HomeEntertainmentFilmBlack Panther 2 ရိုက်ကွင်းပေါ် ရောက်ခဲ့ပြီး Hype နေတဲ့ Anthony Mackie

Black Panther 2 ရိုက်ကွင်းပေါ် ရောက်ခဲ့ပြီး Hype နေတဲ့ Anthony Mackie

Sam Wilson နေရာမှာ သရုပ်ဆောင်ထားတဲ့ Anthony Mackie ကတော့ Black Panther 2 ရဲ့ ရိုက်ကွင်းပေါ်ကို အလည်ရောက်ခဲ့ပြီး ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး Hype နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သူဟာ ဒီရုပ်ရှင်ထဲမှာတော့ မပါဝင်ပါဘူးလို့ ပြောပါတယ်။ Sam Wilson ကတော့ Captain America: Winter Soldier ထဲမှာ Falcon အနေနဲ့ စတင်ပါဝင်ခဲ့ပြီး နောက်ဆုံး ထွက်ရှိထားတဲ့ The Falcon and the Winter Soldier ဇာတ်လမ်းတွဲထဲမှာတော့ Captain America ဖြစ်သွားပါတယ်။

photo via screenrant

လောလောဆယ်မှာတော့ T’Challa ဇာတ်ကောင်ရဲ့ သရုပ်ဆောင် Chadwick Boseman ရဲ့ သေဆုံးမှုကြောင့် ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းကိုလည်း ပြောင်းလဲခဲ့ရပြီး Marvel စတူဒီယိုဘက်ကတော့ Chadwick နေရာမှာ သရုပ်ဆောင် မပြောင်းလဲချင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်ပဲ လောလောဆယ်မှာတော့ Black Panther 2 ရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကိုတော့ လုံးဝမသိရသေးပါဘူး။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Grammy ဆုပေးပွဲမှာတော့ Anthony Mackie ဟာ Black Panther 2 နဲ့ ပတ်သက်ပြီး ပြောပြခဲ့တာ ရှိပါတယ်။

“Black Panther 2 က ရိုက်ကူးရေး ပြီးဆုံးသွားပြီလို့ ပြောခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ် အံ့ဩဖို့ကောင်းတဲ့ ရုပ်ရှင်ပဲဗျ။ ကျွန်တော်တော့ မပါပေမယ့်လည်း ရိုက်ကွင်းပေါ်ကို ရောက်ပြီး မြင်ခဲ့ရတာ ရှိပါတယ်။ လူတိုင်းကို Black Panther 2 ကြည့်ကြဖို့ ပြောချင်ပါတယ်။ ဒီကားက ရိုက်ကူးရေး ပြီးသွားတောင် မကြာသေးပါဘူး …”

photo via screenrant

သူဟာ ဒီရုပ်ရှင်ထဲမှာ မပါဝင်ဘူးလို့ ပြောခဲ့ပေမယ့် အရင်တစ်ခေါက်ကလည်း ဒီရုပ်ရှင်ထဲမှာ ပါဝင်နေနိုင်ကြောင်း အရိပ်အမြွက် ပြောထားဖူးတာ ရှိပါတယ်။ အဲ့ဒါကတော့ သူ့မှာ Wakanda Visa ရှိနေပြီး အဲ့ဒီနိုင်ငံကို သွားရောက် လည်ပတ်နိုင်တယ်လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာတော့ Namor ကို စတင်မြင်တွေ့ရမယ်လို့ သတင်းထွက်နေပြီး ဘယ်လိုအံ့ဩစရာတွေ မြင်တွေ့ရမလည်း ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular