HomeEntertainmentFilmကျွန်တော်နဲ့ Marvel က မသင့်တော်ပါဘူးလို့ ပြောလာတဲ့ ဒါရိုက်တာဘုံဂျွန်ဟို

ကျွန်တော်နဲ့ Marvel က မသင့်တော်ပါဘူးလို့ ပြောလာတဲ့ ဒါရိုက်တာဘုံဂျွန်ဟို

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

တောင်ကိုရီးယားရဲ့ ရုပ်ရှင်ဒါရိုက်တာ ဘုံဂျွန်ဟိုဟာ Memories of Murder ၊ Snowpiercer နဲ့ Parasite တို့လို နာမည်ကျော်ရုပ်ရှင်ဇာတ်ကားတွေနဲ့ သူ့ရဲ့ရုပ်ရှင်ပညာကို ပြသထားသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လတ်တလောမှာ ဝက်ဝက်ကွဲ အောင်မြင်နေတဲ့ Parasite ရုပ်ရှင်နဲ့အတူ ဟောလိဝုဒ်ရဲ့ အာရုံစိုက်မှုကို ရရှိနေသူလည်း ဖြစ်ပါတယ်။ သို့ပေမယ့် ဒါရိုက်တာ ဘုံဂျွန်ဟိုကတော့ သူနဲ့ Marvel စတူဒီယိုဟာ တစ်ဘက်နဲ့တစ်ဘက် ဘယ်လိုမှ မသင့်တော်ပါဘူးလို့ ပြောရင်း နောက်ဖြစ်လာတော့မယ့် အရာတွေကို ကြိုတင်ငြင်းဆိုလိုက်ပါတယ်။

ဘုံဂျွန်ဟိုရဲ့လက်ရာဖြစ်တဲ့ Parasite ရုပ်ရှင်ဟာ ကိန်းစ်ရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ Palme d’Or ဆုကို ရရှိထားပြီး ၂၀၂၀ခုနှစ်မှာ ကျင်းပမယ့် အော်စကာဆုပေးပွဲမှာလည်း ဆုပေါင်း(၆)ဆုကို မှန်းထားတဲ့ အခြေအနေမှာ ရှိနေပါတယ်။

Photo: Raffi Asdourian/ flickr

Marvel စတူဒီယိုကတော့ အင်ဒီးရုပ်ရှင်ထုတ်လုပ်သူတွေကို ပညာသားပါပါ ဆွဲဆောင်နိုင်ပြီး သူ့ရဲ့စူပါဟီးရိုးရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးပေးလာအောင် တိုက်တွန်းရာမှာ သမိုင်းကြောင်းနဲ့ကို ထူးချွန်သူဖြစ်ပါတယ်။ သို့ပေမယ့် အခုလို ထွန်းတောက်လာတဲ့ ကိုရီးယားဒါရိုက်တာ ဘုံဂျွန်ဟိုအလှည့်မှာတော့ Marvel အနေနဲ့ ပိုပြီးခက်ခက်ခဲခဲ ကြိုးစားရနိုင်ဖွယ် ရှိနေပါတယ်။

“ကျွန်တော့်လို ဒါရိုက်တာမျိုးကို Marvel က လိုချင်လိမ့်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ သူတို့ဆီက ကမ်းလှမ်းချက်ကိုလည်း မမျှော်လင့်ထားပါဘူး။ အဲ့လိုရုပ်ရှင်ပရော့ဂျက်ကြီးတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ ဒါရိုက်တာကောင်းတွေ အများကြီး ရှိပါတယ်။ ရုပ်ရှင်လောကကြီးက ရှုပ်ထွေးတယ်လို့ ထင်ရပေမယ့် ဒါရိုက်တာတွေနဲ့ ပတ်သက်ရင်တော့ ရိုးရှင်းတယ်လို့ ကျွန်တော် ထင်ပါတယ်…” လို့ Variety ရဲ့ podcast အစီအစဉ်ဖြစ်တဲ့ The Big Ticket မှာ ဘုံဂျွန်ဟိုက ပြောထားပါတယ်။

Photo: youtube

Guardians of the Galaxy ဇာတ်ကားတွေကို ရိုက်ကူးတဲ့ ဒါရိုက်တာ ဂျိမ်းစ်ဂန်းနဲ့ Logan ကို ရိုက်ကူးတဲ့ ဒါရိုက်တာ ဂျိမ်းစ် မန်းဂိုးလ်ဒ်တို့ရဲ့ လက်ရာကို နှစ်သက်ပေမယ့် သူကိုယ်တိုင်ကတော့ အဲ့ဒီ့လမ်းကြောင်းပေါ်တက်ဖို့ မစဉ်းစားထားဘူးလို့ ဘုံဂျွန်ဟိုက ဆိုပါတယ်။

“ကိုယ်ကျွမ်းကျင်တဲ့အရာကို လုပ်တာ အကောင်းဆုံးပါပဲ။ အဲ့ဒါကြောင့်လည်း ကျွန်တော်နဲ့ Marvel က တစ်ဘက်နဲ့တစ်ဘက် သင့်တော်တယ်လို့ မထင်တာပါ။ ဒါက ကျွန်တော်ခံစားရတာကို ပြောတာပေါ့နော် …” လို့ ဆိုပါတယ်။ ဘုံဂျွန်ဟိုဟာ အင်္ကျီကျပ်ကျပ်ဝတ်တဲ့ လူတွေကို မနှစ်မြို့တာကြောင့် စူပါဟီးရိုးရုပ်ရှင်တွေကနေ ခပ်ဝေးဝေးမှာနေဖို့ ဆုံးဖြတ်ထားတယ်လို့လည်း အရင်တုန်းက ပြောဖူးပါသေးတယ်။

“ကျွန်တော့်မှာ ပါဆင်နယ်ပြဿနာလေးတစ်ခု ရှိလို့ပါ။ စူပါဟီးရိုးရုပ်ရှင်တွေမှာ ပြသထားတဲ့ ဖန်တီးမှုလက်ရာတွေကို ကျွန်တော် လေးစားပါတယ်။ ဒါပေမယ့် ရုပ်ရှင်ထဲမှာရော၊ ပြင်ပလက်တွေ့ လောကမှာပါ အင်္ကျီကျပ်ကျပ်ဝတ်ထားတဲ့ လူတွေကို ကျွန်တော် လုံးဝခံစားလို့ မရလို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့လိုဘယ်တော့မှ မဝတ်ပါဘူး။ အဲ့လို ကျပ်ကျပ်ထုပ်ထုပ်ကြီး ဝတ်ထားတာကို မြင်ရရင်လည်း စိတ်က ခံစားရတာ သိပ်ကိုခက်ခဲလှပါတယ် …” လို့ ပြောခဲ့ဖူးတာပါ။

Photo: sparkchronicles

“ကျွန်တော့်မှာ ဘယ်ကို ကြည့်လို့ကြည့်ရမှန်းကို မသိတာ။ သူတို့ကြည့်ပြီး လူက အရမ်းမွန်းကြပ်လာလို့။ စူပါဟီးရိုးအများစုက ဝတ်စုံကျပ်ကျပ်တွေ ဝတ်ကြတယ်လေ။ အဲ့ဒါကြောင့် ကျွန်တော့်အနေနဲ့လည်း စူပါဟီးရိုးရုပ်ရှင် ရိုက်ဖို့ဆိုတာ မဖြစ်နိုင်တာပါ။ သူတို့ဘက်ကလည်း ကျွန်တော့်ကို အဲ့လိုပရော့ဂျက်တွေ ပေးကြမယ်လို့ မထင်ပါဘူး။ ဝတ်စုံခပ်ပွပွဝတ်တဲ့ စူပါဟီးရိုးမျိုး ရှိမယ်ဆိုရင်တော့ ကျွန်တော်အနေနဲ့ ကြိုးစားနိုင်ကောင်းပါတယ် …” လို့ ဆိုထားပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ေတာင္ကိုရီးယားရဲ႕ ႐ုပ္ရွင္ဒါ႐ိုက္တာ ဘုံဂြၽန္ဟိုဟာ Memories of Murder ၊ Snowpiercer နဲ႔ Parasite တို႔လို နာမည္ေက်ာ္႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ သူ႔ရဲ႕႐ုပ္ရွင္ပညာကို ျပသထားသူ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း လတ္တေလာမွာ ဝက္ဝက္ကြဲ ေအာင္ျမင္ေနတဲ့ Parasite ႐ုပ္ရွင္နဲ႔အတူ ေဟာလိဝုဒ္ရဲ႕ အာ႐ုံစိုက္မႈကို ရရွိေနသူလည္း ျဖစ္ပါတယ္။ သို႔ေပမယ့္ ဒါ႐ိုက္တာ ဘုံဂြၽန္ဟိုကေတာ့ သူနဲ႔ Marvel စတူဒီယိုဟာ တစ္ဘက္နဲ႔တစ္ဘက္ ဘယ္လိုမွ မသင့္ေတာ္ပါဘူးလို႔ ေျပာရင္း ေနာက္ျဖစ္လာေတာ့မယ့္ အရာေတြကို ႀကိဳတင္ျငင္းဆိုလိုက္ပါတယ္။

ဘုံဂြၽန္ဟိုရဲ႕လက္ရာျဖစ္တဲ့ Parasite ႐ုပ္ရွင္ဟာ ကိန္းစ္႐ုပ္ရွင္ပြဲေတာ္က ခ်ီးျမႇင့္တဲ့ Palme d’Or ဆုကို ရရွိထားၿပီး ၂၀၂၀ခုႏွစ္မွာ က်င္းပမယ့္ ေအာ္စကာဆုေပးပြဲမွာလည္း ဆုေပါင္း(၆)ဆုကို မွန္းထားတဲ့ အေျခအေနမွာ ရွိေနပါတယ္။

Photo: Raffi Asdourian/ flickr

Marvel စတူဒီယိုကေတာ့ အင္ဒီး႐ုပ္ရွင္ထုတ္လုပ္သူေတြကို ပညာသားပါပါ ဆြဲေဆာင္ႏိုင္ၿပီး သူ႔ရဲ႕စူပါဟီး႐ိုး႐ုပ္ရွင္ဇာတ္ကားေတြကို ႐ိုက္ကူးေပးလာေအာင္ တိုက္တြန္းရာမွာ သမိုင္းေၾကာင္းနဲ႔ကို ထူးခြၽန္သူျဖစ္ပါတယ္။ သို႔ေပမယ့္ အခုလို ထြန္းေတာက္လာတဲ့ ကိုရီးယားဒါ႐ိုက္တာ ဘုံဂြၽန္ဟိုအလွည့္မွာေတာ့ Marvel အေနနဲ႔ ပိုၿပီးခက္ခက္ခဲခဲ ႀကိဳးစားရႏိုင္ဖြယ္ ရွိေနပါတယ္။

“ကြၽန္ေတာ့္လို ဒါ႐ိုက္တာမ်ိဳးကို Marvel က လိုခ်င္လိမ့္မယ္လို႔ ကြၽန္ေတာ္ေတာ့ မထင္ပါဘူး။ သူတို႔ဆီက ကမ္းလွမ္းခ်က္ကိုလည္း မေမွ်ာ္လင့္ထားပါဘူး။ အဲ့လို႐ုပ္ရွင္ပေရာ့ဂ်က္ႀကီးေတြကို ေကာင္းေကာင္း ကိုင္တြယ္ႏိုင္တဲ့ ဒါ႐ိုက္တာေကာင္းေတြ အမ်ားႀကီး ရွိပါတယ္။ ႐ုပ္ရွင္ေလာကႀကီးက ရႈပ္ေထြးတယ္လို႔ ထင္ရေပမယ့္ ဒါ႐ိုက္တာေတြနဲ႔ ပတ္သက္ရင္ေတာ့ ႐ိုးရွင္းတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္…” လို႔ Variety ရဲ႕ podcast အစီအစဥ္ျဖစ္တဲ့ The Big Ticket မွာ ဘုံဂြၽန္ဟိုက ေျပာထားပါတယ္။

Photo: youtube

Guardians of the Galaxy ဇာတ္ကားေတြကို ႐ိုက္ကူးတဲ့ ဒါ႐ိုက္တာ ဂ်ိမ္းစ္ဂန္းနဲ႔ Logan ကို ႐ိုက္ကူးတဲ့ ဒါ႐ိုက္တာ ဂ်ိမ္းစ္ မန္းဂိုးလ္ဒ္တို႔ရဲ႕ လက္ရာကို ႏွစ္သက္ေပမယ့္ သူကိုယ္တိုင္ကေတာ့ အဲ့ဒီ့လမ္းေၾကာင္းေပၚတက္ဖို႔ မစဥ္းစားထားဘူးလို႔ ဘုံဂြၽန္ဟိုက ဆိုပါတယ္။

“ကိုယ္ကြၽမ္းက်င္တဲ့အရာကို လုပ္တာ အေကာင္းဆုံးပါပဲ။ အဲ့ဒါေၾကာင့္လည္း ကြၽန္ေတာ္နဲ႔ Marvel က တစ္ဘက္နဲ႔တစ္ဘက္ သင့္ေတာ္တယ္လို႔ မထင္တာပါ။ ဒါက ကြၽန္ေတာ္ခံစားရတာကို ေျပာတာေပါ့ေနာ္ …” လို႔ ဆိုပါတယ္။ ဘုံဂြၽန္ဟိုဟာ အက်ႌက်ပ္က်ပ္ဝတ္တဲ့ လူေတြကို မႏွစ္ၿမိဳ႕တာေၾကာင့္ စူပါဟီး႐ိုး႐ုပ္ရွင္ေတြကေန ခပ္ေဝးေဝးမွာေနဖို႔ ဆုံးျဖတ္ထားတယ္လို႔လည္း အရင္တုန္းက ေျပာဖူးပါေသးတယ္။

“ကြၽန္ေတာ့္မွာ ပါဆင္နယ္ျပႆနာေလးတစ္ခု ရွိလို႔ပါ။ စူပါဟီး႐ိုး႐ုပ္ရွင္ေတြမွာ ျပသထားတဲ့ ဖန္တီးမႈလက္ရာေတြကို ကြၽန္ေတာ္ ေလးစားပါတယ္။ ဒါေပမယ့္ ႐ုပ္ရွင္ထဲမွာေရာ၊ ျပင္ပလက္ေတြ႕ ေလာကမွာပါ အက်ႌက်ပ္က်ပ္ဝတ္ထားတဲ့ လူေတြကို ကြၽန္ေတာ္ လုံးဝခံစားလို႔ မရလို႔ပါ။ ကြၽန္ေတာ္ကိုယ္တိုင္လည္း အဲ့လိုဘယ္ေတာ့မွ မဝတ္ပါဘူး။ အဲ့လို က်ပ္က်ပ္ထုပ္ထုပ္ႀကီး ဝတ္ထားတာကို ျမင္ရရင္လည္း စိတ္က ခံစားရတာ သိပ္ကိုခက္ခဲလွပါတယ္ …” လို႔ ေျပာခဲ့ဖူးတာပါ။

Photo: sparkchronicles

“ကြၽန္ေတာ့္မွာ ဘယ္ကို ၾကည့္လို႔ၾကည့္ရမွန္းကို မသိတာ။ သူတို႔ၾကည့္ၿပီး လူက အရမ္းမြန္းၾကပ္လာလို႔။ စူပါဟီး႐ိုးအမ်ားစုက ဝတ္စုံက်ပ္က်ပ္ေတြ ဝတ္ၾကတယ္ေလ။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္အေနနဲ႔လည္း စူပါဟီး႐ိုး႐ုပ္ရွင္ ႐ိုက္ဖို႔ဆိုတာ မျဖစ္ႏိုင္တာပါ။ သူတို႔ဘက္ကလည္း ကြၽန္ေတာ့္ကို အဲ့လိုပေရာ့ဂ်က္ေတြ ေပးၾကမယ္လို႔ မထင္ပါဘူး။ ဝတ္စုံခပ္ပြပြဝတ္တဲ့ စူပါဟီး႐ိုးမ်ိဳး ရွိမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္အေနနဲ႔ ႀကိဳးစားႏိုင္ေကာင္းပါတယ္ …” လို႔ ဆိုထားပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular