HomeCharacterBlack Panther ရဲ့ ပထမဆုံးဝတ်စုံဟာ အမည်းရောင် မဟုတ်ပါဘူး။

Black Panther ရဲ့ ပထမဆုံးဝတ်စုံဟာ အမည်းရောင် မဟုတ်ပါဘူး။

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Black Panther ရဲ့ ဝတ်စုံဟာ Marvel ဇာတ်ကောင်တွေရဲ့ ကြည့်အကောင်းဆုံး ဝတ်စုံတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပြီးတော့ သူ့ရဲ့ဝတ်စုံဟာ ကြည့်ကောင်းရုံသက်သက် မဟုတ်ဘဲ တိုက်ခိုက်တာရော ကာကွယ်တဲ့နေရာမှာ အသုံးဝင်တဲ့ ဝတ်စုံတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ဝတ်စုံဟာ vibranium နဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး MCU ထဲမှာတော့ သူ့ရဲ့ညီမ Shuri ဟာ အဲ့ဒီဝတ်စုံကို ပိုပြီးအစွမ်းထက်လာအောင် ပုံမှန် အဆင့်မြင့်ပေးခဲ့ပါတယ်။ ကောမစ်ထဲမှာဆိုရင်တော့ ကျွန်တော်တို့ အခုသိထားတဲ့ Black Panther ရဲ့ ဝတ်စုံပုံစံ ဖြစ်လာဖို့အတွက် ပုံစံအမျိူးမျိူးနဲ့ အဆင့်ဆင့်ပြောင်းလဲလာခဲ့ပြီးတော့ သူ့ရဲ့ပထမဆုံး ဝတ်စုံကတော့ အမည်းရောင်လည်း မဟုတ်သလို အခုလိုပုံစံလည်း မဟုတ်ပါဘူး။

Jack Kirby ဟာ Black Panther ကိုဖန်တီးဖို့အတွက် ပထမဆုံးအကြံရခဲ့သူ ဖြစ်ပြီး အစတုန်းက ဒီဇာတ်ကောင်ကို ပေးဖို့အတွက် စဉ်းစားခဲ့ နာမည်ကတော့ Black Panther မဟုတ်ပါဘူး။ ဒီဇာတ်ကောင်ကိုတော့ Kirby နဲ့ Stan Lee တို့က ဖန်တီးခဲ့တာ ဖြစ်ပြီး သူပထမဆုံး စဉ်းစားမိခဲ့တဲ့ နာမည်ကတော့ Coal Tiger ဖြစ်ပါတယ်။ အဲ့ဒီနာမည်နဲ့ ဒီဇာတ်ကောင်ရဲ့ ပထမဆုံးပုံစံကတော့ လုံးဝကို ငြင်းပယ်ခံ ခဲ့ရပါတယ်။

photo via screenrant

Kirby ပထမဆုံး ဖန်တီးခဲ့တဲ့ ဒီဇာတ်ကောင်ရဲ့ ပုံစံကတော့ ပိုပြီးတော့ အရောင်စုံစုံလင်လင် ထည့်သွင်းထားပါတယ်။ သူ့ရဲ့လက်နေရာနဲ့ ခြေထောက်နေရာမှာ အမည်းရောင် ဖြစ်နေပေမယ့်လည်း ခန္ဓာကိုယ်နေရာမှာတော့ အဝါရောင် ခပ်တောက်တောက်ကို အမည်းရောင် အစင်းကြားတွေ ထည့်သွင်းထားပါတယ်။ အဲ့ဒီခေတ်တုန်းက စူပါဟီးရိုးတွေ တော်တော်များများဟာ အတွင်းခံဘောင်းဘီကို အပြင်မှာ ထုတ်ဝတ်ထားသလို ပုံစံမျိူးတွေ ဖန်တီးလေ့ရှိပြီး အဲ့ဒီနေရာမှာတော့ အဝါရောင်နဲ့ အမည်းရောင် အစင်းကြားတွေ ထည့်သွင်းထားတဲ့အပြင် လက်အိတ်နဲ့ ခြေအိတ်နေရာတွေမှာလည်း အဝါနဲ့အမည်းတို့ကို ထည့်သွင်းထားပါတယ်။ ဒါ့အပြင် အင်္ဂလိပ်စာလုံး T ပါတဲ့ ခါးပတ်အကြီးကြီးကိုလည်း ဝတ်ဆင်ထားပေမယ့် အဲ့ဒီပုံစံမှာ မျက်နှာဖုံးတော့ မပါခဲ့ပါဘူး။

LA ထဲမှာ မပါဝင်ပေမယ့်လည်း သူဟာ ဝတ်ရုံအတိုလေးကို ဝတ်ဆင်ထားပြီး အဲ့ဒါကို Panther Cape လို့ ခေါ်ပါတယ်။ အဲ့ဒီဝတ်ရုံကိုတော့ သူ့ရဲ့ရင်ဘက်မှာ ခါးပတ်လိုအရာနဲ့ ချိတ်ဆက်ထားပါတယ်။ သူ့ရဲ့ဝတ်စုံကို အကျဉ်းချုံး ကြည့်လိုက်ရင်တော့ ပုံစံကို လှရုံသက်သက် လုပ်ထားသလို ဖြစ်နေပြီးတော့ အမှောင်ထဲမှာဆိုရင် သူ့ရဲ့ဝတ်စုံကြောင့် ထင်းကနဲ မြင်နေရမှာ ဖြစ်ပါတယ်။ အဲ့လိုအချက်တွေကြောင့်လည်း အခုဒီဇိုင်းနဲ့ နာမည်ဟာ ငြင်းပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ဒီဇာတ်ကောင်ကို Black Panther လို့ နာမည်ပြောင်းလဲခဲ့ပြီး Kirby ဟာ ဒီဇိုင်းပုံစံအသစ်ကို ပြန်လည်ဖန်တီးခဲ့ပါတယ်။ အဲ့လိုနဲ့ ၁၉၆၆ ခုနှစ်မှာ ထွက်ခဲ့တဲ့ Fantastic Four #52 မှာတော့ Black Panther ဟာ Marvel ကောမစ်လောကထဲကို စတင်ဝင်ရောက် လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီတုန်းက ပုံစံကလည်း အခုပရိသတ်တွေ သိထားတဲ့ Black Panther ပုံစံနဲ့ အတော် ကွာခြားနေသေးပါတယ်။ ဝတ်စုံရဲ့အရောင်ကတော့ ပြောင်းလဲသွားပြီး အမည်းရောင်ထက် မီးခိုးရောင် ဖြစ်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူဟာ မျက်နှာဖုံးကို ဝတ်ဆင်လာခဲ့ပေမယ့်လည်း မျက်နှာဖုံးမှာ ပါဝင်တဲ့ နှားရွက်နေရာက ဝိုင်းတဲ့ ပုံသဏ္ဍာန် ဖြစ်နေတာကြောင့် သူ့ရဲ့ပုံစံဟာ ဝက်ဝံရုပ်နဲ့ ပိုပြီးတော့ ဆင်တူနေပါတယ်။ ဒါ့အပြင် မျက်နှာဖုံးဟာ အခုလိုမျိူး မျက်နှာတစ်ခုလုံး မဖုန်းဘဲ Captain America ရဲ့မျက်နှာဖုံးပုံစံလိုမျိူး ရေးဆွဲခဲ့ပါတယ်။

photo via screenrant

အဲ့ဒီနောက်ပိုင်းမှာတော့ သူဟာ ပရိသတ်တွေကြားထဲမှာ ရေပန်းစားလာပြီးတော့ Avengers တို့လို တစ်ခြား ကောမစ်တွေမှာပါ ပါဝင်လာခဲ့ပါတယ်။ တစ်ခြားဟီးရိုးတွေလိုမျိူး မတူညီတဲ့ အနုပညာရှင်တွေဟာ အချိန်တွေ ကြာလာတဲ့အမျှ သူ့ရဲ့ဒီဇိုင်းတွေကို ပြောင်းလဲရေးဆွဲခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ Avengers #52 ထဲမှာတော့ သူ့ရဲ့ပုံစံဟာ အနည်းငယ် ပြောင်းလဲသွားခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ရဲ့ဝတ်စုံဟာ နက်ပြာရောင်ဖြစ်သွားပြီး မျက်နှာဖုံးကလည်း အရင်လိုပုံစံပဲ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီပုံစံကတော့ DC ဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Catwoman ရဲ့ ယောကျာ်းဗားရှင်းပုံစံမျိူး ဖြစ်နေခဲ့ပါတယ်။

အပေါ်မှာ ဖော်ပြခဲ့သလိုမျိူး သူ့ရဲ့ဒီဇိုင်းနဲ့ ပုံစံတွေဟာ ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့ပါတယ်။ အဲ့လိုနဲ့ နောက်ပိုင်းမှာတော့ သူဟာ စတင်ဖန်တီးခဲ့ကတည်း ပါဝင်ခဲ့တဲ့ သူ့ရဲ့ဝတ်ရုံကတော့ မပါဝင်တော့ပါဘူး။ အဲ့ဒီနောက်ပိုင်းမှာလည်း သူ့ရဲ့ဝတ်ရုံကို ပြန်လည် ထည့်သွင်းခဲ့ပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ဝတ်စုံအရောင်ဟာ အမည်းရောင် ပြောင်းလဲသွားပြီး ဝတ်ရုံကိုတော့ လုံးဝကို ထုတ်ပယ်ခဲ့ပါတယ်။

photo via screenrant

အဲ့လိုနဲ့ MCU က LA အဖြစ် ပြန်လည်ဖန်တီးခဲ့တဲ့ နောက်ပိုင်းမှာတော့ အခုလူတိုင်းသိကြတဲ့ Black Panther ဒီဇိုင်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် စတင်ဖန်တီးခဲ့တုန်းက ပါဝင်ခဲ့တဲ့ သူ့ရဲ့လည်ဆွဲကတော့ အခုချိန် လုံးဝ မပြောင်းလဲဘဲ ပါဝင်ခဲ့ပါတယ်။ အစတုန်းက လည်ဆွဲဟာ ပုံမှန်လည်ဆွဲတစ်ခု ဖြစ်ပေမယ့်လည်း LA ထဲမှာတော့ သူ့ရဲ့လည်ဆွဲဟာ သူ့ရဲ့ဝတ်စုံတစ်ခုလုံးကို ထည့်သွင်းထားခဲ့တာ ဖြစ်ပြီး သူ့အတွက် မရှိမဖြစ် အရေးကြီးတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Black Panther ရဲ႕ ဝတ္စုံဟာ Marvel ဇာတ္ေကာင္ေတြရဲ႕ ၾကည့္အေကာင္းဆုံး ဝတ္စုံေတြထဲမွာ တစ္ခုအပါအဝင္ ျဖစ္ၿပီးေတာ့ သူ႔ရဲ႕ဝတ္စုံဟာ ၾကည့္ေကာင္း႐ုံသက္သက္ မဟုတ္ဘဲ တိုက္ခိုက္တာေရာ ကာကြယ္တဲ့ေနရာမွာ အသုံးဝင္တဲ့ ဝတ္စုံတစ္ခု ျဖစ္ပါတယ္။ သူ႔ရဲ႕ဝတ္စုံဟာ vibranium နဲ႔ ျပဳလုပ္ထားတာ ျဖစ္ၿပီး MCU ထဲမွာေတာ့ သူ႔ရဲ႕ညီမ Shuri ဟာ အဲ့ဒီဝတ္စုံကို ပိုၿပီးအစြမ္းထက္လာေအာင္ ပုံမွန္ အဆင့္ျမင့္ေပးခဲ့ပါတယ္။ ေကာမစ္ထဲမွာဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ အခုသိထားတဲ့ Black Panther ရဲ႕ ဝတ္စုံပုံစံ ျဖစ္လာဖို႔အတြက္ ပုံစံအမ်ိဴးမ်ိဴးနဲ႔ အဆင့္ဆင့္ေျပာင္းလဲလာခဲ့ၿပီးေတာ့ သူ႔ရဲ႕ပထမဆုံး ဝတ္စုံကေတာ့ အမည္းေရာင္လည္း မဟုတ္သလို အခုလိုပုံစံလည္း မဟုတ္ပါဘူး။

Jack Kirby ဟာ Black Panther ကိုဖန္တီးဖို႔အတြက္ ပထမဆုံးအႀကံရခဲ့သူ ျဖစ္ၿပီး အစတုန္းက ဒီဇာတ္ေကာင္ကို ေပးဖို႔အတြက္ စဥ္းစားခဲ့ နာမည္ကေတာ့ Black Panther မဟုတ္ပါဘူး။ ဒီဇာတ္ေကာင္ကိုေတာ့ Kirby နဲ႔ Stan Lee တို႔က ဖန္တီးခဲ့တာ ျဖစ္ၿပီး သူပထမဆုံး စဥ္းစားမိခဲ့တဲ့ နာမည္ကေတာ့ Coal Tiger ျဖစ္ပါတယ္။ အဲ့ဒီနာမည္နဲ႔ ဒီဇာတ္ေကာင္ရဲ႕ ပထမဆုံးပုံစံကေတာ့ လုံးဝကို ျငင္းပယ္ခံ ခဲ့ရပါတယ္။

photo via screenrant

Kirby ပထမဆုံး ဖန္တီးခဲ့တဲ့ ဒီဇာတ္ေကာင္ရဲ႕ ပုံစံကေတာ့ ပိုၿပီးေတာ့ အေရာင္စုံစုံလင္လင္ ထည့္သြင္းထားပါတယ္။ သူ႔ရဲ႕လက္ေနရာနဲ႔ ေျခေထာက္ေနရာမွာ အမည္းေရာင္ ျဖစ္ေနေပမယ့္လည္း ခႏၶာကိုယ္ေနရာမွာေတာ့ အဝါေရာင္ ခပ္ေတာက္ေတာက္ကို အမည္းေရာင္ အစင္းၾကားေတြ ထည့္သြင္းထားပါတယ္။ အဲ့ဒီေခတ္တုန္းက စူပါဟီး႐ိုးေတြ ေတာ္ေတာ္မ်ားမ်ားဟာ အတြင္းခံေဘာင္းဘီကို အျပင္မွာ ထုတ္ဝတ္ထားသလို ပုံစံမ်ိဴးေတြ ဖန္တီးေလ့ရွိၿပီး အဲ့ဒီေနရာမွာေတာ့ အဝါေရာင္နဲ႔ အမည္းေရာင္ အစင္းၾကားေတြ ထည့္သြင္းထားတဲ့အျပင္ လက္အိတ္နဲ႔ ေျခအိတ္ေနရာေတြမွာလည္း အဝါနဲ႔အမည္းတို႔ကို ထည့္သြင္းထားပါတယ္။ ဒါ့အျပင္ အဂၤလိပ္စာလုံး T ပါတဲ့ ခါးပတ္အႀကီးႀကီးကိုလည္း ဝတ္ဆင္ထားေပမယ့္ အဲ့ဒီပုံစံမွာ မ်က္ႏွာဖုံးေတာ့ မပါခဲ့ပါဘူး။

LA ထဲမွာ မပါဝင္ေပမယ့္လည္း သူဟာ ဝတ္႐ုံအတိုေလးကို ဝတ္ဆင္ထားၿပီး အဲ့ဒါကို Panther Cape လို႔ ေခၚပါတယ္။ အဲ့ဒီဝတ္႐ုံကိုေတာ့ သူ႔ရဲ႕ရင္ဘက္မွာ ခါးပတ္လိုအရာနဲ႔ ခ်ိတ္ဆက္ထားပါတယ္။ သူ႔ရဲ႕ဝတ္စုံကို အက်ဥ္းခ်ဳံး ၾကည့္လိုက္ရင္ေတာ့ ပုံစံကို လွ႐ုံသက္သက္ လုပ္ထားသလို ျဖစ္ေနၿပီးေတာ့ အေမွာင္ထဲမွာဆိုရင္ သူ႔ရဲ႕ဝတ္စုံေၾကာင့္ ထင္းကနဲ ျမင္ေနရမွာ ျဖစ္ပါတယ္။ အဲ့လိုအခ်က္ေတြေၾကာင့္လည္း အခုဒီဇိုင္းနဲ႔ နာမည္ဟာ ျငင္းပယ္ခံခဲ့ရတာ ျဖစ္ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ ဒီဇာတ္ေကာင္ကို Black Panther လို႔ နာမည္ေျပာင္းလဲခဲ့ၿပီး Kirby ဟာ ဒီဇိုင္းပုံစံအသစ္ကို ျပန္လည္ဖန္တီးခဲ့ပါတယ္။ အဲ့လိုနဲ႔ ၁၉၆၆ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Fantastic Four #52 မွာေတာ့ Black Panther ဟာ Marvel ေကာမစ္ေလာကထဲကို စတင္ဝင္ေရာက္ လာခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီတုန္းက ပုံစံကလည္း အခုပရိသတ္ေတြ သိထားတဲ့ Black Panther ပုံစံနဲ႔ အေတာ္ ကြာျခားေနေသးပါတယ္။ ဝတ္စုံရဲ႕အေရာင္ကေတာ့ ေျပာင္းလဲသြားၿပီး အမည္းေရာင္ထက္ မီးခိုးေရာင္ ျဖစ္လာခဲ့ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ သူဟာ မ်က္ႏွာဖုံးကို ဝတ္ဆင္လာခဲ့ေပမယ့္လည္း မ်က္ႏွာဖုံးမွာ ပါဝင္တဲ့ ႏွား႐ြက္ေနရာက ဝိုင္းတဲ့ ပုံသ႑ာန္ ျဖစ္ေနတာေၾကာင့္ သူ႔ရဲ႕ပုံစံဟာ ဝက္ဝံ႐ုပ္နဲ႔ ပိုၿပီးေတာ့ ဆင္တူေနပါတယ္။ ဒါ့အျပင္ မ်က္ႏွာဖုံးဟာ အခုလိုမ်ိဴး မ်က္ႏွာတစ္ခုလုံး မဖုန္းဘဲ Captain America ရဲ႕မ်က္ႏွာဖုံးပုံစံလိုမ်ိဴး ေရးဆြဲခဲ့ပါတယ္။

photo via screenrant

အဲ့ဒီေနာက္ပိုင္းမွာေတာ့ သူဟာ ပရိသတ္ေတြၾကားထဲမွာ ေရပန္းစားလာၿပီးေတာ့ Avengers တို႔လို တစ္ျခား ေကာမစ္ေတြမွာပါ ပါဝင္လာခဲ့ပါတယ္။ တစ္ျခားဟီး႐ိုးေတြလိုမ်ိဴး မတူညီတဲ့ အႏုပညာရွင္ေတြဟာ အခ်ိန္ေတြ ၾကာလာတဲ့အမွ် သူ႔ရဲ႕ဒီဇိုင္းေတြကို ေျပာင္းလဲေရးဆြဲခဲ့ပါတယ္။ ၁၉၆၈ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Avengers #52 ထဲမွာေတာ့ သူ႔ရဲ႕ပုံစံဟာ အနည္းငယ္ ေျပာင္းလဲသြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ သူ႔ရဲ႕ဝတ္စုံဟာ နက္ျပာေရာင္ျဖစ္သြားၿပီး မ်က္ႏွာဖုံးကလည္း အရင္လိုပုံစံပဲ ျပန္လည္ပါဝင္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီပုံစံကေတာ့ DC ဇာတ္ေကာင္တစ္ေယာက္ ျဖစ္တဲ့ Catwoman ရဲ႕ ေယာက်ာ္းဗားရွင္းပုံစံမ်ိဴး ျဖစ္ေနခဲ့ပါတယ္။

အေပၚမွာ ေဖာ္ျပခဲ့သလိုမ်ိဴး သူ႔ရဲ႕ဒီဇိုင္းနဲ႔ ပုံစံေတြဟာ ျဖည္းျဖည္းခ်င္း ေျပာင္းလဲလာခဲ့ပါတယ္။ အဲ့လိုနဲ႔ ေနာက္ပိုင္းမွာေတာ့ သူဟာ စတင္ဖန္တီးခဲ့ကတည္း ပါဝင္ခဲ့တဲ့ သူ႔ရဲ႕ဝတ္႐ုံကေတာ့ မပါဝင္ေတာ့ပါဘူး။ အဲ့ဒီေနာက္ပိုင္းမွာလည္း သူ႔ရဲ႕ဝတ္႐ုံကို ျပန္လည္ ထည့္သြင္းခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕ဝတ္စုံအေရာင္ဟာ အမည္းေရာင္ ေျပာင္းလဲသြားၿပီး ဝတ္႐ုံကိုေတာ့ လုံးဝကို ထုတ္ပယ္ခဲ့ပါတယ္။

photo via screenrant

အဲ့လိုနဲ႔ MCU က LA အျဖစ္ ျပန္လည္ဖန္တီးခဲ့တဲ့ ေနာက္ပိုင္းမွာေတာ့ အခုလူတိုင္းသိၾကတဲ့ Black Panther ဒီဇိုင္း ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ စတင္ဖန္တီးခဲ့တုန္းက ပါဝင္ခဲ့တဲ့ သူ႔ရဲ႕လည္ဆြဲကေတာ့ အခုခ်ိန္ လုံးဝ မေျပာင္းလဲဘဲ ပါဝင္ခဲ့ပါတယ္။ အစတုန္းက လည္ဆြဲဟာ ပုံမွန္လည္ဆြဲတစ္ခု ျဖစ္ေပမယ့္လည္း LA ထဲမွာေတာ့ သူ႔ရဲ႕လည္ဆြဲဟာ သူ႔ရဲ႕ဝတ္စုံတစ္ခုလုံးကို ထည့္သြင္းထားခဲ့တာ ျဖစ္ၿပီး သူ႔အတြက္ မရွိမျဖစ္ အေရးႀကီးတဲ့ အရာတစ္ခု ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular