HomeEntertainmentFilmCaptain Marvel 2 အတွက် လေ့ကျင့်ရေးတွေပြုလုပ်ဖို့ အိမ်မှာ Gym ထည့်သွင်းလိုက်တဲ့ Brie Larson

Captain Marvel 2 အတွက် လေ့ကျင့်ရေးတွေပြုလုပ်ဖို့ အိမ်မှာ Gym ထည့်သွင်းလိုက်တဲ့ Brie Larson

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

MCU သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Brie Larson ဟာ Captain Marvel 2 ဇာတ်ကားအတွက်  လေ့ကျင့်ခန်း ထရိန်နင်တွေ ပြုလုပ်ဖို့ သူမရဲ့အိမ်မှာ Gym တစ်ခု တည်ဆောက်လိုက်ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ Brie Larson ဟာ MCU ထဲမှာ Captain Marvel (ခေါ်) Carol Danvers နေရာမှာ သရုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် Avengers: Infinity War ရဲ့ post credit scene မှာ Thanos ကို အနိုင်ယူဖို့အတွက် အဓိကအချက်ဟာ သူမ ဖြစ်လာလိမ့်မယ်လို့ အရိပ်အမြွက် ပြသွားတဲ့အချိန်မှာတော့ ပရိသတ်တွေဟာ ပိုပြီး စိတ်ဝင်စားလာခဲ့ကြပါတယ်။ အဲ့ဒီနောက် ၂၀၁၉ နှစ်စပိုင်းမှာတော့ သူမရဲ့ origin အကြောင်းကို ပြသထားတဲ့ ဆိုလိုရုပ်ရှင် ထွက်ရှိလာခဲ့ပါတယ်။

photo via brielarson/instagram

ဒီရုပ်ရှင်ဟာလည်း အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ပြီး box office မှာလည်း ဝင်ငွေ ဒေါ်လာ (၁.၁၂)ဘီလျံ ရရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ထွက်ပြီး မကြာခင်မှာပဲ Marvel ဟာ sequel ကိုတော့ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာမယ်လို့ ကြေညာခဲ့ပါတယ်။ Captain Marvel 2 ကိုတော့ Nia DaCosta က ရိုက်ကူးသွားမှာ ဖြစ်ပြီး ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် အရွယ်ရောက်နေပြီ ဖြစ်တဲ့ Monica Rambeau နဲ့ Ms. Marvel တို့ကလည်း ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ်ဆိုတဲ့ ကောလာဟလတွေလည်း ရှိပါသေးတယ်။

Captain Marvel 2 ကို ဘယ်အချိန်မှာ ရိုက်ကူးသွားမလည်းဆိုတာ မသိရသေးပေမယ့်လည်း မကြာခင်မှာတော့ ရိုက်ကူးရေး စတင်တော့မယ်လို့ ယူဆလို့ ရပါတယ်။ Brie Larson ဟာ Captain Marvel 2 အတွက် ကိုယ်ကာယပိုင်းဆိုင်ရာ လေ့ကျင့်ရေးတွေ ပြုလုပ်ဖို့ သူမရဲ့အိမ်မှာ gym တစ်ခု ထည့်သွင်းတည်ဆောက်လိုက်တဲ့အကြောင်းကိုတော့ သူမရဲ့ကိုယ်ပိုင် YouTube Channel မှာ ပြောပြသွားပါတယ်။ Brie Larson ရဲ့အဆိုအရ Captain Marvel 2 ဟာ ရိုက်ကူးဖို့ စီစဉ်နေပြီလို့လည်း သိရပါတယ်။ သူမဟာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့အကြောင်းတွေကို ပြောပြလို့ မရပေမယ့်လည်း လေ့ကျင့်ရေးတွေ ပြုလုပ်ဖို့ အချိန်ကျပါပြီလို့တော့ ပြောသွားပါတယ်။

ဒါကြောင့်ပဲ Larson ဟာ လအနည်းငယ်လောက် ကိုယ်ကာယပိုင်းဆိုင်ရာ လေ့ကျင့်ရေးတွေ ပြုလုပ်သွားရမှာ ဖြစ်ပြီး ရိုက်ကူးရေးကတော့ နွေဦးလောက်မှာ စတင်သွားမယ်လို့ ယူဆလို့ ရပါတယ်။ ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေ ထပ်မဖြစ်လာဘူးဆိုရင်တော့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ရုံတင်ရက်အမီတော့ ရိုက်ကူးရေး ပြီးစီးသွားလောက်ပါတယ်။ ၂၀၂၀ နှစ်ကုန်သွားပြီး ၂၀၂၁ ခုနှစ်ကို ရောက်လာတဲ့ အချိန်မှာတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ရုပ်ရှင်အများစုဟာလည်း မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

MCU သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Brie Larson ဟာ Captain Marvel 2 ဇာတ္ကားအတြက္  ေလ့က်င့္ခန္း ထရိန္နင္ေတြ ျပဳလုပ္ဖို႔ သူမရဲ႕အိမ္မွာ Gym တစ္ခု တည္ေဆာက္လိုက္ပါတယ္။

၂၀၁၆ ခုႏွစ္မွာေတာ့ Brie Larson ဟာ MCU ထဲမွာ Captain Marvel (ေခၚ) Carol Danvers ေနရာမွာ သ႐ုပ္ေဆာင္သြားမယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ Avengers: Infinity War ရဲ႕ post credit scene မွာ Thanos ကို အႏိုင္ယူဖို႔အတြက္ အဓိကအခ်က္ဟာ သူမ ျဖစ္လာလိမ့္မယ္လို႔ အရိပ္အႁမြက္ ျပသြားတဲ့အခ်ိန္မွာေတာ့ ပရိသတ္ေတြဟာ ပိုၿပီး စိတ္ဝင္စားလာခဲ့ၾကပါတယ္။ အဲ့ဒီေနာက္ ၂၀၁၉ ႏွစ္စပိုင္းမွာေတာ့ သူမရဲ႕ origin အေၾကာင္းကို ျပသထားတဲ့ ဆိုလို႐ုပ္ရွင္ ထြက္ရွိလာခဲ့ပါတယ္။

photo via brielarson/instagram

ဒီ႐ုပ္ရွင္ဟာလည္း ေအာင္ျမင္သင့္သေလာက္ ေအာင္ျမင္ခဲ့ၿပီး box office မွာလည္း ဝင္ေငြ ေဒၚလာ (၁.၁၂)ဘီလ်ံ ရရွိခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ထြက္ၿပီး မၾကာခင္မွာပဲ Marvel ဟာ sequel ကိုေတာ့ ၂၀၂၂ ခုႏွစ္မွာ ထြက္ရွိလာမယ္လို႔ ေၾကညာခဲ့ပါတယ္။ Captain Marvel 2 ကိုေတာ့ Nia DaCosta က ႐ိုက္ကူးသြားမွာ ျဖစ္ၿပီး ဇာတ္လမ္းနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြကိုေတာ့ မသိရေသးပါဘူး။ ဒါ့အျပင္ အ႐ြယ္ေရာက္ေနၿပီ ျဖစ္တဲ့ Monica Rambeau နဲ႔ Ms. Marvel တို႔ကလည္း ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္လာမယ္ဆိုတဲ့ ေကာလာဟလေတြလည္း ရွိပါေသးတယ္။

Captain Marvel 2 ကို ဘယ္အခ်ိန္မွာ ႐ိုက္ကူးသြားမလည္းဆိုတာ မသိရေသးေပမယ့္လည္း မၾကာခင္မွာေတာ့ ႐ိုက္ကူးေရး စတင္ေတာ့မယ္လို႔ ယူဆလို႔ ရပါတယ္။ Brie Larson ဟာ Captain Marvel 2 အတြက္ ကိုယ္ကာယပိုင္းဆိုင္ရာ ေလ့က်င့္ေရးေတြ ျပဳလုပ္ဖို႔ သူမရဲ႕အိမ္မွာ gym တစ္ခု ထည့္သြင္းတည္ေဆာက္လိုက္တဲ့အေၾကာင္းကိုေတာ့ သူမရဲ႕ကိုယ္ပိုင္ YouTube Channel မွာ ေျပာျပသြားပါတယ္။ Brie Larson ရဲ႕အဆိုအရ Captain Marvel 2 ဟာ ႐ိုက္ကူးဖို႔ စီစဥ္ေနၿပီလို႔လည္း သိရပါတယ္။ သူမဟာ ႐ုပ္ရွင္နဲ႔ ပတ္သက္တဲ့အေၾကာင္းေတြကို ေျပာျပလို႔ မရေပမယ့္လည္း ေလ့က်င့္ေရးေတြ ျပဳလုပ္ဖို႔ အခ်ိန္က်ပါၿပီလို႔ေတာ့ ေျပာသြားပါတယ္။

ဒါေၾကာင့္ပဲ Larson ဟာ လအနည္းငယ္ေလာက္ ကိုယ္ကာယပိုင္းဆိုင္ရာ ေလ့က်င့္ေရးေတြ ျပဳလုပ္သြားရမွာ ျဖစ္ၿပီး ႐ိုက္ကူးေရးကေတာ့ ေႏြဦးေလာက္မွာ စတင္သြားမယ္လို႔ ယူဆလို႔ ရပါတယ္။ ကိုဗစ္ေၾကာင့္ ေႏွာင့္ေႏွးမႈေတြ ထပ္မျဖစ္လာဘူးဆိုရင္ေတာ့ ၂၀၂၂ခုႏွစ္ ႏိုဝင္ဘာလ ႐ုံတင္ရက္အမီေတာ့ ႐ိုက္ကူးေရး ၿပီးစီးသြားေလာက္ပါတယ္။ ၂၀၂၀ ႏွစ္ကုန္သြားၿပီး ၂၀၂၁ ခုႏွစ္ကို ေရာက္လာတဲ့ အခ်ိန္မွာေတာ့ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ ႐ုပ္ရွင္အမ်ားစုဟာလည္း မၾကာခင္မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular