HomeEntertainmentFilmBlack Panther 2 ရဲ့ ဇာတ်လမ်းအကျဉ်းချုပ် Marvel ထုတ်ပြန် 

Black Panther 2 ရဲ့ ဇာတ်လမ်းအကျဉ်းချုပ် Marvel ထုတ်ပြန် 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

စူပါဟီးရိုးရုပ်ရှင်ချစ်သူတွေ စောင့်မျှော်နေကြတဲ့ Black Panther 2 ရုပ်ရှင်ရဲ့ တရားဝင် ဇာတ်လမ်းအကျဉ်းချုပ်ကို Marvel က ထုတ်ပြန်လိုက်ပါတယ်။ အသစ်ထွက်ရှိလာမယ့် ဒီဇာတ်ကားရဲ့ အမည်ကတော့ Black Panther: Wakanda Forever လို့ သိရပါတယ်။

Captain America: Civil War ဇာတ်ကားထဲမှာ ပရိသတ်တွေနဲ့ စတင်ရင်းနှီး ကျွမ်းဝင်ခဲ့တဲ့ Wakanda နိုင်ငံရဲ့အကြောင်းကို ပွဲဦးထွက် Black Panther ဇာတ်ကားထဲမှာ ပိုပြီးအသေးစိတ်ကျကျ သိရှိခဲ့ကြရပါတယ်။

©Disney/ Marvel Studios

ဒီလိုနဲ့ Avengers: Infinity War ထဲမှာတော့ Wakanda ဟာ ပိုပြီးအဓိကကျတဲ့ နေရာကနေ ပါဝင်ခဲ့ပါတယ်။ အဲ့ဒါကတော့ Marvel ပရိသတ်တွေကြားမှာ အလွန်ကျော်ကြားခဲ့တဲ့ Thanos ရဲ့ လက်ဖျောက်တီးတဲ့ အဖြစ်အပျက်နဲ့ စူပါဟီးရိုးတွေရဲ့ တိုက်ပွဲဟာ Wakanda မြေပေါ်မှာ ဖြစ်ပျက်ခဲ့တာကြောင့်ပါပဲ။

တကယ်တော့ Black Panther 2 ရဲ့ ထုတ်လုပ်ရေးအပိုင်းကို ၂၀၁၈ နှစ်ကုန်ပိုင်းလောက်တည်းက တရားဝင် စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းပိုင်းနဲ့ ရိုက်ကူးရေးကိုတော့ ဒါရိုက်တာ Ryan Coogler က တာဝန်ယူထားတာပါ။ သို့ပေမယ့် မမျှော်လင့်ဘဲ Black Panther ရဲ့ အဓိကဇာတ်ကောင်နေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Chadwick Boseman ဟာ ၂၀၂၀ခုနှစ် ဩဂုတ်လမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ Black Panther 2 ရဲ့ မူလအစီအစဉ်တွေကို ပြောင်းလဲပစ်ခဲ့ရပါတယ်။

©Disney/ Marvel Studios

ယခုလာမယ့် Black Panther 2 ရဲ့ ထူးခြားချက်ကတော့ T’Challa နေရာမှာ အခြားသရုပ်ဆောင်တစ်ယောက်ကို အစားထိုး ရွေးချယ်တော့မှာ မဟုတ်ဘူးလို့ ကြေညာထားတာပါပဲ။ ဇာတ်ကားရဲ့ ရိုက်ကူးရေးကိုတော့ ယခုနှစ် နွေရာသီမှာ စတင်မယ်လို့ သိရပြီး ဇာတ်လမ်းပိုင်းနဲ့ ပတ်သက်လို့ကတော့ အထူးပဲ လျှို့ဝှက်ထားတာကို တွေ့ရပါတယ်။

Black Panther 2 နဲ့ ပတ်သက်လို့ တရားဝင် ရုပ်ရှင်အမည်၊ လိုဂိုနဲ့ ရုံတင်ရက်တွေကိုသာ Marvel က ကြေညာထားပြီး မကြာသေးခင်ကမှ ဇာတ်လမ်းအကျဉ်းချုပ်ကို ကြေညာပေးလိုက်တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Wakanda နိုင်ငံနဲ့ ပရိသတ်တွေရဲ့ အချစ်တော် ဇာတ်ကောင်တွေကို ပိုပြီးအာရုံထားကာ ပြသသွားမှာ ဖြစ်ပါတယ်။

©Disney/ Marvel Studios

“Marvel Studio က ထုတ်လုပ်မယ့် Black Panther: Wakanda Forever ဟာ နှိုင်းယှဉ်မရနိုင်တဲ့ Wakanda နိုင်ငံနဲ့ ပထမဇာတ်ကားမှာ မိတ်ဆက်ပေးခဲ့တဲ့ ထူးခြားပြီး ကြွယ်ဝတဲ့‌ ဇာတ်ကောင်စရိုက်မျိုးစုံတို့ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် တင်ဆက်သွားမှာ ဖြစ်ပါတယ်။ Black Panther ဇာတ်ကားကို ရိုက်ကူးဖန်တီးပေးခဲ့တဲ့ ဒါရိုက်တာ Ryan Coogler ကပဲ ယခု ဒုတိယဇာတ်ကားကို ဇာတ်လမ်းရေးသားပေးပြီး ရိုက်ကူးပေးသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ၂၀၂၂ခုနှစ် ဇူလိုင်လ(၈)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ် …. ” လို့ Marvel ရဲ့ ဇာတ်လမ်းအကျဉ်းချုပ်က ဖော်ပြထားပါတယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ Marvel ဟာ Black Panther 2 ရဲ့ ဇာတ်လမ်းနဲ့ ပတ်သက်လို့ ဘာကိုမျှ မဖော်ပြထားပေမယ့် ဒီအချက်ကိုက ပရိသတ်တွေအတွက် Wakanda နဲ့ ပတ်သက်ပြီး ရင်ခုန်စေမယ်ဆိုတာကတော့ မလွဲပါဘူး။

Linda December

Source: screenrant

(Zawgyi Version)

စူပါဟီး႐ိုး႐ုပ္ရွင္ခ်စ္သူေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ Black Panther 2 ႐ုပ္ရွင္ရဲ႕ တရားဝင္ ဇာတ္လမ္းအက်ဥ္းခ်ဳပ္ကို Marvel က ထုတ္ျပန္လိုက္ပါတယ္။ အသစ္ထြက္ရွိလာမယ့္ ဒီဇာတ္ကားရဲ႕ အမည္ကေတာ့ Black Panther: Wakanda Forever လို႔ သိရပါတယ္။

Captain America: Civil War ဇာတ္ကားထဲမွာ ပရိသတ္ေတြနဲ႔ စတင္ရင္းႏွီး ကြၽမ္းဝင္ခဲ့တဲ့ Wakanda ႏိုင္ငံရဲ႕အေၾကာင္းကို ပြဲဦးထြက္ Black Panther ဇာတ္ကားထဲမွာ ပိုၿပီးအေသးစိတ္က်က် သိရွိခဲ့ၾကရပါတယ္။

©Disney/ Marvel Studios

ဒီလိုနဲ႔ Avengers: Infinity War ထဲမွာေတာ့ Wakanda ဟာ ပိုၿပီးအဓိကက်တဲ့ ေနရာကေန ပါဝင္ခဲ့ပါတယ္။ အဲ့ဒါကေတာ့ Marvel ပရိသတ္ေတြၾကားမွာ အလြန္ေက်ာ္ၾကားခဲ့တဲ့ Thanos ရဲ႕ လက္ေဖ်ာက္တီးတဲ့ အျဖစ္အပ်က္နဲ႔ စူပါဟီး႐ိုးေတြရဲ႕ တိုက္ပြဲဟာ Wakanda ေျမေပၚမွာ ျဖစ္ပ်က္ခဲ့တာေၾကာင့္ပါပဲ။

တကယ္ေတာ့ Black Panther 2 ရဲ႕ ထုတ္လုပ္ေရးအပိုင္းကို ၂၀၁၈ ႏွစ္ကုန္ပိုင္းေလာက္တည္းက တရားဝင္ စတင္ခဲ့တာ ျဖစ္ပါတယ္။ ဒီဇာတ္ကားရဲ႕ ဇာတ္လမ္းပိုင္းနဲ႔ ႐ိုက္ကူးေရးကိုေတာ့ ဒါ႐ိုက္တာ Ryan Coogler က တာဝန္ယူထားတာပါ။ သို႔ေပမယ့္ မေမွ်ာ္လင့္ဘဲ Black Panther ရဲ႕ အဓိကဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္တဲ့ မင္းသား Chadwick Boseman ဟာ ၂၀၂၀ခုႏွစ္ ဩဂုတ္လမွာ ကြယ္လြန္သြားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Black Panther 2 ရဲ႕ မူလအစီအစဥ္ေတြကို ေျပာင္းလဲပစ္ခဲ့ရပါတယ္။

©Disney/ Marvel Studios

ယခုလာမယ့္ Black Panther 2 ရဲ႕ ထူးျခားခ်က္ကေတာ့ T’Challa ေနရာမွာ အျခားသ႐ုပ္ေဆာင္တစ္ေယာက္ကို အစားထိုး ေ႐ြးခ်ယ္ေတာ့မွာ မဟုတ္ဘူးလို႔ ေၾကညာထားတာပါပဲ။ ဇာတ္ကားရဲ႕ ႐ိုက္ကူးေရးကိုေတာ့ ယခုႏွစ္ ေႏြရာသီမွာ စတင္မယ္လို႔ သိရၿပီး ဇာတ္လမ္းပိုင္းနဲ႔ ပတ္သက္လို႔ကေတာ့ အထူးပဲ လွ်ိဳ႕ဝွက္ထားတာကို ေတြ႕ရပါတယ္။

Black Panther 2 နဲ႔ ပတ္သက္လို႔ တရားဝင္ ႐ုပ္ရွင္အမည္၊ လိုဂိုနဲ႔ ႐ုံတင္ရက္ေတြကိုသာ Marvel က ေၾကညာထားၿပီး မၾကာေသးခင္ကမွ ဇာတ္လမ္းအက်ဥ္းခ်ဳပ္ကို ေၾကညာေပးလိုက္တာ ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ Wakanda ႏိုင္ငံနဲ႔ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ဇာတ္ေကာင္ေတြကို ပိုၿပီးအာ႐ုံထားကာ ျပသသြားမွာ ျဖစ္ပါတယ္။

©Disney/ Marvel Studios

“Marvel Studio က ထုတ္လုပ္မယ့္ Black Panther: Wakanda Forever ဟာ ႏႈိင္းယွဥ္မရႏိုင္တဲ့ Wakanda ႏိုင္ငံနဲ႔ ပထမဇာတ္ကားမွာ မိတ္ဆက္ေပးခဲ့တဲ့ ထူးျခားၿပီး ႂကြယ္ဝတဲ့‌ ဇာတ္ေကာင္စ႐ိုက္မ်ိဳးစုံတို႔ကို ပိုၿပီးက်ယ္က်ယ္ျပန႔္ျပန႔္ တင္ဆက္သြားမွာ ျဖစ္ပါတယ္။ Black Panther ဇာတ္ကားကို ႐ိုက္ကူးဖန္တီးေပးခဲ့တဲ့ ဒါ႐ိုက္တာ Ryan Coogler ကပဲ ယခု ဒုတိယဇာတ္ကားကို ဇာတ္လမ္းေရးသားေပးၿပီး ႐ိုက္ကူးေပးသြားမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ ၂၀၂၂ခုႏွစ္ ဇူလိုင္လ(၈)ရက္ေန႔မွာ ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္ …. ” လို႔ Marvel ရဲ႕ ဇာတ္လမ္းအက်ဥ္းခ်ဳပ္က ေဖာ္ျပထားပါတယ္။

ေမွ်ာ္လင့္ထားတဲ့အတိုင္းပဲ Marvel ဟာ Black Panther 2 ရဲ႕ ဇာတ္လမ္းနဲ႔ ပတ္သက္လို႔ ဘာကိုမွ် မေဖာ္ျပထားေပမယ့္ ဒီအခ်က္ကိုက ပရိသတ္ေတြအတြက္ Wakanda နဲ႔ ပတ္သက္ၿပီး ရင္ခုန္ေစမယ္ဆိုတာကေတာ့ မလြဲပါဘူး။

Linda December

Source: screenrant

 

RELATED ARTICLES

Most Popular