HomeEntertainmentFilmပထမဆုံး Official ထွေလာ ထွက်ရှိလာတဲ့ Blue Beetle ရုပ်ရှင်

ပထမဆုံး Official ထွေလာ ထွက်ရှိလာတဲ့ Blue Beetle ရုပ်ရှင်

မကြာခင်မှာ ထွက်ရှိလာတော့မယ့် Blue Beetle ရုပ်ရှင်ရဲ့ ပထမဆုံး Official ထွေလာကတော့ ထွက်ရှိလာပါပြီ။ ယခုအချိန်မှာတော့ DCEU က အဆုံးသတ်သွားတော့မှာ ဖြစ်ပြီး DCU အသစ်ဖြစ်လာတော့မယ် ဆိုပေမယ့်လည်း ဒီရုပ်ရှင်ကတော့ James Gunn ရဲ့ DCU အသစ်နဲ့ ချိတ်ဆက်သွားမလားဆိုတာ မသိရသေးပါဘူး။ Blue Beetle ဇာတ်ကောင်နေရာမှာတော့ သရုပ်ဆောင် Xolo Mariduena က ပါဝင်သရုပ်ဆောင်ထားပါတယ်။

photo credit Warner Bros. Pictures

ဇာတ်လမ်းကတော့ Jaime Reyes ဆိုတဲ့ သာမန်ဆယ်ကျော်သက်လေးတစ်ယောက်ဟာ တစ်ရက်မှာတော့ ထူးဆန်းတဲ့ Alien Scarab တစ်ခုကို ရရှိသွားပါတယ်။ အဲဒီနောက် Alien Scarab လေးဟာ သူ့ရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစည်းသွားပါတော့တယ်။ ဒါကြောင့်ပဲ သူဟာ အဲဒီ Alien Scarab ရဲ့ Host ဖြစ်သွားပြီး စွမ်းအားကြီးတဲ့ Alien Armor တစ်ခုကိုလည်း အလိုရှိတဲ့အချိန်အတိုင်း ဆင့်ခေါ်နိုင်စွမ်း ရသွားပါတယ်။

ယခုအချိန်မှာတော့ Warner Bros. ဟာ Blue Beetle ရုပ်ရှင်အတွက် ပထမဆုံး official ထွေလာကို ထုတ်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Angel Manuel Soto က ရိုက်ကူးထားပြီး The Flash ရုပ်ရှင်အပြီးမှာ ထွက်ရှိလာမှာလည်း ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ Jaime Reyes ဟာ Alien Scarab ကို ဘယ်လိုရရှိခဲ့တယ်ဆိုတာနဲ့ Blue Beetle Armor ရဲ့ပုံစံတို့ကိုလည်း သေသေချာချာ မြင်တွေ့လိုက်ရပါတယ်။

ဒီထွေလာထဲမှာတော့ ဗီလိန်ဖြစ်တဲ့ Victoria Kord ကိုလည်း မြင်တွေ့ခဲ့ရပြီး Jaime ဟာ Alien Scarab ကို ပထမဆုံး ရရှိသွားတဲ့ပုံနဲ့ နောက်ပိုင်းမှာတော့ Blue Beetle Armor ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ရှာဖွေနေတာကိုလည်း တွေ့ရပါတယ်။ Jaime ရဲ့ Blue Beetle Armor ကို အမြင်သာဆုံး ရှင်းပြရမယ် ဆိုရင်တော့ သူ့ Armor ရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ ပုံသဏ္ဍာန်ဟာ Iron Man နဲ့အနည်းငယ် ဆင်တူသလို ဒီ Armor နဲ့ သူနဲ့တသားတည်း ဖြစ်နေတာကလည်း Venom နဲ့ အနည်းငယ် ဆင်တူတယ်လို့ ပြောလို့ရပါတယ်။ ဒီရုပ်ရှင်ကတော့ လာမယ့် ဩဂုတ်လ (၁၈)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

 Legos

Source: Screenrant

RELATED ARTICLES

Most Popular