HomeCelebs Update NewsInternationalconservator အဖြစ်က မဖယ်ပေးခင် သမီးဖြစ်သူဆီက ငွေညှစ်နေတဲ့ Britney Spears ရဲ့ဖခင်

conservator အဖြစ်က မဖယ်ပေးခင် သမီးဖြစ်သူဆီက ငွေညှစ်နေတဲ့ Britney Spears ရဲ့ဖခင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ပေါ့ပ်စူပါစတား Britney Spears ရဲ့ ဖခင်ဖြစ်သူ Jamie Spears ဟာ သမီးဖြစ်သူရဲ့ conservator အဖြစ်က မဖယ်ပေးခင် ဒေါ်လာ(၂)သန်း တောင်းဆိုနေတယ်လို့ သိရပါတယ်။ ဒီကိစ္စကိုပဲ Britney နဲ့ သူမရဲ့ ဥပဒေအဖွဲ့ကတော့ ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ ပြောဆိုထားပါတယ်။

Britney ဟာ အသက်(၆၉)နှစ် ရှိပြီဖြစ်တဲ့ ဖခင်ဖြစ်သူ Jamie ကို သူမရဲ့ conservator အဖြစ်ကနေ ဖယ်ပေးစေချင်နေပြီ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူ Jamie ဟာလည်း ယခင်ကတော့ conservator နေရာက ဖယ်ပေးမယ်လို့ သဘောတူထားပေမယ့် လက်ရှိမှာတော့ Britney ရဲ့ ရှေ့နေက ပြောပြချက်အရ မဖယ်ပေးခင် ဒေါ်လာ(၂)သန်း တောင်းဆိုနေတယ်လို့ သိရပါတယ်။

Photo: britneyspears/ Instagram

Hollywood Life သတင်းဌာနက ရယူထားတဲ့ တရားရုံးက စာရွက်စာတမ်းများအရ Britney နဲ့ သူမရဲ့ ဥပဒေအဖွဲ့ကတော့ Jamie ဟာ သူမအပေါ် ခြိမ်းခြောက်ငွေညှစ်နေတယ်လို့ စွပ်စွဲထားကြောင်း သိရပါတယ်။ ဒါ့အပြင် conservator နေရာက ဖယ်ပေးလိုက်ခြင်းဟာ သမီးဖြစ်သူအတွက်လည်း ကောင်းမွန်မယ်ဆိုတာကို သဘောတူထားပြီးသား ဖြစ်ပေမယ့် အခုတစ်မျိုး၊ တော်ကြာတစ်မျိုးနဲ့ စည်းမျဉ်းစည်းကမ်းတွေ အမျိုးမျိုး ပြောင်းလဲနေတာကိုလည်း Britney က ထောက်ပြထားပါသေးတယ်။

Britney ရဲ့ ရှေ့နေ Matt Rosengart ကတော့ “Britney ကို သူ့အဖေက ခြိမ်းခြောက် ငွေညှစ်တာရော၊ အနိုင်ကျင့်တာရော မရှိအောင် လုပ်သွားမှာပါ … ” လို့ Hollywood Life ကို ပြောထားပါတယ်။

Photo: britneyspears/ Instagram

ဒါ့အပြင် “ကျွန်တော်တို့ တရားရုံးမှာ လျှောက်လွှဲချက်အသစ် တင်ထားတဲ့အတိုင်းပါပဲ။ ဩဂုတ်လ(၁၂)ရက် ၂၀၂၁ ခုနှစ်မှာ Mr. Spears က တရားရုံးကို လျှောက်ထားချက် ဖြည့်စွက်ရာမှာ သူ မဆင်းပေးခင် အပေးအယူအနေနဲ့ တောင်းဆိုချက်အသစ်တွေ ထပ်ဖြည့်ထားတာ ဖြစ်ပါတယ်။ ဒါဟာ လုံးဝ မသင့်လျော်သလို လက်ခံနိုင်စရာလည်း မရှိပါဘူး …  ” လို့ ရှေ့နေ Matt က ဆိုထားပါတယ်။

ဆက်လက်ပြီး “သူ့အနေနဲ့ ဒီနေရာက ဖယ်ပေးဖို့ အခုလို ကန့်သတ်ချက်တွေ၊ စည်းမျဉ်းတွေ လျှောက်ထုတ်ပြီး သမီးလုပ်သူကို ဓားစာခံလို လုပ်ထားခွင့် မရှိပါဘူး။ ပြီးတော့ ဒါက သူ့ကိစ္စလည်း မဟုတ်ပါဘူး။ တရားဥပဒေအရကို သူ့သမီးဖြစ်သူ ကောင်းဖို့အတွက် သူက ဒီနေရာက ဖယ်ကိုဖယ်ပေးရမှာပါ။ သူ ဖယ်ပေးဖို့ကို တရားဥပဒေအရ တောင်းဆိုနေ၊ လိုအပ်နေတာတွေ ဘေးချိတ်ထားလိုက်ရင်တောင် သူ့သမီးကို သူ တကယ်ချစ်တယ်ဆိုရင် ဒီနေ့ပဲ အခုချက်ချင်း နှုတ်ထွက်လိုက်သင့်ပါတယ်။ ဒါဟာ လုပ်သင့်တဲ့ အမှန်တရားလည်း ဖြစ်သလို ကောင်းကျိုးဖြစ်စေမယ့် လုပ်ရပ်လည်း ဖြစ်ပါတယ် …  ” လို့ Britney ရဲ့ ရှေ့နေက ပြောထားပါတယ်။

Photo: britneyspears/ Instagram

Jamie ဟာ သူ့သမီးရဲ့ conservator အနေနဲ့ ၂၀၀၈ ခုနှစ်တည်းက နေလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအချိန်အတောအတွင်း သူ့ဘာသာ ဒီနေရာက မဖယ်ပေးဘူးဆိုရင် လာမယ့် စက်တင်ဘာလ(၂၉)ရက်နေ့မှာ Britney က သူ့ကို ဒီနေရာက ရပ်ဆိုင်းပေးဖို့ တရားရုံးကို လျှောက်ထားသွားမယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး Hollywood Life သတင်းဌာနဟာ Jamie ရဲ့ ရှေ့နေကိုလည်း ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တစုံတရာ ဖြေကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

နာမည္ေက်ာ္ ေပါ့ပ္စူပါစတား Britney Spears ရဲ႕ ဖခင္ျဖစ္သူ Jamie Spears ဟာ သမီးျဖစ္သူရဲ႕ conservator အျဖစ္က မဖယ္ေပးခင္ ေဒၚလာ(၂)သန္း ေတာင္းဆိုေနတယ္လို႔ သိရပါတယ္။ ဒီကိစၥကိုပဲ Britney နဲ႔ သူမရဲ႕ ဥပေဒအဖြဲ႕ကေတာ့ ၿခိမ္းေျခာက္ေငြညႇစ္ေနတယ္လို႔ ေျပာဆိုထားပါတယ္။

Britney ဟာ အသက္(၆၉)ႏွစ္ ရွိၿပီျဖစ္တဲ့ ဖခင္ျဖစ္သူ Jamie ကို သူမရဲ႕ conservator အျဖစ္ကေန ဖယ္ေပးေစခ်င္ေနၿပီ ျဖစ္ပါတယ္။ ဖခင္ျဖစ္သူ Jamie ဟာလည္း ယခင္ကေတာ့ conservator ေနရာက ဖယ္ေပးမယ္လို႔ သေဘာတူထားေပမယ့္ လက္ရွိမွာေတာ့ Britney ရဲ႕ ေရွ႕ေနက ေျပာျပခ်က္အရ မဖယ္ေပးခင္ ေဒၚလာ(၂)သန္း ေတာင္းဆိုေနတယ္လို႔ သိရပါတယ္။

Photo: britneyspears/ Instagram

Hollywood Life သတင္းဌာနက ရယူထားတဲ့ တရား႐ုံးက စာ႐ြက္စာတမ္းမ်ားအရ Britney နဲ႔ သူမရဲ႕ ဥပေဒအဖြဲ႕ကေတာ့ Jamie ဟာ သူမအေပၚ ၿခိမ္းေျခာက္ေငြညႇစ္ေနတယ္လို႔ စြပ္စြဲထားေၾကာင္း သိရပါတယ္။ ဒါ့အျပင္ conservator ေနရာက ဖယ္ေပးလိုက္ျခင္းဟာ သမီးျဖစ္သူအတြက္လည္း ေကာင္းမြန္မယ္ဆိုတာကို သေဘာတူထားၿပီးသား ျဖစ္ေပမယ့္ အခုတစ္မ်ိဳး၊ ေတာ္ၾကာတစ္မ်ိဳးနဲ႔ စည္းမ်ဥ္းစည္းကမ္းေတြ အမ်ိဳးမ်ိဳး ေျပာင္းလဲေနတာကိုလည္း Britney က ေထာက္ျပထားပါေသးတယ္။

Britney ရဲ႕ ေရွ႕ေန Matt Rosengart ကေတာ့ “Britney ကို သူ႔အေဖက ၿခိမ္းေျခာက္ ေငြညႇစ္တာေရာ၊ အႏိုင္က်င့္တာေရာ မရွိေအာင္ လုပ္သြားမွာပါ … ” လို႔ Hollywood Life ကို ေျပာထားပါတယ္။

Photo: britneyspears/ Instagram

ဒါ့အျပင္ “ကြၽန္ေတာ္တို႔ တရား႐ုံးမွာ ေလွ်ာက္လႊဲခ်က္အသစ္ တင္ထားတဲ့အတိုင္းပါပဲ။ ဩဂုတ္လ(၁၂)ရက္ ၂၀၂၁ ခုႏွစ္မွာ Mr. Spears က တရား႐ုံးကို ေလွ်ာက္ထားခ်က္ ျဖည့္စြက္ရာမွာ သူ မဆင္းေပးခင္ အေပးအယူအေနနဲ႔ ေတာင္းဆိုခ်က္အသစ္ေတြ ထပ္ျဖည့္ထားတာ ျဖစ္ပါတယ္။ ဒါဟာ လုံးဝ မသင့္ေလ်ာ္သလို လက္ခံႏိုင္စရာလည္း မရွိပါဘူး …  ” လို႔ ေရွ႕ေန Matt က ဆိုထားပါတယ္။

ဆက္လက္ၿပီး “သူ႔အေနနဲ႔ ဒီေနရာက ဖယ္ေပးဖို႔ အခုလို ကန႔္သတ္ခ်က္ေတြ၊ စည္းမ်ဥ္းေတြ ေလွ်ာက္ထုတ္ၿပီး သမီးလုပ္သူကို ဓားစာခံလို လုပ္ထားခြင့္ မရွိပါဘူး။ ၿပီးေတာ့ ဒါက သူ႔ကိစၥလည္း မဟုတ္ပါဘူး။ တရားဥပေဒအရကို သူ႔သမီးျဖစ္သူ ေကာင္းဖို႔အတြက္ သူက ဒီေနရာက ဖယ္ကိုဖယ္ေပးရမွာပါ။ သူ ဖယ္ေပးဖို႔ကို တရားဥပေဒအရ ေတာင္းဆိုေန၊ လိုအပ္ေနတာေတြ ေဘးခ်ိတ္ထားလိုက္ရင္ေတာင္ သူ႔သမီးကို သူ တကယ္ခ်စ္တယ္ဆိုရင္ ဒီေန႔ပဲ အခုခ်က္ခ်င္း ႏႈတ္ထြက္လိုက္သင့္ပါတယ္။ ဒါဟာ လုပ္သင့္တဲ့ အမွန္တရားလည္း ျဖစ္သလို ေကာင္းက်ိဳးျဖစ္ေစမယ့္ လုပ္ရပ္လည္း ျဖစ္ပါတယ္ …  ” လို႔ Britney ရဲ႕ ေရွ႕ေနက ေျပာထားပါတယ္။

Photo: britneyspears/ Instagram

Jamie ဟာ သူ႔သမီးရဲ႕ conservator အေနနဲ႔ ၂၀၀၈ ခုႏွစ္တည္းက ေနလာခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အခုအခ်ိန္အေတာအတြင္း သူ႔ဘာသာ ဒီေနရာက မဖယ္ေပးဘူးဆိုရင္ လာမယ့္ စက္တင္ဘာလ(၂၉)ရက္ေန႔မွာ Britney က သူ႔ကို ဒီေနရာက ရပ္ဆိုင္းေပးဖို႔ တရား႐ုံးကို ေလွ်ာက္ထားသြားမယ္လို႔လည္း သိရပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ၿပီး Hollywood Life သတင္းဌာနဟာ Jamie ရဲ႕ ေရွ႕ေနကိုလည္း ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ တစုံတရာ ေျဖၾကားျခင္း မရွိေသးဘူးလို႔ သိရပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular