HomeEntertainmentFilmBirds of Prey 2 ထွက်လာဖို့ အလှမ်းဝေးသေးတယ်လို့ ဆိုလာတဲ့ Margot Robbie

Birds of Prey 2 ထွက်လာဖို့ အလှမ်းဝေးသေးတယ်လို့ ဆိုလာတဲ့ Margot Robbie

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Birds of Prey 2 ဟာ လောလောဆယ်မှာတော့ ထွက်လာနိုင်ချေ မရှိသေးဘူးလို့ Harley Quinn နေရာမှာ သရုပ်ဆောင်ထားတဲ့ Margot Robbie က ပြောပြထားပါတယ်။

Margot Robbie ဟာ ၂၀၁၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Suicide Squad ထဲမှာ Harley Quinn အနေနဲ့ သရုပ်ဆောင်ခဲ့ပြီးတည်းက သူမဟာ DC ရဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချက်ကြောင့်ပဲ Warner Bros ဟာ Harley Quinn ပါဝင်တဲ့ နောက်ထပ်ပရော့ဂျက်တွေကို ထပ်မံထုတ်လုပ်လာခဲ့တာ ဖြစ်ပါတယ်။ Birds of Prey ထဲမှာတော့ Harley Quinn ဟာ အမျိူးသမီးဇာတ်ကောင်အသစ်တွေ ဖြစ်တဲ့ Black Canary ၊ Huntress တို့နဲ့ ပူးပေါင်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

photo via screenrant

နောက်နှစ်မှာ ထွက်ရှိလာမယ့် Suicide Squad ထဲမှာလည်း Margot Robbie ဟာ Harley Quinn နေရာကပဲ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိတော့ Birds of Prey 2 ဟာ ထွက်ရှိလာမယ် ဆိုပြီးတော့ ကြေညာခဲ့တာတွေလည်း မရှိသလို အဲ့ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေကလည်း DCEU ထဲမှာ ဘယ်လိုဆက်ပြီး ပါဝင်ကြမလည်းဆိုတာကိုလည်း မသိရသေးပါဘူး။ ဒီရုပ်ရှင်ထွက်ပြီးပြီးချင်းမှာတော့ Birds of Prey  ရုပ်ရှင်ဟာ DC အတွက် နောက်ထပ် franchise တစ်ခုကို စတင်သွားမယ်လို့ ထင်ခဲ့ကြပေမယ့်လည်း အခုချိန်ထိတော့ sequel အတွက် ဘာပြင်ဆင်မှုမှ မရှိသေးဘူးလို့ သိရပါတယ်။

မကြာသေးခင်တုန်းက ပြုလုပ်ခဲ့တဲ့ THR နဲ့ အင်တာဗျူးမှာတော့ Margot Robbie ဟာ သူမ ပါဝင်ထားပြီး အနာဂတ်မှာ ထွက်ရှိလာမယ့် ပရောဂျက်တွေအကြောင်းကို ပြောပြသွားပါတယ်။ အဲ့ဒီအင်တာဗျူးထဲမှာပဲ အင်တာဗျူးသူဟာ Birds of Prey 2 ဟာ ဘယ်အချိန်လောက်မှာ ထွက်လာမလည်းလို့ သူမကို မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမကတော့ အခုချိန်ထိ ထွက်လာနိုင်ချေ မရှိသေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီ sequel က ထွက်ရော ထွက်လာမှာလားဆိုတဲ့ မေးခွန်းကိုလည်း “ကျွန်မ မသိပါဘူး။ အခုချိန်ထိတော့ sequel နဲ့ ပတ်သက်ပြီး ဘာမှပြင်ဆင်နေတာမျိူး မရှိပါဘူး … ” လို့ ဆိုထားပါတယ်။

photo via screenrant

Bird of Preys ရုပ်ရှင်ဟာ ဘတ်ဂျတ် ဒေါ်လာသန်း (၈၀)ကျော်လောက် သုံးခဲ့ပေမယ့် ရုံတင်ဝင်ငွေကတော့ သန်း (၂၀၀)ကျော် ရရှိခဲ့ပါတယ်။ ဒါဟာ သာမန်စတူဒီယိုတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ အောင်မြင်ခဲ့တယ်လို့ ပြောနိုင်ပေမယ့် Warner Bros. လို စတူဒီယိုအကြီးကြီးအတွက်ကတော့ ပရော့ဂျက်အသေးလေးတစ်ခုလိုသာ ဖြစ်ခဲ့တာပါ။

အဲ့ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ စတူဒီယိုအတွက်ရော ကြည့်ရှုသူတွေအတွက်ပါ ထင်သလောက် ဖြစ်မလာခဲ့ဘူးလို့ ခံစားနေကြရတာ ဖြစ်ပါတယ်။ အဲ့ဒီအချက်ကြောင့်လည်း WB ဟာ အခုချိန်ထိ Birds of Prey 2 အတွက် ဘာအစီအစဉ်မှ မရှိသေးတာ ဖြစ်နိုင်ပါတယ်။ DCEU ထဲက Harley Quinn ရဲ့ အနာဂတ်ကတော့ ပြောစရာမလိုလောက်အောင် ကြီးမားတဲ့ အစီအစဉ်တွေ ရှိနေပေမယ့်လည်း Birds of Prey ထဲက ဇာတ်ကောင်တွေဖြစ်တဲ့ Black Canary နဲ့ Huntress တို့လို ဇာတ်ကောင်တွေအတွက်တော့ အနာဂတ်ဟာ မရေမရာ ဖြစ်နေပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Birds of Prey 2 ဟာ ေလာေလာဆယ္မွာေတာ့ ထြက္လာႏိုင္ေခ် မရွိေသးဘူးလို႔ Harley Quinn ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ Margot Robbie က ေျပာျပထားပါတယ္။

Margot Robbie ဟာ ၂၀၁၆ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Suicide Squad ထဲမွာ Harley Quinn အေနနဲ႔ သ႐ုပ္ေဆာင္ခဲ့ၿပီးတည္းက သူမဟာ DC ရဲ႕ နာမည္ႀကီး သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီအခ်က္ေၾကာင့္ပဲ Warner Bros ဟာ Harley Quinn ပါဝင္တဲ့ ေနာက္ထပ္ပေရာ့ဂ်က္ေတြကို ထပ္မံထုတ္လုပ္လာခဲ့တာ ျဖစ္ပါတယ္။ Birds of Prey ထဲမွာေတာ့ Harley Quinn ဟာ အမ်ိဴးသမီးဇာတ္ေကာင္အသစ္ေတြ ျဖစ္တဲ့ Black Canary ၊ Huntress တို႔နဲ႔ ပူးေပါင္းခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

photo via screenrant

ေနာက္ႏွစ္မွာ ထြက္ရွိလာမယ့္ Suicide Squad ထဲမွာလည္း Margot Robbie ဟာ Harley Quinn ေနရာကပဲ ျပန္လည္ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အခုခ်ိန္ထိေတာ့ Birds of Prey 2 ဟာ ထြက္ရွိလာမယ္ ဆိုၿပီးေတာ့ ေၾကညာခဲ့တာေတြလည္း မရွိသလို အဲ့ဒီဇာတ္လမ္းထဲက ဇာတ္ေကာင္ေတြကလည္း DCEU ထဲမွာ ဘယ္လိုဆက္ၿပီး ပါဝင္ၾကမလည္းဆိုတာကိုလည္း မသိရေသးပါဘူး။ ဒီ႐ုပ္ရွင္ထြက္ၿပီးၿပီးခ်င္းမွာေတာ့ Birds of Prey  ႐ုပ္ရွင္ဟာ DC အတြက္ ေနာက္ထပ္ franchise တစ္ခုကို စတင္သြားမယ္လို႔ ထင္ခဲ့ၾကေပမယ့္လည္း အခုခ်ိန္ထိေတာ့ sequel အတြက္ ဘာျပင္ဆင္မႈမွ မရွိေသးဘူးလို႔ သိရပါတယ္။

မၾကာေသးခင္တုန္းက ျပဳလုပ္ခဲ့တဲ့ THR နဲ႔ အင္တာဗ်ဴးမွာေတာ့ Margot Robbie ဟာ သူမ ပါဝင္ထားၿပီး အနာဂတ္မွာ ထြက္ရွိလာမယ့္ ပေရာဂ်က္ေတြအေၾကာင္းကို ေျပာျပသြားပါတယ္။ အဲ့ဒီအင္တာဗ်ဴးထဲမွာပဲ အင္တာဗ်ဴးသူဟာ Birds of Prey 2 ဟာ ဘယ္အခ်ိန္ေလာက္မွာ ထြက္လာမလည္းလို႔ သူမကို ေမးျမန္းခဲ့ပါတယ္။ ဒါေပမယ့္လည္း သူမကေတာ့ အခုခ်ိန္ထိ ထြက္လာႏိုင္ေခ် မရွိေသးဘူးလို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီ sequel က ထြက္ေရာ ထြက္လာမွာလားဆိုတဲ့ ေမးခြန္းကိုလည္း “ကြၽန္မ မသိပါဘူး။ အခုခ်ိန္ထိေတာ့ sequel နဲ႔ ပတ္သက္ၿပီး ဘာမွျပင္ဆင္ေနတာမ်ိဴး မရွိပါဘူး … ” လို႔ ဆိုထားပါတယ္။

photo via screenrant

Bird of Preys ႐ုပ္ရွင္ဟာ ဘတ္ဂ်တ္ ေဒၚလာသန္း (၈၀)ေက်ာ္ေလာက္ သုံးခဲ့ေပမယ့္ ႐ုံတင္ဝင္ေငြကေတာ့ သန္း (၂၀၀)ေက်ာ္ ရရွိခဲ့ပါတယ္။ ဒါဟာ သာမန္စတူဒီယိုေတြနဲ႔ ႐ုပ္ရွင္ဇာတ္ကားေတြအေနနဲ႔ ၾကည့္မယ္ဆိုရင္ေတာ့ ေအာင္ျမင္ခဲ့တယ္လို႔ ေျပာႏိုင္ေပမယ့္ Warner Bros. လို စတူဒီယိုအႀကီးႀကီးအတြက္ကေတာ့ ပေရာ့ဂ်က္အေသးေလးတစ္ခုလိုသာ ျဖစ္ခဲ့တာပါ။

အဲ့ဒါေၾကာင့္ပဲ ဒီ႐ုပ္ရွင္ဟာ စတူဒီယိုအတြက္ေရာ ၾကည့္ရႈသူေတြအတြက္ပါ ထင္သေလာက္ ျဖစ္မလာခဲ့ဘူးလို႔ ခံစားေနၾကရတာ ျဖစ္ပါတယ္။ အဲ့ဒီအခ်က္ေၾကာင့္လည္း WB ဟာ အခုခ်ိန္ထိ Birds of Prey 2 အတြက္ ဘာအစီအစဥ္မွ မရွိေသးတာ ျဖစ္ႏိုင္ပါတယ္။ DCEU ထဲက Harley Quinn ရဲ႕ အနာဂတ္ကေတာ့ ေျပာစရာမလိုေလာက္ေအာင္ ႀကီးမားတဲ့ အစီအစဥ္ေတြ ရွိေနေပမယ့္လည္း Birds of Prey ထဲက ဇာတ္ေကာင္ေတြျဖစ္တဲ့ Black Canary နဲ႔ Huntress တို႔လို ဇာတ္ေကာင္ေတြအတြက္ေတာ့ အနာဂတ္ဟာ မေရမရာ ျဖစ္ေနပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular