HomeCharacterThe Boys ဇာတ်လမ်းတွဲထဲက Black Noir ရဲ့စွမ်းအားနဲ့ အားနည်းချက်များ

The Boys ဇာတ်လမ်းတွဲထဲက Black Noir ရဲ့စွမ်းအားနဲ့ အားနည်းချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

The Boys ပထမ season မှာတော့ ဘာစကားမှ မပြောတဲ့ Black Noir ကို စတင်မြင်တွေ့ခဲ့ရတဲ့အပြင် သူဟာ screen time လည်း သိပ်မရခဲ့ပါဘူး။ ဒုတိယ season ကို ရောက်တဲ့အချိန်မှာတော့ သူနဲ့ပတ်သက်တဲ့ အခန်းအနည်းငယ် ပါဝင်လာခဲ့ပေမယ့်လည်း ပရိသတ်တွေအတွက်တော့ သူဟာ အခုချိန်ထိ ပဟေဠိတစ်ခု ဖြစ်နေတုန်းပါပဲ။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် သူ့ရဲ့စွမ်းအားတွေနဲ့ အားနည်းချက်ကို ဖော်ပြပေးချင်ပါတယ်။

ဒုတိယ season ထဲမှာတော့ သူဟာ Butcher ရဲ့နောက်ကို လိုက်လာပြီး တိုက်ခိုက်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ သူ့ရဲ့ခွန်အားနဲ့ အကြမ်းခံနိုင်မှုတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေနဲ့ ဆိုရင်တော့ လူအများစုကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်ပေမယ့်လည်း Vought ရဲ့ CEO ဖြစ်တဲ့ Stan Edgar ရဲ့အမိန့်ကိုတော့ လုံးဝလိုက်နာတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် သူ့ရဲ့ခွန်အားကို အသုံးပြုပြီးတော့ ပထမ season မှာ Kimikon ကို လွယ်လွယ်ကူကူပဲ အနိုင်ယူခဲ့သလို ဒုတိယ season မှာလည်း Starlight ကို လွယ်လွယ်ကူကူပဲ တိုက်ခိုက်ခဲ့ပါတယ်။

photo via screenrant

ဒါ့အပြင် သူ့ရဲ့အကြမ်းခံနိုင်မှုကလည်း Kimiko ရဲ့ ခွန်အားကိုတောင် ဘာမှမဖြစ်သလို ခုခံနိုင်ခဲ့ပြီး ဒုတိယ season ရဲ့အစပိုင်းမှာလည်း ကြီးမားတဲ့ ပေါက်ကွဲထဲမှာ ပါသွားတာတောင် မျက်နှာမှာ မီးလောင်ရာအနည်းငယ်လောက်ပဲ ဖြစ်ခဲ့ပါတယ်။ သူဟာ ဒဏ်ရာတွေကို ပြန်လည်ကုသနိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားပြီး နာကျင်မှုကိုလည်း မခံစားရပါဘူး။

သူ့ရဲ့အကြားအာရုံကလည်း ပုံမှန်လူတွေထက် သာလွန်ပြီးတော့ အမြန်နှုန်းကလည်း A-Train လောက်တော့ မမြန်ပေမယ့်လည်း ပုံမှန်ထက်တော့ အများကြီးသာလွန်ပါတယ်။ အရည်အချင်းပိုင်းမှာဆိုရင်တော့ သူဟာ လက်ဗလာနဲ့ တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့အပြင် ဓားတိုတွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ပါသေးတယ်။ တစ်ခြား ကျွမ်းကျင်မှုတွေကတော့ သူဟာ လေယာဉ်ကိုလည်း မောင်းတတ်တဲ့အပြင် စန္ဒယားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ပါသေးတယ်။

ဒါ့အပြင် ကောမစ်ထဲမှာတော့ သူဟာ Homelander ရဲ့ကလုံးဖြစ်ပြီး Homelander ကို သတ်ဖို့လိုအပ်လာရင် အသုံးပြုဖို့အတွက် သူ့ကို တီထွင်ထားတာ ဖြစ်ပါတယ်။ LA ထဲမှာတော့ သူ့အတွက် အားနည်းချက်တစ်ခုကို ထည့်သွင်းခဲ့ပြီး Maeve ဟာ Starlight ကို ကယ်တင်ဖို့အတွက် Black Noir ရဲ့ပါးစပ်ထဲကို Almond Joy တွေ ထိုးသွင်းခဲ့တာကို တွေ့ခဲ့ရပါတယ်။ အကြောင်းကတော့ သူဟာ အဲ့လိုမျိူး အခွံမာသီးတွေနဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်ပြီး အဲ့ဒီအချိန်ကနေ ဒုတိယ season အဆုံးထိ အသိစိတ်မရှိသေးဘဲ အိပ်ရာပေါ်မှာ လဲနေခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီအချက်ဟာ Black Noir နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Nathan Mitchell ရဲ့ ဓာတ်မတည့်မှုကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

The Boys ပထမ season မွာေတာ့ ဘာစကားမွ မေျပာတဲ့ Black Noir ကို စတင္ျမင္ေတြ႕ခဲ့ရတဲ့အျပင္ သူဟာ screen time လည္း သိပ္မရခဲ့ပါဘူး။ ဒုတိယ season ကို ေရာက္တဲ့အခ်ိန္မွာေတာ့ သူနဲ႔ပတ္သက္တဲ့ အခန္းအနည္းငယ္ ပါဝင္လာခဲ့ေပမယ့္လည္း ပရိသတ္ေတြအတြက္ေတာ့ သူဟာ အခုခ်ိန္ထိ ပေဟဠိတစ္ခု ျဖစ္ေနတုန္းပါပဲ။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ပရိသတ္ေတြအတြက္ သူ႔ရဲ႕စြမ္းအားေတြနဲ႔ အားနည္းခ်က္ကို ေဖာ္ျပေပးခ်င္ပါတယ္။

ဒုတိယ season ထဲမွာေတာ့ သူဟာ Butcher ရဲ႕ေနာက္ကို လိုက္လာၿပီး တိုက္ခိုက္ဖို႔ ႀကိဳးစားတဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕ခြန္အားနဲ႔ အၾကမ္းခံႏိုင္မႈေတြကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ သူ႔ရဲ႕လုပ္ေဆာင္ႏိုင္စြမ္းေတြနဲ႔ ဆိုရင္ေတာ့ လူအမ်ားစုကို လြယ္လြယ္ကူကူ သတ္ျဖတ္ႏိုင္ေပမယ့္လည္း Vought ရဲ႕ CEO ျဖစ္တဲ့ Stan Edgar ရဲ႕အမိန႔္ကိုေတာ့ လုံးဝလိုက္နာတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ခြန္အားကို အသုံးျပဳၿပီးေတာ့ ပထမ season မွာ Kimikon ကို လြယ္လြယ္ကူကူပဲ အႏိုင္ယူခဲ့သလို ဒုတိယ season မွာလည္း Starlight ကို လြယ္လြယ္ကူကူပဲ တိုက္ခိုက္ခဲ့ပါတယ္။

photo via screenrant

ဒါ့အျပင္ သူ႔ရဲ႕အၾကမ္းခံႏိုင္မႈကလည္း Kimiko ရဲ႕ ခြန္အားကိုေတာင္ ဘာမွမျဖစ္သလို ခုခံႏိုင္ခဲ့ၿပီး ဒုတိယ season ရဲ႕အစပိုင္းမွာလည္း ႀကီးမားတဲ့ ေပါက္ကြဲထဲမွာ ပါသြားတာေတာင္ မ်က္ႏွာမွာ မီးေလာင္ရာအနည္းငယ္ေလာက္ပဲ ျဖစ္ခဲ့ပါတယ္။ သူဟာ ဒဏ္ရာေတြကို ျပန္လည္ကုသႏိုင္စြမ္းကိုလည္း ပိုင္ဆိုင္ထားၿပီး နာက်င္မႈကိုလည္း မခံစားရပါဘူး။

သူ႔ရဲ႕အၾကားအာ႐ုံကလည္း ပုံမွန္လူေတြထက္ သာလြန္ၿပီးေတာ့ အျမန္ႏႈန္းကလည္း A-Train ေလာက္ေတာ့ မျမန္ေပမယ့္လည္း ပုံမွန္ထက္ေတာ့ အမ်ားႀကီးသာလြန္ပါတယ္။ အရည္အခ်င္းပိုင္းမွာဆိုရင္ေတာ့ သူဟာ လက္ဗလာနဲ႔ တိုက္ခိုက္တဲ့ေနရာမွာ ကြၽမ္းက်င္တဲ့အျပင္ ဓားတိုေတြကိုလည္း ကြၽမ္းကြၽမ္းက်င္က်င္ အသုံးျပဳတတ္ပါေသးတယ္။ တစ္ျခား ကြၽမ္းက်င္မႈေတြကေတာ့ သူဟာ ေလယာဥ္ကိုလည္း ေမာင္းတတ္တဲ့အျပင္ စႏၵယားကိုလည္း ကြၽမ္းကြၽမ္းက်င္က်င္ တီးတတ္ပါေသးတယ္။

ဒါ့အျပင္ ေကာမစ္ထဲမွာေတာ့ သူဟာ Homelander ရဲ႕ကလုံးျဖစ္ၿပီး Homelander ကို သတ္ဖို႔လိုအပ္လာရင္ အသုံးျပဳဖို႔အတြက္ သူ႔ကို တီထြင္ထားတာ ျဖစ္ပါတယ္။ LA ထဲမွာေတာ့ သူ႔အတြက္ အားနည္းခ်က္တစ္ခုကို ထည့္သြင္းခဲ့ၿပီး Maeve ဟာ Starlight ကို ကယ္တင္ဖို႔အတြက္ Black Noir ရဲ႕ပါးစပ္ထဲကို Almond Joy ေတြ ထိုးသြင္းခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ အေၾကာင္းကေတာ့ သူဟာ အဲ့လိုမ်ိဴး အခြံမာသီးေတြနဲ႔ ဓာတ္မတည့္တာေၾကာင့္ ျဖစ္ၿပီး အဲ့ဒီအခ်ိန္ကေန ဒုတိယ season အဆုံးထိ အသိစိတ္မရွိေသးဘဲ အိပ္ရာေပၚမွာ လဲေနခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီအခ်က္ဟာ Black Noir ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Nathan Mitchell ရဲ႕ ဓာတ္မတည့္မႈကို ထည့္သြင္းခဲ့တာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular