HomeEntertainmentFilmFast & Furious 10 မှာ ပါဝင်လာတော့မယ့် Brie Larson

Fast & Furious 10 မှာ ပါဝင်လာတော့မယ့် Brie Larson

Brie Larson ဟာ Fast & Furious family ထဲကို ဝင်ရောက်လာတော့မယ့်အကြောင်း Vin Diesel က ကြေညာလိုက်ပါတယ်။ Fast & Furious ဟာ ပထမဆုံးဇာတ်ကား ထွက်ရှိပြီး နောက်ထပ် နှစ်နှစ်ဆယ် ကြာမြင့်သည်အထိ အားကောင်းကောင်းနဲ့ အောင်မြင်နေဆဲ ဖြစ်ပါတယ်။ ယခု Fast & Furious 10 ကတော့ လာမယ့်နှစ်ထဲမှာ ထွက်ရှိဖို့ လျာထားကြောင်း သိရပါတယ်။

ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ Vin Diesel ၊ Michelle Rodriguez ၊ Tyrese Gibson ၊ Ludacris ၊ Nathalie Emmanuel ၊ Sung Kang နဲ့ အခြားသရုပ်ဆောင်တွေ ပြန်လည် ပါဝင်လာကြဦးမှာ ဖြစ်ပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ ဇာတ်ကားတစ်ခုစီတိုင်းမှာလိုပဲ Fast & Furious 10 ထဲမှာလည်း ဇာတ်ကောင်အသစ်တွေ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Photo via IMDb

ဒီဇာတ်ကားနဲ့ ပတ်သက်လို့ လူစိတ်ဝင်စားမှု မြင့်တက်နေတာကတော့ Jason Momoa ဟာ ဗီလိန်အနေနဲ့ ပါဝင်လာမယ်ဆိုတာပါပဲ။ သူ့ရဲ့ဇာတ်ကောင်နဲ့ ပတ်သက်လို့ကတော့ များများစားစား သိထားရတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ လတုန်းကလည်း The Suicide Squad ရုပ်ရှင်ထဲမှာ ratcatcher အဖြစ် ပါဝင်ခဲ့တဲ့ မင်းသမီး Daniel Melchior လည်း ပါဝင်မယ်လို့ ကြေညာခဲ့ပါသေးတယ်။

ဒါ့အပြင် Vin Diesel ဟာ သူနဲ့ Dwayne Johnson တို့ကြားက ကာလကြာရှည် ဖြစ်ပွားလာခဲ့တဲ့ ကတောက်ကဆကို အဆုံးသတ်စေဖို့ Johnson ကိုလည်း ဖိတ်ခေါ်ခဲ့ပေမယ့် Johnson ဘက်ကတော့ ငြင်းဆိုခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Fast & Furious 10 မှာတော့ Marvel သရုပ်ဆောင်တစ်ယောက်ကိုပါ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

Photo: vindiesel/ Instagram

Brie Larson တစ်ယောက် Fast & Furious family ထဲကို ဝင်ရောက်လာတဲ့ အကြောင်းကိုတော့ Vin Diesel က သူ့ရဲ့ အင်စတာဂရမ်မှာ အသိပေးထားတာ ဖြစ်ပါတယ်။ ထုံးစံအတိုင်းပဲ ဘယ်ဇာတ်ရုပ်နဲ့ ပါဝင်လာမလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။

Larson ဟာလည်း လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကပဲ Fast & Furious ရုပ်ရှင်တွေထဲမှာ ပါဝင်ဖို့ စိတ်ဝင်စားကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ သူမဟာ Nissan ရဲ့ Super Bowl ကြော်ငြာအတွက် ကားတွေ စမ်းသပ်မောင်းနှင်ရင်း car culture ကို သဘောကျလာတာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း Fast & Furious ပရိသတ်တစ်ယောက် ဖြစ်တဲ့ သူမအနေနဲ့ ဒီ franchise ထဲမှာသာ ပါဝင်ခွင့် ရမယ်ဆိုရင် ဘယ်ဇာတ်ရုပ်မျိုးမှာမဆို ပါဝင်ချင်တယ်လို့လည်း ပြောထားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Larson ရဲ့ ဆန္ဒတွေ ပြည့်ဝသွားပြီလို့ ပြောရမှာ ဖြစ်ပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular