HomeEntertainmentFilmအသစ်ထွက်ရှိလာဦးမယ့် Brad Pitt ရဲ့ ရုပ်ရှင်ကားသစ်များ

အသစ်ထွက်ရှိလာဦးမယ့် Brad Pitt ရဲ့ ရုပ်ရှင်ကားသစ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်ရဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ Brad Pitt ပါဝင်ထားတဲ့ နောက်ဆုံးရုပ်ရှင်ဟာ ၂၀၁၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ Ad Astra ရုပ်ရှင် ဖြစ်ပါတယ်။ ဒါ့အပြင် Brad Pitt ဟာ ၂၀၁၉ ခုနှစ်ကပဲ ထွက်ရှိခဲ့တဲ့ Once Upon A Time…In Hollywood နဲ့လည်း အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ အော်စကာဆု ရရှိခဲ့ပါသေးတယ်။ လောလောဆယ်မှာတော့ ကိုဗစ်ကြောင့် ရုပ်ရှင်လောကမှာ နှောင့်နှေးမှုတွေများစွာ ဖြစ်နေတာကြောင့် အသစ်ထွက်ရှိလာမယ့် Brad Pitt ရဲ့ ရုပ်ရှင်အသစ်တွေကလည်း နှောင့်နှေးနေတာ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်တွေကိုတော့ အောက်မှာ ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(1) Lost City Of D
photo via screenrant

Lost City Of D ထဲမှာတော့ မင်းသမီး Sandra Bullock က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ Sandra Bullock ကတော့ Brad Pitt ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ဖြစ်တဲ့ Bullet Train ထဲမှာ cameo အဖြစ် ပါဝင်ရိုက်ကူးထားပါတယ်။ အဲ့ဒီနောက်မှာတော့ Sandra Bullock ကိုယ်တိုင်က သူမရဲ့ ရုပ်ရှင်ဖြစ်တဲ့ Lost City Of D ထဲမှာ Cameo အဖြစ် ပါဝင်ဖို့ Brad Pitt ကို အပြန်အလှန် တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ Brad Pitt ဟာ cameo အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဝတ္ထုရေး ဆရာမတစ်ယောက်နဲ့ မော်ဒယ်လ်တစ်ယောက်ဟာ မမျှော်လင့်ထားဘဲ ပြန်ပေးဆွဲခံလိုက်ရပြီး အကြောင်းအမျိူးမျိူးကြောင့် တောထဲကို ရောက်သွားကာ စွန့်စားခန်းတွေနဲ့ ကြုံတွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Sandra Bullock ၊ Channing Tatum ၊ Brad Pitt နဲ့ Daniel Radcliffe တို့ ပါဝင်မှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလ (၁၅)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။

(2) Bullet Train
photo via screenrant

ဒီရုပ်ရှင်ကတော့ Sony က ထုတ်လုပ်သွားမယ့် အက်ရှင်၊ သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိူးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Tokyo ကနေ Morioka ကို ကျည်ဆန်ရထားနဲ့ ခရီးသွားနေတဲ့ လုပ်ကြံရေးသမားတစ်စုဟာ သူတို့လုပ်ရမယ့် မစ်ရှင်တွေက တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ်ဆိုတာ သိသွားကြပါတယ်။

ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ Brad Pitt ၊ Joey King ၊ Aaron Taylor-Johnson နဲ့ Lady Gaga တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပေါ်မှာ ဖော်ပြခဲ့သလိုပဲ Sandra Bullock ကလည်း cameo ပါဝင်လာဦးမှာပါ။ ဒီရုပ်ရှင်အတွက် ရိုက်ကူးရေးကတော့ မတ်လကတည်းက ပြီးဆုံးသွားတာ ဖြစ်ပေမယ့်လည်း လောလောဆယ်မှာ ဘယ်အချိန်မှာ ရုံတင်သွားမလည်းဆိုတာ တရားဝင် မကြေညာသေးပါဘူး။ ဒါပေမယ့်လည်း ၂၀၂၂ ခုနှစ်အတွင်းမှာ ထွက်ရှိလာဖို့များပါတယ်။

(3) Babylon
photo via screenrant

ဒီရုပ်ရှင်ထဲမှာ ပါဝင်သွားမယ့် သရုပ်ဆောင်တွေကတော့ Brad Pitt ၊ Margot Robbie နဲ့ Tobey Maguire တို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ အခုမှ ရိုက်ကူးဖို့ ပြင်ဆင်နေဆဲ ဖြစ်တာကြောင့် ရိုက်ကူးရေးလည်း မစတင်ရသေးသလို ဇာတ်လမ်းအကျဉ်းကိုလည်း မသိရသေးပါဘူး။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကတော့ ၂၀၂၂ နှစ် နှောင်းပိုင်း၊ သို့မဟုတ် ၂၀၂၃ နှစ်ဦးပိုင်းလောက်မှာ ရုံတင်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါကတော့ နာမည်ကျော်မင်းသား Brad Pitt ရဲ့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ Brad Pitt ရဲ့ ဇာတ်ကားတွေ ရှိရင်လည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေဟာလိဝုဒ္ရဲ႕ နာမည္ႀကီး သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္တဲ့ Brad Pitt ပါဝင္ထားတဲ့ ေနာက္ဆုံး႐ုပ္ရွင္ဟာ ၂၀၁၉ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Ad Astra ႐ုပ္ရွင္ ျဖစ္ပါတယ္။ ဒါ့အျပင္ Brad Pitt ဟာ ၂၀၁၉ ခုႏွစ္ကပဲ ထြက္ရွိခဲ့တဲ့ Once Upon A Time…In Hollywood နဲ႔လည္း အေကာင္းဆုံး ဇာတ္ပို႔သ႐ုပ္ေဆာင္အေနနဲ႔ ေအာ္စကာဆု ရရွိခဲ့ပါေသးတယ္။ ေလာေလာဆယ္မွာေတာ့ ကိုဗစ္ေၾကာင့္ ႐ုပ္ရွင္ေလာကမွာ ေႏွာင့္ေႏွးမႈေတြမ်ားစြာ ျဖစ္ေနတာေၾကာင့္ အသစ္ထြက္ရွိလာမယ့္ Brad Pitt ရဲ႕ ႐ုပ္ရွင္အသစ္ေတြကလည္း ေႏွာင့္ေႏွးေနတာ ျဖစ္ပါတယ္။ အဲ့ဒီ႐ုပ္ရွင္ေတြကိုေတာ့ ေအာက္မွာ ဆက္လက္ ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

(1) Lost City Of D
photo via screenrant

Lost City Of D ထဲမွာေတာ့ မင္းသမီး Sandra Bullock က အဓိက ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ Sandra Bullock ကေတာ့ Brad Pitt ရဲ႕ အသစ္ထြက္ရွိလာမယ့္ ႐ုပ္ရွင္ျဖစ္တဲ့ Bullet Train ထဲမွာ cameo အျဖစ္ ပါဝင္႐ိုက္ကူးထားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Sandra Bullock ကိုယ္တိုင္က သူမရဲ႕ ႐ုပ္ရွင္ျဖစ္တဲ့ Lost City Of D ထဲမွာ Cameo အျဖစ္ ပါဝင္ဖို႔ Brad Pitt ကို အျပန္အလွန္ ေတာင္းဆိုခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Brad Pitt ဟာ cameo အေနနဲ႔ ပါဝင္လာမွာ ျဖစ္ပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့ ဝတၳဳေရး ဆရာမတစ္ေယာက္နဲ႔ ေမာ္ဒယ္လ္တစ္ေယာက္ဟာ မေမွ်ာ္လင့္ထားဘဲ ျပန္ေပးဆြဲခံလိုက္ရၿပီး အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ေတာထဲကို ေရာက္သြားကာ စြန႔္စားခန္းေတြနဲ႔ ႀကဳံေတြ႕ရမွာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Sandra Bullock ၊ Channing Tatum ၊ Brad Pitt နဲ႔ Daniel Radcliffe တို႔ ပါဝင္မွာ ျဖစ္ၿပီး ၂၀၂၂ ခုႏွစ္ ဧၿပီလ (၁၅)ရက္ေန႔မွာ ႐ုံတင္သြားမွာ ျဖစ္ပါတယ္။

(2) Bullet Train
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ Sony က ထုတ္လုပ္သြားမယ့္ အက္ရွင္၊ သည္းထိတ္ရင္ဖို ဇာတ္လမ္းအမ်ိဴးအစားပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Tokyo ကေန Morioka ကို က်ည္ဆန္ရထားနဲ႔ ခရီးသြားေနတဲ့ လုပ္ႀကံေရးသမားတစ္စုဟာ သူတို႔လုပ္ရမယ့္ မစ္ရွင္ေတြက တစ္ခုနဲ႔ တစ္ခု ဆက္စပ္ေနတယ္ဆိုတာ သိသြားၾကပါတယ္။

ပါဝင္မယ့္ သ႐ုပ္ေဆာင္ေတြကေတာ့ Brad Pitt ၊ Joey King ၊ Aaron Taylor-Johnson နဲ႔ Lady Gaga တို႔ ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ Sandra Bullock ကလည္း cameo ပါဝင္လာဦးမွာပါ။ ဒီ႐ုပ္ရွင္အတြက္ ႐ိုက္ကူးေရးကေတာ့ မတ္လကတည္းက ၿပီးဆုံးသြားတာ ျဖစ္ေပမယ့္လည္း ေလာေလာဆယ္မွာ ဘယ္အခ်ိန္မွာ ႐ုံတင္သြားမလည္းဆိုတာ တရားဝင္ မေၾကညာေသးပါဘူး။ ဒါေပမယ့္လည္း ၂၀၂၂ ခုႏွစ္အတြင္းမွာ ထြက္ရွိလာဖို႔မ်ားပါတယ္။

(3) Babylon
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္သြားမယ့္ သ႐ုပ္ေဆာင္ေတြကေတာ့ Brad Pitt ၊ Margot Robbie နဲ႔ Tobey Maguire တို႔ပဲ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ဟာ အခုမွ ႐ိုက္ကူးဖို႔ ျပင္ဆင္ေနဆဲ ျဖစ္တာေၾကာင့္ ႐ိုက္ကူးေရးလည္း မစတင္ရေသးသလို ဇာတ္လမ္းအက်ဥ္းကိုလည္း မသိရေသးပါဘူး။ ဒါေၾကာင့္ပဲ ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၂ ႏွစ္ ေႏွာင္းပိုင္း၊ သို႔မဟုတ္ ၂၀၂၃ ႏွစ္ဦးပိုင္းေလာက္မွာ ႐ုံတင္သြားလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဒါကေတာ့ နာမည္ေက်ာ္မင္းသား Brad Pitt ရဲ႕ အသစ္ထြက္ရွိလာမယ့္ ႐ုပ္ရွင္ဇာတ္ကားေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ Brad Pitt ရဲ႕ ဇာတ္ကားေတြ ရွိရင္လည္း ျပန္လည္မွ်ေဝေပးခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular