HomeCelebs Update NewsInternationalBrad Pitt စိတ်ထဲက သတ်မှတ်ထားတဲ့ ကမ္ဘာ့အချောဆုံး အမျိုးသားနှစ်ယောက်

Brad Pitt စိတ်ထဲက သတ်မှတ်ထားတဲ့ ကမ္ဘာ့အချောဆုံး အမျိုးသားနှစ်ယောက်

မင်းသားကြီး Brad Pitt ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ် အောင်မြင်ကျော်ကြားလွန်းရုံသာမက ချောမောခန့်ငြားလွန်းတဲ့ မင်းသားတစ်လက်အဖြစ် နာမည်ကျော်ကြားသူ ဖြစ်ပါတယ်။ အလှအပ၊ ရုပ်ရည်ချောမောမှုတွေနဲ့ ပတ်သက်လာရင် လူတိုင်းမှာတော့ ကိုယ်ပိုင်စံချိန်စံနှုန်းတွေ ရှိတတ်ကြပါတယ်။ အလားတူပဲ Brad Pitt မှာလည်း သူကိုယ်တိုင် သတ်မှတ်ထားတဲ့ ချောမောလှပမှု စံချိန်တွေ ရှိနေပါတယ်။

Pitt ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကပဲ Vogue မဂ္ဂဇင်းနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး အဆိုပါအင်တာဗျူးမှာတော့ သူ့စိတ်ထဲမှာ အချောမော၊ အခန့်ငြားဆုံးလို့ ထင်တဲ့ အမျိုးသားနှစ်ယောက်ကို ပြောပြသွားပါတယ်။ Pitt ကတော့ နှစ်ယောက်လို့ ရွေးချယ်ရာမှာ အတိတ်နဲ့ လက်ရှိကာလဆိုပြီး ခွဲခြားကာ ရွေးချယ်ထားတာ ဖြစ်ပါတယ်။

Photo: bradpittoffIcial/ Instagram

“သရုပ်ဆောင်အလုပ်ဆိုတာ ကျွန်တော့်ရဲ့ day job လေ။ အဲဒီတော့ ဒီလောကမှာ အချောဆုံး အမျိုးသားကို ရွေးပါဆိုရင် ကျွန်တော်ကတော့ မတုံ့ဆိုင်းဘဲ Paul Newman ကို ရွေးမှာ။ ဘာလို့လည်းဆိုတော့ ဒီမင်းသားကြီးကဗျာ … တကယ် ကျက်သရေရှိရှိနဲ့ကို အသက်ကြီး အိုမင်းသွားတာ။ ပြီးတော့ ကြားရသမျှ သတင်းစကားအားလုံးမှာလည်း သူဟာ သိပ်ထူးခြားတဲ့သူ ဖြစ်သလို ရက်ရောတဲ့သူ၊ နွေးထွေးကြင်နာတဲ့သူ၊ မှန်မှန်ကန်ကန် နေထိုင်တဲ့သူတစ်ယောက်ပါပဲ …” လို့ Pitt က ဆိုပါတယ်။

Photo Credit: Milton H. Greene

အတိတ်ကာလမှာ အချောမော အခန့်ငြားဆုံး အမျိုးသားအဖြစ် Pitt ရွေးချယ်ထားတဲ့ Paul Newman ကတော့ နာမည်ကြီး အမေရိကန်မင်းသားကြီးတစ်လက် ဖြစ်ပြီး ဒါရိုက်တာ၊ ပြိုင်ကားမောင်းသူ၊ ပရဟိတသမားတစ်ယောက် ဖြစ်ရုံသာမက စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ မင်းသားကြီးဟာ ၁၉၂၅ ခုနှစ်က မွေးဖွားပြီး အသက်(၈၃)နှစ်အရွယ် ၂၀၀၈ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိပစ္စုပ္ပာန်ကာလအတွက် Pitt ရွေးချယ်ထားတဲ့ နောက်ထပ်အမျိုးသားကတော့ မင်းသားကြီး George Clooney ဖြစ်ပါတယ်။

Photo: george_clooney_page/ Instagram

“အခုလက်ရှိကာလမှာ ရွေးရမယ်ဆိုရင်တော့ ဟိုလူ … George Clooney ကိုပဲ ရွေးရမှာပဲဗျ။ ဘာလို့လည်းဆိုတော့ သူက ကျွန်တော့်ကို အမြဲတမ်း အပြင်မှာခေါ်ပြီး ပြုစုတယ်ဗျ။ ကျွန်တော်ကလည်း သူ့ကို အမြဲသွားသွားခေါ်ပြီး ဆိုင်ထိုင်ကြတာပါပဲ။ အဲဒီတော့ ဒီတစ်ခေါက်တော့ ကျွန်တော်က တခြားနည်းလမ်းအားဖြင့် သူ့ကို မြှောက်ပေးရတော့မှာပဲဗျ …”လို့ နောက်နောက်ပြောင်ပြောင်နဲ့ Pitt က ဖြေဆိုသွားပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular