HomeCelebs Update NewsInternationalနာမည်ကြီးဇာတ်ရုပ်တွေနဲ့ လွဲခဲ့ရတဲ့အကြောင်းတွေကို ရင်ဖွင့်လာတဲ့ Brie Larson 

နာမည်ကြီးဇာတ်ရုပ်တွေနဲ့ လွဲခဲ့ရတဲ့အကြောင်းတွေကို ရင်ဖွင့်လာတဲ့ Brie Larson 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီး Brie Larson ဟာ နာမည်ကြီးဇာတ်ကားတွေထဲက ဇာတ်ရုပ်တွေနဲ့ လွဲခဲ့ရတဲ့အကြောင်းကို သူမရဲ့ YouTube Channel ကတစ်ဆင့် ရင်ဖွင့်ထားပါတယ်။

Brie Larson ဟာ Captain Marvel ဇာတ်ရုပ်ကို ကမ်းလှမ်းခံခဲ့ရပေမယ့် အခြားနာမည်ကြီးရုပ်ရှင်တော်တော်များများဟာ သူမကို သူတို့ရုပ်ရှင်တွေရဲ့ အရေးပါတဲ့ဇာတ်ရုပ်တွေအတွက် ယုံကြည်မှု မရှိခဲ့ကြပါဘူး။ အသက်(၃၀)အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီးဟာ သူမရဲ့ YouTube ဗွီဒီယိုအသစ်မှာတော့ Star Wars နဲ့ Hunger Games ရုပ်ရှင်တွေမှာ ဝင်အရွေးခံခဲ့ပေမယ့် သူမကို ငြင်းပယ်ခဲ့ကြတဲ့အကြောင်း ပြောပြထားပါတယ်။

Photo: brielarson/ Instagram

“ကျွန်မ Star Wars မှာလည်း ဝင်အရွေးခံခဲ့တယ်။ Hunger Games မှာလည်း ဝင်ပြိုင်ခဲ့တယ်။ reboot ပြန်ရိုက်တဲ့ Terminator မှာလည်း ဝင်ပြိုင်ခဲ့တယ်။ အဲ့ဒီ့နေ့ကို မှတ်မိသေးတယ်။ Terminator အတွက် လူရွေးပွဲသွားဖို့ ကားမောင်းသွားတာ။ ကားဘီးပေါက်သွားတာနဲ့ အဲ့ဒီ့အလုပ်လည်း မရလိုက်ဘူး… ” လို့ Brie က ပြောပြထားပါတယ်။

Brie ဝင်ပြိုင်ခဲ့တဲ့ Hunger Games franchise ထဲက ဇာတ်ရုပ်ဟာ မင်းသမီး Jennifer Lawrence ဆီ ရောက်သွားခဲ့ပြီး reboot ပြန်ရိုက်တဲ့ Terminator: Genisys ထဲက ဇာတ်ရုပ်ကတော့ မင်းသမီး Emilia Clarke ဆီကို ရောက်သွားခဲ့ပါတယ်။

Brie ဟာ နာမည်ကျော်တစ်ယောက်အနေနဲ့ သူမရဲ့ လူကြောက်တတ်တဲ့အကြောင်းနဲ့ Captain Marvel ဇာတ်ရုပ်က သူမကို လူတွေကြားမှာ ပိုပြီးသက်သောင့်သက်သာ နေတတ်လာအောင် ကူညီပေးခဲ့တဲ့အကြောင်း အဆိုပါ YouTube ဗွီဒီယိုထဲမှာ ပြောပြထားပါသေးတယ်။

Photo: brielarson/ Instagram

“ကျွန်မက ပန်းနာရင်ကြပ်ရောဂါရှိပြီး လူတွေနဲ့ ရောရောနှောနှော မနေတတ်တဲ့ introvert တစ်ယောက်ပါ။ ကျွန်မအကြောင်းကတော့ အဲ့လိုမျိုးပဲ။ ကြောက်လည်းကြောက်တတ်တယ်။ လူတွေအများကြီးကြားထဲမှာ သိပ်အဆင်မပြေတတ်တဲ့ စိတ်အခြေအနေမျိုး ရှိတဲ့လူတစ်ယောက်ပေါ့…” လို့ Bire က ဆိုထားပါတယ်။

“Captain Marvel ဇာတ်ရုပ်ကို သရုပ်ဆောင်ရတော့ အရင်က ရှိခဲ့ဖူးတဲ့ ကျွန်မရဲ့လူကြောက်တတ်တဲ့စိတ်တွေ၊ စိုးရိမ်ထိတ်လန့်တတ်တဲ့စိတ်တွေ မရှိတော့ဘဲ နောက်ထပ် လူတစ်ယောက်လို ခံစားခဲ့ရတယ်။ အဲ့ဒီ့ကနေစပြီးတော့ ကိုယ့်အကြောင်းတေွ ထုတ်ပြောတတ်လာတယ်။ ကိုယ်ကြောက်ရွံ့တဲ့အရာတွေ၊ ကိုယ့်ရဲ့ဘဝဇာတ်ကြောင်းတွေကို ထုတ်ပြောတတ်လာတာက ကျွန်မအတွက် တကယ် အကူအညီ ဖြစ်စေခဲ့ပါတယ်… ” လို့ ဆိုပါတယ်။

Photo: brielarson/ Instagram

Brie ဟာ ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ Captain Marvel ရုပ်ရှင်ရဲ့ အထူးပွဲမှာလည်း Carol Danvers ဇာတ်ရုပ်ဟာ သူမကို ပြောင်းလဲပေးခဲ့တဲ့အကြောင်း People မဂ္ဂဇင်းကို ပြောကြားခဲ့ပါသေးတယ်။

“Carol ဟာ ကျွန်မဘဝကို ပြောင်းလဲစေခဲ့တာပါ။ အထူးသဖြင့် ပိုပြီးစိတ်ဓာတ်ခိုင်မာလာတာ၊ ကိုယ့်ရဲ့တန်ဖိုး၊ ကိုယ့်ရဲ့သဘောထားကို ဆုပ်ကိုင်ပြီး ရပ်တည်နိုင်လာတာမျိုးတွေပါ။ အဲ့လိုအရာတွေကို အဲ့ဒီ့ဇာတ်ရုပ်ကနေ ကျွန်မ သင်ယူခဲ့ရပါတယ် … ” လို့ Brie က ဆိုထားပါတယ်။

LaNina

Source: people

(Zawgyi Version)

မင္းသမီး Brie Larson ဟာ နာမည္ႀကီးဇာတ္ကားေတြထဲက ဇာတ္႐ုပ္ေတြနဲ႔ လြဲခဲ့ရတဲ့အေၾကာင္းကို သူမရဲ႕ YouTube Channel ကတစ္ဆင့္ ရင္ဖြင့္ထားပါတယ္။

Brie Larson ဟာ Captain Marvel ဇာတ္႐ုပ္ကို ကမ္းလွမ္းခံခဲ့ရေပမယ့္ အျခားနာမည္ႀကီး႐ုပ္ရွင္ေတာ္ေတာ္မ်ားမ်ားဟာ သူမကို သူတို႔႐ုပ္ရွင္ေတြရဲ႕ အေရးပါတဲ့ဇာတ္႐ုပ္ေတြအတြက္ ယုံၾကည္မႈ မရွိခဲ့ၾကပါဘူး။ အသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္တဲ့ မင္းသမီးဟာ သူမရဲ႕ YouTube ဗြီဒီယိုအသစ္မွာေတာ့ Star Wars နဲ႔ Hunger Games ႐ုပ္ရွင္ေတြမွာ ဝင္အေ႐ြးခံခဲ့ေပမယ့္ သူမကို ျငင္းပယ္ခဲ့ၾကတဲ့အေၾကာင္း ေျပာျပထားပါတယ္။

Photo: brielarson/ Instagram

“ကြၽန္မ Star Wars မွာလည္း ဝင္အေ႐ြးခံခဲ့တယ္။ Hunger Games မွာလည္း ဝင္ၿပိဳင္ခဲ့တယ္။ reboot ျပန္႐ိုက္တဲ့ Terminator မွာလည္း ဝင္ၿပိဳင္ခဲ့တယ္။ အဲ့ဒီ့ေန႔ကို မွတ္မိေသးတယ္။ Terminator အတြက္ လူေ႐ြးပြဲသြားဖို႔ ကားေမာင္းသြားတာ။ ကားဘီးေပါက္သြားတာနဲ႔ အဲ့ဒီ့အလုပ္လည္း မရလိုက္ဘူး… ” လို႔ Brie က ေျပာျပထားပါတယ္။

Brie ဝင္ၿပိဳင္ခဲ့တဲ့ Hunger Games franchise ထဲက ဇာတ္႐ုပ္ဟာ မင္းသမီး Jennifer Lawrence ဆီ ေရာက္သြားခဲ့ၿပီး reboot ျပန္႐ိုက္တဲ့ Terminator: Genisys ထဲက ဇာတ္႐ုပ္ကေတာ့ မင္းသမီး Emilia Clarke ဆီကို ေရာက္သြားခဲ့ပါတယ္။ Brie ဟာ နာမည္ေက်ာ္တစ္ေယာက္အေနနဲ႔ သူမရဲ႕ လူေၾကာက္တတ္တဲ့အေၾကာင္းနဲ႔ Captain Marvel ဇာတ္႐ုပ္က သူမကို လူေတြၾကားမွာ ပိုၿပီးသက္ေသာင့္သက္သာ ေနတတ္လာေအာင္ ကူညီေပးခဲ့တဲ့အေၾကာင္း အဆိုပါ YouTube ဗြီဒီယိုထဲမွာ ေျပာျပထားပါေသးတယ္။

Photo: brielarson/ Instagram

“ကြၽန္မက ပန္းနာရင္ၾကပ္ေရာဂါရွိၿပီး လူေတြနဲ႔ ေရာေရာေႏွာေႏွာ မေနတတ္တဲ့ introvert တစ္ေယာက္ပါ။ ကြၽန္မအေၾကာင္းကေတာ့ အဲ့လိုမ်ိဳးပဲ။ ေၾကာက္လည္းေၾကာက္တတ္တယ္။ လူေတြအမ်ားႀကီးၾကားထဲမွာ သိပ္အဆင္မေျပတတ္တဲ့ စိတ္အေျခအေနမ်ိဳး ရွိတဲ့လူတစ္ေယာက္ေပါ့…” လို႔ Bire က ဆိုထားပါတယ္။

“Captain Marvel ဇာတ္႐ုပ္ကို သ႐ုပ္ေဆာင္ရေတာ့ အရင္က ရွိခဲ့ဖူးတဲ့ ကြၽန္မရဲ႕လူေၾကာက္တတ္တဲ့စိတ္ေတြ၊ စိုးရိမ္ထိတ္လန႔္တတ္တဲ့စိတ္ေတြ မရွိေတာ့ဘဲ ေနာက္ထပ္ လူတစ္ေယာက္လို ခံစားခဲ့ရတယ္။ အဲ့ဒီ့ကေနစၿပီးေတာ့ ကိုယ့္အေၾကာင္းေတြ ထုတ္ေျပာတတ္လာတယ္။ ကိုယ္ေၾကာက္႐ြံ႕တဲ့အရာေတြ၊ ကိုယ့္ရဲ႕ဘဝဇာတ္ေၾကာင္းေတြကို ထုတ္ေျပာတတ္လာတာက ကြၽန္မအတြက္ တကယ္ အကူအညီ ျဖစ္ေစခဲ့ပါတယ္… ” လို႔ ဆိုပါတယ္။

Photo: brielarson/ Instagram

Brie ဟာ ၂၀၁၉ခုႏွစ္က ထြက္ရွိခဲ့တဲ့ Captain Marvel ႐ုပ္ရွင္ရဲ႕ အထူးပြဲမွာလည္း Carol Danvers ဇာတ္႐ုပ္ဟာ သူမကို ေျပာင္းလဲေပးခဲ့တဲ့အေၾကာင္း People မဂၢဇင္းကို ေျပာၾကားခဲ့ပါေသးတယ္။

“Carol ဟာ ကြၽန္မဘဝကို ေျပာင္းလဲေစခဲ့တာပါ။ အထူးသျဖင့္ ပိုၿပီးစိတ္ဓာတ္ခိုင္မာလာတာ၊ ကိုယ့္ရဲ႕တန္ဖိုး၊ ကိုယ့္ရဲ႕သေဘာထားကို ဆုပ္ကိုင္ၿပီး ရပ္တည္ႏိုင္လာတာမ်ိဳးေတြပါ။ အဲ့လိုအရာေတြကို အဲ့ဒီ့ဇာတ္႐ုပ္ကေန ကြၽန္မ သင္ယူခဲ့ရပါတယ္ … ” လို႔ Brie က ဆိုထားပါတယ္။

LaNina

Source: people

RELATED ARTICLES

Most Popular