HomeCelebs Update NewsInternational(၁၃)နှစ်ကြာ conservatorship ကနေ တရားဝင် လွတ်မြောက်သွားပြီဖြစ်တဲ့ Britney Spears

(၁၃)နှစ်ကြာ conservatorship ကနေ တရားဝင် လွတ်မြောက်သွားပြီဖြစ်တဲ့ Britney Spears

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော်အဆိုတော် Britney Spears ဟာ နောက်ဆုံးမှာတော့ တရားရုံးရဲ့ တရားဝင် အမိန့်ချမှတ်မှုနဲ့ (၁၃)နှစ်ကြာ နေထိုင်လာခဲ့ရတဲ့ conservatorship ကနေ လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကပဲ ‌လော့စ်အိန်ဂျလိစ်ကောင်တီရဲ့ တရားသူကြီး Brenda Penny ဟာ ဖခင်ဖြစ်သူ Jamie Spears ရဲ့ သမီးဖြစ်သူ Britney Spears အတွက် conservatorship ကို အဆုံးသတ်ပေးဖို့ တောင်းခံလွှာကို တရားဝင် ခွင့်ပြုချက် ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ နွေရာသီတလျှောက်လုံးမှာ Britney အနေနဲ့ သူမ နေထိုင်လာခဲ့ရတဲ့ conservatorship ကြီးရဲ့ စိုးမိုးအုပ်ချုပ်မှုအောက်ကနေ အမှန်တကယ် လွတ်မြောက်လိုကြောင်း ပြောဆိုပြီးနောက်မှာ အခုလို ရလဒ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Photo: britney_spears_daily/ Instagram

“တရားရုံးတော်အနေနဲ့ ဤလူပုဂ္ဂိုလ်ရဲ့ conservatorship နဲ့ ၎င်းနဲ့ ဆက်စပ်တဲ့ အခြေအနေအားလုံးဟာ မလိုအပ်တော့ကြောင်း တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ ယနေ့မှ စတင်ပြီး Britney Jean Spears ရဲ့ conservatorship နဲ့ ဆက်စပ်အခြေအနေများအားလုံးကို ဤနေရာမှာပင် အဆုံးသတ်လိုက်ပါတယ် …. ” လို့ သောကြာနေ့ နေ့လယ်ခင်းမှာပဲ လော့စ်အိန်ဂျလိစ်တရားရုံးမှာ တရားသူကြီး Penny က အမိန့်ချမှတ်လိုက်ပါတယ်။

Photo: britney_spears_daily/ Instagram

ယခုလို conservatorship အဆုံးသတ်သွားချိန်မှာတော့ Britney ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ လုပ်ပိုင်ခွင့်တွေကို ယာယီ conservator အဖြစ် တာဝန်ယူထားခဲ့ရတဲ့ John Zabel က ကူညီထိန်းကျောင်းပြီး စီမံပေးသွားမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ conservatorship က လွတ်မြောက်သွားချိန်ကာလမှာ Britney ရဲ့ ပိုင်ဆိုင်ခွင့်တွေနဲ့ လုပ်ပိုင်ခွင့်တွေကို သူမရဲ့ လက်ထဲ ချောမွေ့စွာ ပြန်လည်ရောက်ရှိပြီး အထိုင်ကျတဲ့အထိ စီစဉ်ပေးဖို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Britney ရဲ့ ပါဆင်နယ် conservator ဖြစ်တဲ့ Montgomery ကလည်း သူမ လိုအပ်သမျှကို ကူညီပေးသွားဖို့ အသင့်ရှိတယ်လို့ ပြောထားပါသေးတယ်။

Glasgow

Source: people

(Zawgyi Version)

နာမည္ေက်ာ္အဆိုေတာ္ Britney Spears ဟာ ေနာက္ဆုံးမွာေတာ့ တရား႐ုံးရဲ့ တရားဝင္ အမိန႔္ခ်မွတ္မွုနဲ႔ (၁၃)ႏွစ္ၾကာ ေနထိုင္လာခဲ့ရတဲ့ conservatorship ကေန လြတ္ေျမာက္သြားၿပီ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔ကပဲ ‌ေလာ့စ္အိန္ဂ်လိစ္ေကာင္တီရဲ့ တရားသူႀကီး Brenda Penny ဟာ ဖခင္ျဖစ္သူ Jamie Spears ရဲ့ သမီးျဖစ္သူ Britney Spears အတြက္ conservatorship ကို အဆုံးသတ္ေပးဖို႔ ေတာင္းခံလႊာကို တရားဝင္ ခြင့္ျပဳခ်က္ ေပးလိုက္တာ ျဖစ္ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ ေႏြရာသီတေလၽွာက္လုံးမွာ Britney အေနနဲ႔ သူမ ေနထိုင္လာခဲ့ရတဲ့ conservatorship ႀကီးရဲ့ စိုးမိုးအုပ္ခ်ဳပ္မွုေအာက္ကေန အမွန္တကယ္ လြတ္ေျမာက္လိုေၾကာင္း ေျပာဆိုၿပီးေနာက္မွာ အခုလို ရလဒ္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

Photo: britney_spears_daily/ Instagram

“တရား႐ုံးေတာ္အေနနဲ႔ ဤလူပုဂၢိဳလ္ရဲ့ conservatorship နဲ႔ ၎နဲ႔ ဆက္စပ္တဲ့ အေျခအေနအားလုံးဟာ မလိုအပ္ေတာ့ေၾကာင္း ေတြ႕ရွိရပါတယ္။ သို႔ျဖစ္ပါ၍ ယေန႔မွ စတင္ၿပီး Britney Jean Spears ရဲ့ conservatorship နဲ႔ ဆက္စပ္အေျခအေနမ်ားအားလုံးကို ဤေနရာမွာပင္ အဆုံးသတ္လိုက္ပါတယ္ …. ” လို႔ ေသာၾကာေန႔ ေန႔လယ္ခင္းမွာပဲ ေလာ့စ္အိန္ဂ်လိစ္တရား႐ုံးမွာ တရားသူႀကီး Penny က အမိန႔္ခ်မွတ္လိုက္ပါတယ္။

Photo: britney_spears_daily/ Instagram

ယခုလို conservatorship အဆုံးသတ္သြားခ်ိန္မွာေတာ့ Britney ရဲ့ ပိုင္ဆိုင္မွုေတြနဲ႔ လုပ္ပိုင္ခြင့္ေတြကို ယာယီ conservator အျဖစ္ တာဝန္ယူထားခဲ့ရတဲ့ John Zabel က ကူညီထိန္းေက်ာင္းၿပီး စီမံေပးသြားမွာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ conservatorship က လြတ္ေျမာက္သြားခ်ိန္ကာလမွာ Britney ရဲ့ ပိုင္ဆိုင္ခြင့္ေတြနဲ႔ လုပ္ပိုင္ခြင့္ေတြကို သူမရဲ့ လက္ထဲ ေခ်ာေမြ႕စြာ ျပန္လည္ေရာက္ရွိၿပီး အထိုင္က်တဲ့အထိ စီစဥ္ေပးဖို႔ပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ Britney ရဲ့ ပါဆင္နယ္ conservator ျဖစ္တဲ့ Montgomery ကလည္း သူမ လိုအပ္သမၽွကို ကူညီေပးသြားဖို႔ အသင့္ရွိတယ္လို႔ ေျပာထားပါေသးတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular