HomeCharacterJames Gunn ကြေညာသွားတဲ့ Plan ထဲက Booster Gold ဆိုတာ ဘယ်သူလဲ?

James Gunn ကြေညာသွားတဲ့ Plan ထဲက Booster Gold ဆိုတာ ဘယ်သူလဲ?

James Gunn ဟာ မကြာသေးခင်ကပဲ DCU ရဲ့ Chapter 1 မှာ ပါဝင်လာမယ့် ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲအချို့ကို ကြေညာခဲ့ပါတယ်။ အဲဒီ Plan ထဲမှာတော့ Booster Gold ဆိုတဲ့ ဇာတ်လမ်းတွဲလည်း ပါဝင်နေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ DCU ပရိသတ်တွေအတွက် ကောမစ်ထဲက Booster Gold ရဲ့အကြောင်း အနည်းငယ်ကို ဖော်ပြပေးချင်ပါတယ်။

ကောမစ် Origin

photo via screenrant

Booster Gold ကတော့ ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Booster Gold #1 ကောမစ်ထဲမှာ စတင်ပါဝင်လာခဲ့ပါတယ်။ သူ့ရဲ့အမည်အရင်းကတော့ Michael Carter ပဲ ဖြစ်ပြီး (၂၅)ရာစုနှစ်မှာ နေထိုင်နေတဲ့ ဂေါ်သမ်မြို့သားတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Origin ထဲမှာတော့ ဘာစူပါပါဝါမှ မရခဲ့သလို ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းတွေ တစ်ခုမှလည်း မလေ့ကျင့်ခဲ့ပါဘူး။

သူဟာ ထောင်ကလွတ်လာပြီးနောက်မှာ Metropolis မြို့ရဲ့ ပြတိုက်မှာ အလုပ်လုပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူဟာ ပြတိုက်မှာ မကြာခဏ ဖတ်ရှုနေရတဲ့ Justice League အဖွဲ့ဝင်တွေလိုမျိူး ဖြစ်ချင်လာတာကြောင့် ပြတိုက်ကနေ နည်းပညာတစ်ခုကို ခိုးယူခဲ့ပါတယ်။ Michael ဟာ အချိန်ခရီးသွားစက်ကို အသုံးပြုကာ (၂၀)ရာစုနှစ်ရဲ့ ဂန္ထဝင် စူပါဟီးရိုးတွေထဲကတစ်ယောက် ဖြစ်လာအောင် ကြိုးစားပါတော့တယ်။ သူ့ရဲ့အကြံကတော့ ရိုးရိုးရှင်းရှင်းပဲ ဖြစ်ပြီး (၂၅)ရာစုနှစ်ရဲ့ နည်းပညာတွေကို အသုံးပြုကာ အခြား Justice League အဖွဲ့ဝင်တွေနဲ့အတူ ဂန္ထဝင်စူပါဟီးရိုး ဖြစ်လာအောင် ကြိုးစားဖို့ပါပဲ။

စွမ်းအားများ

photo via screenrant

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Michael ဟာ ဘာစွမ်းအားမှမရှိတဲ့ သာမန်လူသားတစ်ယောက် ဖြစ်ပြီး သူ့ရဲ့ Booster Gold ဝတ်စုံကြောင့် အထင်ကြီးစရာကောင်းတဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ရရှိထားပါတယ်။ ဒီဝတ်စုံကြောင့်ပဲ သူဟာ လေပေါ်ပျံနိုင်သလို ရွှေရောင် Energy တွေလည်း ပစ်လွှတ်နိုင်ပါတယ်။

ဒါ့အပြင် အချိန်ခရီးသွားမှုကြောင့် ဖြစ်လာတဲ့ Paradox တွေကို ခုခံနိုင်တဲ့ Time Dilatation Zone ကိုလည်း ဖန်တီးနိုင်ပါသေးတယ်။ ဒါတင်မကသေးဘဲ Skeets ဆိုတဲ့ A.I ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ Skeets ဟာ ဘယ်လိုအခက်အခဲမျိူးကိုမဆို စက္ကန့်ပိုင်းအတွင်းမှာတင် ဖြေရှင်းနည်းကို ရှာဖွေပေးနိုင်ပါတယ်။ Booster Gold ကတော့ DC ကောမစ်ထဲက အဖြစ်အပျက်တွေအများစုမှာ အရေးကြီးတဲ့နေရာက ပါဝင်နေပြီး DCU ထဲမှာတော့ ဘယ်လိုပုံစံနဲ့ ပါဝင်လာမယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular