HomeEntertainmentFilmBlack Adam ရိုက်ကူးရေး ပြီးဆုံးသွားပြီလို့ အတည်ပြုပေးခဲ့တဲ့ Dwayne Johnson

Black Adam ရိုက်ကူးရေး ပြီးဆုံးသွားပြီလို့ အတည်ပြုပေးခဲ့တဲ့ Dwayne Johnson

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သိပ်မကြာခင်တုန်းပဲ Dwayne Johnson ဟာ Black Adam ရိုက်ကူးရေး ပြီးဆုံးသွားတဲ့ အကြောင်းကို အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါတယ်။ Black Adam ရဲ့ကောမစ်ထဲက Origin ကတော့ လွန်ခဲ့တဲ့ (၃၆၀၀) လောက်က Kahndaq ဆိုတဲ့ နေရာမှာ သူဟာ မွေးဖွားခဲ့ပြီး ကျွန်တစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့ပါတယ်။ တစ်ရက်မှာတော့ ရှေးဟောင်းမှော်ဆရာ Shazam ဟာ သူ့ကို စွမ်းအားတွေ ပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့် Black Adam ကတော့ သူ့ရဲ့စွမ်းအားတွေကို အလွဲသုံးစားလုပ်ခဲ့တာကြောင့် နှစ်ပေါင်းများစွာ အကျဉ်းကျသွားပြီး နောက်ပိုင်းမှာတော့ စူပါဟီးရိုး Shazam ရဲ့ ဗီလိန် ဖြစ်လာခဲ့ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Black Adam ရဲ့ Origin ကို ဘယ်လိုမျိူး ပြောင်းလဲဖန်တီးသွားဦးမလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ့် Black Adam ရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်က ထွက်ထားတဲ့ Shazam ရုပ်ရှင်နဲ့ ဆက်စပ်ဦးမှာ မဟုတ်သေးဘဲ Black Adam ဇာတ်ကောင်ရဲ့ ဆိုလိုရုပ်ရှင် ဖြစ်ပါတယ်။ Dwayne Johnson က Black Adam အနေနဲ့ ပါဝင်လာမှာ ဖြစ်သလို Pierce Brosnan ၊ Aldis Hodge ၊ Noah Centineo နဲ့ Quintessa Swindell တို့ကလည်း Justice Society of America အဖွဲ့ဝင်တွေအနေနဲ့ ပါဝင်လာမှာပါ။

Black Adam ရိုက်ကူးရေးဟာ ဧပြီလမှာ စတင်ရိုက်ကူးခဲ့ပြီး အခုချိန်မှာတော့ ပြီးဆုံးသွားပြီ ဆိုတာကို Dwayne Johnson က အင်စတာဂရမ်ပေါ်မှာ ဗီဒီယိုတစ်ပုဒ်နဲ့ အတည်ပြုပေးခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာတော့ သူဟာ ရိုက်ကူးရေး ပြီးဆုံးသွားတဲ့အတွက် တစ်ခြားသရုပ်ဆောင်တွေနဲ့ ရုပ်ရှင်အဖွဲ့သားတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် Dwayne Johnson ဟာ ဒီရုပ်ရှင်က သူ့ရဲ့သရုပ်ဆောင်ဘဝကို ပြောင်းလဲပေးမယ့် အခွင့်အရေးဖြစ်ပြီး ဒီအခွင့်အရေးက တစ်သက်မှာ တစ်ခါပဲ ရရှိနိုင်မှာပါလို့ ပြောခဲ့ပါတယ်။

photo via screenrant

Black Adam ရုပ်ရှင်ဟာလည်း တစ်ခြားရုပ်ရှင်တွေအများစုလိုပဲ ကိုဗစ်ရောဂါကြောင့် ရိုက်ကူးရေးတွေနဲ့ ထွက်ရှိလာမယ့် ရက်တွေကို ရွှေ့ဆိုင်းခဲ့ရတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရိုက်ကူးရေး စတင်တဲ့အချိန်မှာတော့ ဘာနှောင့်နှေးမှုမှ မရှိခဲ့တာကြောင့် အခုလို မြန်မြန်ဆန်ဆန် ပြီးဆုံးသွားတာ ဖြစ်ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာတော့ DC FanDome ထပ်မံပြုလုပ်သွားဦးမှာ ဖြစ်တာကြောင့် အဲ့ဒီအချိန်မှာတော့ Black Adam ရဲ့ ပထမဆုံးထွေလာကို မြင်တွေ့ရနိုင်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

သိပ္မၾကာခင္တုန္းပဲ Dwayne Johnson ဟာ Black Adam ႐ိုက္ကူးေရး ၿပီးဆုံးသြားတဲ့ အေၾကာင္းကို အင္စတာဂရမ္ေပၚမွာ တင္ခဲ့ပါတယ္။ Black Adam ရဲ႕ေကာမစ္ထဲက Origin ကေတာ့ လြန္ခဲ့တဲ့ (၃၆၀၀) ေလာက္က Kahndaq ဆိုတဲ့ ေနရာမွာ သူဟာ ေမြးဖြားခဲ့ၿပီး ကြၽန္တစ္ေယာက္အျဖစ္ ႀကီးျပင္းလာခဲ့ပါတယ္။ တစ္ရက္မွာေတာ့ ေရွးေဟာင္းေမွာ္ဆရာ Shazam ဟာ သူ႔ကို စြမ္းအားေတြ ေပးအပ္ခဲ့ပါတယ္။ ဒါေပမယ့္ Black Adam ကေတာ့ သူ႔ရဲ႕စြမ္းအားေတြကို အလြဲသုံးစားလုပ္ခဲ့တာေၾကာင့္ ႏွစ္ေပါင္းမ်ားစြာ အက်ဥ္းက်သြားၿပီး ေနာက္ပိုင္းမွာေတာ့ စူပါဟီး႐ိုး Shazam ရဲ႕ ဗီလိန္ ျဖစ္လာခဲ့ပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Black Adam ရဲ႕ Origin ကို ဘယ္လိုမ်ိဴး ေျပာင္းလဲဖန္တီးသြားဦးမလည္း ဆိုတာကိုေတာ့ မသိရေသးပါဘူး။ ၂၀၂၂ ခုႏွစ္မွာ ထြက္ရွိလာမယ့္ Black Adam ႐ုပ္ရွင္ကေတာ့ ၂၀၁၉ ခုႏွစ္က ထြက္ထားတဲ့ Shazam ႐ုပ္ရွင္နဲ႔ ဆက္စပ္ဦးမွာ မဟုတ္ေသးဘဲ Black Adam ဇာတ္ေကာင္ရဲ႕ ဆိုလို႐ုပ္ရွင္ ျဖစ္ပါတယ္။ Dwayne Johnson က Black Adam အေနနဲ႔ ပါဝင္လာမွာ ျဖစ္သလို Pierce Brosnan ၊ Aldis Hodge ၊ Noah Centineo နဲ႔ Quintessa Swindell တို႔ကလည္း Justice Society of America အဖြဲ႕ဝင္ေတြအေနနဲ႔ ပါဝင္လာမွာပါ။

Black Adam ႐ိုက္ကူးေရးဟာ ဧၿပီလမွာ စတင္႐ိုက္ကူးခဲ့ၿပီး အခုခ်ိန္မွာေတာ့ ၿပီးဆုံးသြားၿပီ ဆိုတာကို Dwayne Johnson က အင္စတာဂရမ္ေပၚမွာ ဗီဒီယိုတစ္ပုဒ္နဲ႔ အတည္ျပဳေပးခဲ့ပါတယ္။ အဲ့ဒီဗီဒီယိုထဲမွာေတာ့ သူဟာ ႐ိုက္ကူးေရး ၿပီးဆုံးသြားတဲ့အတြက္ တစ္ျခားသ႐ုပ္ေဆာင္ေတြနဲ႔ ႐ုပ္ရွင္အဖြဲ႕သားေတြအားလုံးကို ေက်းဇူးတင္ေၾကာင္း ေျပာခဲ့ပါတယ္။ ဒါ့အျပင္ Dwayne Johnson ဟာ ဒီ႐ုပ္ရွင္က သူ႔ရဲ႕သ႐ုပ္ေဆာင္ဘဝကို ေျပာင္းလဲေပးမယ့္ အခြင့္အေရးျဖစ္ၿပီး ဒီအခြင့္အေရးက တစ္သက္မွာ တစ္ခါပဲ ရရွိႏိုင္မွာပါလို႔ ေျပာခဲ့ပါတယ္။

photo via screenrant

Black Adam ႐ုပ္ရွင္ဟာလည္း တစ္ျခား႐ုပ္ရွင္ေတြအမ်ားစုလိုပဲ ကိုဗစ္ေရာဂါေၾကာင့္ ႐ိုက္ကူးေရးေတြနဲ႔ ထြက္ရွိလာမယ့္ ရက္ေတြကို ေ႐ႊ႕ဆိုင္းခဲ့ရတဲ့ ႐ုပ္ရွင္တစ္ကား ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ႐ိုက္ကူးေရး စတင္တဲ့အခ်ိန္မွာေတာ့ ဘာေႏွာင့္ေႏွးမႈမွ မရွိခဲ့တာေၾကာင့္ အခုလို ျမန္ျမန္ဆန္ဆန္ ၿပီးဆုံးသြားတာ ျဖစ္ပါတယ္။ ဒီႏွစ္ေႏွာင္းပိုင္းမွာေတာ့ DC FanDome ထပ္မံျပဳလုပ္သြားဦးမွာ ျဖစ္တာေၾကာင့္ အဲ့ဒီအခ်ိန္မွာေတာ့ Black Adam ရဲ႕ ပထမဆုံးေထြလာကို ျမင္ေတြ႕ရႏိုင္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular