HomeCharacterသင်မသိသေးတဲ့ Black Widow အကြောင်း စိတ်ဝင်စားစရာအချက်များ 

သင်မသိသေးတဲ့ Black Widow အကြောင်း စိတ်ဝင်စားစရာအချက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Black Widow ဟာ ၁၉၆၄ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ ကောမစ်ကာရိုက်တာတစ်ခုဖြစ်ပြီး Marvel Universe ထဲက အသိရအခက်ဆုံး လူတစ်ယောက်လည်း ဖြစ်ပါတယ်။ Black Widow အကြောင်း လူအများစု သိထားကြတာကတော့ ရုရှားစပိုင်တစ်ယောက်ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့် သမိုင်းကြောင်းကို နောက်ပြန်လှန်ပြီး သူမကိုယ်တိုင်ကတောင် မသိစေချင်လောက်မယ့် Black Widow ရဲ့ဘဝအစိတ်အပိုင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

သူမရဲ့နာမည်အရင်းဟာ Natalia Romanova ပါ။
photo via flickr

တစ်ခြားသော ကျွမ်းကျင်တဲ့စပိုင်တွေလိုပဲ Black Widow မှာလည်း နာမည်အမျိုးမျိုးနဲ့ ဖုံးကွယ်ထားတဲ့ အတိတ်ဇာတ်လမ်းတွေ ရှိပါတယ်။ ဒါပေမယ့် ကောမစ်ထဲက ဇာစ်မြစ်ကို ကြည့်လိုက်ရင်တော့ ဆိုဗီယက်ပြည်ထောင်စုမှာ Natalia Romanova ဆိုတဲ့အမည်နဲ့ မွေးဖွားခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရမှာပါ။

Natalia Romanova အဖြစ်ကနေ Natasha Romanoff အဖြစ် အမည်ပြောင်းလဲသွားရတာကတော့ အမေရိကကို ပြောင်းလာတဲ့အချိန်မှာ နာမည်ကို အနောက်ပိုင်းစတိုင်လ် ပြောင်းလဲလိုက်တာလည်း ဖြစ်နိုင်သလို သူမရဲ့အတိတ်ဇာတ်ကြောင်းကို ဖုံးကွယ်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ အသုံးချလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ MCU ထဲမှာ သူမကို ပထမဆုံးမြင်တွေ့ရတဲ့ ဇာတ်ကားကတော့ Iron Man 2 ထဲမှာဖြစ်ပြီး Natasha Romanoff ဆိုတဲ့နာမည်နဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

သူမဟာ ရုရှားစပိုင်တစ်ယောက်နဲ့ လက်ထပ်ဖူးပါတယ်။
photo via screenrant

Black Widow ရဲ့ ဇာစ်မြစ်နောက်ကြောင်းနဲ့ ပတ်သက်ရင်တော့ သင် ယုံကြည်ထားတဲ့ ဇာတ်လမ်းပေါ် မူတည်ပြီး သူမရဲ့ အတိတ်က relationship အကြောင်းတွေကို ရှာဖွေမွှေနှောက်လို့ ရပါတယ်။ ဒီအခါမှာ MCU ထဲမှာ ဖော်ပြထားတဲ့ Black Widow နဲ့ ကောမစ်ထဲက Black Widow က အတော်လေး ကွဲပြားတာကို တွေ့ရမှာပါ။

ကောမစ်ထဲမှာတော့ Natasha ဟာ ဆိုဗီယက်အစိုးရရဲ့ ဖိအားပေးမှုနဲ့ Alexi Shostakov ဆိုတဲ့ လူတစ်ယောက်ကို လက်ထပ်ခဲ့ရပါတယ်။ အဲ့ဒီ့လူဟာ နာမည်ကြီး လေယာဉ်ပိုင်းလော့တစ်ဦးလည်း ဖြစ်သလို ဆိုဗီယက်စပိုင်လည်း ဖြစ်တာကြောင့် ထူးချွန်တဲ့ Natasha နဲ့ နေနဲ့လ ရွှေနဲ့မြပါပဲ။ သူတို့နှစ်ဦးဟာ အတင်းအကြပ် ပေးစားခံခဲ့ရပေမယ့် ပျော်ပျော်ရွှင်ရွှင်ပဲ နေထိုင်ခဲ့ကြပါတယ်။

ဒါပေမယ့် စိတ်မကောင်းစရာကောင်းစွာပဲ နှစ်အနည်းငယ်အကြာမှာတော့ ဆိုဗီယက်အစိုးရက Alexi သေဆုံးသွားပြီဆိုပြီး လိမ်ညာခဲ့ပါတယ်။ ကြေကွဲသွားတဲ့ Natasha ဟာ လျှို့ဝှက် Red Room အကယ်ဒမီမှာပဲ ခေါင်းစိုက်ပြီး လေ့လာနေခဲ့ရာကနေ Black Widow ဖြစ်သွားပါတော့တယ်။

Natasha ဟာ အိမ်ထောင်ရေးမှာလည်း ကံမကောင်းခဲ့သလို အချစ်ရေးမှာလည်း အဆင်မပြေခဲ့ပါဘူး။ Alexi ကို ဆုံးရှုံးပြီးနောက် အခြားသူတွေနဲ့လည်း ပတ်သက်ခဲ့ဖူးပေမယ့် တစ်ယောက်နဲ့မှ အလုပ်ဖြစ်တဲ့ အချစ်ရေးကို မထူထောင်နိုင်ခဲ့ပါဘူး။ Daredevil နဲ့ အတူနေထိုင်ဖို့ ကယ်လီဖိုးနီးယားကို ပြောင်းရွှေ့ခဲ့ပေမယ့် အဆင်မပြေခဲ့သလို Hawkeye ရဲ့ လက်ထပ်ခွင့် တောင်းခံမှုကို အချိန်အကြာကြီး နက်နက်နဲနဲ စဉ်းစားခဲ့ပေမယ့်လည်း အဆုံးသတ်မလှခဲ့ပါဘူး။ Bucky Barnes နဲ့ တွဲခဲ့ဖူးပေမယ့်လည်း ထုံးစံအတိုင်းပဲ ကျရှုံးခဲ့ရပြန်ပါတယ်။

MCU ထဲမှာတော့ Natasha ဟာ Hulk ရဲ့ လက်လေးကို ကိုင်လိုက်၊ Captain America ကို အချစ်ရေးဆိုင်ရာ အကြံဉာဏ်တွေပေးလိုက်နဲ့ နေလာတာကို တွေ့ကြရမှာပါ။ live action ဗားရှင်းအရတော့ သူမဟာ Cap နဲ့ လယ်ဗယ်စကားပြောနိုင်ပြီး တစ်ခြားသူတွေထက် ပိုပြီးအနီးကပ်နေလေ့ရှိတယ်ဆိုတာ သိကြမှာပါ။

သူမဟာ ဦးနှောက်ဆေးခံထားရသူပါ။
Photo via screenrant

Natasha ဟာ ကောမစ်ထဲက မွေးသက္ကရာဇ် ရှင်းရှင်းလင်းလင်းရှိတဲ့ စူပါဟီးရိုးတွေထဲမှာ ပါဝင်ပါတယ်။ သူမဟာ ၁၉၂၈ခုနှစ်မှာ မွေးဖွားပြီး ဒုတိယကမ္ဘာစစ်အတွင်း စတာလင်ဂရတ်ကို ဝင်တိုက်တဲ့ စစ်ပွဲအတွင်းမှာ မွေးစားခံခဲ့ရတာပါ။ ဆိုဗီယက်စစ်သားတွေက စစ်ပွဲထဲကနေ ကယ်တင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဆိုဗီယက်အစိုးရရဲ့ လျှို့ဝှက်ပရိုဂရမ်တစ်ခုဖြစ်တဲ့ sleeper agent စပိုင်ပရိုဂရမ်ထဲကို ထည့်သွင်းခံခဲ့ရပါတယ်။

အဲ့ဒီ့မှာ ထိပ်တန်း အမျိုးသမီးအေးဂျင့်တွေရဲ့ လေ့ကျင့်သင်ကြားမှုကို ခံခဲ့ရပြီး ဦးနှောက်ဆေးခံလိုက်ရပါတယ်။ ဦးနှောက်ဆေးခံရပြီး မှတ်ဉာဏ်အတုတွေလည်း ထည့်သွင်းခံလိုက်ရတဲ့အတွက် နောက်ပိုင်းမှာ တကယ့်ဆိုးရွားတဲ့ လူသတ်စက်တစ်ခုလို ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီ့မှာတင် Black Widow ဆိုပြီး စတင်ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ကနဦးတုန်းက သူမဟာ ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။
photo via screenrant

ဆိုဗီယက်အစိုးရက Black Widow ကို ဖန်တီးရတဲ့အကြောင်းရင်းဟာ အမေရိကကို ကူညီဖို့မဟုတ်ဘဲ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ခဲ့တာပါ။ စနစ်တကျ ဦးနှောက်ဆေးခံထားရပြီး စွမ်းရည်တွေနဲ့လည်း ပြည့်ဝတဲ့ Natasha ဟာ သူမရဲ့ အစောပိုင်းနေ့ရက်တွေမှာ အမေရိကန်ဟီးရိုးတွေအကုန်လုံးကို သုတ်သင်နှိမ်နင်းပစ်ဖို့နဲ့ Avengers အဖွဲ့ကို ဖြိုခွဲဖျက်ဆီးပစ်ဖို့ စေလွှတ်ခံခဲ့ရပါတယ်။

Natasha ဟာ Spider-Man ၊ Carol Danvers ၊ Ben Grimm တို့နဲ့ တကယ့် ပွဲကြီးပွဲကောင်း နွှဲနေသလို တစ်ဖက်မှာလည်း Hawkeye နဲ့ ဇာတ်လမ်းလေးတွေ ဖန်တီးပြီး သူမ လိုသလို ချုပ်ကိုင်စိုးမိုးဖို့ ကြိုးစားနေခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ Hawkeye က သူမရဲ့ ညွှတ်ကွင်းထဲမှာ ဝင်ရောက်လာပြီး သူမရဲ့အလုပ်နဲ့ ဆိုဗီယက်ပြည်ထောင်စုက ခိုင်းစေတဲ့မစ်ရှင်တွေမှာ အသုံးချဖို့ ဖြစ်ပါတယ်။

Hawkeye ကလည်း မာကြောတဲ့ နှလုံးသားပိုင်ရှင် Natasha ကို တဖြည်းဖြည်းနဲ့ အချစ်မှာ ပျော်ဝင်သွားအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ရုရှားကို ပြန်ပြီး သူမရဲ့အထက်အရာရှိတွေနဲ့ ဆက်နွှယ်မှုကို မဖျက်ဆီးရသေးခင်အထိ Natasha ဟာ Avengers တွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒါတွေအားလုံးဟာ ဦးနှောက်ဆေးခံထားရတဲ့ ဆိုးကျိုးတွေိလို့လည်း ပြောလို့ရပါတယ်။

တစ်ခါတုန်းက Iron Man ကို လုပ်ကြံဖို့ ကြိုးစားခဲ့ဖူးပါသေးတယ်။
photo via flickr

MCU ထဲမှာတော့ Natasha နဲ့ Hawkeye တို့ဟာ ယခင်တည်းက နက်နဲတဲ့ ဆက်စပ်ပတ်သက်မှုတွေ ရှိခဲ့ကြောင်း အရိပ်အမြွက်ပြပြီး ဇာတ်လမ်းစထားပါတယ်။ ဒါပေမယ့် ကောမစ်ထဲက သူတို့နှစ်ယောက်ရဲ့ ဇာစ်မြစ်ကို ကြည့်လိုက်ရင်တော့ ဒါဟာ တစ်ဝက်ပဲ မှန်ကြောင်း သိရပါလိမ့်မယ်။

ဟုတ်ပါတယ်။ သူတို့နှစ်ဦးဟာ နက်နဲတဲ့ ပတ်သက်မှုသမိုင်းကြောင်းတွေ ရှိခဲ့ကြပါတယ်။ အကြောင်းကတော့ Natasha နဲ့ Hawkeye တို့ဟာ စူပါဗီလိန် လုပ်ခဲ့ကြပြီး Iron Man ကို လုပ်ကြံဖို့ အတူတူ ကြိုးစားခဲ့ဖူးကြတာကြောင့်ပါပဲ။

ငယ်ငယ်တည်းက ဦးနှောက်ဆေးခံရပြီး ကျွမ်းကျင်သူတွေရဲ့ စိုးမိုးခြယ်လှယ်မှုကို ခံခဲ့ရတဲ့ Natasha ဟာ သူမကိုယ်တိုင်ကလည်း သူတစ်ပါးကို လွှမ်းမိုးချုပ်ကိုင်ရာမှာ ဆရာတစ်ဆူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Hawkeye နဲ့ အချစ်ဇာတ်လမ်းတစ်ခု ဖန်တီးပြီး Iron Man ကို ဝိုင်းသတ်ပေးဖို့ စိတ်ပါလာအောင် ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆိုဗီယက်အစိုးရက အားကိုးတကြီး စေလွှတ်ထားတဲ့ Natasha ဟာ ဒီလောက်လေးပဲ စကေးရှိတာတော့ မဟုတ်ပါဘူး။ Hawkeye နဲ့ ဇာတ်လမ်းမစရသေးခင်မှာ Iron Man နဲ့ကလည်း အီစီကလီ လုပ်ပြီးသားဖြစ်ပြီး သူမနဲ့ တရင်းတနှီး ရှိနေအောင် ဖန်တီးထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်လည်း Iron Man ရဲ့ Stark-Tech က ထိပ်တန်းလျှို့ဝှက်ချက်တွေကို သူမရဲ့ အယောင်ဆောင် မျက်နှာဖုံး ကွာမကျခင်မှာ အရယူထားလိုက်နိုင်တာ ဖြစ်ပါတယ်။

အဲ့ဒီ့နောက်မှာတော့ Hawkeye နဲ့ နှစ်ယောက်သား ပူးပေါင်းပြီး Iron Man ကို တိုက်ခိုက်ကြပါတယ်။ ဒါပေမယ့် ရှုံးနိမ့်သွားခဲ့ကြပါတယ်။ အလျှော့မပေးသေးဘဲ Spider-Man နဲ့ ထပ်တိုက်ရာက ထပ်ရှုံးပါတယ်။ အဲ့ဒီ့မှာတင် လက်လျှော့လိုက်ကာ အမြင်မှန်ရသွားကြပြီး S.H.I.E.L.D အဖွဲ့ထဲကို ဝင်ရောက်ကာ Nick Fury အတွက် အလုပ်လုပ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

Black Widow ဆိုလိုရုပ်ရှင်အတွက် ဇာတ်ညွှန်းကို ၂၀၀၄ ခုနှစ်တည်းက ရေးခဲ့တာပါ။
photo via screenrant

Marvel ဟာ သူတို့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်တွေ ထုတ်လုပ်ပြီး Box-office လောကကို မကြီးစိုးနိုင်သေးခင် အချိန်တုန်းက သူတို့ပိုင်တဲ့ ကာရိုက်တာတွေကို လိုချင်တဲ့ စတူဒီယိုတိုင်းကို ထုတ်ရောင်းနေခဲ့ကြရပါတယ်။ ဒါကြောင့်ပဲ ၂၀၀၄ခုနှစ်မှာတော့ Black Widow ကာရိုက်တာရဲ့ မူပိုင်ခွင့်ကို Lionsgate က ဝယ်ယူသွားခဲ့ပြီး သူမရဲ့ origin story ကို စတင်ဖန်တီးခဲ့ပါတယ်။

Lionsgate ဟာ X-Men နဲ့ X-Men 2 ရုပ်ရှင်တွေရဲ့ ဇာတ်ညွှန်းရေးဆရာ David Hayter ကို ငှားရမ်းပြီး ဇာတ်ညွှန်း ရေးခိုင်းခဲ့ပါတယ်။ Natasha ရဲ့ မူလဘဝအစ ဇာစ်မြစ်တွေကို ဇာတ်အကြမ်း ရေးပြီးသွားတဲ့ အခြေအနေအထိ ရောက်သွားခဲ့ပါသေးတယ်။ အဲ့ဒီ့အချိန်ဟာ Kill Bill ၊ Tomb Raider တို့လို အမျိုးသမီးဇာတ်လိုက်တွေ ဦးဆောင်တဲ့ ရုပ်ရှင်တွေက ဝင်ငွေသောက်သောက်လဲ ရနေချိန်ဖြစ်လို့ Black Widow ကိုလည်း အလားတူ မျှော်လင့်ချက် ထားရှိခဲ့ပါတယ်။

ဒါပေမယ့် ဖြစ်ချင်တော့ Ultraviolet ၊ Aeon Flux တို့လို အမျိုးသမီးဇာတ်လိုက် အသားပေးရုပ်ရှင်တွေကလည်း သောက်သောက်လဲ ရှုံးသွားတာကို တွေ့လိုက်ရချိန်မှာတော့ Lionsgate ဟာ မူလအစီအစဉ်ကို ပယ်ဖျက်ပြီး Black Widow ကို မရိုက်တော့ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ Black Widow ဇာတ်ကောင်ရဲ့ မူပိုင်ခွင့်ဟာ နောက်ပိုင်းမှာတော့ Marvel ဘက်ကို ပြန်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

မူလရွေးချယ်ထားတဲ့ Black Widow သရုပ်ဆောင်ဟာ Emily Blunt ပါ။
Photo via screenrant

Black Widow အတွက် Marvel က ရွေးချယ်ထားတဲ့ မူလသရုပ်ဆောင်ဟာ မင်းသမီး Emily Blunt ဖြစ်ပါတယ်။ Emily ဟာ သူမ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်အတွက် စာချုပ်မှာ လက်မှတ်တောင် ထိုးပြီးခဲ့တဲ့ အနေအထားပါ။ MCU မှာ Black Widow ရဲ့ ပထမဆုံး ပါဝင်မှုဖြစ်တဲ့ Iron Man 2 ရုပ်ရှင်မှာ ရိုက်ကူးဖို့ အဆင်သင့်ဖြစ်နေပြီးတော့မှ တစ်ဖက်က The Gulliver’s Travel ရုပ်ရှင်နဲ့ အချိန်ဇယားတွေ ညှိမရဖြစ်ပြီး ပြဿနာတွေ တက်ခဲ့ကြလို့ Emily ဟာ ရိုက်ကွင်းက ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။

Emily Blunt ထွက်သွားပြီးတဲ့နောက်မှာ Eliza Dushku ၊ Angelina Jolie နဲ့ Natalie Portman တို့ကို ရွေးချယ်ဖို့ စဉ်းစားခဲ့ပါသေးတယ်။ နောက်ပိုင်းမှာမှ Scarlett Johansson ကို ရွေးချယ်ဖြစ်ပြီး ဇာတ်ကောင်နဲ့ သရုပ်ဆောင် ထပ်တူကျသွားခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ Black Widow နဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ နှစ်သက်တယ်ဆို မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Black Widow ဟာ ၁၉၆၄ခုႏွစ္မွာ စတင္မိတ္ဆက္ခဲ့တဲ့ ေကာမစ္ကာ႐ိုက္တာတစ္ခုျဖစ္ၿပီး Marvel Universe ထဲက အသိရအခက္ဆုံး လူတစ္ေယာက္လည္း ျဖစ္ပါတယ္။ Black Widow အေၾကာင္း လူအမ်ားစု သိထားၾကတာကေတာ့ ႐ုရွားစပိုင္တစ္ေယာက္ျဖစ္တယ္ဆိုတဲ့ အခ်က္ပါပဲ။ ဒါေၾကာင့္ သမိုင္းေၾကာင္းကို ေနာက္ျပန္လွန္ၿပီး သူမကိုယ္တိုင္ကေတာင္ မသိေစခ်င္ေလာက္မယ့္ Black Widow ရဲ႕ဘဝအစိတ္အပိုင္းအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

သူမရဲ႕နာမည္အရင္းဟာ Natalia Romanova ပါ။
photo via flickr

တစ္ျခားေသာ ကြၽမ္းက်င္တဲ့စပိုင္ေတြလိုပဲ Black Widow မွာလည္း နာမည္အမ်ိဳးမ်ိဳးနဲ႔ ဖုံးကြယ္ထားတဲ့ အတိတ္ဇာတ္လမ္းေတြ ရွိပါတယ္။ ဒါေပမယ့္ ေကာမစ္ထဲက ဇာစ္ျမစ္ကို ၾကည့္လိုက္ရင္ေတာ့ ဆိုဗီယက္ျပည္ေထာင္စုမွာ Natalia Romanova ဆိုတဲ့အမည္နဲ႔ ေမြးဖြားခဲ့တယ္ဆိုတာ ရွင္းရွင္းလင္းလင္း ေတြ႕ရမွာပါ။

Natalia Romanova အျဖစ္ကေန Natasha Romanoff အျဖစ္ အမည္ေျပာင္းလဲသြားရတာကေတာ့ အေမရိကကို ေျပာင္းလာတဲ့အခ်ိန္မွာ နာမည္ကို အေနာက္ပိုင္းစတိုင္လ္ ေျပာင္းလဲလိုက္တာလည္း ျဖစ္ႏိုင္သလို သူမရဲ႕အတိတ္ဇာတ္ေၾကာင္းကို ဖုံးကြယ္ဖို႔ နည္းလမ္းတစ္ခုအေနနဲ႔ အသုံးခ်လိုက္တာလည္း ျဖစ္ႏိုင္ပါတယ္။ MCU ထဲမွာ သူမကို ပထမဆုံးျမင္ေတြ႕ရတဲ့ ဇာတ္ကားကေတာ့ Iron Man 2 ထဲမွာျဖစ္ၿပီး Natasha Romanoff ဆိုတဲ့နာမည္နဲ႔ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

သူမဟာ ႐ုရွားစပိုင္တစ္ေယာက္နဲ႔ လက္ထပ္ဖူးပါတယ္။
photo via screenrant

Black Widow ရဲ႕ ဇာစ္ျမစ္ေနာက္ေၾကာင္းနဲ႔ ပတ္သက္ရင္ေတာ့ သင္ ယုံၾကည္ထားတဲ့ ဇာတ္လမ္းေပၚ မူတည္ၿပီး သူမရဲ႕ အတိတ္က relationship အေၾကာင္းေတြကို ရွာေဖြေမႊေႏွာက္လို႔ ရပါတယ္။ ဒီအခါမွာ MCU ထဲမွာ ေဖာ္ျပထားတဲ့ Black Widow နဲ႔ ေကာမစ္ထဲက Black Widow က အေတာ္ေလး ကြဲျပားတာကို ေတြ႕ရမွာပါ။

ေကာမစ္ထဲမွာေတာ့ Natasha ဟာ ဆိုဗီယက္အစိုးရရဲ႕ ဖိအားေပးမႈနဲ႔ Alexi Shostakov ဆိုတဲ့ လူတစ္ေယာက္ကို လက္ထပ္ခဲ့ရပါတယ္။ အဲ့ဒီ့လူဟာ နာမည္ႀကီး ေလယာဥ္ပိုင္းေလာ့တစ္ဦးလည္း ျဖစ္သလို ဆိုဗီယက္စပိုင္လည္း ျဖစ္တာေၾကာင့္ ထူးခြၽန္တဲ့ Natasha နဲ႔ ေနနဲ႔လ ေ႐ႊနဲ႔ျမပါပဲ။ သူတို႔ႏွစ္ဦးဟာ အတင္းအၾကပ္ ေပးစားခံခဲ့ရေပမယ့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပဲ ေနထိုင္ခဲ့ၾကပါတယ္။

ဒါေပမယ့္ စိတ္မေကာင္းစရာေကာင္းစြာပဲ ႏွစ္အနည္းငယ္အၾကာမွာေတာ့ ဆိုဗီယက္အစိုးရက Alexi ေသဆုံးသြားၿပီဆိုၿပီး လိမ္ညာခဲ့ပါတယ္။ ေၾကကြဲသြားတဲ့ Natasha ဟာ လွ်ိဳ႕ဝွက္ Red Room အကယ္ဒမီမွာပဲ ေခါင္းစိုက္ၿပီး ေလ့လာေနခဲ့ရာကေန Black Widow ျဖစ္သြားပါေတာ့တယ္။

Natasha ဟာ အိမ္ေထာင္ေရးမွာလည္း ကံမေကာင္းခဲ့သလို အခ်စ္ေရးမွာလည္း အဆင္မေျပခဲ့ပါဘူး။ Alexi ကို ဆုံးရႈံးၿပီးေနာက္ အျခားသူေတြနဲ႔လည္း ပတ္သက္ခဲ့ဖူးေပမယ့္ တစ္ေယာက္နဲ႔မွ အလုပ္ျဖစ္တဲ့ အခ်စ္ေရးကို မထူေထာင္ႏိုင္ခဲ့ပါဘူး။ Daredevil နဲ႔ အတူေနထိုင္ဖို႔ ကယ္လီဖိုးနီးယားကို ေျပာင္းေ႐ႊ႕ခဲ့ေပမယ့္ အဆင္မေျပခဲ့သလို Hawkeye ရဲ႕ လက္ထပ္ခြင့္ ေတာင္းခံမႈကို အခ်ိန္အၾကာႀကီး နက္နက္နဲနဲ စဥ္းစားခဲ့ေပမယ့္လည္း အဆုံးသတ္မလွခဲ့ပါဘူး။ Bucky Barnes နဲ႔ တြဲခဲ့ဖူးေပမယ့္လည္း ထုံးစံအတိုင္းပဲ က်ရႈံးခဲ့ရျပန္ပါတယ္။

MCU ထဲမွာေတာ့ Natasha ဟာ Hulk ရဲ႕ လက္ေလးကို ကိုင္လိုက္၊ Captain America ကို အခ်စ္ေရးဆိုင္ရာ အႀကံဉာဏ္ေတြေပးလိုက္နဲ႔ ေနလာတာကို ေတြ႕ၾကရမွာပါ။ live action ဗားရွင္းအရေတာ့ သူမဟာ Cap နဲ႔ လယ္ဗယ္စကားေျပာႏိုင္ၿပီး တစ္ျခားသူေတြထက္ ပိုၿပီးအနီးကပ္ေနေလ့ရွိတယ္ဆိုတာ သိၾကမွာပါ။

သူမဟာ ဦးေႏွာက္ေဆးခံထားရသူပါ။
Photo via screenrant

Natasha ဟာ ေကာမစ္ထဲက ေမြးသကၠရာဇ္ ရွင္းရွင္းလင္းလင္းရွိတဲ့ စူပါဟီး႐ိုးေတြထဲမွာ ပါဝင္ပါတယ္။ သူမဟာ ၁၉၂၈ခုႏွစ္မွာ ေမြးဖြားၿပီး ဒုတိယကမာၻစစ္အတြင္း စတာလင္ဂရတ္ကို ဝင္တိုက္တဲ့ စစ္ပြဲအတြင္းမွာ ေမြးစားခံခဲ့ရတာပါ။ ဆိုဗီယက္စစ္သားေတြက စစ္ပြဲထဲကေန ကယ္တင္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ဆိုဗီယက္အစိုးရရဲ႕ လွ်ိဳ႕ဝွက္ပ႐ိုဂရမ္တစ္ခုျဖစ္တဲ့ sleeper agent စပိုင္ပ႐ိုဂရမ္ထဲကို ထည့္သြင္းခံခဲ့ရပါတယ္။

အဲ့ဒီ့မွာ ထိပ္တန္း အမ်ိဳးသမီးေအးဂ်င့္ေတြရဲ႕ ေလ့က်င့္သင္ၾကားမႈကို ခံခဲ့ရၿပီး ဦးေႏွာက္ေဆးခံလိုက္ရပါတယ္။ ဦးေႏွာက္ေဆးခံရၿပီး မွတ္ဉာဏ္အတုေတြလည္း ထည့္သြင္းခံလိုက္ရတဲ့အတြက္ ေနာက္ပိုင္းမွာ တကယ့္ဆိုး႐ြားတဲ့ လူသတ္စက္တစ္ခုလို ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒီ့မွာတင္ Black Widow ဆိုၿပီး စတင္ျဖစ္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

ကနဦးတုန္းက သူမဟာ ဗီလိန္တစ္ေယာက္ ျဖစ္ပါတယ္။
photo via screenrant

ဆိုဗီယက္အစိုးရက Black Widow ကို ဖန္တီးရတဲ့အေၾကာင္းရင္းဟာ အေမရိကကို ကူညီဖို႔မဟုတ္ဘဲ ဖ်က္ဆီးပစ္ဖို႔ ရည္႐ြယ္ခဲ့တာပါ။ စနစ္တက် ဦးေႏွာက္ေဆးခံထားရၿပီး စြမ္းရည္ေတြနဲ႔လည္း ျပည့္ဝတဲ့ Natasha ဟာ သူမရဲ႕ အေစာပိုင္းေန႔ရက္ေတြမွာ အေမရိကန္ဟီး႐ိုးေတြအကုန္လုံးကို သုတ္သင္ႏွိမ္နင္းပစ္ဖို႔နဲ႔ Avengers အဖြဲ႕ကို ၿဖိဳခြဲဖ်က္ဆီးပစ္ဖို႔ ေစလႊတ္ခံခဲ့ရပါတယ္။

Natasha ဟာ Spider-Man ၊ Carol Danvers ၊ Ben Grimm တို႔နဲ႔ တကယ့္ ပြဲႀကီးပြဲေကာင္း ႏႊဲေနသလို တစ္ဖက္မွာလည္း Hawkeye နဲ႔ ဇာတ္လမ္းေလးေတြ ဖန္တီးၿပီး သူမ လိုသလို ခ်ဳပ္ကိုင္စိုးမိုးဖို႔ ႀကိဳးစားေနခဲ့ပါတယ္။ ရည္႐ြယ္ခ်က္ကေတာ့ Hawkeye က သူမရဲ႕ ၫႊတ္ကြင္းထဲမွာ ဝင္ေရာက္လာၿပီး သူမရဲ႕အလုပ္နဲ႔ ဆိုဗီယက္ျပည္ေထာင္စုက ခိုင္းေစတဲ့မစ္ရွင္ေတြမွာ အသုံးခ်ဖို႔ ျဖစ္ပါတယ္။

Hawkeye ကလည္း မာေၾကာတဲ့ ႏွလုံးသားပိုင္ရွင္ Natasha ကို တျဖည္းျဖည္းနဲ႔ အခ်စ္မွာ ေပ်ာ္ဝင္သြားေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ေပမယ့္ ႐ုရွားကို ျပန္ၿပီး သူမရဲ႕အထက္အရာရွိေတြနဲ႔ ဆက္ႏႊယ္မႈကို မဖ်က္ဆီးရေသးခင္အထိ Natasha ဟာ Avengers ေတြနဲ႔ ထိပ္တိုက္ေတြ႕ၿပီး တိုက္ခိုက္ခဲ့ပါေသးတယ္။ ဒါေတြအားလုံးဟာ ဦးေႏွာက္ေဆးခံထားရတဲ့ ဆိုးက်ိဳးေတြိလို႔လည္း ေျပာလို႔ရပါတယ္။

တစ္ခါတုန္းက Iron Man ကို လုပ္ႀကံဖို႔ ႀကိဳးစားခဲ့ဖူးပါေသးတယ္။
photo via flickr

MCU ထဲမွာေတာ့ Natasha နဲ႔ Hawkeye တို႔ဟာ ယခင္တည္းက နက္နဲတဲ့ ဆက္စပ္ပတ္သက္မႈေတြ ရွိခဲ့ေၾကာင္း အရိပ္အႁမြက္ျပၿပီး ဇာတ္လမ္းစထားပါတယ္။ ဒါေပမယ့္ ေကာမစ္ထဲက သူတို႔ႏွစ္ေယာက္ရဲ႕ ဇာစ္ျမစ္ကို ၾကည့္လိုက္ရင္ေတာ့ ဒါဟာ တစ္ဝက္ပဲ မွန္ေၾကာင္း သိရပါလိမ့္မယ္။

ဟုတ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ နက္နဲတဲ့ ပတ္သက္မႈသမိုင္းေၾကာင္းေတြ ရွိခဲ့ၾကပါတယ္။ အေၾကာင္းကေတာ့ Natasha နဲ႔ Hawkeye တို႔ဟာ စူပါဗီလိန္ လုပ္ခဲ့ၾကၿပီး Iron Man ကို လုပ္ႀကံဖို႔ အတူတူ ႀကိဳးစားခဲ့ဖူးၾကတာေၾကာင့္ပါပဲ။

ငယ္ငယ္တည္းက ဦးေႏွာက္ေဆးခံရၿပီး ကြၽမ္းက်င္သူေတြရဲ႕ စိုးမိုးျခယ္လွယ္မႈကို ခံခဲ့ရတဲ့ Natasha ဟာ သူမကိုယ္တိုင္ကလည္း သူတစ္ပါးကို လႊမ္းမိုးခ်ဳပ္ကိုင္ရာမွာ ဆရာတစ္ဆူ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Hawkeye နဲ႔ အခ်စ္ဇာတ္လမ္းတစ္ခု ဖန္တီးၿပီး Iron Man ကို ဝိုင္းသတ္ေပးဖို႔ စိတ္ပါလာေအာင္ ဆြဲေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ ဆိုဗီယက္အစိုးရက အားကိုးတႀကီး ေစလႊတ္ထားတဲ့ Natasha ဟာ ဒီေလာက္ေလးပဲ စေကးရွိတာေတာ့ မဟုတ္ပါဘူး။ Hawkeye နဲ႔ ဇာတ္လမ္းမစရေသးခင္မွာ Iron Man နဲ႔ကလည္း အီစီကလီ လုပ္ၿပီးသားျဖစ္ၿပီး သူမနဲ႔ တရင္းတႏွီး ရွိေနေအာင္ ဖန္တီးထားၿပီးသား ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Iron Man ရဲ႕ Stark-Tech က ထိပ္တန္းလွ်ိဳ႕ဝွက္ခ်က္ေတြကို သူမရဲ႕ အေယာင္ေဆာင္ မ်က္ႏွာဖုံး ကြာမက်ခင္မွာ အရယူထားလိုက္ႏိုင္တာ ျဖစ္ပါတယ္။

အဲ့ဒီ့ေနာက္မွာေတာ့ Hawkeye နဲ႔ ႏွစ္ေယာက္သား ပူးေပါင္းၿပီး Iron Man ကို တိုက္ခိုက္ၾကပါတယ္။ ဒါေပမယ့္ ရႈံးနိမ့္သြားခဲ့ၾကပါတယ္။ အေလွ်ာ့မေပးေသးဘဲ Spider-Man နဲ႔ ထပ္တိုက္ရာက ထပ္ရႈံးပါတယ္။ အဲ့ဒီ့မွာတင္ လက္ေလွ်ာ့လိုက္ကာ အျမင္မွန္ရသြားၾကၿပီး S.H.I.E.L.D အဖြဲ႕ထဲကို ဝင္ေရာက္ကာ Nick Fury အတြက္ အလုပ္လုပ္ေပးခဲ့ၾကတာ ျဖစ္ပါတယ္။

Black Widow ဆိုလို႐ုပ္ရွင္အတြက္ ဇာတ္ၫႊန္းကို ၂၀၀၄ ခုႏွစ္တည္းက ေရးခဲ့တာပါ။
photo via screenrant

Marvel ဟာ သူတို႔ရဲ႕ ကိုယ္ပိုင္႐ုပ္ရွင္ေတြ ထုတ္လုပ္ၿပီး Box-office ေလာကကို မႀကီးစိုးႏိုင္ေသးခင္ အခ်ိန္တုန္းက သူတို႔ပိုင္တဲ့ ကာ႐ိုက္တာေတြကို လိုခ်င္တဲ့ စတူဒီယိုတိုင္းကို ထုတ္ေရာင္းေနခဲ့ၾကရပါတယ္။ ဒါေၾကာင့္ပဲ ၂၀၀၄ခုႏွစ္မွာေတာ့ Black Widow ကာ႐ိုက္တာရဲ႕ မူပိုင္ခြင့္ကို Lionsgate က ဝယ္ယူသြားခဲ့ၿပီး သူမရဲ႕ origin story ကို စတင္ဖန္တီးခဲ့ပါတယ္။

Lionsgate ဟာ X-Men နဲ႔ X-Men 2 ႐ုပ္ရွင္ေတြရဲ႕ ဇာတ္ၫႊန္းေရးဆရာ David Hayter ကို ငွားရမ္းၿပီး ဇာတ္ၫႊန္း ေရးခိုင္းခဲ့ပါတယ္။ Natasha ရဲ႕ မူလဘဝအစ ဇာစ္ျမစ္ေတြကို ဇာတ္အၾကမ္း ေရးၿပီးသြားတဲ့ အေျခအေနအထိ ေရာက္သြားခဲ့ပါေသးတယ္။ အဲ့ဒီ့အခ်ိန္ဟာ Kill Bill ၊ Tomb Raider တို႔လို အမ်ိဳးသမီးဇာတ္လိုက္ေတြ ဦးေဆာင္တဲ့ ႐ုပ္ရွင္ေတြက ဝင္ေငြေသာက္ေသာက္လဲ ရေနခ်ိန္ျဖစ္လို႔ Black Widow ကိုလည္း အလားတူ ေမွ်ာ္လင့္ခ်က္ ထားရွိခဲ့ပါတယ္။

ဒါေပမယ့္ ျဖစ္ခ်င္ေတာ့ Ultraviolet ၊ Aeon Flux တို႔လို အမ်ိဳးသမီးဇာတ္လိုက္ အသားေပး႐ုပ္ရွင္ေတြကလည္း ေသာက္ေသာက္လဲ ရႈံးသြားတာကို ေတြ႕လိုက္ရခ်ိန္မွာေတာ့ Lionsgate ဟာ မူလအစီအစဥ္ကို ပယ္ဖ်က္ၿပီး Black Widow ကို မ႐ိုက္ေတာ့ဖို႔ ဆုံးျဖတ္လိုက္ပါေတာ့တယ္။ ဒီလိုနဲ႔ Black Widow ဇာတ္ေကာင္ရဲ႕ မူပိုင္ခြင့္ဟာ ေနာက္ပိုင္းမွာေတာ့ Marvel ဘက္ကို ျပန္ေရာက္သြားခဲ့တာ ျဖစ္ပါတယ္။

မူလေ႐ြးခ်ယ္ထားတဲ့ Black Widow သ႐ုပ္ေဆာင္ဟာ Emily Blunt ပါ။
Photo via screenrant

Black Widow အတြက္ Marvel က ေ႐ြးခ်ယ္ထားတဲ့ မူလသ႐ုပ္ေဆာင္ဟာ မင္းသမီး Emily Blunt ျဖစ္ပါတယ္။ Emily ဟာ သူမ သ႐ုပ္ေဆာင္ရမယ့္ ဇာတ္ေကာင္အတြက္ စာခ်ဳပ္မွာ လက္မွတ္ေတာင္ ထိုးၿပီးခဲ့တဲ့ အေနအထားပါ။ MCU မွာ Black Widow ရဲ႕ ပထမဆုံး ပါဝင္မႈျဖစ္တဲ့ Iron Man 2 ႐ုပ္ရွင္မွာ ႐ိုက္ကူးဖို႔ အဆင္သင့္ျဖစ္ေနၿပီးေတာ့မွ တစ္ဖက္က The Gulliver’s Travel ႐ုပ္ရွင္နဲ႔ အခ်ိန္ဇယားေတြ ညႇိမရျဖစ္ၿပီး ျပႆနာေတြ တက္ခဲ့ၾကလို႔ Emily ဟာ ႐ိုက္ကြင္းက ထြက္ခြာသြားခဲ့ရတာ ျဖစ္ပါတယ္။

Emily Blunt ထြက္သြားၿပီးတဲ့ေနာက္မွာ Eliza Dushku ၊ Angelina Jolie နဲ႔ Natalie Portman တို႔ကို ေ႐ြးခ်ယ္ဖို႔ စဥ္းစားခဲ့ပါေသးတယ္။ ေနာက္ပိုင္းမွာမွ Scarlett Johansson ကို ေ႐ြးခ်ယ္ျဖစ္ၿပီး ဇာတ္ေကာင္နဲ႔ သ႐ုပ္ေဆာင္ ထပ္တူက်သြားခဲ့တာ ျဖစ္ပါတယ္။

ဒါကေတာ့ Black Widow နဲ႔ ပတ္သက္လို႔ စိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္ေတြကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ ႏွစ္သက္တယ္ဆို မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular