HomeCelebs Update NewsInternationalဟောလိဝုဒ်ကလူတွေအစား အိမ်ခြေရာမဲ့တွေနဲ့ပဲ ပေါင်းမယ်ဆိုတဲ့ Britney Spears

ဟောလိဝုဒ်ကလူတွေအစား အိမ်ခြေရာမဲ့တွေနဲ့ပဲ ပေါင်းမယ်ဆိုတဲ့ Britney Spears

Britney Spears ကတော့ ဟောလိဝုဒ်က လူတွေနဲ့ အစေးမကပ်တဲ့အကြောင်း ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ပြောထားပါတယ်။ ဒီအကြောင်းကိုတော့ Britney ဟာ သူမရဲ့အင်စတာဂရမ်မှာ ပို့စ်တင်ပြီး ပြောထားတာ ဖြစ်ပြီး “ဘုရားသခင်က မကောင်းဘူး” လို့ ရေးထားတဲ့ ပုံတစ်ပုံနဲ့ ဟောလိဝုဒ်အပေါ် သူမရဲ့စိတ်အချဉ်ပေါက်မှုကို ဖွင့်ထုတ်ထားတာ ဖြစ်ပါတယ်။

ဇူလိုင်လ(၁၄)ရက်နေ့က တင်ထားတဲ့ အဆိုပါပို့စ်မှာတော့ Britney ဟာ “ဒါဆိုရင် နတ်ဆိုးဟာ အရမ်းဟော့ပြီး မိုက်နေတာလား … ဟောလိဝုဒ်က လူတွေနဲ့ ပေါင်းမယ့်အစား အိမ်ခြေရာမဲ့တွေနဲ့ပဲ ပေါင်းလိုက်တော့မယ် … ဒီတိုင်းပဲ ပြောပြတာပါ …” လို့ ကပ်ပရှင်မှာ ရေးထားပါတယ်။

Photo: britneyspears/ Instagram

သို့သော်လည်း အဆိုပါပို့စ်တင်ပြီး နှစ်ရက်ခန့်အကြာမှာတော့ Britney ဟာ ပို့စ်ကို ပြန်ဖျက်သွားပြီ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Britney တစ်ယောက် ဟောလိဝုဒ်က လူတွေအပေါ် ခါးခါးသီးသီး ဖြစ်နေတာကတော့ သူမကို အဆိုးမဆိုနိုင်ပါဘူး။ သူမဟာ ဆယ်ကျော်သက်ရွယ် အစောပိုင်း Disney ရဲ့ Mickey Mouse Club မှာတည်းက လူထုရဲ့မျက်စိဒေါက်ထောက် ကြည့်ရှုမှုကို ခံလာရတာ‌ ဖြစ်ပါတယ်။

အဲဒီနောက် ၉၀ ခုနှစ်နှောင်းပိုင်း ကာလတွေမှာ သူမရဲ့ခေတ်တစ်ခေတ် ဖြစ်ခဲ့ပြီး သူမလိုပဲ နာမည်ကြီးတဲ့ Justin Timberlake နဲ့ တွဲလိုက်တဲ့အချိန်မှာတော့ Britney ဟာ မီဒီယာတွေရဲ့အကြိုက် သားကောင်တစ်ယောက် ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ၂၀၀၀ ခုနှစ်နောက်ပိုင်းတွေမှာတော့ Timberlake နဲ့ လမ်းခွဲခဲ့သလို Kevin Federline နဲ့ ကလေးနှစ်ယောက် မွေးဖွားခဲ့ပါတယ်။

Photo: britneyspears/ Instagram

ဒီလိုနဲ့ Kevin Federline နဲ့ လမ်းခွဲပြီးတဲ့နောက်မှာတော့ မီဒီယာတွေရဲ့ ဆိုးဝါးတဲ့ ပုံဖော်ရေးသားမှုတွေကြောင့် ဖိအားများစွာ ရရှိခဲ့ပြီး လူတွေအားလုံးရဲ့ရှေ့၊ ကင်မရာတွေရဲ့ အရှေ့မှာပဲ သူမကိုယ်သူမ ကတုံးရိတ်ပြခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ သူမမှာ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေ ခံစားခဲ့ရပြီး သူမဘာသာ မရပ်တည်နိုင်ဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့တဲ့အတွက် ဖခင်ဖြစ်သူက ယာယီအုပ်ထိန်းသူအဖြစ် ခန့်အပ်ခံရပြီး conservatorship နဲ့ နေထိုင်ခဲ့ရပါတယ်။

သို့သော်လည်း ဒါဟာ ခဏတာ မဟုတ်ခဲ့ဘဲ (၁၃)နှစ်ကျော်ကြာအောင် သူမရဲ့ကိုယ်ပိုင် ဆုံးဖြတ်ခွင့်တစ်ခုမှ မရှိဘဲ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ Britney ဟာ သူမ စိတ်ကြိုက် သီချင်းတွေလည်း ဖန်တီးခွင့်၊ ဖျော်ဖြေခွင့် မရှိတော့သလို သူမရဲ့စီးပွားရေးတွေနဲ့ ပိုင်ဆိုင်မှုတွေအားလုံးကိုလည်း ဘာတစ်ခုမှ ကိုယ်ပိုင်စီရင်နိုင်ခွင့် မရှိတော့တာ ဖြစ်ပါတယ်။ သို့သော်လည်း ပရိသတ်တွေရဲ့ ဝန်းရံမှုနဲ့ ၂၀၂၁ ခုနှစ်မှာတော့ Britney ဟာ conservatorship ကနေ လွတ်မြောက်နိုင်ခဲ့ပြီး သူမရဲ့ ချစ်သူ Sam Asghari နဲ့လည်း မကြာသေးခင်ကပဲ လက်ထပ်သွားခဲ့ပြီ ဖြစ်ပါတယ်။

Vancouver

Source: hollywoodlife

RELATED ARTICLES

Most Popular