HomeCelebs Update NewsInternationalဘဏ်ဓားပြတိုက်သူအဖြစ် အထင်မှားပြီး ထိန်းသိမ်းခံခဲ့ရတဲ့ Black Panther ဒါရိုက်တာ

ဘဏ်ဓားပြတိုက်သူအဖြစ် အထင်မှားပြီး ထိန်းသိမ်းခံခဲ့ရတဲ့ Black Panther ဒါရိုက်တာ

Black Panther ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Ryan Coogler ဟာ Atlanta မြို့မှာရှိတဲ့ ဘဏ်တစ်ခုမှာ သူ့ရဲ့ အကောင့်ထဲကနေ ငွေထုတ်ဖို့ ပြုလုပ်နေတဲ့အချိန်မှာပဲ ဘဏ်ဓားပြတိုက်သူအဖြစ် အထင်မှားခံရပြီး ထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ Ryan Coogler ကတော့ Black Panther: Wakanda Forever ကို Atlanta မြို့မှာ သွားရောက် ရိုက်ကူးနေတဲ့အချိန်မှာ ယခုလို တွေ့ကြုံခဲ့ရတာလို့ သိရပါတယ်။

Ryan ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Fruitvale Station ရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး အဲ့ဒီရုပ်ရှင်ကတော့ Grand Jury Prize နဲ့ Audience Award တို့ကို Sundance ရုပ်ရှင်ပွဲတော်မှာ ရရှိခဲ့ပါတယ်။ မကြာသေးခင်ကလည်း သူဟာ လူဖြူလူမည်း လူမျိူးရေး ခွဲခြားမှုတွေအကြောင်းကို အသားပေး ပြသထားတဲ့ Judas and the Black Messiah ရုပ်ရှင်ကို ထုတ်လုပ်သူအဖြစ် တာဝန်ယူ ထုတ်လုပ်ခဲ့ပါသေးတယ်။

photo via screenrant

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ Ryan ဟာ အမေရိကန်ပြည်ထောင်စု၊ အတ္တလန်တာပြည်နယ်က ဘဏ်တစ်ခုမှာ လက်ရေးနဲ့ ရေးသားထားတဲ့ ငွေထုတ်လက်မှတ်တစ်စောင်နဲ့ ဒေါ်လာ(၁၂၀၀၀) သွားရောက် ထုတ်ယူခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာပဲ ဘဏ်ဝန်ထမ်းဟာ သူ့ရဲ့အထက်လူကြီးကို အသိပေးပြီး ချက်ချင်းပဲ ရဲခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ Ryan ကို လက်ထိပ်ခတ်ပြီး ဘဏ်ထဲက ခေါ်ထုတ်လာတယ်လို့ သိရကာ ဘဏ်အပြင်မှာ Ryan ကို စောင့်နေတဲ့ လူနှစ်ယောက်ဟာလည်း ထိန်းသိမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။ ဘဏ်က လုံခြုံရေးအရာရှိတွေဟာ Ryan ကို အခုလို သံသယနဲ့ ရဲခေါ်ပြီး မဖမ်းခင် သူ့ရဲ့အိုင်ဒီနဲ့ ဘဏ်ကတ်ပြားက အထောက်အထားတွေကိုတောင် အရင်ဦးဆုံး စစ်ဆေးကြည့်ရှုခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

အဲ့ဒီနောက်ကျမှသာ Ryan ရဲ့ အိုင်ဒီကတ်နဲ့ ဘဏ်ကတ်ပြားတွေက အထောက်အထားတွေဟာ တူညီနေကြောင်း တွေ့ရှိလိုက်ရတာကြောင့် ဘဏ်ရဲ့တာဝန်ရှိသူတွေဘက်က အထင်မှားသွားတဲ့အကြောင်း ပြောပြကာ Ryan ကို တောင်းပန်ခဲ့ပေမယ့်လည်း အတ္တလန်တာ ရဲဌာနကတော့ ဘာမှတောင်းပန်ပြောကြားခြင်း မရှိဘူးလို့ သိရပါတယ်။

photo via screenrant

အဲ့ဒီနေ့တုန်းကတော့ Ryan ဟာ ကိုဗစ်ကြောင့် Mask တပ်ထားသလို နေကာမျက်မှန်နဲ့ ဦးထုပ်ကိုလည်း ဆောင်းထားတယ်လို့ ဆိုပါတယ်။ သူကတော့ နာမည်ကြီး ဒါရိုက်တာ ဖြစ်တာကြောင့် လူကြားထဲမှာ ထင်ပေါ်မနေအောင် ယခုလိုမျိူး ဝတ်စားထားတာ ဖြစ်ပေမယ့်လည်း ဘဏ်အရာရှိတွေရဲ့အမြင်မှာတော့ သူဟာ ဓားပြတိုက်မယ့်သူ တစ်ယောက်နဲ့ တူနေတာကြောင့် ယခုလို ဖြစ်ပျက်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူဖြူလူမည်း လူမျိူးရေး ခွဲခြားမှုတွေအကြောင်းကို အဓိက ဖန်တီးနေတဲ့ ဒါရိုက်တာကိုမှ ယခုလို အဖြစ်အပျက်မျိုး ကြုံတွေ့ရတယ် ဆိုတာကတော့ စိတ်မကောင်းဖြစ်စရာပါပဲ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular