HomeEntertainmentFilmTimothee Chalamet ကို လူသားစားတဲ့ လူသတ်သမားအဖြစ် မြင်တွေ့ရမယ့် Bones & All ရုပ်ရှင်

Timothee Chalamet ကို လူသားစားတဲ့ လူသတ်သမားအဖြစ် မြင်တွေ့ရမယ့် Bones & All ရုပ်ရှင်

Bones & All ရုပ်ရှင်ထဲမှာတော့ သရုပ်ဆောင် Timothee Chalamet ဟာ လူသားစားတဲ့ လူသတ်သမား တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ စာရေးဆရာမ Camille DeAngelis ရဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ Timothee Chalamet ကို စတင်ပြီး နာမည်ကြီးလာစေတဲ့ Call Me By Your Name ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Luca Guadagnino ကပဲ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

photo via screenrant

၁၉၈၀ ကျော်လောက်မှာ ဇာတ်အိမ်တည်ထားပြီး Maren ဆိုတဲ့ ကောင်မလေး တစ်ယောက်ဟာ သူမရဲ့အဖေက သူမကို စွန့်ပစ်သွားတာကြောင့် လျှောက်သွားနေရင်း Lee ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ချက်ချင်းပဲ နီးစပ်သွားကြပြီး ချစ်သူတွေ ဖြစ်သွားကြပါတယ်။ ထူးခြားတာ တစ်ခုကတော့ သူတို့နှစ်ယောက်လုံးဟာ လူသားစားကြတာပဲ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ Bones & All ရုပ်ရှင်ရဲ့ ပထမဆုံး ထွေလာ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ သူတို့နှစ်ယောက်ရဲ့ Romance ဇာတ်ဝင်ခန်းတွေတင် မကဘဲ ရက်ရက်စက်စက် သတ်ဖြတ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Timothee Chalamet အရင်က မြင်ခဲ့ဖူးတာတွေနဲ့ မတူဘဲ ထူးခြားနေမှာ ဖြစ်ပြီး ဒီထွေလာကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Maren နေရာမှာတော့ Taylor Russell ပါဝင်သရုပ်ဆောင်ထားပြီး Lee နေရာမှာတော့ Timothee Chalamet က ပါဝင်ထားပါတယ်။ ဒါ့အပြင် Andre Holland ၊ Mark Rylance ၊ Michael Stuhlbarg ၊ Jessica Harper နဲ့ Chloe Sevigny တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ Venice မြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံကတကာ ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး မှတ်ချက်ကောင်းတွေ ရရှိထားတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ ရုံတင်သွားမယ့် နေ့ရက်ကတော့ လာမယ့် နိုဝင်ဘာ (၁၈)ရက်ပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular