HomeEntertainmentFilmApple TV ရဲ့စီးရီးအသစ်မှာ အမျိုးသမီးသိပ္ပံပညာရှင်အဖြစ် သရုပ်ဆောင်သွားမယ့် Brie Larson 

Apple TV ရဲ့စီးရီးအသစ်မှာ အမျိုးသမီးသိပ္ပံပညာရှင်အဖြစ် သရုပ်ဆောင်သွားမယ့် Brie Larson 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ မင်းသမီး Brie Larson ဟာ Apple TV Plus က ထုတ်လွှင့်ပြသမယ့် စီးရီးသစ်တစ်ခုမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။

Lessons in Chemistry လို့ အမည်ရတဲ့ အဆိုပါစီးရီးကတော့ ဒရာမာအမျိုးအစားဖြစ်ပြီး ၁၉၆၀ခုနှစ် ပတ်ဝန်းကျင်က သိပ္ပံပညာရှင်ဖြစ်ဖို့ ကြိုးစားရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝအကြောင်းကို ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ စာရေးဆရာ Bonnie Garmus ရဲ့ ဝတ္ထုကို အခြေခံ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

Photo: brielarson/ Instagram

ဇာတ်ညွှန်းကိုတော့ နာမည်ကျော်ရုပ်ရှင်ဇာတ်ကား Erin Brockovich ကို ဇာတ်ညွှန်းရေးပေးခဲ့တဲ့ Susanah Grant က တာဝန်ယူသွားမယ်လို့ သိရပါတယ်။ ထူးခြားတာကတော့ ဒီဇာတ်လမ်းတွဲထဲမှာ Brie ဟာ သရုပ်ဆောင်အပြင် executive producer အနေနဲ့ပါ ပါဝင်သွားမှာ ဖြစ်ပါတယ်။

Photo: brielarson/ Instagram

ဇာတ်လမ်းကတော့ Elizabeth Zott ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သိပ္ပံပညာရှင် ဖြစ်ချင်သူပါ။ ဒီလိုနဲ့ အိမ်ထောင်ရက်သားကျပြီး ကိုယ်ဝန်ရှိသွားတဲ့အချိန်မှာတော့ သူမရဲ့သိပ္ပံဓာတ်ခွဲခန်းကနေ အလုပ်ထုတ်ခံလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူမ အိပ်မက်နဲ့ ဘာမှမဆိုင်တဲ့ ဟင်းချက်အစီအစဉ်တစ်ခုရဲ့ အစီအစဉ်တင်ဆက်သူအဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့ရပါတယ်။ သို့ပေမယ့် သိပ္ပံပညာအပေါ် ပြင်းပြတဲ့ စိတ်ဝင်စားမှုရှိတာကြောင့် မတူညီတဲ့ လမ်းကြောင်းအဖြစ် ဟင်းချက်ခြင်းကနေ သိပ္ပံပညာကို လေ့လာလိုက်စားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

Photo: brielarson/ Instagram

Brie Larson ဟာ အစောပိုင်းတုန်းက စီအိုင်အေ အေးဂျင့်ဖြစ်တဲ့ Amaryllis Fox ရဲ့ ဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ စာချုပ်ချုပ်ဆိုပြီးသား ဖြစ်ပါတယ်။ အဆိုပါ Apple TV ရဲ့စီးရီးဟာလည်း ကိုဗစ်ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။

Brie ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ Michael B. Jordan နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ Just Mercy ဆိုတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ Captain Marvel ဇာတ်ရုပ်မှာလည်း နောက်ဆက်တွဲ ရုပ်ရှင်နဲ့ ပြန်လည်ပါဝင်ဖို့ ရှိပါသေးတယ်။ Captain Marvel 2 ကိုတော့ ၂၀၂၂ခုနှစ် နိုဝင်ဘာလမှာ ရုံတင်ပြသနိုင်ဖို့ လျာထားပါတယ်။

Linda December

Source: indian express

(Zawgyi Version)

Variety သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မင္းသမီး Brie Larson ဟာ Apple TV Plus က ထုတ္လႊင့္ျပသမယ့္ စီးရီးသစ္တစ္ခုမွာ ေခါင္းေဆာင္မင္းသမီးအျဖစ္ ပါဝင္သြားမယ္လို႔ သိရပါတယ္။

Lessons in Chemistry လို႔ အမည္ရတဲ့ အဆိုပါစီးရီးကေတာ့ ဒရာမာအမ်ိဳးအစားျဖစ္ၿပီး ၁၉၆၀ခုႏွစ္ ပတ္ဝန္းက်င္က သိပၸံပညာရွင္ျဖစ္ဖို႔ ႀကိဳးစားရတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ဘဝအေၾကာင္းကို ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကိုေတာ့ စာေရးဆရာ Bonnie Garmus ရဲ႕ ဝတၳဳကို အေျခခံ ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။

Photo: brielarson/ Instagram

ဇာတ္ၫႊန္းကိုေတာ့ နာမည္ေက်ာ္႐ုပ္ရွင္ဇာတ္ကား Erin Brockovich ကို ဇာတ္ၫႊန္းေရးေပးခဲ့တဲ့ Susanah Grant က တာဝန္ယူသြားမယ္လို႔ သိရပါတယ္။ ထူးျခားတာကေတာ့ ဒီဇာတ္လမ္းတြဲထဲမွာ Brie ဟာ သ႐ုပ္ေဆာင္အျပင္ executive producer အေနနဲ႔ပါ ပါဝင္သြားမွာ ျဖစ္ပါတယ္။

Photo: brielarson/ Instagram

ဇာတ္လမ္းကေတာ့ Elizabeth Zott ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ သိပၸံပညာရွင္ ျဖစ္ခ်င္သူပါ။ ဒီလိုနဲ႔ အိမ္ေထာင္ရက္သားက်ၿပီး ကိုယ္ဝန္ရွိသြားတဲ့အခ်ိန္မွာေတာ့ သူမရဲ႕သိပၸံဓာတ္ခြဲခန္းကေန အလုပ္ထုတ္ခံလိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမ အိပ္မက္နဲ႔ ဘာမွမဆိုင္တဲ့ ဟင္းခ်က္အစီအစဥ္တစ္ခုရဲ႕ အစီအစဥ္တင္ဆက္သူအျဖစ္ ေျပာင္းလဲလုပ္ကိုင္ခဲ့ရပါတယ္။ သို႔ေပမယ့္ သိပၸံပညာအေပၚ ျပင္းျပတဲ့ စိတ္ဝင္စားမႈရွိတာေၾကာင့္ မတူညီတဲ့ လမ္းေၾကာင္းအျဖစ္ ဟင္းခ်က္ျခင္းကေန သိပၸံပညာကို ေလ့လာလိုက္စားဖို႔ ဆုံးျဖတ္လိုက္ပါေတာ့တယ္။

Photo: brielarson/ Instagram

Brie Larson ဟာ အေစာပိုင္းတုန္းက စီအိုင္ေအ ေအးဂ်င့္ျဖစ္တဲ့ Amaryllis Fox ရဲ႕ ဇာတ္႐ုပ္မွာ သ႐ုပ္ေဆာင္ဖို႔ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးသား ျဖစ္ပါတယ္။ အဆိုပါ Apple TV ရဲ႕စီးရီးဟာလည္း ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေ႐ႊ႕ဆိုင္းလိုက္ရတာ ျဖစ္ပါတယ္။

Brie ရဲ႕ ေနာက္ဆုံး ထြက္ရွိထားတဲ့ ႐ုပ္ရွင္ဇာတ္ကားကေတာ့ Michael B. Jordan နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Just Mercy ဆိုတဲ့ ဇာတ္ကား ျဖစ္ပါတယ္။ ဒါ့အျပင္ သူမရဲ႕ Captain Marvel ဇာတ္႐ုပ္မွာလည္း ေနာက္ဆက္တြဲ ႐ုပ္ရွင္နဲ႔ ျပန္လည္ပါဝင္ဖို႔ ရွိပါေသးတယ္။ Captain Marvel 2 ကိုေတာ့ ၂၀၂၂ခုႏွစ္ ႏိုဝင္ဘာလမွာ ႐ုံတင္ျပသႏိုင္ဖို႔ လ်ာထားပါတယ္။

Linda December

Source: indian express

 

RELATED ARTICLES

Most Popular