HomeEntertainmentFilmBlack Widow ရုပ်ရှင်ရဲ့ ပိတ်ကားနောက်ကွယ်က လူသိပ်မသိသေးတဲ့အချက်များ

Black Widow ရုပ်ရှင်ရဲ့ ပိတ်ကားနောက်ကွယ်က လူသိပ်မသိသေးတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အခုချိန်မှာတော့ Black Widow ရုပ်ရှင်ဟာ ထွက်ရှိခဲ့တာ လအနည်းငယ် ရှိနေပြီ ဖြစ်တာကြောင့် အများစု ကြည့်ပြီးကြပြီလို့ ထင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ပရိသတ်တွေ ချစ်ကြတဲ့ Natasha ရဲ့အကြောင်းကို အနည်းငယ် ပိုသိခဲ့ရသလို Yelena Belova တို့လို ဇာတ်ကောင်အသစ်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Black Widow ရုပ်ရှင်နောက်ကွယ်က စိတ်ဝင်စားစရာအချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) David Harbor ဟာ တကယ်ပဲ Red Guardian ဝတ်စုံနဲ့ မတော်ပါဘူး။
photo via screenrant

Black Widow ရုပ်ရှင်ထဲမှာတော့ David Harbor သရုပ်ဆောင်ထားတဲ့ Alexei ဟာ အရယ်ရဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ Alexei ရဲ့ ရယ်ရတဲ့ ဇာတ်ဝင်ခန်းတွေထဲတစ်ခုကတော့ ဇာတ်ညွှန်းထဲမှာလည်း မပါဝင်သလို တမင်လုပ်ခဲ့တာလည်း မဟုတ်ဘဲ မတော်တဆ ဖြစ်သွားခဲ့တာပါ။

Alexei ဟာ ထောင်ကလွတ်လာပြီး Natasha တို့နဲ့ ပြန်ဆုံတဲ့အချိန်မှာတော့ ဆယ်စုနှစ်တစ်ခုလောက် မဝတ်ဘဲ ပစ်ထားတဲ့ Red Guardian ဝတ်စုံကို ပြန်ဝတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းမှာတော့ Alexei ဟာ ဝတ်စုံနဲ့မတော်ဘဲ လှုပ်မရ၊ ပြုမရ ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ တကယ်တော့ ဒီဇာတ်ဝင်ခန်းဟာ သရုပ်ဆောင်နေတာ မဟုတ်ဘဲ David Harbor က အဲ့ဒီဝတ်စုံနဲ့ မတော်လို့ ရုန်းကန်နေရတာဖြစ်ပြီး ရုပ်ရှင်အဖွဲ့သားတွေကို အကူအညီတောင်းခဲ့ရပါတယ်။

(2) မူလဇာတ်ညွှန်းထဲမှာတော့ Tony Stark လည်း ပါဝင်ခဲ့ပါတယ်။
photo via screenrant

ဟောလိဝုဒ်ရဲ့ ရုပ်ရှင်ကားအများစုဟာ ရိုက်ကူးရေး မစတင်ခင်အထိ ဇာတ်ညွှန်းအကြမ်းတွေများစွာ ရေးခဲ့ရပါတယ်။ အဲ့ဒီဇာတ်ညွှန်းတွေထဲက တစ်ခုမှာတော့ Tony Stark ကို Cameo အဖြစ် ပါဝင်လာဖို့ ရေးသားခဲ့ပါတယ်။ ဒါပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် အဲ့ဒီဇာတ်ညွှန်းဟာ တကယ်ဖြစ်မလာခဲ့ပါဘူး။ ဒါကြောင့် Tony Stark နေရာမှာတော့ The Incredible Hulk ထဲက General Ross က Cameo အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

(3) Black Widow ဇာတ်ညွှန်းရေးဆရာဟာ Captain Marvel ရဲ့ ဇာတ်ညွှန်းကိုလည်း ရေးခဲ့ပါတယ်။
photo via screenrant

Eric Pearson ဟာ Black Widow အတွက်တင် မဟုတ်ဘဲ Captain Marvel ရဲ့ ဇာတ်ညွှန်းကိုလည်း ရေးသားပေးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ဇာတ်ညွှန်းဟာ ငြင်းပယ်ခံခဲ့ရပါတယ်။ သူ့ရဲ့ ပြောစကားအရ ကျွန်တော်တို့ ကြည့်ခဲ့ရတဲ့ Captain Marvel ရုပ်ရှင်နဲ့ သူ့ရဲ့ဇာတ်ညွှန်းဟာ လုံးဝကို ကွဲပြားတယ်လို့ သိရပါတယ်။

ဒါ့အပြင် သူဟာ Captain Marvel အတွက် ရေးခဲ့တဲ့ ဇာတ်ညွှန်းကို စက္ကူပုံးတစ်ခုထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပြီး တခြားဇာတ်ညွှန်းတွေများစွာကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ Marvel ဟာ ရုပ်ရှင်တစ်ခုအတွက် ဇာတ်ညွှန်းကို ဇာတ်ညွှန်းရေးဆရာတွေများစွာကို ရေးခိုင်းခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။

(4) David Harbor ဟာ ဒါရိုက်တာနဲ့ ဘာကြောင့်တွေ့ဆုံရလည်းဆိုတာ မသိပါဘူး။
photo via screenrant

David Harbor ရဲ့ Alexei ဟာလည်း ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး ပရိသတ်တွေလည်း ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ဒီလိုမျိူး အောင်မြင်ခဲ့ရတဲ့ အကြောင်းကတော့ သရုပ်ဆောင် David Harbor ရဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း ဖြစ်ပါတယ်။

သရုပ်ဆောင် David Harbor ကိုတော့ ဒါရိုက်တာ Cate Shortland က လန်ဒန်မြို့မှာ နေ့လယ်စာစားဖို့ ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက David Harbor ဟာ Black Widow ရုပ်ရှင်ကို ဖန်တီးဖို့ ပြင်ဆင်နေတယ်ဆိုတာ မသိတာကြောင့် ဒါရိုက်တာ Cate က သူ့ကို နေ့လည်စာစားဖို့ ဘာကြောင့် ဖိတ်မှန်းလည်း မသိခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ နေ့လယ်စာ စားရင်းနဲ့ပဲ ဒါရိုက်တာ Cate က David ကို Alexei ဇာတ်ကောင်အတွက် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

(5) Black Widow အတွက် ဇာတ်ညွှန်းရေးခဲ့သေးတဲ့ Scarlet Johansson
photo via screenrant

MCU ရုပ်ရှင်တွေဟာ ကောမစ်ကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပေမယ့်လည်း ဇာတ်ညွှန်းကိုတောင် အဖွဲ့လိုက် ရေးသားထားတာ ဖြစ်ပြီး အသုံးမပြုခဲ့တဲ့ ဇာတ်ညွှန်းအကြမ်းတွေလည်း များစွာရှိပါသေးတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ Scarlet Johansson ကလည်း ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း Kevin Feige ကတော့ အဲ့ဒီဇာတ်ညွှန်းကို အသုံးပြုဖို့ ငြင်းပယ်ခဲ့ပါတယ်။ Scarlet ကိုယ်တိုင်ကလည်း သူ့ရဲ့ဇာတ်ညွှန်းကို “နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပါတယ် … ” လို့ ပြောခဲ့ပါသေးတယ်။

(6) ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းဟာ (၁၁)ရက်အတွင်းမှာ ရေးခဲ့တာပါ။
photo via screenrant

ပုံမှန်အားဖြင့်ဆိုရင် ပထမဆုံး ဇာတ်ညွှန်းအကြမ်းကိုတောင် ရေးသားဖို့ လနဲ့ချီပြီး အချိန်ယူရလေ့ရှိပါတယ်။ ခြွင်းချက်အနေနဲ့ John Hughes လိုမျိူး တချိူ့ဇာတ်ညွှန်းရေးဆရာတွေကတော့ ဇာတ်ညွှန်းရေးတာ အလွန်မြန်ဆန်တယ်လို့ နာမည်ကြီးပါတယ်။ John Hughes ဟာ The Breakfast Club ရုပ်ရှင်ကို နှစ်ရက်အတွင်းမှာ ရေးသားခဲ့တယ်လို့ သိရပါတယ်။ Black Widow ရဲ့ ဇာတ်ညွှန်းကို ရေးသားခဲ့သူ Pearson ကတော့ ပထမဆုံးဇာတ်ညွှန်းအကြမ်းကို (၁၁)ရက်အတွင်းမှာ အပြီးသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

(7) David Harbor ဟာ ရိုက်ကွင်းက ဓာတ်ပုံတွေကို Stranger Things ဖန်တီးသူတွေဆီ ပို့ပေးခဲ့ပါတယ်။
photo via screenrant

Marvel စတူဒီယိုဟာ Spoiler တွေ၊ Leak တွေနဲ့ ပတ်သက်လာရင် အလွန်စည်းကမ်းကြီးတဲ့ စတူဒီယိုတစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း ထူးဆန်းတာတစ်ခုကတော့ David Harbor ဟာ ရိုက်ကွင်းပေါ်က ဓာတ်ပုံတွေကို Stranger Things ဖန်တီးသူတွေဆီ ပို့ပေးတာကို သိရဲ့သားနဲ့ လွှတ်ပေးထားခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကတော့ Stranger Things Season 4 ထဲမှာလည်း ရုရှားထောင်ထဲက ဇာတ်ဝင်ခန်းတွေ ပါဝင်လာဖြစ်ပြီး Black Widow နဲ့ Stranger Things ဟာ ဒီဇာတ်ဝင်ခန်းတွေမှာ တူညီမှုတွေ ရှိမလာအောင် အခုလိုပြုလုပ်တာပါလို့ ဆိုရပါတယ်။

(8) Scarlet Johansson ရဲ့ ခင်ပွန်းဟာ Spoiler မိမှာဆိုးတာကြောင့် သူမကို မကူညီခဲ့ပါဘူး။
photo via screenrant

Scarlet ရဲ့ ခင်ပွန်းဖြစ်သူ Colin Jost ဟာ MCU ရဲ့ အမာခံပရိသတ်တစ်ယောက် ဖြစ်ပြီး ဒီရုပ်ရှင်အတွက် ဒိုင်ယာလော့ခ် လေ့ကျင့်ရမယ့် Scarlet ကိုတောင် မကူညီပေးဘူးလို့ သိရပါတယ်။ ဒါတင်မကသေးဘဲ Colin ဟာ ဒီရုပ်ရှင်နဲ့ ပတ်သက်တဲ့ ဘယ်အရာကိုမှ မသိချင်တာကြောင့် ရိုက်ကွင်းပေါ်က ဓာတ်ပုံတွေကို မကြည့်ခဲ့သလို Scarlet ကိုလည်း ရိုက်ကွင်းမှာ အဆင်ပြေရဲ့လားလို့တောင် မမေးခဲ့ပါဘူး။ အကြောင်းကတော့ Scarlet ဟာ ရိုက်ကွင်းပေါ်က အခက်အခဲတွေကို ပြောပြရင် Spoiler တွေ ပါဝင်လာနိုင်တာကြောင့် ဖြစ်ပါတယ်။

ဒါကတော့ Back Widow ရုပ်ရှင်ကားရဲ့ ပိတ်ကားနောက်ကွယ်က စိတ်ဝင်စားစရာ အကြောင်းအရာအချို့ကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ အခုလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

Source: Screenrant

(Zawgyi Version)

အခုခ်ိန္မွာေတာ့ Black Widow ႐ုပ္ရွင္ဟာ ထြက္ရွိခဲ့တာ လအနည္းငယ္ ရွိေနၿပီ ျဖစ္တာေၾကာင့္ အမ်ားစု ၾကည့္ၿပီးၾကၿပီလို႔ ထင္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ ပရိသတ္ေတြ ခ်စ္ၾကတဲ့ Natasha ရဲ့အေၾကာင္းကို အနည္းငယ္ ပိုသိခဲ့ရသလို Yelena Belova တို႔လို ဇာတ္ေကာင္အသစ္ေတြလည္း ပါဝင္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Black Widow ႐ုပ္ရွင္ေနာက္ကြယ္က စိတ္ဝင္စားစရာအခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) David Harbor ဟာ တကယ္ပဲ Red Guardian ဝတ္စုံနဲ႔ မေတာ္ပါဘူး။
photo via screenrant

Black Widow ႐ုပ္ရွင္ထဲမွာေတာ့ David Harbor သ႐ုပ္ေဆာင္ထားတဲ့ Alexei ဟာ အရယ္ရဆုံး ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ Alexei ရဲ့ ရယ္ရတဲ့ ဇာတ္ဝင္ခန္းေတြထဲတစ္ခုကေတာ့ ဇာတ္ညႊန္းထဲမွာလည္း မပါဝင္သလို တမင္လုပ္ခဲ့တာလည္း မဟုတ္ဘဲ မေတာ္တဆ ျဖစ္သြားခဲ့တာပါ။

Alexei ဟာ ေထာင္ကလြတ္လာၿပီး Natasha တို႔နဲ႔ ျပန္ဆုံတဲ့အခ်ိန္မွာေတာ့ ဆယ္စုႏွစ္တစ္ခုေလာက္ မဝတ္ဘဲ ပစ္ထားတဲ့ Red Guardian ဝတ္စုံကို ျပန္ဝတ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းမွာေတာ့ Alexei ဟာ ဝတ္စုံနဲ႔မေတာ္ဘဲ လွုပ္မရ၊ ျပဳမရ ျဖစ္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ တကယ္ေတာ့ ဒီဇာတ္ဝင္ခန္းဟာ သ႐ုပ္ေဆာင္ေနတာ မဟုတ္ဘဲ David Harbor က အဲ့ဒီဝတ္စုံနဲ႔ မေတာ္လို႔ ႐ုန္းကန္ေနရတာျဖစ္ၿပီး ႐ုပ္ရွင္အဖြဲ႕သားေတြကို အကူအညီေတာင္းခဲ့ရပါတယ္။

(2) မူလဇာတ္ၫႊန္းထဲမွာေတာ့ Tony Stark လည္း ပါဝင္ခဲ့ပါတယ္။
photo via screenrant

ေဟာလိဝုဒ္ရဲ့ ႐ုပ္ရွင္ကားအမ်ားစုဟာ ရိုက္ကူးေရး မစတင္ခင္အထိ ဇာတ္ညႊန္းအၾကမ္းေတြမ်ားစြာ ေရးခဲ့ရပါတယ္။ အဲ့ဒီဇာတ္ညႊန္းေတြထဲက တစ္ခုမွာေတာ့ Tony Stark ကို Cameo အျဖစ္ ပါဝင္လာဖို႔ ေရးသားခဲ့ပါတယ္။ ဒါေပမယ့္လည္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ အဲ့ဒီဇာတ္ညႊန္းဟာ တကယ္ျဖစ္မလာခဲ့ပါဘူး။ ဒါေၾကာင့္ Tony Stark ေနရာမွာေတာ့ The Incredible Hulk ထဲက General Ross က Cameo အေနနဲ႔ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

(3) Black Widow ဇာတ္ညႊန္းေရးဆရာဟာ Captain Marvel ရဲ့ ဇာတ္ညႊန္းကိုလည္း ေရးခဲ့ပါတယ္။
photo via screenrant

Eric Pearson ဟာ Black Widow အတြက္တင္ မဟုတ္ဘဲ Captain Marvel ရဲ့ ဇာတ္ညႊန္းကိုလည္း ေရးသားေပးခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း သူ႔ရဲ့ ဇာတ္ညႊန္းဟာ ျငင္းပယ္ခံခဲ့ရပါတယ္။ သူ႔ရဲ့ ေျပာစကားအရ ကၽြန္ေတာ္တို႔ ၾကည့္ခဲ့ရတဲ့ Captain Marvel ႐ုပ္ရွင္နဲ႔ သူ႔ရဲ့ဇာတ္ညႊန္းဟာ လုံးဝကို ကြဲျပားတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ သူဟာ Captain Marvel အတြက္ ေရးခဲ့တဲ့ ဇာတ္ညႊန္းကို စကၠဴပုံးတစ္ခုထဲမွာ ေတြ႕ရွိခဲ့တာ ျဖစ္ၿပီး တျခားဇာတ္ညႊန္းေတြမ်ားစြာကိုလည္း ေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ပဲ Marvel ဟာ ႐ုပ္ရွင္တစ္ခုအတြက္ ဇာတ္ညႊန္းကို ဇာတ္ညႊန္းေရးဆရာေတြမ်ားစြာကို ေရးခိုင္းခဲ့တယ္ဆိုတာ သိလိုက္ရပါတယ္။

(4) David Harbor ဟာ ဒါရိုက္တာနဲ႔ ဘာေၾကာင့္ေတြ႕ဆုံရလည္းဆိုတာ မသိပါဘူး။
photo via screenrant

David Harbor ရဲ့ Alexei ဟာလည္း ဒီ႐ုပ္ရွင္ထဲက အဓိကဇာတ္ေကာင္တစ္ေယာက္ ျဖစ္ၿပီး ပရိသတ္ေတြလည္း ႀကိဳက္ႏွစ္သက္ခဲ့ၾကပါတယ္။ ဒီလိုမ်ိဴး ေအာင္ျမင္ခဲ့ရတဲ့ အေၾကာင္းကေတာ့ သ႐ုပ္ေဆာင္ David Harbor ရဲ့ သ႐ုပ္ေဆာင္မွုေတြေၾကာင့္လည္း ျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ David Harbor ကိုေတာ့ ဒါရိုက္တာ Cate Shortland က လန္ဒန္ၿမိဳ႕မွာ ေန႔လယ္စာစားဖို႔ ဖိတ္ေခၚခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက David Harbor ဟာ Black Widow ႐ုပ္ရွင္ကို ဖန္တီးဖို႔ ျပင္ဆင္ေနတယ္ဆိုတာ မသိတာေၾကာင့္ ဒါရိုက္တာ Cate က သူ႔ကို ေန႔လည္စာစားဖို႔ ဘာေၾကာင့္ ဖိတ္မွန္းလည္း မသိခဲ့ပါဘူး။ အဲ့ဒီေနာက္မွာေတာ့ ေန႔လယ္စာ စားရင္းနဲ႔ပဲ ဒါရိုက္တာ Cate က David ကို Alexei ဇာတ္ေကာင္အတြက္ ကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။

(5) Black Widow အတြက္ ဇာတ္ၫႊန္းေရးခဲ့ေသးတဲ့ Scarlet Johansson
photo via screenrant

MCU ႐ုပ္ရွင္ေတြဟာ ေကာမစ္ကို အေျခခံၿပီး ဖန္တီးထားတာ ျဖစ္ေပမယ့္လည္း ဇာတ္ညႊန္းကိုေတာင္ အဖြဲ႕လိုက္ ေရးသားထားတာ ျဖစ္ၿပီး အသုံးမျပဳခဲ့တဲ့ ဇာတ္ညႊန္းအၾကမ္းေတြလည္း မ်ားစြာရွိပါေသးတယ္။ စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ Scarlet Johansson ကလည္း ဒီ႐ုပ္ရွင္အတြက္ ဇာတ္ညႊန္းေရးခဲ့တာ ျဖစ္ပါတယ္။ သို႔ေသာ္လည္း Kevin Feige ကေတာ့ အဲ့ဒီဇာတ္ညႊန္းကို အသုံးျပဳဖို႔ ျငင္းပယ္ခဲ့ပါတယ္။ Scarlet ကိုယ္တိုင္ကလည္း သူ႔ရဲ့ဇာတ္ညႊန္းကို “နည္းနည္းေတာ့ ေၾကာင္ေတာင္ေတာင္နိုင္ပါတယ္ … ” လို႔ ေျပာခဲ့ပါေသးတယ္။

(6) ဒီ႐ုပ္ရွင္ရဲ့ ဇာတ္ညႊန္းဟာ (၁၁)ရက္အတြင္းမွာ ေရးခဲ့တာပါ။
photo via screenrant

ပုံမွန္အားျဖင့္ဆိုရင္ ပထမဆုံး ဇာတ္ညႊန္းအၾကမ္းကိုေတာင္ ေရးသားဖို႔ လနဲ႔ခ်ီၿပီး အခ်ိန္ယူရေလ့ရွိပါတယ္။ ႁခြင္းခ်က္အေနနဲ႔ John Hughes လိုမ်ိဴး တခ်ိဴ႕ဇာတ္ညႊန္းေရးဆရာေတြကေတာ့ ဇာတ္ညႊန္းေရးတာ အလြန္ျမန္ဆန္တယ္လို႔ နာမည္ႀကီးပါတယ္။ John Hughes ဟာ The Breakfast Club ႐ုပ္ရွင္ကို ႏွစ္ရက္အတြင္းမွာ ေရးသားခဲ့တယ္လို႔ သိရပါတယ္။ Black Widow ရဲ့ ဇာတ္ညႊန္းကို ေရးသားခဲ့သူ Pearson ကေတာ့ ပထမဆုံးဇာတ္ညႊန္းအၾကမ္းကို (၁၁)ရက္အတြင္းမွာ အၿပီးသတ္နိုင္ခဲ့တယ္လို႔ သိရပါတယ္။

(7) David Harbor ဟာ ရိုက္ကြင္းက ဓာတ္ပုံေတြကို Stranger Things ဖန္တီးသူေတြဆီ ပို႔ေပးခဲ့ပါတယ္။
photo via screenrant

Marvel စတူဒီယိုဟာ Spoiler ေတြ၊ Leak ေတြနဲ႔ ပတ္သက္လာရင္ အလြန္စည္းကမ္းႀကီးတဲ့ စတူဒီယိုတစ္ခုလို႔ ေျပာလို႔ရပါတယ္။ ဒါေပမယ့္လည္း ထူးဆန္းတာတစ္ခုကေတာ့ David Harbor ဟာ ရိုက္ကြင္းေပၚက ဓာတ္ပုံေတြကို Stranger Things ဖန္တီးသူေတြဆီ ပို႔ေပးတာကို သိရဲ့သားနဲ႔ လႊတ္ေပးထားခဲ့တာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Stranger Things Season 4 ထဲမွာလည္း ႐ုရွားေထာင္ထဲက ဇာတ္ဝင္ခန္းေတြ ပါဝင္လာျဖစ္ၿပီး Black Widow နဲ႔ Stranger Things ဟာ ဒီဇာတ္ဝင္ခန္းေတြမွာ တူညီမွုေတြ ရွိမလာေအာင္ အခုလိုျပဳလုပ္တာပါလို႔ ဆိုရပါတယ္။

(8) Scarlet Johansson ရဲ႕ ခင္ပြန္းဟာ Spoiler မိမွာဆိုးတာေၾကာင့္ သူမကို မကူညီခဲ့ပါဘူး။
photo via screenrant

Scarlet ရဲ့ ခင္ပြန္းျဖစ္သူ Colin Jost ဟာ MCU ရဲ့ အမာခံပရိသတ္တစ္ေယာက္ ျဖစ္ၿပီး ဒီ႐ုပ္ရွင္အတြက္ ဒိုင္ယာေလာ့ခ္ ေလ့က်င့္ရမယ့္ Scarlet ကိုေတာင္ မကူညီေပးဘူးလို႔ သိရပါတယ္။ ဒါတင္မကေသးဘဲ Colin ဟာ ဒီ႐ုပ္ရွင္နဲ႔ ပတ္သက္တဲ့ ဘယ္အရာကိုမွ မသိခ်င္တာေၾကာင့္ ရိုက္ကြင္းေပၚက ဓာတ္ပုံေတြကို မၾကည့္ခဲ့သလို Scarlet ကိုလည္း ရိုက္ကြင္းမွာ အဆင္ေျပရဲ့လားလို႔ေတာင္ မေမးခဲ့ပါဘူး။ အေၾကာင္းကေတာ့ Scarlet ဟာ ရိုက္ကြင္းေပၚက အခက္အခဲေတြကို ေျပာျပရင္ Spoiler ေတြ ပါဝင္လာနိုင္တာေၾကာင့္ ျဖစ္ပါတယ္။

ဒါကေတာ့ Back Widow ႐ုပ္ရွင္ကားရဲ့ ပိတ္ကားေနာက္ကြယ္က စိတ္ဝင္စားစရာ အေၾကာင္းအရာအခ်ိဳ႕ကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ အခုလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular