HomeEntertainmentFilmထွေလာအသစ် ထွက်ရှိလာတဲ့ Black Panther: Wakanda Forever

ထွေလာအသစ် ထွက်ရှိလာတဲ့ Black Panther: Wakanda Forever

မကြာခင်က ကျင်းပခဲ့တဲ့ D23 ပွဲမှာတော့ Disney ဟာ Black Panther: Wakanda Forever ရဲ့ ပထမဆုံး ထွေလာကို ပြသခဲ့ပြီး ယခုအချိန်မှာတော့ ဒုတိယမြောက်ထွေလာ ထပ်မံထွက်ရှိလာပါတယ်။ Black Panther 2 ထဲမှာတော့ Chadwick Boseman ရဲ့ T’Challa မပါဝင်တော့ဘဲ Black Panther အသစ်ကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ ဘယ်သူက Black Panther အသစ် ဖြစ်လာနိုင်တယ် ဆိုတာကိုလည်း ပြသသွားပါတယ်။

photo via screenrant

Black Panther: Wakanda Forever ကတော့ MCU Phase 4 ရဲ့ နောက်ဆုံးရုပ်ရှင် ဖြစ်ပြီး Marvel စတူဒီယိုကလည်း ဒီရုပ်ရှင်အတွက် ပရိုမိုးရှင်းတွေ ပြုလုပ်နေပါတယ်။ ပထမထွေလာထဲမှာတော့ T’Challa မရှိတော့တဲ့နောက်မှာ တခြားနိုင်ငံတွေဟာ Wakanda ရဲ့ Vibranium တွေကို လိုချင်နေကြသလို Talocan တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာကိုလည်း ပြသသွားပါတယ်။

ဒီထွေလာထဲမှာတော့ Namor ရဲ့ Comic Accurate ဖြစ်တဲ့ ပုံစံကို မြင်ခဲ့ရသလို Wakanda နဲ့ Talocan တို့ကြားက တိုက်ပွဲကိုလည်း သေချာပြသသွားပါတယ်။ Namor ကိုလည်း သေချာပြသွားပြီး ကောမစ်ထဲကအတိုင်းပဲ သူ့ရဲ့ခြေကျင်းဝတ်မှာတော့ တောင်ပံအသေးလေးတွေ ပါဝင်နေပြီး လေပေါ်ပျံနိုင်တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီထွေလာကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

ဒါ့အပြင် ဒီထွေလာထဲမှာတော့ Black Panther အသစ်က ဘယ်သူဖြစ်မလည်းဆိုတာ အရိပ်အမြွက် ဖော်ပြသွားပါသေးတယ်။ မကြာသေးခင်တုန်းကလည်း Lego ရဲ့ Black Panther Set ထဲမှာ Shuri က Black Panther ဖြစ်သွားမယ်ဆိုတာကို ပြသသွားသလို ဒီထွေလာထဲမှာလည်း Black Panther အသစ်ဟာ မိန်းကလေးတစ်ယောက် ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် Black Panther ခေါင်းစွပ်မှာတော့ Shuri ရဲ့ နဖူးမှာ ဆေးခြယ်ထားတဲ့ အစက်လေးတွေကိုလည်း မြင်တွေ့ရပါတယ်။ Black Panther: Wakanda Forever ကတော့ လာမယ့် နိုဝင်ဘာလ (၁၁)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular