HomeEntertainmentFilmရုံတင်ချိန် တစ်ပတ်အတွင်းမှာတင် Box Office ဒေါ်လာသန်း(၆၀၀) ကျော်သွားတဲ့ Avatar 2

ရုံတင်ချိန် တစ်ပတ်အတွင်းမှာတင် Box Office ဒေါ်လာသန်း(၆၀၀) ကျော်သွားတဲ့ Avatar 2

Avatar: The Way of Water ကတော့ ရုံတင်ပြီး တစ်ပတ်အကြာမှာတင် ဒေါ်လာသန်း(၆၀၀) ကျော် ရရှိထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Sam Worthington နဲ့ Zoe Saldana တို့ နှစ်ယောက် ပြန်လည်ပါဝင်လာပြီး ဇာတ်လမ်းကတော့ လူသားတွေဟာ Na’vi တွေအားလုံးကို အမြစ်ပြတ်သုတ်သင်ပစ်ဖို့ Pandora ကို ပြန်လာကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ရုံတင်ငွေဟာ မျှော်လင့်ထားသလောက် မများပေမယ့်လည်း တစ်ပတ်အတွင်းမှာ သန်း(၆၀၀)ကျော် ဆိုတာကတော့ နည်းတဲ့ ပမာဏတော့ မဟုတ်ပါဘူး။

photo via screenrant

ယခုနှစ်အတွင်း ဗုဒ္ဓဟူးနေ့မှာ ရုံတင်တဲ့ ဇာတ်ကားတွေထဲမှာ ပထမဆုံးအဖွင့်ရက်အတွက် ဒုတိယမြောက် ရုံတင်ဝင်ငွေအများဆုံး ဖြစ်နေတယ်လို့ The Hollywood Reporter သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီရုပ်ရှင်ကတော့ အမေရိကန်နိုင်ငံအတွင်းမှာ ဒေါ်လာ (၁၈၂.၉)သန်း ရရှိထားပြီး ပြည်ပမှာတော့ ဒေါ်လာ(၄၂၆.၈)သန်း ရရှိထားပါတယ်။ ပေါင်းလိုက်ရင်တော့ ဒီရုပ်ရှင်ရဲ့ တစ်ပတ်အတွင်း ရုံတင်ဝင်ငွေဟာ ဒေါ်လာ (၆၀၉.၇)သန်း ရရှိထားပါတယ်။

လောလောဆယ်မှာတော့ Avatar: The Way of Water ရုပ်ရှင်ဟာ နိုင်ငံတကာမှာ လူစိတ်ဝင်စားခံနေရပြီး Box Office မှာလည်း အောင်မြင်မှုတွေ ရရှိနေပါတယ်။ ဒါ့အပြင် ကိုဗစ်အပြီးမှာတော့ အမေရိကန်ရုပ်ရှင်တွေ အများစုဟာ တရုတ်နိုင်ငံမှာ ရုံတင်ခွင့်မရခဲ့ပါဘူး။ တရုတ်နိုင်ငံဟာ ရုံတင်ဝင်ငွေအများဆုံး ရရှိတဲ့ နိုင်ငံဖြစ်ပြီး ဒီရုပ်ရှင်ကတော့ တရုတ်နိုင်ငံမှာ ရုံတင်ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ်ရဲ့ ဝင်ငွေအများဆုံးရုပ်ရှင်တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

photo via screenrant

အကြောင်းကတော့ ဒီရုပ်ရှင်ရဲ့ ရုံတင်ချိန်ဟာ နှစ်ကုန်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တာကြောင့် ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေကြားမှာ အလွန်ရေပန်းစားတဲ့ ရုပ်ရှင် ဖြစ်လာမယ် ဆိုတာ သံသယတောင် ဖြစ်စရာ မလိုပေမယ့်လည်း ဒါရိုက်တာ James Cameron ကိုယ်တိုင်က ဒီရုပ်ရှင်ဟာ ဝင်ငွေအများဆုံးရုပ်ရှင် ဖြစ်လာမှသာ အမြတ်ငွေ ရရှိမှာပါလို့ ပြောခဲ့ပါတယ်။ ဒါကြောင့်ပဲ Avatar: The Way of Water ရုပ်ရှင်ဟာ Box Office (၂)ဘီလျံကျော်မှသာ Disney စတူဒီယိုအတွက် အမြတ်အစွန်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular