HomeEntertainmentFilmBlip ထဲမှာ ပါသွားသူတွေအတွက် Dating App ကို Easter Egg ထည့်ထားတဲ့ Shang-Chi

Blip ထဲမှာ ပါသွားသူတွေအတွက် Dating App ကို Easter Egg ထည့်ထားတဲ့ Shang-Chi

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Shang-Chi and the Legend of Ten Rings ထဲမှာတော့ Blip နဲ့ ပတ်သက်တဲ့ အချက်တစ်ခုကို Easter Egg အနေနဲ့ ထည့်သွင်းထားပါတယ်။ အဲ့ဒီ Easter Egg ကတော့ Blip  ထဲမှာ ပါသွားသူတွေအတွက် Dating App ကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ Shang-Chi ရုပ်ရှင်ကလည်း WandaVision နဲ့ The Falcon and the Winter Soldier တို့လို Avengers: Endgame အပြီးမှာ ဇာတ်အိမ်တည်ထားတာကြောင့် Blip နဲ့ ပတ်သက်တဲ့အချက်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။

photo via screenrant

ဒါပေမယ့်လည်း ဒီရုပ်ရှင်ထဲက ဇာတ်ကောင်တွေကတော့ Blip ထဲမှာ ပါဝင်ခဲ့လား၊ မပါဝင်ခဲ့ဘူးလားဆိုတာ မပြသသွားပါဘူး။ WandaVision မှာဆိုရင် ပျောက်ကွယ်သွားတဲ့သူတွေကို ပြန်ခေါ်လိုက်တဲ့အချိန်မှာ ဘာတွေဖြစ်ကုန်လည်း ဆိုတာကို ဖော်ပြခဲ့ပြီး The Falcon and the Winter Soldier ထဲမှာတော့ လူတွေက ပုံမှန်အတိုင်းဖြစ်အောင် ကြိုးစားနေထိုင်ကြပုံကို ဖော်ပြခဲ့ပါတယ်။ Shang-Chi ထဲမှာတော့ Blip နဲ့ ပတ်သက်တာကို သေချာအသေးစိတ် မပြသွားပေမယ့်လည်း Easter Egg တစ်ခုတော့ ထည့်သွင်းထားတာ တွေ့ရပါတယ်။

Shang-Chi ရုပ်ရှင်ထဲက တစ်နေရာမှာတော့ Blip-Sync ဆိုတဲ့ ပိုစတာတစ်ခုကို မြင်တွေ့ခဲ့ရပြီး Vanity သတင်းဌာနရဲ့ စာရေးသူတစ်ယောက်ဟာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး Shang-Chi ဇာတ်ညွှန်းရေးဆရာတွေကို မေးမြန်းခဲ့ပါတယ်။ အဲ့ဒီ Blip-Sync ဆိုတာကတော့ ငါးနှစ်တောင် ပျောက်ကွယ်သွားတဲ့သူတွေ ပြန်ရောက်လာတဲ့အချိန်မှာတော့ ဘဝကို ရှေ့ဆက်လျှောက်ဖို့ ကူညီပေးတဲ့ Dating App ပဲ ဖြစ်ပါတယ်။

photo via screenrant

Kevin Feige ကလည်း Shang-Chi ရုပ်ရှင်ထဲမှာ Blip နဲ့ ပတ်သက်တဲ့ Easter Egg တစ်ခု ထည့်သွင်းထားတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်တစ်ကားတည်းတင် မဟုတ်ဘဲ အနာဂတ်မှာ ထွက်ရှိလာမယ့် MCU ရုပ်ရှင်အများစုမှာလည်း Endgame ရဲ့ နောက်ဆက်တွဲ အကြောင်းအရာတွေကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ရုပ်ရှင်ရုံတွေ မဖွင့်သေးသလို Disney+ မှာလည်း ရုံတင်ပြီး (၄၅)ရက်ကြာမှ ပြသသွားမှာ ဖြစ်တာကြောင့် ကျွန်တော်တို့အတွက်တော့ Shang-Chi ရုပ်ရှင်ကို အတော်စောင့်ရဦးမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Shang-Chi and the Legend of Ten Rings ထဲမွာေတာ့ Blip နဲ႔ ပတ္သက္တဲ့ အခ်က္တစ္ခုကို Easter Egg အေနနဲ႔ ထည့္သြင္းထားပါတယ္။ အဲ့ဒီ Easter Egg ကေတာ့ Blip  ထဲမွာ ပါသြားသူေတြအတြက္ Dating App ကို ထည့္သြင္းေပးထားတာ ျဖစ္ပါတယ္။ Shang-Chi ႐ုပ္ရွင္ကလည္း WandaVision နဲ႔ The Falcon and the Winter Soldier တို႔လို Avengers: Endgame အၿပီးမွာ ဇာတ္အိမ္တည္ထားတာေၾကာင့္ Blip နဲ႔ ပတ္သက္တဲ့အခ်က္ေတြ ပါဝင္ေနတာ ျဖစ္ပါတယ္။

photo via screenrant

ဒါေပမယ့္လည္း ဒီ႐ုပ္ရွင္ထဲက ဇာတ္ေကာင္ေတြကေတာ့ Blip ထဲမွာ ပါဝင္ခဲ့လား၊ မပါဝင္ခဲ့ဘူးလားဆိုတာ မျပသသြားပါဘူး။ WandaVision မွာဆိုရင္ ေပ်ာက္ကြယ္သြားတဲ့သူေတြကို ျပန္ေခၚလိုက္တဲ့အခ်ိန္မွာ ဘာေတြျဖစ္ကုန္လည္း ဆိုတာကို ေဖာ္ျပခဲ့ၿပီး The Falcon and the Winter Soldier ထဲမွာေတာ့ လူေတြက ပုံမွန္အတိုင္းျဖစ္ေအာင္ ႀကိဳးစားေနထိုင္ၾကပုံကို ေဖာ္ျပခဲ့ပါတယ္။ Shang-Chi ထဲမွာေတာ့ Blip နဲ႔ ပတ္သက္တာကို ေသခ်ာအေသးစိတ္ မျပသြားေပမယ့္လည္း Easter Egg တစ္ခုေတာ့ ထည့္သြင္းထားတာ ေတြ႕ရပါတယ္။

Shang-Chi ႐ုပ္ရွင္ထဲက တစ္ေနရာမွာေတာ့ Blip-Sync ဆိုတဲ့ ပိုစတာတစ္ခုကို ျမင္ေတြ႕ခဲ့ရၿပီး Vanity သတင္းဌာနရဲ့ စာေရးသူတစ္ေယာက္ဟာ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး Shang-Chi ဇာတ္ညႊန္းေရးဆရာေတြကို ေမးျမန္းခဲ့ပါတယ္။ အဲ့ဒီ Blip-Sync ဆိုတာကေတာ့ ငါးႏွစ္ေတာင္ ေပ်ာက္ကြယ္သြားတဲ့သူေတြ ျပန္ေရာက္လာတဲ့အခ်ိန္မွာေတာ့ ဘဝကို ေရွ႕ဆက္ေလၽွာက္ဖို႔ ကူညီေပးတဲ့ Dating App ပဲ ျဖစ္ပါတယ္။

photo via screenrant

Kevin Feige ကလည္း Shang-Chi ႐ုပ္ရွင္ထဲမွာ Blip နဲ႔ ပတ္သက္တဲ့ Easter Egg တစ္ခု ထည့္သြင္းထားတယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့ဖူးပါတယ္။ ဒီ႐ုပ္ရွင္တစ္ကားတည္းတင္ မဟုတ္ဘဲ အနာဂတ္မွာ ထြက္ရွိလာမယ့္ MCU ႐ုပ္ရွင္အမ်ားစုမွာလည္း Endgame ရဲ့ ေနာက္ဆက္တြဲ အေၾကာင္းအရာေတြကို ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။ ျမန္မာနိုင္ငံမွာေတာ့ ႐ုပ္ရွင္႐ုံေတြ မဖြင့္ေသးသလို Disney+ မွာလည္း ႐ုံတင္ၿပီး (၄၅)ရက္ၾကာမွ ျပသသြားမွာ ျဖစ္တာေၾကာင့္ ကၽြန္ေတာ္တို႔အတြက္ေတာ့ Shang-Chi ႐ုပ္ရွင္ကို အေတာ္ေစာင့္ရဦးမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular