HomeBiographyဘဝပေးကံမကောင်းတဲ့ကြားက ကမ္ဘာကျော်တစ်ယောက် ဖြစ်လာခဲ့တဲ့ Selena Gomez

ဘဝပေးကံမကောင်းတဲ့ကြားက ကမ္ဘာကျော်တစ်ယောက် ဖြစ်လာခဲ့တဲ့ Selena Gomez

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ကေလးေလးတစ္ေယာက္လို ျဖဴစင္တဲ့ အၿပံဳးေလးနဲ႔ လက္ရိွ ေပါ့ပ္ေရစီးေၾကာင္းထက္က ေနရာတစ္ခုကို အခိုင္အမာ ရရိွထားသူေလးကေတာ့ အဆိုေတာ္နဲ႔ သရုပ္ေဆာင္ Selena Gomez ပါ။ “ကၽြန္မဘ၀မွာ ဂုဏ္အယူရဆုံးတစ္ခုကေတာ့ မိန္းမငယ္ေလးေတြအတြက္ စံျပပုဂၢိဳလ္တစ္ေယာက္ ျဖစ္ေနရတာပါပဲ” လို႔ ဆိုတဲ့ Selena ကို ၁၉၉၂ခုႏွစ္ ဇူလိုင္လ(၂၂)ရက္ေန႔က အေမရိကန္ျပည္ေထာင္စု၊ တကၠဆက္ျပည္နယ္၊ Grand Prairie ၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။

Selena ဟာ အေမရိကန္ႏိုင္ငံမွာ ေမြးဖြားတဲ့ အေမရိကန္ႏိုင္ငံသားတစ္ေယာက္ျဖစ္ေပမယ့္ အေမဘက္က အီတလီေသြးပါ၀င္ၿပီး အေဖဘက္က မကၠဆီကန္ေသြးလည္း ေႏွာထားပါေသးတယ္။ ဒါေၾကာင့္ပဲ ဆြဲေဆာင္မႈအားေကာင္းတဲ့ စိတ္၀င္စားစရာ မ်က္ႏွာေလးကို ပိုင္ဆိုင္ထားတာ ျဖစ္ႏိုင္ပါတယ္။ Selena ရဲ႕ မိဘေတြကေတာ့ Mandy Teefey နဲ႔ Ricardo Gomez တို႔ ျဖစ္ပါတယ္။ Selena ဆိုတဲ့ နာမည္ေလးကေတာ့ ၁၉၉၅ခုႏွစ္မွာ ကြယ္လြန္သြားခဲ့တဲ့ Tejano အဆိုေတာ္ Selena ကို အစြဲျပဳၿပီး မွည့္ထားတာလို႔ သိရပါတယ္။

မိခင္ျဖစ္သူ Mandy Teefey ဟာ တစ္ခ်ိန္တုန္းက ျပဇာတ္သရုပ္ေဆာင္တစ္ေယာက္ပါ။ ဒါေၾကာင့္လည္း Selena ဟာ ငယ္ငယ္ရြယ္ရြယ္ေလးနဲ႔ သရုပ္ေဆာင္ဘက္ကို စိတ္အားထက္သန္ခဲ့တာ ျဖစ္ေလာက္ပါတယ္။ Selena ကိုေမြးတဲ့အခ်ိန္တုန္းက အေမျဖစ္သူ Mandy ရဲ႕အသက္ဟာ (၁၆)ႏွစ္ပဲ ရိွပါေသးတယ္။ ကံမေကာင္းစြာနဲ႔ပဲ မိဘႏွစ္ပါးဟာ Selena အသက္(၅)ႏွစ္အရြယ္မွာ ကြာရွင္းျပတ္စဲခဲ့ၾကပါတယ္။ အဲ့ဒီ့အရြယ္ကစလို႔ သားအမိႏွစ္ေယာက္ ေငြေရးေၾကးေရး ၾကပ္တည္းခက္ခဲစြာနဲ႔ ရုန္းကန္ေနထုိင္ခဲ့ၾကရပါတယ္။

Photo: selenagomez/ Instagram

“ေက်ာင္းတုန္းကဆိုရင္ သူငယ္ခ်င္းေတြအားလုံးက American Eagle တို႔ Abercrombie တို႔ ၀တ္ၾကတဲ့အခ်ိန္မွာ ကၽြန္မတို႔ မိသားစုအေျခအေနအရ အဲ့လို(၄၅)ေဒၚလာတန္ ဆြယ္တာတစ္ထည္ကို ၀ယ္၀တ္ဖို႔ဆိုတာ မျဖစ္ႏိုင္ခဲ့ပါဘူး” လို႔ Selena က ေျပာျပခဲ့ဖူးပါတယ္။

လက္ရိွအခ်ိန္မွာ ေဒၚလာသန္းနဲ႔ခ်ီ ခ်မ္းသာၿပီး ေအာင္ျမင္ေနတဲ့ လူတစ္ေယာက္ျဖစ္ေပမယ့္ ငယ္ဘ၀မွာေတာ့ ခက္ခဲမႈေပါင္းမ်ားစြာနဲ႔ စိတ္ဒဏ္ရာအခ်ိဳ႕လည္း ရရိွခဲ့ရပါတယ္။ “ကၽြန္မ အသက္(၇)ႏွစ္အရြယ္မွာ အလုပ္စလုပ္ခဲ့ပါတယ္။ တစ္ခါတစ္ေလက်ေတာ့လည္း ကၽြန္မ ျဖတ္သန္းခဲ့ရတဲ့ ပုံစံနဲ႔မတူညီတဲ့ ကေလးဘ၀ကို ရခဲ့ခ်င္လိုက္တာလို႔ ေတြးမိတဲ့အခ်ိန္ေတြ ရိွခဲ့ပါတယ္။ အဲ့ေလာက္ ငယ္ငယ္ေလးနဲ႔ ရုန္းကန္ရတာမ်ိဳး မျဖစ္ခဲ့သင့္ဘူးလို႔လည္း ထင္မိတယ္။ ဒီလိုနဲ႔ ကၽြန္မက လူေတြကို အလြယ္တကူနဲ႔ မယုံၾကည္တတ္ေတာ့ဘူး။ သူငယ္ခ်င္းဆိုလည္း တကယ္ရင္းႏွီးတဲ့ လူနည္းနည္းေလာက္ပဲ ရိွတယ္။ အရမ္းဂရုစိုက္တတ္သြားခဲ့တာေပါ့” လို႔ သူမရဲ႕ စိတ္ဒဏ္ရာအခ်ိဳ႕ကို ဖြင့္ဟဖူးပါတယ္။

Photo: selenagomez/ Instagram

Selena ဟာ အဆိုေတာ္ Demi Lovato နဲ႔ ငယ္စဥ္ကတည္းက ခင္မင္ရင္းႏွီးခဲ့သူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အလယ္တန္းေက်ာင္းတက္တဲ့ အရြယ္ေရာက္တဲ့အခ်ိန္မွာ သူငယ္ခ်င္း Demi Lovato နဲ႔အတူ အိမ္မွာပဲ စာသင္ခဲ့ၾကတာ ျဖစ္ပါတယ္။ “ကၽြန္မနဲ႔ Demi နဲ႔ႏွစ္ေယာက္ကို ေနာက္ဆုံးက်ေတာ့ အိမ္မွာပဲ စာသင္ေပးဖို႔ ဆုံးျဖတ္လုိက္ၾကတယ္။ အလယ္တန္းနဲ႔ အထက္တန္း စာသင္ႏွစ္ေတြအားလုံးကို Demi တူတူ အိမ္မွာပဲ စာသင္ခဲ့ၾကရပါတယ္။ အဲ့ဒီ့ေနာက္ပိုင္းက်ေတာ့ ကၽြန္မတို႔အတူတူပဲ အယ္လ္ေအကို ေျပာင္းခဲ့ၾကတယ္။ အဲ့မွာ Demi တို႔ေရာ၊ ကၽြန္မတို႔ေရာ မိသားစုႏွစ္ခု အတူတူေပါင္းၿပီး အခ်ိန္ခဏေလာက္ ေနခဲ့ၾကေသးတယ္။ ကၽြန္မက စီးရီးေတြမွာ စၿပီးသရုပ္ေဆာင္ေနတဲ့ အခ်ိန္အေတာအတြင္းမွာေပါ့” လို႔ ငယ္ဘ၀ကို ေျပာျပဖူးပါတယ္။

ဒီလိုနဲ႔ Selena ဟာ အသက္(၁၅)ႏွစ္အရြယ္မွာ စတားတစ္ေယာက္အျဖစ္ စတင္ေအာင္ျမင္လာခဲ့ပါတယ္။ Selena ကို ငယ္ငယ္ေလးနဲ႔ ေအာင္ျမင္ေရး လမ္းေၾကာင္းေပၚ တင္ေပးခဲ့တာကေတာ့ ၂၀၀၇ခုႏွစ္က စတင္ထုတ္လႊင့္ခဲ့တဲ့ Wizards of Waverly Place ဆိုတဲ့ အေမရိကန္စီးရီး ျဖစ္ပါတယ္။ Selena ဟာ အဆိုပါစီးရီးထဲမွာ Alex Russo ဆိုတဲ့ ေကာင္မေလးရဲ႕ေနရာမွာ သရုပ္ေဆာင္ခဲ့ရတာပါ။

ေနာက္ႏွစ္ႏွစ္အၾကာ ၂၀၀၉ခုႏွစ္မွာေတာ့ သူမရဲ႕ band ျဖစ္တဲ့ Selena Gomez & The Scene နဲ႔အတူ Kiss And Tell လို႔ အမည္ရတဲ့ ပထမဆုံး စတူဒီယိုအယ္လ္ဘမ္ကို ထုတ္ေ၀ႏိုင္ခဲ့ပါတယ္။ Selena ဟာ ဂီတနဲ႔သရုပ္ေဆာင္ဘက္က ေအာင္ျမင္မႈေတြေၾကာင့္တင္ ေက်ာ္ၾကားတာ မဟုတ္ပါဘူး။ အမ်ားအက်ိဳးကို သယ္ပိုးခ်င္တဲ့ သူမရဲ႕စိတ္ဓာတ္ေလးေၾကာင့္လည္း လူငယ္ေတြၾကားမွာ စံထားရသူအျဖစ္ နာမည္ေက်ာ္ၾကားသူ ျဖစ္ပါတယ္။

Photo: selenagomez/ Instagram

၂၀၀၈ခုႏွစ္မွာေတာ့ သူမနဲ႔ သက္တူရြယ္တူ လူငယ္ေတြကို ႏိုင္ငံေရးအေပၚ စိတ္၀င္စားၾကဖို႔ တိုက္တြန္းအားေပးခဲ့ပါတယ္။ “ကၽြန္မက မဲေပးဖို႔ အသက္မျပည့္ေသးပါဘူး။ ဒါေပမယ့္ အေႏွးနဲ႔အျမန္ဆိုသလို မဲေပးလို႔ရတဲ့ အသက္အရြယ္ကို ေရာက္လာမွာပါ။ အဲ့ေတာ့ အခုအခ်ိန္တည္းက ဒီအေၾကာင္းေတြကို မေလ့လာထားဘူးဆိုရင္၊ ဒါမွမဟုတ္ ငါနဲ႔ မဆိုင္ပါဘူးဆိုၿပီး ႏိုင္ငံေရးအေၾကာင္းေတြနဲ႔ ခပ္ေ၀းေ၀း ေနမယ္ဆိုရင္ မဲေပးရမယ့္အရြယ္ ေရာက္လာတဲ့အခ်ိန္မွာ ဘာလုပ္ရမယ္မွန္း သိမွာမဟုတ္ပါဘူး။ ကၽြန္မအတြက္ အပူပန္ရဆုံးအရာကေတာ့ သဘာ၀ပတ္၀န္းက်င္ရယ္ ကမာၻႀကီးပူေႏြးလာမႈရယ္ပါ။ အခုေခတ္ ကေလးေတြဆီကို ကမာၻႀကီးပူေႏြးလာမႈအေၾကာင္းေတြ၊ သဘာ၀ပတ္၀န္းက်င္အေၾကာင္းေတြကို သြားေမးၾကည့္ရင္ တစ္၀က္ေလာက္က ဘာျပန္ေျဖရမွန္း မသိဘူး။ ဒါ သိပ္ကို၀မ္းနည္းဖို႔ေကာင္းတဲ့ ကိစၥပါ။ အခုေလာေလာဆယ္ ကမာၻႀကီးမွာ ဘာေတြျဖစ္ေနတယ္။ အခုလုပ္ရမယ့္ ကိစၥေတြကို မလုပ္ဘဲထားရင္ ေနာင္တစ္ခ်ိန္မွာ ဘာေတြျဖစ္လာႏိုင္တယ္ဆိုတာ သူတို႔ မသိၾကဘူး” လို႔ ၂၀၀၈ခုႏွစ္ရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာထားဖူးပါတယ္။

ဒါေၾကာင့္လည္း အသက္(၁၇)ႏွစ္နဲ႔ UNICEF ရဲ႕ အသက္အငယ္ဆုံး သံတမန္အျဖစ္ ခန္႔အပ္ခံခဲ့ရတာျဖစ္ပါတယ္။ UNICEF ရဲ႕ သံတမန္အျဖစ္ တာ၀န္ထမ္းေဆာင္ၿပီး ကမာၻေပၚက အားအနည္းဆုံးနဲ႔ ကံမေကာင္းဆုံး ကေလးငယ္ေတြအတြက္ ရပ္တည္ေပးဖို႔ ေဆာင္ရြက္ခဲ့ပါတယ္။ “ကၽြန္မရဲ႕တတ္ႏိုင္တဲ့အင္အားနဲ႔ ကေလးေတြအတြက္ ဒီလိုရပ္တည္ခြင့္ ရတာကို အရမ္းဂုဏ္ယူပါတယ္။ ကေလးေတြအတြက္ ကိုယ္စားျပဳျဖစ္ေပးရတာ၊ ၿပီးေတာ့ သူတို႔ေတြကို ျပန္ၿပီး ပညာေပးရတာအတြက္လည္း အရမ္းကို ေပ်ာ္ပါတယ္” လို႔ သူမရဲ႕ သံတမန္တာ၀န္နဲ႔ ပတ္သက္ၿပီး ေျပာျပဖူးပါတယ္။

Photo: selenagomez/ Instagram

အသက္ငယ္ငယ္ေလးနဲ႔ စတားတစ္ေယာက္ျဖစ္လာခဲ့တဲ့ Selena Gomez ဟာ အမ်ားအက်ိဳးျပဳလုပ္ငန္းမ်ားစြာအတြက္ ေရွ႕ကေန ရပ္တည္ေပးေနတဲ့ မိန္းမငယ္ေလးတစ္ေယာက္လည္း ျဖစ္ပါတယ္။ “ကၽြန္မရဲ႕မိသားစုက အၿမဲတမ္း ေပးကမ္းလွဴဒါန္းဖို႔ တိုက္တြန္းပါတယ္။ ကၽြန္မရဲ႕ ေအာင္ျမင္ေက်ာ္ၾကားမႈေတြ အားလုံးကလည္း တစ္ျခား ကၽြန္မေလာက္ ကံမေကာင္းတဲ့လူေတြကို ျပန္ၿပီးေထာက္ပ့ံကူညီဖို႔အတြက္ပါပဲ။ ကၽြန္မအေမကလည္း ကၽြန္မကို အၿမဲသင္ျပေပးပါတယ္။ စိတ္ေကာင္းႏွလုံးေကာင္းထားဖို႔၊ ၾကင္နာတတ္ဖို႔၊ ႏွိမ့္ခ်ၿပီး ဆက္ဆံတတ္ဖို႔ အၿမဲေျပာေနတာပါ” လို႔ မိခင္ျဖစ္သူရဲ႕ သင္ၾကားျပသမႈေတြကို ေျပာျပဖူးပါတယ္။

၂၀၁၀ခုႏွစ္အေရာက္မွာေတာ့ အဆိုေတာ္ Justin Bieber နဲ႔ စၿပီးခ်စ္ႀကိဳးသြယ္ခဲ့ပါတယ္။ ဒီလိုနဲ႔ အသက္(၂၀)ႏွစ္အရြယ္ေရာက္တဲ့အခါ Glamour မဂၢဇင္းႀကီးက ေပးအပ္တဲ့ Woman of the Year ဆုကို ရရိွခဲ့ပါတယ္။ ဆုလက္ခံတဲ့ စကားကိုလည္း အျခားအမ်ိဳးသမီးငယ္ေလးေတြအတြက္ ခြန္အားျဖစ္ေအာင္ ေျပာသြားခဲ့ပါေသးတယ္။ “အျပင္ေလာကမွာ ရိွေနတဲ့ မိန္းကေလးေတြအားလုံးကို ေ၀မွ်ခ်င္တာကေတာ့ ကၽြန္မတို႔တစ္ေယာက္ခ်င္းစီတိုင္းမွာ စြမ္းအားေတြ ရိွပါတယ္။ သရုပ္ေဆာင္တာျဖစ္ျဖစ္၊ သီခ်င္းဆိုတာျဖစ္ျဖစ္ ကိုယ္၀ါသနာပါတဲ့ ဘယ္အရာကိုမဆို လုပ္ႏိုင္စြမ္းတဲ့ အခြင့္အေရးလည္း ကိုယ္စီရိွၾကပါတယ္။ ဘာပဲျဖစ္ေနေန ကိုယ့္ကိုယ္ကို မလိမ္ညာပါနဲ႔။ ယုံၾကည္မႈရိွပါ။ ကၽြန္မကို ဒီေန႔ ဒီလိုမ်ိဳး ျဖစ္လာဖို႔ သင္ျပေပးခဲ့တဲ့ အေကာင္းဆုံးေသာလူကေတာ့ ကၽြန္မရဲ႕အေမပါ။ အေမဟာ သိပ္ကိုလွပၿပီး စိတ္ဓာတ္ခိုင္မာတဲ့ အမ်ိဳးသမီးတစ္ေယာက္ပါ” လို႔ ဆိုခဲ့ပါတယ္။

အသက္(၂၁)ႏွစ္မွာေတာ့ Spring Breakers ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားနဲ႔ သူမရဲ႕ image ကို ေျပာင္းလဲပစ္ခဲ့ပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး အသက္အနည္းငယ္ႀကီးၿပီး အရြယ္ေရာက္လာတဲ့အတြက္ indie ဘက္ကိုသြားတဲ့ အရာေလးေတြ နည္းနည္းေလာက္ စမ္းၾကည့္ခ်င္လာတာေၾကာင့္လို႔ Selena က ဆိုပါတယ္။

Photo: selenagomez/ Instagram

ဒီလိုနဲ႔ ၂၀၁၅ခုႏွစ္ကို ေရာက္လာတဲ့အခါမွာေတာ့ သူမမွာ Lupus ေရာဂါရိွေနေၾကာင္း ထုတ္ေျပာခဲ့ပါတယ္။ Lupus ေရာဂါဟာ ခႏၶာကိုယ္ထဲက ဆဲလ္ေတြကို ကိုယ္တိုင္ဖ်က္ဆီးၿပီး တိုက္ခိုက္ပစ္တဲ့အတြက္ ကိုယ္ခံအားကို က်ဆင္းေစၿပီး  ေသေစေလာက္ေအာင္ အႏၱရာယ္ရိွပါတယ္။ ဒီေရာဂါေၾကာင့္ပဲ Chemotherapy ေဆးေတြ သြင္းခဲ့ရၿပီး ေဖ်ာ္ေျဖပြဲေပါငး္မ်ားစြာနဲ႔ အခ်ိဳ႕ေသာ စီးရီးေတြကို ဖ်က္သိမ္းခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ Lupus နဲ႔ ပတ္သက္တဲ့ ေရာဂါလကၡဏာတစ္ခုခုကို ခံစားေနရတယ္လို႔ ကိုယ့္ကိုယ္ကို သံသယျဖစ္လာတာနဲ႔ နီးစပ္ရာ ဆရာ၀န္နဲ႔ အျမန္ဆုံး သြားေရာက္ေဆြးေႏြးကုသဖို႔ လႈံ႔ေဆာ္ထားပါေသးတယ္။

ေသေလာက္တဲ့ ေ၀ဒနာနဲ႔ စစ္ခင္းေနရေပမယ့္ Selena ရဲ႕ ေအာင္ျမင္မႈေတြဟာ ယုတ္ေလ်ာ႔မသြားခဲ့ပါဘူး။ ၂၀၁၆ခုႏွစ္ မတ္လမွာဆိုရင္ follower ေပါင္း သန္း(၇၀)နီးပါးနဲ႔  Instagram က follower အမ်ားဆုံး ပိုင္ဆိုင္ထားတဲ့ စတားတစ္ေယာက္ ျဖစ္လာခဲ့ပါေသးတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး အခ်ိဳ႕ေသာ ေ၀ဖန္မႈေတြ ရိွခဲ့တဲ့အတြက္လည္း ျပန္လည္ခုခံေခ်ပခဲ့ပါေသးတယ္။ “အသက္ႀကီးလာတာနဲ႔အမွ် ကၽြန္မကို တိုက္ခိုက္ၾကတဲ့ ေယာက္်ားေတြကို အြန္လိုင္းမွာ ေတြ႕ရတာ စိတ္အေႏွာင့္အယွက္ ျဖစ္ရတယ္။ ကၽြန္မရဲ႕ Instagram ကို ၾကည့္လိုက္ရင္ သိမွာပါ။ ေဟာ့တဲ့ပုံေတြလည္း တင္ထားတာ မဟုတ္ပါဘူး။ ကၽြန္မဘ၀ရဲ႕ အစိတ္အပိုင္းေလးေတြထဲက အျခားလူေတြနဲ႔ ေ၀မွ်ခ်င္တဲ့ အပိုင္းေလးေတြကို ေ၀မွ်ထားရုံပါပဲ။ အဲ့ဒီ့နည္းလမ္းက တစ္ျခားအင္တာဗ်ဴးေတြ၊ ကၽြန္မသီခ်င္းေတြကေနမွတစ္ဆင့္ ကၽြန္မအေၾကာင္းေတြကို သိရတာထက္ ပိုေကာင္းတယ္လို႔ ထင္တာလည္းပါတာေပါ့။”

ဘယ္လိုပဲ အားတင္းထားၿပီး သန္မာေအာင္ေနေပမယ့္လည္း တစ္ခါတစ္ေလမွာ စိတ္ေရာလူပါ ဘုန္းဘုန္းလဲသြားတတ္တဲ့ အခ်ိန္ေတြ လူတိုင္းရိွၾကမွာပါ။ Selena ဟာလည္း ဒီလိုပါပဲ။ Depression ရယ္၊ panic attack ေတြရယ္ေၾကာင့္ ၂၀၁၆ခုႏွစ္ စက္တင္ဘာလမွာ ရက္ကိုးဆယ္ေလာက္ ေဆးရုံတက္ခဲ့ရပါေသးတယ္။

ဒီလိုနဲ႔ အသက္(၂၄)ႏွစ္အရြယ္ကို ေရာက္လာတဲ့အခါမွာေတာ့ ျမန္မာပရိသတ္ေတြၾကားမွာ အေတာ္ေလး ေရပန္းစားခဲ့တဲ့ 13 Reasons Why စီးရီးကို ပူးတြဲထုတ္လုပ္သူအျဖစ္ ထုတ္ေ၀ခဲ့ပါတယ္။ စီးရီးရဲ႕အေၾကာင္းအရာကေတာ့ အႏိုင္က်င့္ခံရတဲ့ အထက္တန္းေက်ာင္းသူေလးက ကိုယ့္ကိုယ္ကို သတ္ေသသြားတဲ့ဇာတ္လမ္းပါ။ ဒီစီးရီးနဲ႔ ပတ္သက္ၿပီး သူမ ခံစားခဲ့ရတာေတြကိုလည္း ေျပာျပထားပါေသးတယ္။ “ဒီစီးရီးကို စရိုက္တဲ့အခ်ိန္က ကၽြန္မရဲ႕ပုဂၢိဳလ္ေရးဘ၀မွာလည္း အလားတူကိစၥေတြနဲ႔ လုံးပန္းေနရတဲ့ အခ်ိန္ျဖစ္ေနခဲ့ပါတယ္။ ၿပီးေတာ့ ဒီစီးရီးက ေပးခ်င္တဲ့ မက္ေဆ့ခ်္ကလည္း ကၽြန္မရဲ႕တကယ့္ဘ၀မွာ ရင္ဆိုင္ေနရတဲ့ အရာေတြနဲ႔ တူေနတာမ်ိဳး ရိွခဲ့တာေၾကာင့္ ဒီစီးရီးကို ၾကည့္ရတာ တကယ္ အဆင္မေျပခဲ့ပါဘူး” လို႔ ေျပာျပခဲ့ဖူးပါတယ္။

Photo: selenagomez/ Instagram

Lupus ေရာဂါဟာ တျဖည္းျဖည္းနဲ႔ Selena ကို ၀ါးၿမိဳေနၿပီး ေက်ာက္ကပ္ေတြဟာလည္း ပ်က္စီးလာခဲ့ပါတယ္။ သို႔ေပမယ့္ ၂၀၁၇ခုႏွစ္ စက္တင္ဘာလမွာေတာ့ အခ်စ္ဆုံး သူငယ္ခ်င္း Francia Raisa က Selena ကို ေက်ာက္ကပ္တစ္လုံး ထုတ္ေပးခဲ့ပါတယ္။ ခြဲစိတ္ခန္း၀င္ကာနီး သူငယ္ခ်င္းနွစ္ေယာက္ လက္ခ်င္းတြဲထားတဲ့ ပုံေလးကို သူမရဲ႕ Instagram မွာ တင္ခဲ့ၿပီး စကားလုံးေတြနဲ႔ ေဖာ္ျပလို႔ မရေအာင္ ေက်းဇူးတင္တဲ့အေၾကာင္းေလးကိုလည္း ေျပာခဲ့ပါေသးတယ္။

တစ္ဖက္က က်န္းမာေရးက ဖိစီးေနၿပီး အႏုပညာအလုပ္ေတြနဲ႔ ရႈပ္ယွတ္ခတ္ေနခဲ့ေပမယ့္ အမ်ားအက်ိဳးသယ္ပိုးခ်င္တဲ့ သူမရဲ႕စိတ္ကေလးကိုေတာ့ ၿငိမ္းသတ္သြားေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္ပဲ အသက္(၂၅)ႏွစ္အရြယ္မွာ March For Our Lives ဆိုတဲ့ လႈပ္ရွားမႈနဲ႔အတူ ပူးေပါင္းၿပီး ေသနတ္ကိုင္ေဆာင္ခြင့္ ဥပေဒနဲ႔ ပတ္သက္လို႔ ထိန္းခ်ဳပ္မႈေတြ ပိုမိုထားရိွဖို႔ လႈံ႔ေဆာ္ေရးမွာ တက္တက္ၾကြၾကြ ပါ၀င္ေပးခဲ့ပါတယ္။ လအနည္းငယ္ေလာက္ ၾကာၿပီးေနာက္မွာလည္း လူကုန္ကူးမႈတားဆီးေရးကို ေဆာင္ရြက္ေနတဲ့ ကိုယ္က်ိဳးမဖက္ အဖြ႔ဲအစည္းတစ္ခုနဲ႔ ပူးေပါင္းၿပီး ကေလးအလုပ္သမားေတြ၊ တရားမ၀င္ လူကုန္ကူးခံရသူေတြအတြက္ ကူညီရပ္တည္ေပးခဲ့ပါေသးတယ္။

Photo: selenagomez/ Instagram

၂၀၁၉ခုႏွစ္ ေမလမွာေတာ့ နာမည္ေက်ာ္ ကိန္းစ္ရုပ္ရွင္ပြဲေတာ္ႀကီးကို သူမ ပါ၀င္ထားတဲ့ရုပ္ရွင္ The Dead Don’t Die အတြက္ ပထမဆုံးအႀကိမ္ တက္ေရာက္ခဲ့ရပါေသးတယ္။ ရုပ္ရွင္ေလာကမွာ အရိွန္အ၀ါ ႀကီးမားတဲ့ ရုပ္ရွင္ပြဲေတာ္ႀကီးမို႔ ဒီလိုတက္ေရာက္ခြင့္ ရတာဟာ တကယ္ ဂုဏ္ယူစရာလည္း ျဖစ္ပါတယ္။

လက္ရိွအခ်ိန္မွာေတာ့ Selena Gomez ဟာ Instagram follower ေပါင္း သန္း(၁၅၀)ကို ပိုင္ဆိုင္ထားၿပီး ကမာၻေပၚက အလႊမ္းမိုးႏိုင္ဆုံးေသာ အမ်ိဳးသမီးေတြထဲက အသက္အငယ္ဆုံး အမ်ိဳးသမီးေလးလည္း ျဖစ္ပါတယ္ဆိုတာ တင္ျပရင္း …။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

ကလေးလေးတစ်ယောက်လို ဖြူစင်တဲ့ အပြုံးလေးနဲ့ လက်ရှိ ပေါ့ပ်ရေစီးကြောင်းထက်က နေရာတစ်ခုကို အခိုင်အမာ ရရှိထားသူလေးကတော့ အဆိုတော်နဲ့ သရုပ်ဆောင် Selena Gomez ပါ။ “ကျွန်မဘဝမှာ ဂုဏ်အယူရဆုံးတစ်ခုကတော့ မိန်းမငယ်လေးတွေအတွက် စံပြပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေရတာပါပဲ” လို့ ဆိုတဲ့ Selena ကို ၁၉၉၂ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ Grand Prairie မြို့မှာ မွေးဖွားခဲ့ပါတယ်။

Selena ဟာ အမေရိကန်နိုင်ငံမှာ မွေးဖွားတဲ့ အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ပေမယ့် အမေဘက်က အီတလီသွေးပါဝင်ပြီး အဖေဘက်က မက္ကဆီကန်သွေးလည်း နှောထားပါသေးတယ်။ ဒါကြောင့်ပဲ ဆွဲဆောင်မှုအားကောင်းတဲ့ စိတ်ဝင်စားစရာ မျက်နှာလေးကို ပိုင်ဆိုင်ထားတာ ဖြစ်နိုင်ပါတယ်။ Selena ရဲ့ မိဘတွေကတော့ Mandy Teefey နဲ့ Ricardo Gomez တို့ ဖြစ်ပါတယ်။ Selena ဆိုတဲ့ နာမည်လေးကတော့ ၁၉၉၅ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ Tejano အဆိုတော် Selena ကို အစွဲပြုပြီး မှည့်ထားတာလို့ သိရပါတယ်။

မိခင်ဖြစ်သူ Mandy Teefey ဟာ တစ်ချိန်တုန်းက ပြဇာတ်သရုပ်ဆောင်တစ်ယောက်ပါ။ ဒါကြောင့်လည်း Selena ဟာ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ သရုပ်ဆောင်ဘက်ကို စိတ်အားထက်သန်ခဲ့တာ ဖြစ်လောက်ပါတယ်။ Selena ကိုမွေးတဲ့အချိန်တုန်းက အမေဖြစ်သူ Mandy ရဲ့အသက်ဟာ (၁၆)နှစ်ပဲ ရှိပါသေးတယ်။ ကံမကောင်းစွာနဲ့ပဲ မိဘနှစ်ပါးဟာ Selena အသက်(၅)နှစ်အရွယ်မှာ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။ အဲ့ဒီ့အရွယ်ကစလို့ သားအမိနှစ်ယောက် ငွေရေးကြေးရေး ကြပ်တည်းခက်ခဲစွာနဲ့ ရုန်းကန်နေထိုင်ခဲ့ကြရပါတယ်။

Photo: selenagomez/ Instagram

“ကျောင်းတုန်းကဆိုရင် သူငယ်ချင်းတွေအားလုံးက American Eagle တို့ Abercrombie တို့ ဝတ်ကြတဲ့အချိန်မှာ ကျွန်မတို့ မိသားစုအခြေအနေအရ အဲ့လို(၄၅)ဒေါ်လာတန် ဆွယ်တာတစ်ထည်ကို ဝယ်ဝတ်ဖို့ဆိုတာ မဖြစ်နိုင်ခဲ့ပါဘူး” လို့ Selena က ပြောပြခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာ ဒေါ်လာသန်းနဲ့ချီ ချမ်းသာပြီး အောင်မြင်နေတဲ့ လူတစ်ယောက်ဖြစ်ပေမယ့် ငယ်ဘဝမှာတော့ ခက်ခဲမှုပေါင်းများစွာနဲ့ စိတ်ဒဏ်ရာအချို့လည်း ရရှိခဲ့ရပါတယ်။ “ကျွန်မ အသက်(၇)နှစ်အရွယ်မှာ အလုပ်စလုပ်ခဲ့ပါတယ်။ တစ်ခါတစ်လေကျတော့လည်း ကျွန်မ ဖြတ်သန်းခဲ့ရတဲ့ ပုံစံနဲ့မတူညီတဲ့ ကလေးဘဝကို ရခဲ့ချင်လိုက်တာလို့ တွေးမိတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ အဲ့လောက် ငယ်ငယ်လေးနဲ့ ရုန်းကန်ရတာမျိုး မဖြစ်ခဲ့သင့်ဘူးလို့လည်း ထင်မိတယ်။ ဒီလိုနဲ့ ကျွန်မက လူတွေကို အလွယ်တကူနဲ့ မယုံကြည်တတ်တော့ဘူး။ သူငယ်ချင်းဆိုလည်း တကယ်ရင်းနှီးတဲ့ လူနည်းနည်းလောက်ပဲ ရှိတယ်။ အရမ်းဂရုစိုက်တတ်သွားခဲ့တာပေါ့” လို့ သူမရဲ့ စိတ်ဒဏ်ရာအချို့ကို ဖွင့်ဟဖူးပါတယ်။

Photo: selenagomez/ Instagram

Selena ဟာ အဆိုတော် Demi Lovato နဲ့ ငယ်စဉ်ကတည်းက ခင်မင်ရင်းနှီးခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အလယ်တန်းကျောင်းတက်တဲ့ အရွယ်ရောက်တဲ့အချိန်မှာ သူငယ်ချင်း Demi Lovato နဲ့အတူ အိမ်မှာပဲ စာသင်ခဲ့ကြတာ ဖြစ်ပါတယ်။ “ကျွန်မနဲ့ Demi နဲ့နှစ်ယောက်ကို နောက်ဆုံးကျတော့ အိမ်မှာပဲ စာသင်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အလယ်တန်းနဲ့ အထက်တန်း စာသင်နှစ်တွေအားလုံးကို Demi တူတူ အိမ်မှာပဲ စာသင်ခဲ့ကြရပါတယ်။ အဲ့ဒီ့နောက်ပိုင်းကျတော့ ကျွန်မတို့အတူတူပဲ အယ်လ်အေကို ပြောင်းခဲ့ကြတယ်။ အဲ့မှာ Demi တို့ရော၊ ကျွန်မတို့ရော မိသားစုနှစ်ခု အတူတူပေါင်းပြီး အချိန်ခဏလောက် နေခဲ့ကြသေးတယ်။ ကျွန်မက စီးရီးတွေမှာ စပြီးသရုပ်ဆောင်နေတဲ့ အချိန်အတောအတွင်းမှာပေါ့” လို့ ငယ်ဘဝကို ပြောပြဖူးပါတယ်။

ဒီလိုနဲ့ Selena ဟာ အသက်(၁၅)နှစ်အရွယ်မှာ စတားတစ်ယောက်အဖြစ် စတင်အောင်မြင်လာခဲ့ပါတယ်။ Selena ကို ငယ်ငယ်လေးနဲ့ အောင်မြင်ရေး လမ်းကြောင်းပေါ် တင်ပေးခဲ့တာကတော့ ၂၀၀၇ခုနှစ်က စတင်ထုတ်လွှင့်ခဲ့တဲ့ Wizards of Waverly Place ဆိုတဲ့ အမေရိကန်စီးရီး ဖြစ်ပါတယ်။ Selena ဟာ အဆိုပါစီးရီးထဲမှာ Alex Russo ဆိုတဲ့ ကောင်မလေးရဲ့နေရာမှာ သရုပ်ဆောင်ခဲ့ရတာပါ။

နောက်နှစ်နှစ်အကြာ ၂၀၀၉ခုနှစ်မှာတော့ သူမရဲ့ band ဖြစ်တဲ့ Selena Gomez & The Scene နဲ့အတူ Kiss And Tell လို့ အမည်ရတဲ့ ပထမဆုံး စတူဒီယိုအယ်လ်ဘမ်ကို ထုတ်ဝေနိုင်ခဲ့ပါတယ်။ Selena ဟာ ဂီတနဲ့သရုပ်ဆောင်ဘက်က အောင်မြင်မှုတွေကြောင့်တင် ကျော်ကြားတာ မဟုတ်ပါဘူး။ အများအကျိုးကို သယ်ပိုးချင်တဲ့ သူမရဲ့စိတ်ဓာတ်လေးကြောင့်လည်း လူငယ်တွေကြားမှာ စံထားရသူအဖြစ် နာမည်ကျော်ကြားသူ ဖြစ်ပါတယ်။

Photo: selenagomez/ Instagram

၂၀၀၈ခုနှစ်မှာတော့ သူမနဲ့ သက်တူရွယ်တူ လူငယ်တွေကို နိုင်ငံရေးအပေါ် စိတ်ဝင်စားကြဖို့ တိုက်တွန်းအားပေးခဲ့ပါတယ်။ “ကျွန်မက မဲပေးဖို့ အသက်မပြည့်သေးပါဘူး။ ဒါပေမယ့် အနှေးနဲ့အမြန်ဆိုသလို မဲပေးလို့ရတဲ့ အသက်အရွယ်ကို ရောက်လာမှာပါ။ အဲ့တော့ အခုအချိန်တည်းက ဒီအကြောင်းတွေကို မလေ့လာထားဘူးဆိုရင်၊ ဒါမှမဟုတ် ငါနဲ့ မဆိုင်ပါဘူးဆိုပြီး နိုင်ငံရေးအကြောင်းတွေနဲ့ ခပ်ဝေးဝေး နေမယ်ဆိုရင် မဲပေးရမယ့်အရွယ် ရောက်လာတဲ့အချိန်မှာ ဘာလုပ်ရမယ်မှန်း သိမှာမဟုတ်ပါဘူး။ ကျွန်မအတွက် အပူပန်ရဆုံးအရာကတော့ သဘာဝပတ်ဝန်းကျင်ရယ် ကမ္ဘာကြီးပူနွေးလာမှုရယ်ပါ။ အခုခေတ် ကလေးတွေဆီကို ကမ္ဘာကြီးပူနွေးလာမှုအကြောင်းတွေ၊ သဘာဝပတ်ဝန်းကျင်အကြောင်းတွေကို သွားမေးကြည့်ရင် တစ်ဝက်လောက်က ဘာပြန်ဖြေရမှန်း မသိဘူး။ ဒါ သိပ်ကိုဝမ်းနည်းဖို့ကောင်းတဲ့ ကိစ္စပါ။ အခုလောလောဆယ် ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ်။ အခုလုပ်ရမယ့် ကိစ္စတွေကို မလုပ်ဘဲထားရင် နောင်တစ်ချိန်မှာ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာ သူတို့ မသိကြဘူး” လို့ ၂၀၀၈ခုနှစ်ရဲ့ အင်တာဗျူးတစ်ခုမှာ ပြောထားဖူးပါတယ်။

ဒါကြောင့်လည်း အသက်(၁၇)နှစ်နဲ့ UNICEF ရဲ့ အသက်အငယ်ဆုံး သံတမန်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ UNICEF ရဲ့ သံတမန်အဖြစ် တာဝန်ထမ်းဆောင်ပြီး ကမ္ဘာပေါ်က အားအနည်းဆုံးနဲ့ ကံမကောင်းဆုံး ကလေးငယ်တွေအတွက် ရပ်တည်ပေးဖို့ ဆောင်ရွက်ခဲ့ပါတယ်။ “ကျွန်မရဲ့တတ်နိုင်တဲ့အင်အားနဲ့ ကလေးတွေအတွက် ဒီလိုရပ်တည်ခွင့် ရတာကို အရမ်းဂုဏ်ယူပါတယ်။ ကလေးတွေအတွက် ကိုယ်စားပြုဖြစ်ပေးရတာ၊ ပြီးတော့ သူတို့တွေကို ပြန်ပြီး ပညာပေးရတာအတွက်လည်း အရမ်းကို ပျော်ပါတယ်” လို့ သူမရဲ့ သံတမန်တာဝန်နဲ့ ပတ်သက်ပြီး ပြောပြဖူးပါတယ်။

Photo: selenagomez/ Instagram

အသက်ငယ်ငယ်လေးနဲ့ စတားတစ်ယောက်ဖြစ်လာခဲ့တဲ့ Selena Gomez ဟာ အများအကျိုးပြုလုပ်ငန်းများစွာအတွက် ရှေ့ကနေ ရပ်တည်ပေးနေတဲ့ မိန်းမငယ်လေးတစ်ယောက်လည်း ဖြစ်ပါတယ်။ “ကျွန်မရဲ့မိသားစုက အမြဲတမ်း ပေးကမ်းလှူဒါန်းဖို့ တိုက်တွန်းပါတယ်။ ကျွန်မရဲ့ အောင်မြင်ကျော်ကြားမှုတွေ အားလုံးကလည်း တစ်ခြား ကျွန်မလောက် ကံမကောင်းတဲ့လူတွေကို ပြန်ပြီးထောက်ပံ့ကူညီဖို့အတွက်ပါပဲ။ ကျွန်မအမေကလည်း ကျွန်မကို အမြဲသင်ပြပေးပါတယ်။ စိတ်ကောင်းနှလုံးကောင်းထားဖို့၊ ကြင်နာတတ်ဖို့၊ နှိမ့်ချပြီး ဆက်ဆံတတ်ဖို့ အမြဲပြောနေတာပါ” လို့ မိခင်ဖြစ်သူရဲ့ သင်ကြားပြသမှုတွေကို ပြောပြဖူးပါတယ်။

၂၀၁၀ခုနှစ်အရောက်မှာတော့ အဆိုတော် Justin Bieber နဲ့ စပြီးချစ်ကြိုးသွယ်ခဲ့ပါတယ်။ ဒီလိုနဲ့ အသက်(၂၀)နှစ်အရွယ်ရောက်တဲ့အခါ Glamour မဂ္ဂဇင်းကြီးက ပေးအပ်တဲ့ Woman of the Year ဆုကို ရရှိခဲ့ပါတယ်။ ဆုလက်ခံတဲ့ စကားကိုလည်း အခြားအမျိုးသမီးငယ်လေးတွေအတွက် ခွန်အားဖြစ်အောင် ပြောသွားခဲ့ပါသေးတယ်။ “အပြင်လောကမှာ ရှိနေတဲ့ မိန်းကလေးတွေအားလုံးကို ဝေမျှချင်တာကတော့ ကျွန်မတို့တစ်ယောက်ချင်းစီတိုင်းမှာ စွမ်းအားတွေ ရှိပါတယ်။ သရုပ်ဆောင်တာဖြစ်ဖြစ်၊ သီချင်းဆိုတာဖြစ်ဖြစ် ကိုယ်ဝါသနာပါတဲ့ ဘယ်အရာကိုမဆို လုပ်နိုင်စွမ်းတဲ့ အခွင့်အရေးလည်း ကိုယ်စီရှိကြပါတယ်။ ဘာပဲဖြစ်နေနေ ကိုယ့်ကိုယ်ကို မလိမ်ညာပါနဲ့။ ယုံကြည်မှုရှိပါ။ ကျွန်မကို ဒီနေ့ ဒီလိုမျိုး ဖြစ်လာဖို့ သင်ပြပေးခဲ့တဲ့ အကောင်းဆုံးသောလူကတော့ ကျွန်မရဲ့အမေပါ။ အမေဟာ သိပ်ကိုလှပပြီး စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတစ်ယောက်ပါ” လို့ ဆိုခဲ့ပါတယ်။

အသက်(၂၁)နှစ်မှာတော့ Spring Breakers ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ သူမရဲ့ image ကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အသက်အနည်းငယ်ကြီးပြီး အရွယ်ရောက်လာတဲ့အတွက် indie ဘက်ကိုသွားတဲ့ အရာလေးတွေ နည်းနည်းလောက် စမ်းကြည့်ချင်လာတာကြောင့်လို့ Selena က ဆိုပါတယ်။

Photo: selenagomez/ Instagram

ဒီလိုနဲ့ ၂၀၁၅ခုနှစ်ကို ရောက်လာတဲ့အခါမှာတော့ သူမမှာ Lupus ရောဂါရှိနေကြောင်း ထုတ်ပြောခဲ့ပါတယ်။ Lupus ရောဂါဟာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ကိုယ်တိုင်ဖျက်ဆီးပြီး တိုက်ခိုက်ပစ်တဲ့အတွက် ကိုယ်ခံအားကို ကျဆင်းစေပြီး  သေစေလောက်အောင် အန္တရာယ်ရှိပါတယ်။ ဒီရောဂါကြောင့်ပဲ Chemotherapy ဆေးတွေ သွင်းခဲ့ရပြီး ဖျော်ဖြေပွဲပေါင်းများစွာနဲ့ အချို့သော စီးရီးတွေကို ဖျက်သိမ်းခဲ့ရပါတယ်။ ဒါကြောင့်ပဲ Lupus နဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတစ်ခုခုကို ခံစားနေရတယ်လို့ ကိုယ့်ကိုယ်ကို သံသယဖြစ်လာတာနဲ့ နီးစပ်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ဆွေးနွေးကုသဖို့ လှုံ့ဆော်ထားပါသေးတယ်။

သေလောက်တဲ့ ဝေဒနာနဲ့ စစ်ခင်းနေရပေမယ့် Selena ရဲ့ အောင်မြင်မှုတွေဟာ ယုတ်လျော့မသွားခဲ့ပါဘူး။ ၂၀၁၆ခုနှစ် မတ်လမှာဆိုရင် follower ပေါင်း သန်း(၇၀)နီးပါးနဲ့  Instagram က follower အများဆုံး ပိုင်ဆိုင်ထားတဲ့ စတားတစ်ယောက် ဖြစ်လာခဲ့ပါသေးတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အချို့သော ဝေဖန်မှုတွေ ရှိခဲ့တဲ့အတွက်လည်း ပြန်လည်ခုခံချေပခဲ့ပါသေးတယ်။ “အသက်ကြီးလာတာနဲ့အမျှ ကျွန်မကို တိုက်ခိုက်ကြတဲ့ ယောက်ျားတွေကို အွန်လိုင်းမှာ တွေ့ရတာ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ကျွန်မရဲ့ Instagram ကို ကြည့်လိုက်ရင် သိမှာပါ။ ဟော့တဲ့ပုံတွေလည်း တင်ထားတာ မဟုတ်ပါဘူး။ ကျွန်မဘဝရဲ့ အစိတ်အပိုင်းလေးတွေထဲက အခြားလူတွေနဲ့ ဝေမျှချင်တဲ့ အပိုင်းလေးတွေကို ဝေမျှထားရုံပါပဲ။ အဲ့ဒီ့နည်းလမ်းက တစ်ခြားအင်တာဗျူးတွေ၊ ကျွန်မသီချင်းတွေကနေမှတစ်ဆင့် ကျွန်မအကြောင်းတွေကို သိရတာထက် ပိုကောင်းတယ်လို့ ထင်တာလည်းပါတာပေါ့။”

ဘယ်လိုပဲ အားတင်းထားပြီး သန်မာအောင်နေပေမယ့်လည်း တစ်ခါတစ်လေမှာ စိတ်ရောလူပါ ဘုန်းဘုန်းလဲသွားတတ်တဲ့ အချိန်တွေ လူတိုင်းရှိကြမှာပါ။ Selena ဟာလည်း ဒီလိုပါပဲ။ Depression ရယ်၊ panic attack တွေရယ်ကြောင့် ၂၀၁၆ခုနှစ် စက်တင်ဘာလမှာ ရက်ကိုးဆယ်လောက် ဆေးရုံတက်ခဲ့ရပါသေးတယ်။

ဒီလိုနဲ့ အသက်(၂၄)နှစ်အရွယ်ကို ရောက်လာတဲ့အခါမှာတော့ မြန်မာပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားခဲ့တဲ့ 13 Reasons Why စီးရီးကို ပူးတွဲထုတ်လုပ်သူအဖြစ် ထုတ်ဝေခဲ့ပါတယ်။ စီးရီးရဲ့အကြောင်းအရာကတော့ အနိုင်ကျင့်ခံရတဲ့ အထက်တန်းကျောင်းသူလေးက ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ဇာတ်လမ်းပါ။ ဒီစီးရီးနဲ့ ပတ်သက်ပြီး သူမ ခံစားခဲ့ရတာတွေကိုလည်း ပြောပြထားပါသေးတယ်။ “ဒီစီးရီးကို စရိုက်တဲ့အချိန်က ကျွန်မရဲ့ပုဂ္ဂိုလ်ရေးဘဝမှာလည်း အလားတူကိစ္စတွေနဲ့ လုံးပန်းနေရတဲ့ အချိန်ဖြစ်နေခဲ့ပါတယ်။ ပြီးတော့ ဒီစီးရီးက ပေးချင်တဲ့ မက်ဆေ့ချ်ကလည်း ကျွန်မရဲ့တကယ့်ဘဝမှာ ရင်ဆိုင်နေရတဲ့ အရာတွေနဲ့ တူနေတာမျိုး ရှိခဲ့တာကြောင့် ဒီစီးရီးကို ကြည့်ရတာ တကယ် အဆင်မပြေခဲ့ပါဘူး” လို့ ပြောပြခဲ့ဖူးပါတယ်။

Photo: selenagomez/ Instagram

Lupus ရောဂါဟာ တဖြည်းဖြည်းနဲ့ Selena ကို ဝါးမြိုနေပြီး ကျောက်ကပ်တွေဟာလည်း ပျက်စီးလာခဲ့ပါတယ်။ သို့ပေမယ့် ၂၀၁၇ခုနှစ် စက်တင်ဘာလမှာတော့ အချစ်ဆုံး သူငယ်ချင်း Francia Raisa က Selena ကို ကျောက်ကပ်တစ်လုံး ထုတ်ပေးခဲ့ပါတယ်။ ခွဲစိတ်ခန်းဝင်ကာနီး သူငယ်ချင်းနှစ်ယောက် လက်ချင်းတွဲထားတဲ့ ပုံလေးကို သူမရဲ့ Instagram မှာ တင်ခဲ့ပြီး စကားလုံးတွေနဲ့ ဖော်ပြလို့ မရအောင် ကျေးဇူးတင်တဲ့အကြောင်းလေးကိုလည်း ပြောခဲ့ပါသေးတယ်။

တစ်ဖက်က ကျန်းမာရေးက ဖိစီးနေပြီး အနုပညာအလုပ်တွေနဲ့ ရှုပ်ယှတ်ခတ်နေခဲ့ပေမယ့် အများအကျိုးသယ်ပိုးချင်တဲ့ သူမရဲ့စိတ်ကလေးကိုတော့ ငြိမ်းသတ်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ အသက်(၂၅)နှစ်အရွယ်မှာ March For Our Lives ဆိုတဲ့ လှုပ်ရှားမှုနဲ့အတူ ပူးပေါင်းပြီး သေနတ်ကိုင်ဆောင်ခွင့် ဥပဒေနဲ့ ပတ်သက်လို့ ထိန်းချုပ်မှုတွေ ပိုမိုထားရှိဖို့ လှုံ့ဆော်ရေးမှာ တက်တက်ကြွကြွ ပါဝင်ပေးခဲ့ပါတယ်။ လအနည်းငယ်လောက် ကြာပြီးနောက်မှာလည်း လူကုန်ကူးမှုတားဆီးရေးကို ဆောင်ရွက်နေတဲ့ ကိုယ်ကျိုးမဖက် အဖွ့ဲအစည်းတစ်ခုနဲ့ ပူးပေါင်းပြီး ကလေးအလုပ်သမားတွေ၊ တရားမဝင် လူကုန်ကူးခံရသူတွေအတွက် ကူညီရပ်တည်ပေးခဲ့ပါသေးတယ်။

Photo: selenagomez/ Instagram

၂၀၁၉ခုနှစ် မေလမှာတော့ နာမည်ကျော် ကိန်းစ်ရုပ်ရှင်ပွဲတော်ကြီးကို သူမ ပါဝင်ထားတဲ့ရုပ်ရှင် The Dead Don’t Die အတွက် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ရပါသေးတယ်။ ရုပ်ရှင်လောကမှာ အရှိန်အဝါ ကြီးမားတဲ့ ရုပ်ရှင်ပွဲတော်ကြီးမို့ ဒီလိုတက်ရောက်ခွင့် ရတာဟာ တကယ် ဂုဏ်ယူစရာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Selena Gomez ဟာ Instagram follower ပေါင်း သန်း(၁၅၀)ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်က အလွှမ်းမိုးနိုင်ဆုံးသော အမျိုးသမီးတွေထဲက အသက်အငယ်ဆုံး အမျိုးသမီးလေးလည်း ဖြစ်ပါတယ်ဆိုတာ တင်ပြရင်း …။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular