HomeCelebs Update NewsInternationalBot တွေရဲ့ မဲအတုတွေ ပါဝင်နေတယ်ဆိုတဲ့ Zack Snyder ရဲ့ Fan Favorite နဲ့ Cheer Moment

Bot တွေရဲ့ မဲအတုတွေ ပါဝင်နေတယ်ဆိုတဲ့ Zack Snyder ရဲ့ Fan Favorite နဲ့ Cheer Moment

၂၀၂၂ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲမှာတော့ Fan Favorite နဲ့ Cheer Moment ဆိုပြီး ပရိသတ်တွေရဲ့ Vote နဲ့ ရွေးချယ်တဲ့ Category နှစ်ခု တိုးလာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ရဲ့ ပရိသတ်တွေအကြိုက်ဆုံး ရုပ်ရှင်ကတော့ ပရိသတ်တွေ မျှော်လင့်ထားသလို Spider-Man: No Way Home ဖြစ်မလာဘဲ Army of the Dead ရုပ်ရှင်က ရရှိသွားပါတယ်။

photo via screenrant

Cheer Moment ကလည်း Zack Snyder’s Justice League ထဲက Flash ရဲ့ အချိန်နောက်ပြန်ဆုတ်လိုက်တဲ့ ဇာတ်ဝင်ခန်းက ရရှိခဲ့ပါတယ်။ ဒီရုပ်ရှင်နှစ်ကားလုံးကိုတော့ ဒါရိုက်တာ Zack Snyder က ရိုက်ကူးခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာတော့ ဒီ Category နှစ်ခုကို ရရှိသွားတဲ့ ရုပ်ရှင်နှစ်ကားလုံးအတွက် ပေးခဲ့တဲ့ Vote တွေထဲမှာ Bot တွေရဲ့ မဲအတုတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

The Warp သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီရုပ်ရှင်နှစ်ကားကို ပေးခဲ့တဲ့ Vote တွေထဲမှာ Bot တွေရဲ့ အော်တို vote တွေ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ယခုအချိန်ထိတော့ တရားဝင် ထုတ်ပြန်မှုတွေ မပြုလုပ်သေးပါဘူး။ Hashtag တွေကို ခြေရာခံတဲ့ Tool တစ်ခုဖြစ်တဲ့ Tweetbinder အရ ဆိုရင်လည်း ဒီ Poll နှစ်ခုထဲမှာ အများဆုံး ပါဝင်နေတဲ့ Vote တွေဟာ Bot တွေနဲ့ ပရိုဂရမ်လုပ်ပြီး ခိုင်းစေထားတဲ့ အလိုလျောက် Vote တွေ ဖြစ်နေကာ အရေအတွက်အားဖြင့် ထောင်နဲ့ချီ ပါဝင်နေတယ်လို့လည်း သိရပါတယ်။

photo via screenrant

ဒါတင်မကသေးဘဲ Bot တွေကို လေ့လာနေတဲ့ Maryland University ရဲ့ ပါမောက္ခ David Kirsch ကလည်း “ဒီအကောင့်တွေက သေချာပေါက် လူတွေသုံးနေတဲ့ အကောင့်တွေ မဟုတ်ပါဘူး …” လို့ ပြောခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အားလုံးက bot တွေ ဖြစ်နေတယ်လို့တော့ မပြောခဲ့ပါဘူး။ လက်ရှိအချိန်ထိတော့ Academy ဟာ Poll ရဲ့ ရလဒ်အတိုင်းပဲ လက်ခံထားပြီး ရှေ့နှစ်မှာတော့ ဒီ Category နှစ်ခုကို ဆက်လက် ထည့်သွင်းသွားဖို့ မသေချာတော့ပါဘူး။ အကယ်၍ ဒီသတင်းကလည်း မှန်ကန်နေပြီး ဒီ Category နှစ်ခုကို ဆက်လက် ထည့်သွင်းသွားဦးမယ်ဆိုရင်တော့ Voting စနစ်ကို ပြောင်းလဲမှုတွေ ပြုလုပ်သွားမယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular