HomeEntertainmentFilmBlack Panther 2 ထဲမှာ လုံးဝမတူညီတဲ့ ဇာတ်သိမ်းတစ်ခု ရှိခဲ့တဲ့ Okoye

Black Panther 2 ထဲမှာ လုံးဝမတူညီတဲ့ ဇာတ်သိမ်းတစ်ခု ရှိခဲ့တဲ့ Okoye

သရုပ်ဆောင် Danai Gurira ဟာ Black Panther: Wakanda Forever ထဲက သူမရဲ့ဇာတ်ရုပ် Okoye အတွက် လုံးဝမတူညီတဲ့ ဇာတ်သိမ်းတစ်ခု ရှိခဲ့တဲ့အကြောင်း ပြောပြလိုက်ပါတယ်။ Okoye ဇာတ်ရုပ်ကတော့ သူမရဲ့ကြမ်းတမ်းခက်ထန်တဲ့ သွင်ပြင်မူရာနဲ့ တာဝန်စောင့်သိတဲ့ ခံယူချက်တွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားသူ ဖြစ်ပါတယ်။ သို့သော်လည်း Wakanda Forever ထဲမှာတော့ Okoye ဟာ Shuri ကို မကူညီနိုင်ခဲ့တဲ့အတွက် Dora Miljae စစ်သည်တော်အဖွဲ့ထဲက ထုတ်ပယ်ခံလိုက်ရပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Deadline သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ သရုပ်ဆောင် Danai Gurira ဟာ Wakanda Forever ထဲမှာ ပရိသတ်တွေ မြင်တွေ့ခဲ့ရတဲ့ Okoye ရဲ့ ဇာတ်သိမ်းနဲ့ လုံးဝမတူညီတဲ့ ဇာတ်သိမ်းတစ်ခု ရှိခဲ့တဲ့အကြောင်း ပြောပြသွားပါတယ်။ အဲဒီဇာတ်သိမ်းကတော့ Okoye ဟာ Dora Miljae အဖွဲ့ဆီကိုလည်း ပြန်မသွားတော့ဘဲ တစ်ယောက်တည်း ခြေဦးတည့်ရာကို ထွက်သွားတယ်လို့ ဆိုပါတယ်။ သို့သော်လည်း အဲဒီအခန်းဟာ တကယ့်ရုပ်ရှင်ထဲမှာ မပါဝင်ဘဲ ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Marvel Studios/ Disney Studios

“ပြီးတော့ ကျွန်မရဲ့ကာရိုက်တာမှာ တကယ့်အရေးကြီးတဲ့ ပွိုင့်တွေလည်း ကျန်ခဲ့ပါသေးတယ်။ ဘာလည်းဆိုတော့ ကျွန်မကာရိုက်တာက Shuri ကို တကယ်ကြီး နှုတ်ဆက်သွားတာပေါ့။ ပြီးတော့ မမျှော်လင့်ဘဲ သူနဲ့ ဟေတီမှာ သွားတွေ့ကြတယ်။ ရှင် Dora Miljae တွေဆီ ပြန်သွားမှာလားလို့ Shuri က မေးတာပေါ့။ ဒါပေမယ့် Okoye ကတော့ မသွားဘူးလို့ ဖြေလိုက်တယ် …”

“အဲဒီတော့ သူက ထပ်မေးတယ်။ ဒါဆို ဘယ်ကိုသွားမှာလဲတဲ့။ ငါ့ရဲ့အပြာရောင်ဝတ်စုံက ခေါ်သွားတဲ့ဆီကို သွားရုံပေါ့လို့ Okoye က ပြောပြီး ဒီတိုင်း ထွက်သွားတာပဲ။ အဲဒီအခိုက်အတန့်‌လေးက သိပ်လှပတယ်။ သူတို့တွေ့ပြီး အသီးသီး ထွက်သွားကြတာပေါ့။ ဒါပေမယ့် ဒါရိုက်တာ Coogler ကတော့ သူတို့အလျှိုအလျှို ထွက်သွားကြတာမျိုးက ကွန်ဖူးရုပ်ရှင်နဲ့ တူတယ်လို့ ပြောတယ် …”

“ဒါပေမယ့် သူကတော့ အဲဒီဇာတ်သိမ်းမှာ ဒီတိုင်းထွက်သွားခဲ့တာပဲ။ Okoye တစ်ယောက် ဘယ်သွားတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ပြောရရင်တော့ လက်လွှတ်လိုက်တဲ့ သဘောပါပဲ။ အဲဒီနေရာအတွက် သူတိုက်ခိုက်ခဲ့ပေမယ့် နောက်တော့ လက်လွှတ်ပေးလိုက်တဲ့ပုံစံပါပဲ။ ဒါကတော့ သူ့ရဲ့ character arc ပေါ့နော် …” လို့ သရုပ်ဆောင် Danai Gurira က ပြောထားပါတယ်။

Photo Credit: Marvel Studios/ Disney Studios

ကောမစ်ထဲမှာတော့ Okoye ကာရိုက်တာဟာ Black Panther Vol.3 No.1 ထဲမှာ စတင်ပြီး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ဇာတ်ဝင်ခန်းများစွာမှာ ပါဝင်ခဲ့ပြီး T’Challa အပေါ်မှာ သစ္စာအရှိဆုံး Dora Miljae အဖွဲ့ဝင်ဖြစ်ရုံမက တခြားအဖွဲ့ဝင်တွေနဲ့မတူဘဲ ဘုရင်ကြီးနဲ့ လက်ဆက်လိုစိတ်မရှိသူလည်း ဖြစ်ပါတယ်။

ဒီဇာတ်ရုပ်ဟာ ပထမဆုံး Black Panther ရုပ်ရှင်ထဲမှာ Danai Gurira က သရုပ်ဆောင်ပြီးနောက်မှာတော့ ပရိသတ်တွေကြားမှာ ရေပန်းစားလာပါတယ်။ အဲဒီနောက်ပိုင်းကစတင်လို့ သူမဟာ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ အာဖရိကန်-အမေရိကန် အမျိုးသမီးတွေရဲ့ စံပြပုဂ္ဂိုလ်အဖြစ်လည်း မြင်ခံလာရပါတယ်။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular