HomeEntertainmentFilmလာမယ့် Flash ရုပ်ရှင်မှာ Brandon Routh ရဲ့ Superman ပြန်လည်ပါဝင်လာနိုင်

လာမယ့် Flash ရုပ်ရှင်မှာ Brandon Routh ရဲ့ Superman ပြန်လည်ပါဝင်လာနိုင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Brandon Routh ဟာ ၂၀၂၂ခုနှစ်မှာ ထွက်ရှိလာမယ့် The Flash ရုပ်ရှင်ထဲမှာ တစ်ခြား DCEU ဇာတ်ကောင်တွေနဲ့အတူ သူ့ရဲ့ Superman ဗားရှင်းလည်း ပြန်လည်ပါဝင်လာနိုင်တယ်လို့ ပြောလိုက်ပါတယ်။ Brandon ဟာ ၂၀၀၆ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Superman Returns ထဲမှာ Superman အဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် Brandon ဗားရှင်း Superman ဟာ Arrowverse ထဲက Crisis on Infinite Earths ထဲမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

The Flash ရုပ်ရှင်ကလည်း DCEU မှာ အရင်က သရုပ်ဆောင်ခဲ့ဖူးသူတွေ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Ben Affleck ကလည်း Batman အဖြစ်နဲ့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး ၁၉၉၀ကျော်လောက်မှာ Batman အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Michael Keaton လည်း ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။

photo via screenrant

Brandon ဟာ Geek House Show ကို ဧည့်သည်အဖြစ် လာရောက်စဉ်မှာ သူ သရုပ်ဆောင်ခဲ့တဲ့ Superman ဗားရှင်းနဲ့ DCEU ကို ပြန်လာနိုင်ချေရှိ၊မရှိ ဆိုတာကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အရင်တုန်း DC ဇာတ်ကောင်တွေနေရာမှာ သရုပ်ဆောင်ခဲ့ဖူးသူတွေဟာလည်း ပြန်လည်ပါဝင်လာနိုင်ချေ ရှိပြီးတော့ cameo တွေအများကြီး ပါလာနိုင်တယ်လို့ ပြောထားပါတယ်။

Brandon ပြောခဲ့တဲ့ စကားအပြည့်အစုံကတော့ “DCEU ထဲကို ပြန်လာနိုင်လားလို့ မေးရင်တော့ ကျွန်တော်က လုံးဝကို ဖြစ်နိုင်ချေ ရှိတယ်လို့ ထင်မိပါတယ်။ သူတို့တွေက Keaton ကိုလည်း ပြန်ခေါ်ယူသွားမှာဖြစ်ပြီး အဲ့ဒီအချက်နဲ့ ပတ်သက်လို့ ကျွန်တော်လည်း အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ Crisis on Infinite Earths ထဲမှာဆိုရင်တော့ အဲ့လိုမျိူး သရုပ်ဆောင်ဟောင်းတွေကို ပြန်လည်ခေါ်ယူတာက အလုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း အဲ့ဒီထဲက တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခွင့် ရခဲ့တာကို ဂုဏ်ယူမိပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ Superman က DCEU ကို ပြန်လာဖို့အတွက် ဖြစ်နိုင်ချေ ရှိပါတယ် … ” လို့ ဆိုထားတာ ဖြစ်ပါတယ်။

Photo via IMDb

Ben Affleck ရဲ့ Batman ပြန်လည် ပါဝင်လာမယ့်အကြောင်းဟာ သိပ်ပြီးအံ့ဩစရာမရှိပေမယ့်လည်း Keaton ရဲ့ Batman ပြန်လည်ပါဝင်လာမယ် ဆိုတာကတော့ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ အကြောင်းကတော့ သူတို့ဟာ Flashpoint ဇာတ်လမ်းလိုမျိူး multiverse အကြောင်းကို ထည့်သွင်းသွားနိုင်ချေရှိလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Brandon ရဲ့ ပြောကြားချက်အရဆိုရင် သူ့ရဲ့ Superman ကလည်း ပြန်ပါလာနိုင်သလို multiverse ဖြစ်တာကြောင့် Robert Pattinson ရဲ့ Batman နဲ့ တစ်ခြား DC ဇာတ်ကောင်တွေနေရာမှာ သရုပ်ဆောင်ခဲ့ဖူးတွေလည်း ပြန်လည်ပါဝင်လာနိုင်ချေ ရှိနေပါတယ်။

Legos

Source: screenrant

(Zawgyi Version)

Brandon Routh ဟာ ၂၀၂၂ခုႏွစ္မွာ ထြက္ရွိလာမယ့္ The Flash ႐ုပ္ရွင္ထဲမွာ တစ္ျခား DCEU ဇာတ္ေကာင္ေတြနဲ႔အတူ သူ႔ရဲ႕ Superman ဗားရွင္းလည္း ျပန္လည္ပါဝင္လာႏိုင္တယ္လို႔ ေျပာလိုက္ပါတယ္။ Brandon ဟာ ၂၀၀၆ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Superman Returns ထဲမွာ Superman အျဖစ္ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။ ဒါ့အျပင္ Brandon ဗားရွင္း Superman ဟာ Arrowverse ထဲက Crisis on Infinite Earths ထဲမွာလည္း ပါဝင္ခဲ့ဖူးပါတယ္။

The Flash ႐ုပ္ရွင္ကလည္း DCEU မွာ အရင္က သ႐ုပ္ေဆာင္ခဲ့ဖူးသူေတြ ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Ben Affleck ကလည္း Batman အျဖစ္နဲ႔ ျပန္လည္ပါဝင္လာမွာ ျဖစ္ၿပီး ၁၉၉၀ေက်ာ္ေလာက္မွာ Batman အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Michael Keaton လည္း ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။

photo via screenrant

Brandon ဟာ Geek House Show ကို ဧည့္သည္အျဖစ္ လာေရာက္စဥ္မွာ သူ သ႐ုပ္ေဆာင္ခဲ့တဲ့ Superman ဗားရွင္းနဲ႔ DCEU ကို ျပန္လာႏိုင္ေခ်ရွိ၊မရွိ ဆိုတာကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ အရင္တုန္း DC ဇာတ္ေကာင္ေတြေနရာမွာ သ႐ုပ္ေဆာင္ခဲ့ဖူးသူေတြဟာလည္း ျပန္လည္ပါဝင္လာႏိုင္ေခ် ရွိၿပီးေတာ့ cameo ေတြအမ်ားႀကီး ပါလာႏိုင္တယ္လို႔ ေျပာထားပါတယ္။

Brandon ေျပာခဲ့တဲ့ စကားအျပည့္အစုံကေတာ့ “DCEU ထဲကို ျပန္လာႏိုင္လားလို႔ ေမးရင္ေတာ့ ကြၽန္ေတာ္က လုံးဝကို ျဖစ္ႏိုင္ေခ် ရွိတယ္လို႔ ထင္မိပါတယ္။ သူတို႔ေတြက Keaton ကိုလည္း ျပန္ေခၚယူသြားမွာျဖစ္ၿပီး အဲ့ဒီအခ်က္နဲ႔ ပတ္သက္လို႔ ကြၽန္ေတာ္လည္း အရမ္းကို စိတ္လႈပ္ရွားေနပါတယ္။ Crisis on Infinite Earths ထဲမွာဆိုရင္ေတာ့ အဲ့လိုမ်ိဴး သ႐ုပ္ေဆာင္ေဟာင္းေတြကို ျပန္လည္ေခၚယူတာက အလုပ္ျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္ကလည္း အဲ့ဒီထဲက တစ္စိတ္တစ္ပိုင္းအျဖစ္ ပါဝင္ခြင့္ ရခဲ့တာကို ဂုဏ္ယူမိပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ့္ရဲ႕ Superman က DCEU ကို ျပန္လာဖို႔အတြက္ ျဖစ္ႏိုင္ေခ် ရွိပါတယ္ … ” လို႔ ဆိုထားတာ ျဖစ္ပါတယ္။

Photo via IMDb

Ben Affleck ရဲ႕ Batman ျပန္လည္ ပါဝင္လာမယ့္အေၾကာင္းဟာ သိပ္ၿပီးအံ့ဩစရာမရွိေပမယ့္လည္း Keaton ရဲ႕ Batman ျပန္လည္ပါဝင္လာမယ္ ဆိုတာကေတာ့ အေတာ္ေလးကို စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ အေၾကာင္းကေတာ့ သူတို႔ဟာ Flashpoint ဇာတ္လမ္းလိုမ်ိဴး multiverse အေၾကာင္းကို ထည့္သြင္းသြားႏိုင္ေခ်ရွိလို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Brandon ရဲ႕ ေျပာၾကားခ်က္အရဆိုရင္ သူ႔ရဲ႕ Superman ကလည္း ျပန္ပါလာႏိုင္သလို multiverse ျဖစ္တာေၾကာင့္ Robert Pattinson ရဲ႕ Batman နဲ႔ တစ္ျခား DC ဇာတ္ေကာင္ေတြေနရာမွာ သ႐ုပ္ေဆာင္ခဲ့ဖူးေတြလည္း ျပန္လည္ပါဝင္လာႏိုင္ေခ် ရွိေနပါတယ္။

Legos

Source: screenrant

RELATED ARTICLES

Most Popular