HomeCharacterKit Harrington သရုပ်ဆောင်မယ့် Eternals ထဲက Black Knight ရဲ့ စိတ်ဝင်စားစရာများ

Kit Harrington သရုပ်ဆောင်မယ့် Eternals ထဲက Black Knight ရဲ့ စိတ်ဝင်စားစရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် Game of Thrones ဇာတ်လမ်းတွဲထဲမှာ Jon Snow အဖြစ် ပါဝင်ခဲ့ဖူးတဲ့ မင်းသား Kit Harrington ဟာ MCU ထဲကို ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ Kit ဟာ မကြာခင် ကြည့်ရှုကြရတော့မယ့် Eternals ရုပ်ရှင်ထဲမှာ Black Knight ဆိုတဲ့ ဇာတ်ကောင်နဲ့ စတင်ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ Black Knight ဟာ Avenger တစ်ယောက် ဖြစ်ခဲ့ဖူးပေမယ့်လည်း Cap တို့၊ Iron Man တို့လောက်တော့ နာမည်မကြီးခဲ့ပါဘူး။ ပထမဆုံး Black Knight ဇာတ်ကောင်ကိုတော့ Stan Lee နဲ့ Joe Maneely တို့က ၁၉၅၅ခုနှစ်မှာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီခေတ်တုန်းကတော့ စွန့်စားခန်းတွေနဲ့ ပုံဖော်ခဲ့တာ ဖြစ်ပြီး King Arthur ခေတ်ကို အခြေခံကာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Marvel ဟာ Black Knight ကို ခေတ်သစ်ဗားရှင်းအနေနဲ့ ပြန်လည်ဖန်တီးခဲ့ပါတယ်။

ကောမစ်ထဲက Black Knight ရဲ့ Origin
photo via screenrant

ပထမဆုံး Black Knight ကတော့ Sir Percy of Scandia ဖြစ်ပြီး Merlin ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ လက်ရွေးစင်တစ်ယောက် ဖြစ်ပါတယ်။ Merlin ဟာ ဥက္ကာခဲကနေ ပြုလုပ်ထားတဲ့ ဓားတစ်ချောင်းကို အစီအရင်လုပ်ပေးပြီး Sir Percy ကို လက်ဆောင်အနေနဲ့ ပေးအပ်ခဲ့ပါတယ်။ အဲ့ဒီဓားကိုတော့ Ebony Blade လို့ ခေါ်ပါတယ်။ Sir Percy ကတော့ အဲ့ဒီဓားကို Camelot ကို ကာကွယ်ဖို့အတွက် အသုံးပြုခဲ့ပြီး ကံဆိုးစွာနဲ့ပဲ သူ သတ်ခဲ့တဲ့ လူတွေကြောင့် အဲ့ဒီဓားဟာ ကျိန်စာသင့်သွားပါတယ်။ Sir Percy သေဆုံးသွားပြီးနောက်မှာတော့ Ebony Blade ကို သူ့ရဲ့မျိူးဆက်တွေဆီ လက်ဆင့်ကမ်းခဲ့ပါတယ်။

ဒီလိုနဲ့ တစ်ရက်မှာတော့ Dane Whitman ဟာ သူ့ရဲ့ မျိူးရိုးစဉ်ဆက်အိမ်ဖြစ်တဲ့ Garrett ရဲတိုက်ကို ဆင့်ခေါ်ခံခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာပဲ Dane ဟာ Ebony Blade ကို စတင်မြင်တွေ့ရခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ဆင့်ခေါ်ခဲ့တဲ့ ဦးလေးဖြစ်သူ Nathan Garrett ကတော့ ကျန်းမာရေးမကောင်းဘဲ သေလုမျောပါး ဖြစ်နေပါပြီ။ Nathan ဟာ Black Knight ဆိုတဲ့နာမည်နဲ့ လျှို့ဝှက်ဗီလိန် ဖြစ်နေတာကိုလည်း Dane ကို ပြောပြခဲ့ပြီး Black Knight နာမည်ကို ပြန်လည်အဖတ်ဆယ်ဖို့ တောင်းဆိုခဲ့ရှာပါတယ်။ Dane ကလည်း သူ့ဦးလေး ပြုလုပ်ခဲ့တဲ့ မကောင်းမှုတွေကို မနှစ်သက်တာကြောင့် Black Knight နာမည်နဲ့ Ebony Blade ကို ကိုင်ဆောင်ကာ စူပါဟီးရိုး ဖြစ်လာပါတယ်။

Black Knight ရဲ့ ကောမစ်ထဲက စွမ်းအားများ
photo via screenrant

Dane Whitman ဟာ သာမန် လူသားတစ်ယောက် ဖြစ်ပြီး ထူးချွန်တဲ့ ရူပဗေဒပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့လက်နက်ဖြစ်တဲ့ Ebony Blade ကတော့ အရာအားလုံးနီးပါးကို ဖြတ်တောက်နိုင်စွမ်းရှိပြီး မပျက်စီးနိုင်တဲ့ ဓားတစ်ချောင်းလို့တောင် ပြောလို့ရပါတယ်။ ဒါ့အပြင် Ebony Blade ကြောင့်ပဲ Dane အပေါ်မှာ မှော်စွမ်းအားတွေ သက်ရောက်မှုမရှိတာကြောင့် သူ့ကို မှော်ပညာနဲ့ တိုက်ခိုက်လို့ မရပါဘူး။ ဒါပေမယ့်လည်း အဲ့ဒီဓားရဲ့ကျိန်စာကြောင့်ပဲ အသုံးပြုတာ အချိန်ကြာလေလေ အသုံးပြုသူရဲ့ စိတ်ဟာ မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်လာစေပါတယ်။ ဒီဓားကြောင့် သွေးမြေကျရတာ များလေလေ၊ ဓားရဲ့မကောင်းတဲ့ လွှမ်းမိုးမှုဟာ ကြီးမားလေပဲ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ စိတ်ကောင်းရှိတဲ့ Dane တောင်မှ ကွင်းဆက်လူသတ်သမား ဖြစ်သွားခဲ့ဖူးပါ‌သေးတယ်။

Dane ဟာ Ebony Blade တစ်ခုတည်း မဟုတ်ဘဲ တခြားမှော်လက်နက်တွေကိုလည်း အသုံးပြုခဲ့ဖူးပါသေးတယ်။ အထင်ရှားဆုံးကတော့ Sword of Light နဲ့ Shield of Night တို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီလက်နက်ကိုတော့ Lady of the Lake က လက်ဆောင်ပေးခဲ့တာ ဖြစ်ပြီး အစီအရင်တွေနဲ့ လုပ်ထားတဲ့ လက်နက်တွေ ဖြစ်ပါတယ်။ ဒိုင်းကာကတော့ ဘယ်လိုစွမ်းအင်မျိူးမဆို စုပ်ယူနိုင်ပြီး ဓားကတော့ စုပ်ယူထားတဲ့ စွမ်းအင်တွေကို ဖျက်ဆီးအားပြင်းတဲ့ ရောင်ခြည်တွေအနေနဲ့ ပြန်လည် ပစ်လွှတ်နိုင်ပါတယ်။ Dane ဟာ Sir Percy ရဲ့ မျိူးဆက် ဖြစ်တာကြောင့် တခါတလေကျရင် Sir Percy ရဲ့ ဝိဉာဉ်ဟာ သူ့ကို အကူအညီပေးလေ့ ရှိပါတယ်။ Sir Percy ရဲ့ ဝိဉာဉ်ဟာ Black Knight နာမည် ခံယူထားသူ အားလုံးကို အကြံပေးအနေနဲ့ နေထိုင်ပါတယ်။ နောက်ထပ် အံ့ဩဖို့ကောင်းတဲ့ အချက်တစ်ခုကတော့ Dane ဟာ  Valkyrie တွေ စီးနင်းတဲ့ မှော်မြင်းပျံကိုလည်း စီးနင်းခဲ့ဖူးပါတယ်။

Black Knight နဲ့ Eternal တို့ရဲ့ ဆက်နွယ်မှု
photo via screenrant

ကောမစ်ထဲမှာတော့ Dane ဟာ Eternal တစ်ယောက် ဖြစ်သူ Sersi နဲ့ တွဲခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကတော့ အနည်းငယ် ရှုပ်ထွေးတယ်လို့ ပြောလို့ရပါတယ်။ Eternal တွေဟာ Mahd Wy’ry လို့ခေါ်တဲ့ စိတ်အခြေအနေတစ်မျိူးကို ခံစားရတတ်ပါတယ်။ သူတို့ဟာ မသေမျိူးတွေ ဖြစ်ကြပေမယ့်လည်း သူတို့ရဲ့စိတ်ကတော့ ပုံမှန်လူတွေအတိုင်းပဲ ဖြစ်ပါတယ်။ Mahd Wy’ry ကတော့ သူတို့ရဲ့ များပြားလှတဲ့ ဗဟုသုတတွေကြောင့် စိတ်ဖောက်ပြန်သွားတာကို ခေါ်ဝေါ်တာပဲ ဖြစ်ပါတယ်။

Sersi ဟာ အဲ့ဒီစိတ်အခြေအနေကို ခံစားခဲ့ရပြီး သူမကို ကယ်တင်ဖို့အတွက် Eternal တွေဟာ Sersi ရဲ့ စိတ်နဲ့ Dane ရဲ့ စိတ်တို့ကို ပေါင်းစည်းစေခဲ့ပါတယ်။ Dane ကတော့ ဒီနည်းလမ်းကြောင့် Sersi နဲ့ မနီးစပ်ချင်ပေမယ့်လည်း တကယ် လိုအပ်နေတာကြောင့် သဘောတူခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ စိတ်ချင်း ပေါင်းစပ်သွားတာကြောင့် ချစ်သူတွေ ဖြစ်သွားတဲ့အထိ ချည်နှောင်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ Sersi ဟာ ဒိုင်မေးရှင်းတွေကို သွားလာနိုင်တဲ့ အစွမ်းကို ရရှိသွားပြီး သူတို့နှစ်ယောက်အတူတူ Multiverse ကို သွားလာခဲ့ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Dane ရဲ့ အရေးကြီးဆုံး ဇာတ်လမ်းတွေထဲမှာတော့ Sersi ဟာ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

နာမည္ေက်ာ္ Game of Thrones ဇာတ္လမ္းတြဲထဲမွာ Jon Snow အျဖစ္ ပါဝင္ခဲ့ဖူးတဲ့ မင္းသား Kit Harrington ဟာ MCU ထဲကို ဝင္ေရာက္လာၿပီ ျဖစ္ပါတယ္။ Kit ဟာ မၾကာခင္ ၾကည့္ရႈၾကရေတာ့မယ့္ Eternals ႐ုပ္ရွင္ထဲမွာ Black Knight ဆိုတဲ့ ဇာတ္ေကာင္နဲ႔ စတင္ပါဝင္လာေတာ့မွာ ျဖစ္ပါတယ္။

ေကာမစ္ထဲမွာေတာ့ Black Knight ဟာ Avenger တစ္ေယာက္ ျဖစ္ခဲ့ဖူးေပမယ့္လည္း Cap တို႔၊ Iron Man တို႔ေလာက္ေတာ့ နာမည္မႀကီးခဲ့ပါဘူး။ ပထမဆုံး Black Knight ဇာတ္ေကာင္ကိုေတာ့ Stan Lee နဲ႔ Joe Maneely တို႔က ၁၉၅၅ခုႏွစ္မွာ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေခတ္တုန္းကေတာ့ စြန႔္စားခန္းေတြနဲ႔ ပုံေဖာ္ခဲ့တာ ျဖစ္ၿပီး King Arthur ေခတ္ကို အေျခခံကာ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Marvel ဟာ Black Knight ကို ေခတ္သစ္ဗားရွင္းအေနနဲ႔ ျပန္လည္ဖန္တီးခဲ့ပါတယ္။

ေကာမစ္ထဲက Black Knight ရဲ႕ Origin
photo via screenrant

ပထမဆုံး Black Knight ကေတာ့ Sir Percy of Scandia ျဖစ္ၿပီး Merlin ကိုယ္တိုင္ ေ႐ြးခ်ယ္ခဲ့တဲ့ လက္ေ႐ြးစင္တစ္ေယာက္ ျဖစ္ပါတယ္။ Merlin ဟာ ဥကၠာခဲကေန ျပဳလုပ္ထားတဲ့ ဓားတစ္ေခ်ာင္းကို အစီအရင္လုပ္ေပးၿပီး Sir Percy ကို လက္ေဆာင္အေနနဲ႔ ေပးအပ္ခဲ့ပါတယ္။ အဲ့ဒီဓားကိုေတာ့ Ebony Blade လို႔ ေခၚပါတယ္။ Sir Percy ကေတာ့ အဲ့ဒီဓားကို Camelot ကို ကာကြယ္ဖို႔အတြက္ အသုံးျပဳခဲ့ၿပီး ကံဆိုးစြာနဲ႔ပဲ သူ သတ္ခဲ့တဲ့ လူေတြေၾကာင့္ အဲ့ဒီဓားဟာ က်ိန္စာသင့္သြားပါတယ္။ Sir Percy ေသဆုံးသြားၿပီးေနာက္မွာေတာ့ Ebony Blade ကို သူ႔ရဲ႕မ်ိဴးဆက္ေတြဆီ လက္ဆင့္ကမ္းခဲ့ပါတယ္။

ဒီလိုနဲ႔ တစ္ရက္မွာေတာ့ Dane Whitman ဟာ သူ႔ရဲ႕ မ်ိဴး႐ိုးစဥ္ဆက္အိမ္ျဖစ္တဲ့ Garrett ရဲတိုက္ကို ဆင့္ေခၚခံခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ Dane ဟာ Ebony Blade ကို စတင္ျမင္ေတြ႕ရခဲ့တာ ျဖစ္ပါတယ္။ သူ႔ကို ဆင့္ေခၚခဲ့တဲ့ ဦးေလးျဖစ္သူ Nathan Garrett ကေတာ့ က်န္းမာေရးမေကာင္းဘဲ ေသလုေမ်ာပါး ျဖစ္ေနပါၿပီ။ Nathan ဟာ Black Knight ဆိုတဲ့နာမည္နဲ႔ လွ်ိဳ႕ဝွက္ဗီလိန္ ျဖစ္ေနတာကိုလည္း Dane ကို ေျပာျပခဲ့ၿပီး Black Knight နာမည္ကို ျပန္လည္အဖတ္ဆယ္ဖို႔ ေတာင္းဆိုခဲ့ရွာပါတယ္။ Dane ကလည္း သူ႔ဦးေလး ျပဳလုပ္ခဲ့တဲ့ မေကာင္းမႈေတြကို မႏွစ္သက္တာေၾကာင့္ Black Knight နာမည္နဲ႔ Ebony Blade ကို ကိုင္ေဆာင္ကာ စူပါဟီး႐ိုး ျဖစ္လာပါတယ္။

Black Knight ရဲ႕ ေကာမစ္ထဲက စြမ္းအားမ်ား
photo via screenrant

Dane Whitman ဟာ သာမန္ လူသားတစ္ေယာက္ ျဖစ္ၿပီး ထူးခြၽန္တဲ့ ႐ူပေဗဒပညာရွင္တစ္ေယာက္ ျဖစ္ပါတယ္။ သူ႔ရဲ႕လက္နက္ျဖစ္တဲ့ Ebony Blade ကေတာ့ အရာအားလုံးနီးပါးကို ျဖတ္ေတာက္ႏိုင္စြမ္းရွိၿပီး မပ်က္စီးႏိုင္တဲ့ ဓားတစ္ေခ်ာင္းလို႔ေတာင္ ေျပာလို႔ရပါတယ္။ ဒါ့အျပင္ Ebony Blade ေၾကာင့္ပဲ Dane အေပၚမွာ ေမွာ္စြမ္းအားေတြ သက္ေရာက္မႈမရွိတာေၾကာင့္ သူ႔ကို ေမွာ္ပညာနဲ႔ တိုက္ခိုက္လို႔ မရပါဘူး။ ဒါေပမယ့္လည္း အဲ့ဒီဓားရဲ႕က်ိန္စာေၾကာင့္ပဲ အသုံးျပဳတာ အခ်ိန္ၾကာေလေလ အသုံးျပဳသူရဲ႕ စိတ္ဟာ မေကာင္းတဲ့ သက္ေရာက္မႈေတြ ျဖစ္ေပၚလာေစပါတယ္။ ဒီဓားေၾကာင့္ ေသြးေျမက်ရတာ မ်ားေလေလ၊ ဓားရဲ႕မေကာင္းတဲ့ လႊမ္းမိုးမႈဟာ ႀကီးမားေလပဲ ျဖစ္ပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ စိတ္ေကာင္းရွိတဲ့ Dane ေတာင္မွ ကြင္းဆက္လူသတ္သမား ျဖစ္သြားခဲ့ဖူးပါ‌ေသးတယ္။

Dane ဟာ Ebony Blade တစ္ခုတည္း မဟုတ္ဘဲ တျခားေမွာ္လက္နက္ေတြကိုလည္း အသုံးျပဳခဲ့ဖူးပါေသးတယ္။ အထင္ရွားဆုံးကေတာ့ Sword of Light နဲ႔ Shield of Night တို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒီလက္နက္ကိုေတာ့ Lady of the Lake က လက္ေဆာင္ေပးခဲ့တာ ျဖစ္ၿပီး အစီအရင္ေတြနဲ႔ လုပ္ထားတဲ့ လက္နက္ေတြ ျဖစ္ပါတယ္။ ဒိုင္းကာကေတာ့ ဘယ္လိုစြမ္းအင္မ်ိဴးမဆို စုပ္ယူႏိုင္ၿပီး ဓားကေတာ့ စုပ္ယူထားတဲ့ စြမ္းအင္ေတြကို ဖ်က္ဆီးအားျပင္းတဲ့ ေရာင္ျခည္ေတြအေနနဲ႔ ျပန္လည္ ပစ္လႊတ္ႏိုင္ပါတယ္။ Dane ဟာ Sir Percy ရဲ႕ မ်ိဴးဆက္ ျဖစ္တာေၾကာင့္ တခါတေလက်ရင္ Sir Percy ရဲ႕ ဝိဉာဥ္ဟာ သူ႔ကို အကူအညီေပးေလ့ ရွိပါတယ္။ Sir Percy ရဲ႕ ဝိဉာဥ္ဟာ Black Knight နာမည္ ခံယူထားသူ အားလုံးကို အႀကံေပးအေနနဲ႔ ေနထိုင္ပါတယ္။ ေနာက္ထပ္ အံ့ဩဖို႔ေကာင္းတဲ့ အခ်က္တစ္ခုကေတာ့ Dane ဟာ  Valkyrie ေတြ စီးနင္းတဲ့ ေမွာ္ျမင္းပ်ံကိုလည္း စီးနင္းခဲ့ဖူးပါတယ္။

Black Knight နဲ႔ Eternal တို႔ရဲ႕ ဆက္ႏြယ္မႈ
photo via screenrant

ေကာမစ္ထဲမွာေတာ့ Dane ဟာ Eternal တစ္ေယာက္ ျဖစ္သူ Sersi နဲ႔ တြဲခဲ့ဖူးပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကေတာ့ အနည္းငယ္ ရႈပ္ေထြးတယ္လို႔ ေျပာလို႔ရပါတယ္။ Eternal ေတြဟာ Mahd Wy’ry လို႔ေခၚတဲ့ စိတ္အေျခအေနတစ္မ်ိဴးကို ခံစားရတတ္ပါတယ္။ သူတို႔ဟာ မေသမ်ိဴးေတြ ျဖစ္ၾကေပမယ့္လည္း သူတို႔ရဲ႕စိတ္ကေတာ့ ပုံမွန္လူေတြအတိုင္းပဲ ျဖစ္ပါတယ္။ Mahd Wy’ry ကေတာ့ သူတို႔ရဲ႕ မ်ားျပားလွတဲ့ ဗဟုသုတေတြေၾကာင့္ စိတ္ေဖာက္ျပန္သြားတာကို ေခၚေဝၚတာပဲ ျဖစ္ပါတယ္။

Sersi ဟာ အဲ့ဒီစိတ္အေျခအေနကို ခံစားခဲ့ရၿပီး သူမကို ကယ္တင္ဖို႔အတြက္ Eternal ေတြဟာ Sersi ရဲ႕ စိတ္နဲ႔ Dane ရဲ႕ စိတ္တို႔ကို ေပါင္းစည္းေစခဲ့ပါတယ္။ Dane ကေတာ့ ဒီနည္းလမ္းေၾကာင့္ Sersi နဲ႔ မနီးစပ္ခ်င္ေပမယ့္လည္း တကယ္ လိုအပ္ေနတာေၾကာင့္ သေဘာတူခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ စိတ္ခ်င္း ေပါင္းစပ္သြားတာေၾကာင့္ ခ်စ္သူေတြ ျဖစ္သြားတဲ့အထိ ခ်ည္ေႏွာင္မႈေတြ ျဖစ္ေပၚလာခဲ့ပါတယ္။ Sersi ဟာ ဒိုင္ေမးရွင္းေတြကို သြားလာႏိုင္တဲ့ အစြမ္းကို ရရွိသြားၿပီး သူတို႔ႏွစ္ေယာက္အတူတူ Multiverse ကို သြားလာခဲ့ပါေသးတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Dane ရဲ႕ အေရးႀကီးဆုံး ဇာတ္လမ္းေတြထဲမွာေတာ့ Sersi ဟာ အေရးႀကီးပုဂၢိဳလ္တစ္ေယာက္အေနနဲ႔ ပါဝင္ခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular