HomeEntertainmentFilmWandaVision ထက်တောင် ဇာတ်ညွှန်းရေးရ ခက်ပါတယ် ဆိုတဲ့ Black Widow

WandaVision ထက်တောင် ဇာတ်ညွှန်းရေးရ ခက်ပါတယ် ဆိုတဲ့ Black Widow

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

WandaVision ရဲ့ ဖန်တီးသူ Jac Schaeffer ဟာ Black Widow ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးရတာက WandaVision ထက်တောင် ခက်ပါသေးတယ်လို့ ပြောပြထားပါတယ်။ WandaVision ဇာတ်လမ်းတွဲဟာ ဇန်နဝါရီလမှာ စတင်ထုတ်လွှင့်ခဲ့ပြီး ပရိသတ်တွေကြားမှာလည်း ရေပန်းစားခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ MCU Phase 4 ရဲ့အစဖြစ်ပြီး ဇာတ်ကောင်တွေဟာ Westview ဆိုတဲ့ မြို့မှာ ထူးဆန်းစွာ ပိတ်မိနေတဲ့ အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

Phase 4 ရဲ့ ပထမဆုံး ရုပ်ရှင်ကား ဖြစ်လာမယ့် Black Widow မှာလည်း Jac Schaeffer ဟာ ဇာတ်ညွှန်းရေးတဲ့ နေရာမှာ ပါဝင်ကူညီခဲ့ပါသေးတယ်။ Scarlet Johansson ရဲ့ Black Widow ဟာ နောက်ဆုံးမှာတော့ သူမဇာတ်ကောင်ရဲ့ အတိတ်က အကြောင်းကို ရိုက်ပြသွားမယ့် ဆိုလိုရုပ်ရှင် ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထုံးစံအတိုင်း ကိုဗစ်ကြောင့် ဒီရုပ်ရှင်ဟာလည်း အကြိမ်များစွာ ရုံတင်ရက် နောက်ဆုတ်ခဲ့ပြီး လောလောဆယ်မှာတော့ ၂၀၂၁ ခုနှစ် မေလမှာ ထွက်ရှိမယ်လို့ ကြေညာထားပါတယ်။

Schaeffer ကတော့ SYFY Wire နဲ့ အင်တာဗျူးမှာတော့ Black Widow ရုပ်ရှင် ဇာတ်ညွှန်းရေးရတာဟာ WandaVision ထက်တောင် ခက်ပါတယ်လို့ ပြောပြခဲ့ပါတယ်။ WandaVision ကိုတော့ သူမငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ sitcom တွေကို မီငြမ်းထားသလို mystery လိုပုံစံမျိူး ဖန်တီးရတာဟာ သူမနဲ့ ပိုပြီးလိုက်ဖက်ပါတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း Black Widow လိုမျိူး စူပါဟီးရိုးစစ်စစ်ကြီးကိုတော့ ဇာတ်ညွှန်းရေးသားတဲ့ အချိန်မှာ သူမအတွက် အခက်အခဲတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

photo via screenrant

Black Widow ရုပ်ရှင်ထဲမှာတော့ Natasha ရဲ့ origin အကြောင်းတွေကိုပါ သိရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Black Widow ရုပ်ရှင်ဟာ Endgame မှာ သေဆုံးသွားတဲ့ Natasha ကို ဂုဏ်ပြုတဲ့အနေနဲ့ ထွက်ရှိခဲ့တယ်လို့ ယူဆလို့ရပါတယ်။ Scarlet Johansson ရဲ့ Natasha ကို မမြင်ရတော့ပေမယ့်လည်း Florence Pugh ရဲ့ Yelena Belova ကတော့ တစ်ခြား Marvel ပရောဂျက်တွေမှာ ထပ်မံပါဝင်လာမှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

WandaVision ရဲ႕ ဖန္တီးသူ Jac Schaeffer ဟာ Black Widow ႐ုပ္ရွင္အတြက္ ဇာတ္ၫႊန္းေရးရတာက WandaVision ထက္ေတာင္ ခက္ပါေသးတယ္လို႔ ေျပာျပထားပါတယ္။ WandaVision ဇာတ္လမ္းတြဲဟာ ဇန္နဝါရီလမွာ စတင္ထုတ္လႊင့္ခဲ့ၿပီး ပရိသတ္ေတြၾကားမွာလည္း ေရပန္းစားခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲဟာ MCU Phase 4 ရဲ႕အစျဖစ္ၿပီး ဇာတ္ေကာင္ေတြဟာ Westview ဆိုတဲ့ ၿမိဳ႕မွာ ထူးဆန္းစြာ ပိတ္မိေနတဲ့ အေၾကာင္းကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

photo via screenrant

Phase 4 ရဲ႕ ပထမဆုံး ႐ုပ္ရွင္ကား ျဖစ္လာမယ့္ Black Widow မွာလည္း Jac Schaeffer ဟာ ဇာတ္ၫႊန္းေရးတဲ့ ေနရာမွာ ပါဝင္ကူညီခဲ့ပါေသးတယ္။ Scarlet Johansson ရဲ႕ Black Widow ဟာ ေနာက္ဆုံးမွာေတာ့ သူမဇာတ္ေကာင္ရဲ႕ အတိတ္က အေၾကာင္းကို ႐ိုက္ျပသြားမယ့္ ဆိုလို႐ုပ္ရွင္ ထြက္လာေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ထုံးစံအတိုင္း ကိုဗစ္ေၾကာင့္ ဒီ႐ုပ္ရွင္ဟာလည္း အႀကိမ္မ်ားစြာ ႐ုံတင္ရက္ ေနာက္ဆုတ္ခဲ့ၿပီး ေလာေလာဆယ္မွာေတာ့ ၂၀၂၁ ခုႏွစ္ ေမလမွာ ထြက္ရွိမယ္လို႔ ေၾကညာထားပါတယ္။

Schaeffer ကေတာ့ SYFY Wire နဲ႔ အင္တာဗ်ဴးမွာေတာ့ Black Widow ႐ုပ္ရွင္ ဇာတ္ၫႊန္းေရးရတာဟာ WandaVision ထက္ေတာင္ ခက္ပါတယ္လို႔ ေျပာျပခဲ့ပါတယ္။ WandaVision ကိုေတာ့ သူမငယ္ငယ္တုန္းက ၾကည့္ခဲ့ဖူးတဲ့ sitcom ေတြကို မီျငမ္းထားသလို mystery လိုပုံစံမ်ိဴး ဖန္တီးရတာဟာ သူမနဲ႔ ပိုၿပီးလိုက္ဖက္ပါတယ္လို႔လည္း ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း Black Widow လိုမ်ိဴး စူပါဟီး႐ိုးစစ္စစ္ႀကီးကိုေတာ့ ဇာတ္ၫႊန္းေရးသားတဲ့ အခ်ိန္မွာ သူမအတြက္ အခက္အခဲေတြ ရွိခဲ့တယ္လို႔ သိရပါတယ္။

photo via screenrant

Black Widow ႐ုပ္ရွင္ထဲမွာေတာ့ Natasha ရဲ႕ origin အေၾကာင္းေတြကိုပါ သိရွိရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီ Black Widow ႐ုပ္ရွင္ဟာ Endgame မွာ ေသဆုံးသြားတဲ့ Natasha ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ထြက္ရွိခဲ့တယ္လို႔ ယူဆလို႔ရပါတယ္။ Scarlet Johansson ရဲ႕ Natasha ကို မျမင္ရေတာ့ေပမယ့္လည္း Florence Pugh ရဲ႕ Yelena Belova ကေတာ့ တစ္ျခား Marvel ပေရာဂ်က္ေတြမွာ ထပ္မံပါဝင္လာမွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular