HomeCelebs Update NewsInternationalကာလကြာရှည် တွဲလာတဲ့ချစ်သူနဲ့ လက်ထပ်သွားတဲ့ Britney Spears

ကာလကြာရှည် တွဲလာတဲ့ချစ်သူနဲ့ လက်ထပ်သွားတဲ့ Britney Spears

ပေါ့ပ်စူပါစတားတစ်ယောက်ဖြစ်တဲ့ Britney Spears ကတော့ သူမရဲ့ကာလကြာရှည် တွဲလာတဲ့ချစ်သူ Sam Asghari နဲ့ လက်ထပ်သွားပြီ ဖြစ်ပါတယ်။ လက်ထပ်ပွဲကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညက လော့စ်အိန်ဂျလိစ်မြို့မှာ ပြုလုပ်ကျင်းပခဲ့တာလို့ သိရပါတယ်။

Britney ရဲ့မင်္ဂလာပွဲကိုတော့ ဧည့်သည်တော်ပေါင်း (၆၀)ခန့်ကိုသာ ဖိတ်ကြားခဲ့တာလို့ သိရပါတယ်။ အဆိုပါဧည့်သည်တွေထဲမှာတော့ သေချာပေါက် နာမည်ကျော်ပုဂ္ဂိုလ်တွေလည်း ပါဝင်ပြီး Drew Barrymore ၊ Madonna ၊ Paris Hilton နဲ့ မိခင်ဖြစ်သူ Kathy Hilton အစရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Photo: britneyspears/ Instagram

သတင်းရင်းမြစ်တွေအရ Britney ဟာ Versace တံဆိပ် မင်္ဂလာဝတ်စုံကို ဆင်မြန်းခဲ့ပြီး Elvis Presley ရဲ့ “Can’t Help Falling in Love” သီချင်းနဲ့ မင်္ဂလာပွဲခန်းမကို လျှောက်လှမ်းခဲ့တယ်လို့ သိရပါတယ်။

“ဒီလိုနေ့ ရောက်လာပြီး သူတို့လက်ထပ်သွားကြတာကို တွေ့မြင်ရတာ အလွန်ကြည်နူးဝမ်းမြောက်မိပါတယ်။ သူ ဒီလိုဖြစ်ချင်ခဲ့တာ ကြာပါပြီ။ သူက Britney ကို သိပ်ဂရုစိုက်ပေးပြီး ခြေလှမ်းတိုင်းမှာ ကူညီအားပေးနေခဲ့တာပါ …” လို့ Sam Asghari ရဲ့မန်နေဂျာ Brandon Cohen က People မဂ္ဂဇင်းကို ပြောထားပါတယ်။

Photo: britneyspears/ Instagram

ဒီမင်္ဂလာပွဲကိုတော့ Britney ရဲ့သားနှစ်ယောက်က မတက်ရောက်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ သို့သော်လည်း သူတို့မိခင်ရဲ့ မင်္ဂလာပွဲအတွက် သားနှစ်ယောက်လုံးက ပျော်ရွှင်ဝမ်းသာနေကြတယ်လို့ ဆိုပါတယ်။ Britney မှာတော့ သူမရဲ့ခင်ပွန်းဟောင်း Kevin Federline နဲ့ရတဲ့ သားနှစ်ယောက် ရှိပါတယ်။ သူတို့ကတော့ အသက်(၁၆)နှစ်အရွယ် Sean Preston နဲ့ အသက်(၁၅)နှစ်အရွယ် Jayden James တို့ ဖြစ်ပါတယ်။

Britney နဲ့ Sam Asghari တို့ကတော့ Britney ရဲ့ Slumber Party music video ရဲ့ ရိုက်ကူးရေးမှာ စတင်တွေ့ဆုံခဲ့ကြပြီး ချစ်သူတွေ ဖြစ်လာကြတာပါ။ ဒီလိုနဲ့ Britney ရဲ့ conservatorship က လွတ်မြောက်ပြီးတဲ့အချိန် ပြီးခဲ့တဲ့ စက်တင်ဘာလမှာပဲ စေ့စပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular