HomeEntertainmentFilmBlack Panther 2 ထဲက တကယ့်ဗီလိန်အစစ်ဟာ Namor မဟုတ်ဘူးဆိုတဲ့ Fan Theory

Black Panther 2 ထဲက တကယ့်ဗီလိန်အစစ်ဟာ Namor မဟုတ်ဘူးဆိုတဲ့ Fan Theory

Black Panther: Wakanda Forever ကတော့ မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပြီး ပရိသတ်တွေဟာ ဒီရုပ်ရှင်ကို စောင့်မျှော်နေရင်း သီအိုရီတွေ ထုတ်နေကြပါတယ်။ Comic-Con ပွဲမှာ ပြသခဲ့တဲ့ ထွေလာအရ ဆိုရင်တော့ Talocan တွေနဲ့ Wakanda တို့ဟာ စစ်ဖြစ်နေတာကို မြင်တွေ့ခဲ့ရပြီး Namor က ဗီလိန်အဖြစ် ပါဝင်လာမယ့်ပုံစံမျိူး မြင်တွေ့ခဲ့ရပါတယ်။

ကောမစ်ထဲမှာတော့ Namor ဟာ Atlantis ရဲ့ဘုရင် ဖြစ်ပြီး Merchandise တွေရဲ့ ဖော်ပြမှုအရ MCU ထဲမှာတော့ သူတို့ဟာ Atlantean တွေ မဟုတ်ဘဲ Talocan တွေလို့ ဖော်ပြထားပါတယ်။ ဒီတစ်ခါမှာတော့ ဒီရုပ်ရှင်ရဲ့ အဓိကဗီလိန်ဟာ Namor မဟုတ်ဘူးဆိုတဲ့ သီအိုရီတစ်ခုကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

ဒီထွေလာထဲမှာတော့ Attuma နဲ့ Namora တို့ကိုလည်း မြင်တွေ့ခဲ့ရပြီး သူတို့နှစ်ယောက်လုံးဟာ ကောမစ်ထဲက ဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Attuma ဟာ Namor ရဲ့ ထီးနန်းကို လိုချင်နေသူတစ်ယောက် ဖြစ်ပြီး မကြာခဏလည်း ထီးနန်းကို ရရှိဖို့ စစ်ကြေညာလေ့ရှိပါတယ်။ ဒါတင်မကသေးဘဲ သူဟာ ထီးနန်းကို ရရှိဖို့အတွက် လှည့်စားမှုတွေလည်း ပြုလုပ်ခဲ့ဖူးပါသေးတယ်။

သူကတော့ ကုန်းမြေပေါ်မှာ နေထိုင်ကြတဲ့ လူသားတွေကို အလွန်မုန်းတီးပြီး အာဏာရလာတဲ့ အချိန်တိုင်းမှာလည်း ကျူးကျော် တိုက်ခိုက်လေ့ရှိပါတယ်။ ဒီအချက်ကြောင့်လည်း သူဟာ Namor ကို သဘောမကျတာ ဖြစ်ပါတယ်။ အကြောင်းကတော့ Namor ဟာ Atlantean တစ်ဝက်၊ လူသားတစ်ဝက် ဖြစ်နေတာကြောင့်ပါပဲ။ ဒါကြောင့်ပဲ Attuma ဟာ ဒီရုပ်ရှင်ရဲ့ အဓိကဗီလိန် ဖြစ်လာနိုင်ပြီး Wakanda နဲ့ Talocan တို့ရဲ့စစ်ပွဲ ဖြစ်လာအောင် ကြိုးကိုင်ခြယ်လှယ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် Black Panther 2 ရဲ့ Lego Set ထဲမှာလည်း “The Villain Attuma” လို့ ဖော်ပြထားပါသေးတယ်။

photo via screenrant

Namora ကလည်း Namor လိုမျိူး Atlantean တစ်ဝက်၊ လူသားတစ်ဝက် ဖြစ်ပြီး ဒီထွေလာထဲမှာတော့ သူမကို Attuma နဲ့အတူ မြင်တွေ့ရတာဟာ အံ့ဩစရာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း MCU ဟာ ထုံးစံအတိုင်း ဇာတ်ကောင်ပြောင်းလဲမှုတွေ ပြုလုပ်တတ်တာကြောင့် တစ်ခုခု ပြောင်းလဲထားတာ ဖြစ်နိုင်သလို Attuma က Namora ကို အသုံးချနေတာလည်း ဖြစ်နိုင်ပါတယ်။ ကောမစ်ထဲမှာတော့ Namora ဟာ စိတ်ဆတ်သူတစ်ယောက်အဖြစ် လူသိများတာကြောင့် Attuma ဟာ သူမကို အသုံးချနေတာ ဖြစ်ဖို့များပါတယ်။

ဒီထွေလာထဲမှာတော့ Wakanda တစ်နိုင်ငံလုံး ရေကြီးနေတာကို တွေ့ရပြီး Namora က အဲဒီရေကြီးမှုကို ဖန်တီးခဲ့တာ ဖြစ်နိုင်ပါတယ်။ ကောမစ်ထဲမှာတော့ ဒီလိုရေကြီးမှုကြောင့် Wakanda နဲ့ Atlantis တို့ စစ်ဖြစ်ကြတာပဲ ဖြစ်ပြီး Namor ကိုယ်တိုင်က အဲဒီရေကြီးမှုကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီအချိန်မှာ Namor က Phoenix Force ရဲ့ လွှမ်းမိုးမှုကို ခံနေရပြီး Phoenix Force ဟာ ရရှိထားသူကို စွမ်းအားကြီးစေသလို စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ ပျက်စီးသွားစေနိုင်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ အစပိုင်းမှာ Wakanda တွေဟာ Namor တို့ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေများစွာ ရှိသွားမယ်လို့ ယူဆရပြီး နောက်ပိုင်းမှာတော့ ဒီစစ်ပွဲကြီးကို အဆုံးသတ်ပေးမယ့် Black Panther အသစ် ထွက်ပေါ်လာမှာပဲ ဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Attuma နဲ့ Namora တို့က ဒီရုပ်ရှင်ရဲ့ အဓိကဗီလိန်တွေ ဖြစ်လာနိုင်ပြီး Namor ကတော့ Wakanda တွေနဲ့ စစ်ဖြစ်အောင် လှည့်စားခံထားရတာ ဖြစ်နိုင်တယ်လို့ ဒီသီအိုရီက ဆိုပါတယ်။

photo via screenrant

ထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Namor ဟာ Feathered Serpent God ဖြစ်တဲ့ Kukulcan လို့ ယူဆရတဲ့ ပုံတစ်ခုကို ကြည့်ရှုနေတာ တွေ့ရပါတယ်။ ဒါကြောင့်ပဲ Talocan တွေဟာ ဒီနတ်ဘုရားကို ကိုးကွယ်တယ်လို့ ယူဆလို့ရပြီး Attuma ဟာ ဘာသာရေးကို အသုံးချကာ Namor ကို လှည့်စားထားတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ပဲ Namor ဟာ သူ့ကိုယ်သူ အရေးကြီးတဲ့ ဘာသာရေးစစ်ပွဲတစ်ခုကို တိုက်နေတယ် ထင်နေပေမယ့် ဒီရုပ်ရှင်ရဲ့ အဓိကဗီလိန်ဟာ Attuma ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular