HomeCelebs Update NewsInternationalPlayboy မဂ္ဂဇင်းရဲ့ ပထမဆုံး ဂေးမျက်နှာဖုံးရှင် ဖြစ်လာတဲ့ Bretman Rock 

Playboy မဂ္ဂဇင်းရဲ့ ပထမဆုံး ဂေးမျက်နှာဖုံးရှင် ဖြစ်လာတဲ့ Bretman Rock 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဆိုရှယ်မီဒီယာစတားတစ်ယောက်ဖြစ်တဲ့ Bretman Rock ဟာ ကန့်သတ်ထားတဲ့ ဘောင်တွေကို ရိုက်ချိုးတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း အသက်(၂၃)နှစ်အရွယ် ရှိပြီဖြစ်တဲ့ social influencer ဟာ နာမည်ကျော် Playboy မဂ္ဂဇင်းရဲ့ ဒစ်ဂျစ်တယ်ဗားရှင်းမှာ ပထမဆုံး ဂေးမျက်နှာဖုံးရှင် မော်ဒယ်လ်အဖြစ် ရိုက်ကူးပေးလိုက်တာ ဖြစ်ပါတယ်။

အဆိုပါ မျက်နှာဖုံးရှင်ကဏ္ဍမှာတော့ Bretman ဟာ Playboy ရဲ့ အထင်ကရ ဝတ်စုံဖြစ်တဲ့ bunny suit ကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။ ဒါဟာ လူသိရှင်ကြား ဂေးတစ်ယောက်အနေနဲ့ Playboy အတွက် ပထမဆုံး မျက်နှာဖုံးကာဗာ ရိုက်ကူးပေးရတာလည်း ဖြစ်ပါတယ်။

Photo Credit: Brian Ziff/ Playboy Magazine

Playboy မဂ္ဂဇင်းအနေနဲ့ကတော့ ယခင်ကလည်း အမျိုးသားမော်ဒယ်လ်တွေကို အသုံးပြုပြီး မျက်နှာဖုံးရှင် မော်ဒယ်လ်အဖြစ် အသုံးပြုခဲ့ဖူးတာတွေ ရှိပါတယ်။ သို့သော်ငြားလည်း ယခုလို ဂေးတစ်ယောက်အနေနဲ့ LGBTQ+ အသိုင်းအဝိုင်းကို ကိုယ်စားပြုကာ bunny suit နဲ့ ဝတ်စုံပြည့် မော်ဒယ်လ် လုပ်ပေးသူကတော့ Bretman က ပထမဦးဆုံး ဖြစ်ပါတယ်။

Playboy မှာ ကာဗာမော်ဒယ်လ် လုပ်ပေးခဲ့ဖူးတဲ့ အမျိုးသားမော်ဒယ်လ်တွေထဲမှာ လက်တင်အဆိုတော် Bad Bunny လည်း ပါဝင်သလို သရုပ်ဆောင်၊ မော်ဒယ်လ် Ezra Miller ကလည်း ယုန်ဘီးကုတ်နဲ့ ကာဗာမော်ဒယ်လ် လုပ်ပေးခဲ့ဖူးပါသေးတယ်။

Photo Credit: Brian Ziff/ Playboy Magazine

“LGBT အသိုင်းအဝိုင်းအတွက်ကတော့ Playboy မှာ ယောက်ျားတစ်ယောက်အနေနဲ့ ကာဗာမော်ဒယ်လ် လုပ်ပေးရရင်တောင် ဒါက အရမ်းအရေးပါတဲ့ကိစ္စ ဖြစ်နေပါပြီ။ ကျွန်တော်တို့ရဲ့ လူညိုအသိုင်းအဝိုင်းအတွက်ဆိုရင်တော့ ဒါက တကယ့် အိပ်မက်တစ်ခုလိုပါပဲ … ”

“အိပ်မက်လား၊ တကယ်လားလို့တောင် တွေးမိတဲ့အထိပဲပေါ့နော်။ အဲလို ခံစားမှုမျိုး ရတယ်။ ပြီးတော့ ဒီထဲမှာ ကျွန်တော် အရမ်းချောနေတယ်။ အဲဒီတော့ ပြောရရင် အရာအားလုံးကတော့ ဖြစ်ဖို့ အကြောင်းရင်းရှိလို့ ဖြစ်လာတာပေါ့နော်။ ပြီးတော့ ကျွန်တော်က အိုးကြီးကြီးနဲ့ စုန်းမတစ်ယောက်ဆိုတာ သက်သေပြလိုက်နိုင်ပြီပေါ့။ ကြွားသလိုဖြစ်သွားပေမယ့် အိုကေပါတယ်ပေါ့နော် …  ” လို့ Bretman Rock က ဆိုထားပါတယ်။

Photo Credit: Brian Ziff/ Playboy Magazine

Bretman Rock ဟာ YouTube မှာ subscriber (၉)သန်းနီးပါး ရရှိထားပြီး TikTok မှာတော့ ဖော်လိုဝါ (၁၃)သန်းကျော် ရရှိထားတဲ့ social influencer တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ဖိလစ်ပိုင်နိုင်ငံကနေ ယူအက်စ်ကို ပြောင်းရွှေ့နေထိုင်ခဲ့သူ ဖြစ်ပြီး ဘဝကို အောက်ခြေကနေ စတင်လာခဲ့ရသူလည်း ဖြစ်ပါတယ်။

“ရွှေ့ပြောင်းကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာရတော့ ကျွန်တော်တို့ကို အမြဲအပြောခံရတဲ့အရာ ရှိတယ်။ အဲဒါကတော့ သူများတွေထက် နှစ်ဆ ပိုကြိုးစားရမယ်ဆိုတာပဲ။ ပြီးတော့ အမြဲတမ်း ခေါင်းငုံ့ပြီး နေဖို့ရောပေါ့။ ပြောရရင် တခြားလူတစ်ယောက်ရဲ့ အိမ်ကို သွားရင် အိမ်ရှေ့မှာ ဖိနပ်ကို ချွတ်ထားခဲ့ရသလိုပဲပေါ့။ ကိုယ့်ရဲ့ မာန်မာနတွေကို တံခါးရှေ့မှာ ချထားခဲ့ရမယ်။ ပြီးတော့ အမြဲတမ်း ခေါင်းကို ငုံ့ပြီး ကိုယ့်အလုပ် ကိုယ်လုပ်ရမယ်ဆိုတာမျိုးပေါ့ … ” လို့ People မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့ဖူးပါတယ်။

Linda December

Source: people

(Zawgyi Version)

ဆိုရွယ္မီဒီယာစတားတစ္ေယာက္ျဖစ္တဲ့ Bretman Rock ဟာ ကန႔္သတ္ထားတဲ့ ေဘာင္ေတြကို ရိုက္ခ်ိဳးတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အသက္(၂၃)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ social influencer ဟာ နာမည္ေက်ာ္ Playboy မဂၢဇင္းရဲ့ ဒစ္ဂ်စ္တယ္ဗားရွင္းမွာ ပထမဆုံး ေဂးမ်က္ႏွာဖုံးရွင္ ေမာ္ဒယ္လ္အျဖစ္ ရိုက္ကူးေပးလိုက္တာ ျဖစ္ပါတယ္။

အဆိုပါ မ်က္ႏွာဖုံးရွင္က႑မွာေတာ့ Bretman ဟာ Playboy ရဲ့ အထင္ကရ ဝတ္စုံျဖစ္တဲ့ bunny suit ကို ဝတ္ဆင္ထားတာ ေတြ႕ရပါတယ္။ ဒါဟာ လူသိရွင္ၾကား ေဂးတစ္ေယာက္အေနနဲ႔ Playboy အတြက္ ပထမဆုံး မ်က္ႏွာဖုံးကာဗာ ရိုက္ကူးေပးရတာလည္း ျဖစ္ပါတယ္။

Photo Credit: Brian Ziff/ Playboy Magazine

Playboy မဂၢဇင္းအေနနဲ႔ကေတာ့ ယခင္ကလည္း အမ်ိဳးသားေမာ္ဒယ္လ္ေတြကို အသုံးျပဳၿပီး မ်က္ႏွာဖုံးရွင္ ေမာ္ဒယ္လ္အျဖစ္ အသုံးျပဳခဲ့ဖူးတာေတြ ရွိပါတယ္။ သို႔ေသာ္ျငားလည္း ယခုလို ေဂးတစ္ေယာက္အေနနဲ႔ LGBTQ+ အသိုင္းအဝိုင္းကို ကိုယ္စားျပဳကာ bunny suit နဲ႔ ဝတ္စုံျပည့္ ေမာ္ဒယ္လ္ လုပ္ေပးသူကေတာ့ Bretman က ပထမဦးဆုံး ျဖစ္ပါတယ္။

Playboy မွာ ကာဗာေမာ္ဒယ္လ္ လုပ္ေပးခဲ့ဖူးတဲ့ အမ်ိဳးသားေမာ္ဒယ္လ္ေတြထဲမွာ လက္တင္အဆိုေတာ္ Bad Bunny လည္း ပါဝင္သလို သ႐ုပ္ေဆာင္၊ ေမာ္ဒယ္လ္ Ezra Miller ကလည္း ယုန္ဘီးကုတ္နဲ႔ ကာဗာေမာ္ဒယ္လ္ လုပ္ေပးခဲ့ဖူးပါေသးတယ္။

Photo Credit: Brian Ziff/ Playboy Magazine

“LGBT အသိုင္းအဝိုင္းအတြက္ကေတာ့ Playboy မွာ ေယာက္်ားတစ္ေယာက္အေနနဲ႔ ကာဗာေမာ္ဒယ္လ္ လုပ္ေပးရရင္ေတာင္ ဒါက အရမ္းအေရးပါတဲ့ကိစၥ ျဖစ္ေနပါၿပီ။ ကၽြန္ေတာ္တို႔ရဲ့ လူညိဳအသိုင္းအဝိုင္းအတြက္ဆိုရင္ေတာ့ ဒါက တကယ့္ အိပ္မက္တစ္ခုလိုပါပဲ … ”

“အိပ္မက္လား၊ တကယ္လားလို႔ေတာင္ ေတြးမိတဲ့အထိပဲေပါ့ေနာ္။ အဲလို ခံစားမွုမ်ိဳး ရတယ္။ ၿပီးေတာ့ ဒီထဲမွာ ကၽြန္ေတာ္ အရမ္းေခ်ာေနတယ္။ အဲဒီေတာ့ ေျပာရရင္ အရာအားလုံးကေတာ့ ျဖစ္ဖို႔ အေၾကာင္းရင္းရွိလို႔ ျဖစ္လာတာေပါ့ေနာ္။ ၿပီးေတာ့ ကၽြန္ေတာ္က အိုးႀကီးႀကီးနဲ႔ စုန္းမတစ္ေယာက္ဆိုတာ သက္ေသျပလိုက္နိုင္ၿပီေပါ့။ ႂကြားသလိုျဖစ္သြားေပမယ့္ အိုေကပါတယ္ေပါ့ေနာ္ …  ” လို႔ Bretman Rock က ဆိုထားပါတယ္။

Photo Credit: Brian Ziff/ Playboy Magazine

Bretman Rock ဟာ YouTube မွာ subscriber (၉)သန္းနီးပါး ရရွိထားၿပီး TikTok မွာေတာ့ ေဖာ္လိုဝါ (၁၃)သန္းေက်ာ္ ရရွိထားတဲ့ social influencer တစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ ဖိလစ္ပိုင္နိုင္ငံကေန ယူအက္စ္ကို ေျပာင္းေရႊ႕ေနထိုင္ခဲ့သူ ျဖစ္ၿပီး ဘဝကို ေအာက္ေျခကေန စတင္လာခဲ့ရသူလည္း ျဖစ္ပါတယ္။

“ေရႊ႕ေျပာင္းကေလးတစ္ေယာက္အေနနဲ႔ ႀကီးျပင္းလာရေတာ့ ကၽြန္ေတာ္တို႔ကို အျမဲအေျပာခံရတဲ့အရာ ရွိတယ္။ အဲဒါကေတာ့ သူမ်ားေတြထက္ ႏွစ္ဆ ပိုႀကိဳးစားရမယ္ဆိုတာပဲ။ ၿပီးေတာ့ အျမဲတမ္း ေခါင္းငုံ႔ၿပီး ေနဖို႔ေရာေပါ့။ ေျပာရရင္ တျခားလူတစ္ေယာက္ရဲ့ အိမ္ကို သြားရင္ အိမ္ေရွ႕မွာ ဖိနပ္ကို ခၽြတ္ထားခဲ့ရသလိုပဲေပါ့။ ကိုယ့္ရဲ့ မာန္မာနေတြကို တံခါးေရွ႕မွာ ခ်ထားခဲ့ရမယ္။ ၿပီးေတာ့ အျမဲတမ္း ေခါင္းကို ငုံ႔ၿပီး ကိုယ့္အလုပ္ ကိုယ္လုပ္ရမယ္ဆိုတာမ်ိဳးေပါ့ … ” လို႔ People မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ ေျပာခဲ့ဖူးပါတယ္။

Linda December

Source: people

RELATED ARTICLES

Most Popular