႔ ၂၀၂၀ခုႏွစ္ ဇန္နဝါရီလမွာ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ကိုယ့္ကိုယ္ကို အဆုံးစီရင္ဖို႔ေတာင္ ေတြးခဲ့ဖူးတဲ့အေၾကာင္း ေျပာျပခဲ့ဖူးပါတယ္။

Photo: billieeilish/ Instagram

“အဲ့လိုလုပ္ဖို႔ တစ္ခါက စဥ္းစားခဲ့ဖူးတယ္။ အဲ့တုန္းက ဘာလင္မွာ ေရာက္ေနတာ။ ဟိုတယ္က အခန္းထဲမွာ ကြၽန္မ တစ္ေယာက္တည္း။ ၿပီးေတာ့ အဲ့မွာ ျပတင္းေပါက္တစ္ခု ရွိတာ မွတ္မိတယ္။ အဲ့ဒီ့တုန္းက ကြၽန္မ ဘယ္လိုပုံစံနဲ႔ ေသဆုံးမလည္းလို႔ ေတြးၿပီး ငိုေနမိခဲ့တာ။ ကြၽန္မ တကယ္ လုပ္ေတာ့မလို႔ပဲ … ” လို႔ Billie က ဆိုခဲ့ပါတယ္။

ဒါ့အျပင္ Billie ဟာ မၾကာခဏဆိုသလို ေဘာ္ဒီရွိမ္းမင္းလည္း အလုပ္ခံခဲ့ရသူ ျဖစ္ပါတယ္။ သူမရဲ႕ကိုယ္ပိုင္စတိုင္လ္ျဖစ္တဲ့ streetwear ပြပြေဖာင္းေဖာင္းႀကီးေတြကို ဝတ္ဆင္ရတာဟာလည္း အရင္က ထားခဲ့ဖူးတဲ့ ရည္းစားေတြက ေပးသြားတဲ့ စိတ္ဒဏ္ရာေၾကာင့္လို႔ ဝန္ခံထားပါတယ္။ သူမ ထားခဲ့ဖူးတဲ့ ရည္းစားေတြဟာ သူမကို မိန္းမတစ္ေယာက္အေနနဲ႔ တပ္မက္ဖို႔ေကာင္းတယ္ဆိုတဲ့ ခံစားခ်က္ကို မျဖစ္ေစခဲ့တဲ့အေၾကာင္း ဆိုခဲ့ဖူးပါတယ္။

Photo: billieeilish/ Instagram

“အဲ့ဒါက ကြၽန္မဘဝထဲမွာ ကိစၥႀကီးတစ္ခုအေနနဲ႔ ရွိေနတယ္။ မိန္းမတစ္ေယာက္အေနနဲ႔ ဘယ္သူကမွ ကြၽန္မရဲ႕ခႏၶာကိုယ္ကို ႏွစ္သက္ဖို႔ေကာင္းတယ္လို႔ ေတြးၾကတာမ်ိဳး မခံစားမိခဲ့ဘူး … ”

“ကြၽန္မကေတာ့ ကြၽန္မ ဝတ္ေနက် ပုံစံအတိုင္းပဲ ဝတ္တာပဲ။ ရွင္တို႔ကို ထည့္ၿပီး မေတြးခ်င္ဘူး။ ေျပာခ်င္တာ သိတယ္မွတ္လား။ ဘယ္တစ္ေယာက္ကမွ လာၿပီးေတာ့ အ႐ြယ္အစားေတြ ဘာေတြ လာ judge လုပ္တာမ်ိဳး၊ ကဲ့ရဲ႕တာမ်ိဳးကို မလိုခ်င္တာ။ အဲ့လိုဆိုတိုင္းလည္း ကြၽန္မ စိတ္ကူးေပါက္တဲ့အခါ ႀကိဳးတစ္‌ေခ်ာင္းအက်ႌဝတ္ၿပီး ေလွ်ာက္သြားခ်င္ သြားမွာပဲ … ” လို႔ Billie က ဆိုထားဖူးပါတယ္။

သူမရဲ႕ ဘဝအေၾကာင္းကို ႐ိုက္ကူးထားတဲ့ Billie Eilish: The World’s A Little Blurry မွတ္တမ္း႐ုပ္ရွင္ကိုေတာ့ လာမယ့္ ေဖေဖာ္ဝါရီလ(၂၆)ရက္ေန႔မွာ Apple TV+ ကေန ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular