HomeCelebs Update NewsInternationalBrad Pitt နဲ့ တွဲနေတယ်လို့ သတင်းထွက်နေတဲ့ (၂၇)နှစ်အရွယ် မော်ဒယ်လ်မလေး 

Brad Pitt နဲ့ တွဲနေတယ်လို့ သတင်းထွက်နေတဲ့ (၂၇)နှစ်အရွယ် မော်ဒယ်လ်မလေး 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အသက်(၅၇)နှစ်အရွယ် မင်းသားကြီး Brad Pitt ဟာ အသက်(၂၇)နှစ်အရွယ် မော်ဒယ်လ်မလေး Nicole Poturalski နဲ့ တွဲခုတ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Nicole ဟာ ဂျာမန် မော်ဒယ်လ်မလေးတစ်ယောက်ဖြစ်ပြီး Emil ဆိုတဲ့ သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Brad Pitt နဲ့ တွဲနေတယ်လို့ သတင်းတွေ စတင်ထွက်ပေါ်စေခဲ့တာကတော့ ဩဂုတ်လ(၂၆)ရက်နေ့က ဖြစ်ပါတယ်။ OK! မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ Nicole နဲ့ Brad တို့ဟာ ဆယ်ကျော်သက်အတွဲတစ်တွဲလို ပွေ့ဖက်နမ်းရှုံ့နေပြီး ကလူကျီစယ်နေကြကာ ပါရီသို့သွားမယ့် ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်ကို တက်သွားကြတယ်လို့ ဆိုပါတယ်။ အဲ့ဒီ့ကနေမှတစ်ဆင့် ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ Brad ရဲ့ ဇိမ်ခံအိမ်ကြီးဆီကို သွားကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Photo: nico.potur/ Instagram

သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ သိုသိုသိပ်သိပ်နဲ့ ထိန်းသိမ်းထားခဲ့တာကြောင့် အခုမှ သတင်းတွေ ထွက်လာတာ ဖြစ်ပေမယ့် People သတင်းဌာနရဲ့အဆိုအရ တွဲနေကြတာ တစ်နှစ်ကျော်လောက်တောင် ရှိပြီလို့ သိရပါတယ်။ ကနဦးတုန်းကတော့ Brad ဟာ သရုပ်ဆောင် Alia Shawkat နဲ့ တွဲနေတယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့ပေမယ့် အမှန်တကယ်မှာ Nicole နဲ့ တိတ်တဆိတ် တွဲနေခဲ့တာ ဖြစ်နေပါတယ်။

သူတို့နှစ်ဦးဟာ Once Upon A Time In Hollywood ရုပ်ရှင်ရဲ့ အထူးပွဲမှာတည်းက စတင်တွေ့ဆုံပြီး ဇာတ်လမ်းတွေ ဖြစ်ခဲ့ကြတာလို့လည်း သတင်းတွေက ဆိုနေကြပါတယ်။ Brad ဟာ နဂိုက Alia Shawkat နဲ့ သတင်းထွက်ခဲ့ပေမယ့် တကယ်တမ်း ပါပါရာဇီတွေရဲ့ ဓာတ်ပုံတွေအရ Alia ဟာ Brad ရဲ့ အနီးနားမှာ ရှိခဲ့တာမှန်ပေမယ့် ဘေးချင်းကပ်လျက် တကယ်ထိုင်နေသူဟာ Nicole ဖြစ်နေခဲ့တာပါ။ ဒါတင်မက Kanye West ရဲ့ sunday service ကို လာတက်တုန်းကလည်း နှစ်ယောက်အတူတူ လာတက်ခဲ့တယ်လို့ ဆိုနေကြပါသေးတယ်။

Photo: nico.potur/ Instagram

ဒီအကြောင်းကို သတင်းဌာနတွေက Brad ရဲ့ ကိုယ်စားလှယ်တွေဆီ ဆက်သွယ်ပြီး အတည်ပြုပေးဖို့ မေးမြန်းခဲ့ကြပေမယ့် ကိုယ်ရေးကိုယ်တာကိစ္စတွေကို အတည်ပြုပေးတာမျိုး မလုပ်ပါဘူးလို့ Brad ရဲ့ ကိုယ်စားလှယ်တွေက ပြန်လည်ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

အခုအချိန်အထိ နှစ်ဘက်စလုံးက တရားဝင် ဝန်ခံတာမျိုး မရှိသေးပေမယ့် Nicole ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ ဖက်ရှင်တွေဟာ Brad ရဲ့အချစ်ဟောင်း Angelina Jolie နဲ့ ဆင်တူနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါသေးတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

အသက္(၅၇)ႏွစ္အ႐ြယ္ မင္းသားႀကီး Brad Pitt ဟာ အသက္(၂၇)ႏွစ္အ႐ြယ္ ေမာ္ဒယ္လ္မေလး Nicole Poturalski နဲ႔ တြဲခုတ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။

Nicole ဟာ ဂ်ာမန္ ေမာ္ဒယ္လ္မေလးတစ္ေယာက္ျဖစ္ၿပီး Emil ဆိုတဲ့ သားေလးတစ္ေယာက္ကိုလည္း ပိုင္ဆိုင္ထားပါတယ္။ Brad Pitt နဲ႔ တြဲေနတယ္လို႔ သတင္းေတြ စတင္ထြက္ေပၚေစခဲ့တာကေတာ့ ဩဂုတ္လ(၂၆)ရက္ေန႔က ျဖစ္ပါတယ္။ OK! မဂၢဇင္းရဲ႕ ေဖာ္ျပခ်က္အရ Nicole နဲ႔ Brad တို႔ဟာ ဆယ္ေက်ာ္သက္အတြဲတစ္တြဲလို ေပြ႕ဖက္နမ္းရႈံ႕ေနၿပီး ကလူက်ီစယ္ေနၾကကာ ပါရီသို႔သြားမယ့္ ကိုယ္ပိုင္ဂ်က္ေလယာဥ္ေပၚကို တက္သြားၾကတယ္လို႔ ဆိုပါတယ္။ အဲ့ဒီ့ကေနမွတစ္ဆင့္ ျပင္သစ္ႏိုင္ငံေတာင္ပိုင္းမွာ ရွိတဲ့ Brad ရဲ႕ ဇိမ္ခံအိမ္ႀကီးဆီကို သြားၾကတယ္လို႔လည္း သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

Photo: nico.potur/ Instagram

သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးဟာ သိုသိုသိပ္သိပ္နဲ႔ ထိန္းသိမ္းထားခဲ့တာေၾကာင့္ အခုမွ သတင္းေတြ ထြက္လာတာ ျဖစ္ေပမယ့္ People သတင္းဌာနရဲ႕အဆိုအရ တြဲေနၾကတာ တစ္ႏွစ္ေက်ာ္ေလာက္ေတာင္ ရွိၿပီလို႔ သိရပါတယ္။ ကနဦးတုန္းကေတာ့ Brad ဟာ သ႐ုပ္ေဆာင္ Alia Shawkat နဲ႔ တြဲေနတယ္ဆိုၿပီး သတင္းေတြ ထြက္ခဲ့ေပမယ့္ အမွန္တကယ္မွာ Nicole နဲ႔ တိတ္တဆိတ္ တြဲေနခဲ့တာ ျဖစ္ေနပါတယ္။

သူတို႔ႏွစ္ဦးဟာ Once Upon A Time In Hollywood ႐ုပ္ရွင္ရဲ႕ အထူးပြဲမွာတည္းက စတင္ေတြ႕ဆုံၿပီး ဇာတ္လမ္းေတြ ျဖစ္ခဲ့ၾကတာလို႔လည္း သတင္းေတြက ဆိုေနၾကပါတယ္။ Brad ဟာ နဂိုက Alia Shawkat နဲ႔ သတင္းထြက္ခဲ့ေပမယ့္ တကယ္တမ္း ပါပါရာဇီေတြရဲ႕ ဓာတ္ပုံေတြအရ Alia ဟာ Brad ရဲ႕ အနီးနားမွာ ရွိခဲ့တာမွန္ေပမယ့္ ေဘးခ်င္းကပ္လ်က္ တကယ္ထိုင္ေနသူဟာ Nicole ျဖစ္ေနခဲ့တာပါ။ ဒါတင္မက Kanye West ရဲ႕ sunday service ကို လာတက္တုန္းကလည္း ႏွစ္ေယာက္အတူတူ လာတက္ခဲ့တယ္လို႔ ဆိုေနၾကပါေသးတယ္။

Photo: nico.potur/ Instagram

ဒီအေၾကာင္းကို သတင္းဌာနေတြက Brad ရဲ႕ ကိုယ္စားလွယ္ေတြဆီ ဆက္သြယ္ၿပီး အတည္ျပဳေပးဖို႔ ေမးျမန္းခဲ့ၾကေပမယ့္ ကိုယ္ေရးကိုယ္တာကိစၥေတြကို အတည္ျပဳေပးတာမ်ိဳး မလုပ္ပါဘူးလို႔ Brad ရဲ႕ ကိုယ္စားလွယ္ေတြက ျပန္လည္ေျဖၾကားခဲ့တယ္လို႔ ဆိုပါတယ္။

အခုအခ်ိန္အထိ ႏွစ္ဘက္စလုံးက တရားဝင္ ဝန္ခံတာမ်ိဳး မရွိေသးေပမယ့္ Nicole ရဲ႕ ႐ုပ္ရည္သြင္ျပင္နဲ႔ ဖက္ရွင္ေတြဟာ Brad ရဲ႕အခ်စ္ေဟာင္း Angelina Jolie နဲ႔ ဆင္တူေနတယ္ဆိုတဲ့ ေဝဖန္မႈေတြလည္း ထြက္ေပၚေနပါေသးတယ္။

Glasgow

Source: hollywood life

 

 

RELATED ARTICLES

Most Popular