HomeCelebs Update NewsInternationalမင်းသမီး Nicola Peltz နဲ့ စေ့စပ်သွားပြီဖြစ်တဲ့ Brooklyn Beckham 

မင်းသမီး Nicola Peltz နဲ့ စေ့စပ်သွားပြီဖြစ်တဲ့ Brooklyn Beckham 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ဘောလုံးသမား David Beckham နဲ့ အဆိုတော်၊ ဖက်ရှင်ဒီဇိုင်နာ Victoria Beckham တို့ရဲ့ သားအကြီးဆုံး Brooklyn Beckham ဟာ သရုပ်ဆောင် မင်းသမီး Nicola Peltz နဲ့ စေ့စပ်လိုက်ပြီ ဖြစ်ပါတယ်။

မော်ဒယ်လ်ဖြစ်သလို ဓာတ်ပုံဆရာတစ်ယောက်လည်းဖြစ်တဲ့ Brooklyn Beckham ဟာ Transformers: Age of Extinction ထဲက မင်းသမီး Nicola Pletz ကို စေ့စပ်လိုက်တာ ဖြစ်ပါတယ်။ Brooklyn ဟာ အသက်(၂၁)နှစ်အရွယ်ရှိပြီဖြစ်ပြီး Nicola ကတော့ အသက်(၂၅)နှစ်အရွယ် ရှိပြီ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ချစ်သူဘဝနဲ့ တွဲနေခဲ့တာ (၇)လရှိပြီဖြစ်ပြီး လက်ထပ်ခွင့် တောင်းခံလိုက်တဲ့ သတင်းကိုတော့ ဇူလိုင်လ(၁၁)ရက်နေ့မှာ Brooklyn က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ပို့စ်တင်ပြီး အသိပေးလိုက်တာ ဖြစ်ပါတယ်။

Photo: brooklynbeckham/ Instagram

Brooklyn တင်လိုက်တဲ့ IG က ပုံလေးမှာတော့ နှစ်ယောက်သား ရင်ချင်းအပ်ဖက်ထားကာ စေ့စပ်လက်စွပ်လေးကိုလည်း မြင်သာအောင် ပြသထားပါသေးတယ်။ ပုံရဲ့ caption မှာတော့ “လွန်ခဲ့တဲ့နှစ်ပတ်က ကျွန်တော့်ရဲ့ချစ်သူလေးကို လက်ထပ်ခွင့် တောင်းခံခဲ့ပြီး သူကလည်း Yes လို့ လက်ခံခဲ့ပါတယ်။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူသားတစ်ယောက်ပါ။ အကောင်းဆုံးသော ခင်ပွန်းသည်ဖြစ်ဖို့ ကတိပေးပါတယ်။ တစ်နေ့ကျရင် အကောင်းဆုံးသော ဖခင်တစ်ယောက် ဖြစ်ပေးဖို့လည်း ကတိပေးပါတယ်။ ချစ်တယ် ဘေဘီ…” ဆိုပြီး Brooklyn က ရေးသားထားပါတယ်။

Nicola ကလည်း ဒီကြည်နူးစရာသတင်းလေးကို သူမရဲ့ IG မှာ ထပ်မံမျှဝေထားပြီး သူမရဲ့ပျော်ရွှင်မှုကို ဖော်ပြထားပါသေးတယ်။ “မောင်ကတော့ … ကျွန်မကို ကမ္ဘာပေါ်က ကံအကောင်းဆုံး မိန်းမတစ်ယောက်ဖြစ်အောင် လုပ်ပေးလိုက်ပါပြီ။ ကျွန်မရဲ့ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး မောင့်ဘေးနားမှာ နေသွားဖို့ကို မစောင့်နိုင်တော့ဘူးကွယ်။ မောင့်ရဲ့အချစ်က အဖိုးတန်ဆုံးသော လက်ဆောင်ပါပဲ။ မောင့်ကို သိပ်သိပ်ချစ်ပါတယ်။ ပုံလေးကို မှတ်တမ်းတင်ပေးတဲ့ Harper ကိုလည်း ကျေးဇူးတင်ပါတယ်…” လို့ ရေးသားထားပါတယ်။

Photo: brooklynbeckham/ Instagram

Brooklyn ရဲ့ စေ့စပ်တဲ့သတင်းကို ကြေငြာဖို့ရာ ရိုမန့်တစ်ဆန်တဲ့ ပုံရိပ်လေးကို မှတ်တမ်းတင်ပေးသူကတော့ Brooklyn တို့ ညီအစ်ကိုသုံးယောက်ရဲ့ ကိုးနှစ်အရွယ် အငယ်ဆုံးညီမလေး Harper Beckham ဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မက ပုံထဲမှာ Nicola ဝတ်ဆင်ထားတဲ့ အဝါရောင်လွင်လွင်လေးနဲ့ ဂါဝန်လေးကိုတော့ ယောက္ခမလောင်း Victoria ကိုယ်တိုင်က ဒီဇိုင်းထုတ်ပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

သားဖြစ်သူရဲ့ မင်္ဂလာသတင်းနဲ့ ပတ်သက်လို့ Victoria ကလည်း သူမရဲ့ခံစားချက်ကို IG မှာ မျှဝေထားပါသေးတယ်။ “စိတ်လှုပ်ရှားစရာအကောင်းဆုံး သတင်းပါပဲ။ သားနဲ့သမီးတို့ လက်ထပ်တော့မယ်ဆိုတော့ အပျော်ဆုံးပါပဲ။ အမေတို့အားလုံး မင်းတို့နှစ်ယောက်ကို ချစ်ပါတယ်ကွယ်…” လို့ Victoria က ပို့စ်တင်ထားပါတယ်။

Photo: brooklynbeckham/ Instagram

Nicola ဟာ Brooklyn နဲ့မတိုင်ခင်မှာ နာမည်ကျော် မော်ဒယ်လ်တွေဖြစ်တဲ့ Gigi Hadid နဲ့ Bella Hadid တို့ရဲ့ မောင် Anwar Hadid နဲ့လည်း တွဲခဲ့ဖူးပါသေးတယ်။

Brooklyn ကတော့ ဖခင်ရဲ့ရုပ်ဖြောင့်မှုနဲ့ စန်းပွင့်တဲ့ ဓာတ်ခံတွေကို အမွေရရှိထားသူဖြစ်တာကြောင့် Nicola နဲ့မတိုင်ခင်မှာ ချစ်သူတော်တော်များများ ထားခဲ့ဖူးသူ ဖြစ်ပါတယ်။ Brooklyn ဟာ နာမည်ကျော် သရုပ်ဆောင် Chloe Grace Moretz နဲ့ ၂၀၁၄ခုနှစ်ကစလို့ ၂၀၁၇ခုနှစ်အထိ တွဲလိုက် ပြတ်လိုက်နဲ့ အခါခါ လုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီကြားထဲမှာ မော်ဒယ်လ် Sonia Ben Ammar နဲ့ ၂၀၁၅ခုနှစ်မှာ ခဏလောက် တွဲလိုက်ပြန်ပါသေးတယ်။ အဲ့ဒီ့နောက် ၂၀၁၇ခုနှစ်မှာတော့ အမေရိကန်အဆိုတော် Madison Beer နဲ့ တွဲခဲ့ဖူးကာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာတော့ ဗြိတိန်မော်ဒယ်လ် Hana Cross နဲ့ တွဲခဲ့ဖူးပါသေးတယ်။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

နာမည္ေက်ာ္ ေဘာလုံးသမား David Beckham နဲ႔ အဆိုေတာ္၊ ဖက္ရွင္ဒီဇိုင္နာ Victoria Beckham တို႔ရဲ႕ သားအႀကီးဆုံး Brooklyn Beckham ဟာ သ႐ုပ္ေဆာင္ မင္းသမီး Nicola Peltz နဲ႔ ေစ့စပ္လိုက္ၿပီ ျဖစ္ပါတယ္။

ေမာ္ဒယ္လ္ျဖစ္သလို ဓာတ္ပုံဆရာတစ္ေယာက္လည္းျဖစ္တဲ့ Brooklyn Beckham ဟာ Transformers: Age of Extinction ထဲက မင္းသမီး Nicola Pletz ကို ေစ့စပ္လိုက္တာ ျဖစ္ပါတယ္။ Brooklyn ဟာ အသက္(၂၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ၿပီး Nicola ကေတာ့ အသက္(၂၅)ႏွစ္အ႐ြယ္ ရွိၿပီ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ခ်စ္သူဘဝနဲ႔ တြဲေနခဲ့တာ (၇)လရွိၿပီျဖစ္ၿပီး လက္ထပ္ခြင့္ ေတာင္းခံလိုက္တဲ့ သတင္းကိုေတာ့ ဇူလိုင္လ(၁၁)ရက္ေန႔မွာ Brooklyn က သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ ပို႔စ္တင္ၿပီး အသိေပးလိုက္တာ ျဖစ္ပါတယ္။

Photo: brooklynbeckham/ Instagram

Brooklyn တင္လိုက္တဲ့ IG က ပုံေလးမွာေတာ့ ႏွစ္ေယာက္သား ရင္ခ်င္းအပ္ဖက္ထားကာ ေစ့စပ္လက္စြပ္ေလးကိုလည္း ျမင္သာေအာင္ ျပသထားပါေသးတယ္။ ပုံရဲ႕ caption မွာေတာ့ “လြန္ခဲ့တဲ့ႏွစ္ပတ္က ကြၽန္ေတာ့္ရဲ႕ခ်စ္သူေလးကို လက္ထပ္ခြင့္ ေတာင္းခံခဲ့ၿပီး သူကလည္း Yes လို႔ လက္ခံခဲ့ပါတယ္။ ကြၽန္ေတာ္ဟာ ကမာၻေပၚမွာ ကံအေကာင္းဆုံး လူသားတစ္ေယာက္ပါ။ အေကာင္းဆုံးေသာ ခင္ပြန္းသည္ျဖစ္ဖို႔ ကတိေပးပါတယ္။ တစ္ေန႔က်ရင္ အေကာင္းဆုံးေသာ ဖခင္တစ္ေယာက္ ျဖစ္ေပးဖို႔လည္း ကတိေပးပါတယ္။ ခ်စ္တယ္ ေဘဘီ…” ဆိုၿပီး Brooklyn က ေရးသားထားပါတယ္။

Nicola ကလည္း ဒီၾကည္ႏူးစရာသတင္းေလးကို သူမရဲ႕ IG မွာ ထပ္မံမွ်ေဝထားၿပီး သူမရဲ႕ေပ်ာ္႐ႊင္မႈကို ေဖာ္ျပထားပါေသးတယ္။ “ေမာင္ကေတာ့ … ကြၽန္မကို ကမာၻေပၚက ကံအေကာင္းဆုံး မိန္းမတစ္ေယာက္ျဖစ္ေအာင္ လုပ္ေပးလိုက္ပါၿပီ။ ကြၽန္မရဲ႕ က်န္ရွိတဲ့ ဘဝတစ္ေလွ်ာက္လုံး ေမာင့္ေဘးနားမွာ ေနသြားဖို႔ကို မေစာင့္ႏိုင္ေတာ့ဘူးကြယ္။ ေမာင့္ရဲ႕အခ်စ္က အဖိုးတန္ဆုံးေသာ လက္ေဆာင္ပါပဲ။ ေမာင့္ကို သိပ္သိပ္ခ်စ္ပါတယ္။ ပုံေလးကို မွတ္တမ္းတင္ေပးတဲ့ Harper ကိုလည္း ေက်းဇူးတင္ပါတယ္…” လို႔ ေရးသားထားပါတယ္။

Photo: brooklynbeckham/ Instagram

Brooklyn ရဲ႕ ေစ့စပ္တဲ့သတင္းကို ေၾကျငာဖို႔ရာ ႐ိုမန႔္တစ္ဆန္တဲ့ ပုံရိပ္ေလးကို မွတ္တမ္းတင္ေပးသူကေတာ့ Brooklyn တို႔ ညီအစ္ကိုသုံးေယာက္ရဲ႕ ကိုးႏွစ္အ႐ြယ္ အငယ္ဆုံးညီမေလး Harper Beckham ျဖစ္တယ္လို႔ သိရပါတယ္။ ဒါတင္မက ပုံထဲမွာ Nicola ဝတ္ဆင္ထားတဲ့ အဝါေရာင္လြင္လြင္ေလးနဲ႔ ဂါဝန္ေလးကိုေတာ့ ေယာကၡမေလာင္း Victoria ကိုယ္တိုင္က ဒီဇိုင္းထုတ္ေပးထားတာ ျဖစ္တယ္လို႔ သိရပါတယ္။

သားျဖစ္သူရဲ႕ မဂၤလာသတင္းနဲ႔ ပတ္သက္လို႔ Victoria ကလည္း သူမရဲ႕ခံစားခ်က္ကို IG မွာ မွ်ေဝထားပါေသးတယ္။ “စိတ္လႈပ္ရွားစရာအေကာင္းဆုံး သတင္းပါပဲ။ သားနဲ႔သမီးတို႔ လက္ထပ္ေတာ့မယ္ဆိုေတာ့ အေပ်ာ္ဆုံးပါပဲ။ အေမတို႔အားလုံး မင္းတို႔ႏွစ္ေယာက္ကို ခ်စ္ပါတယ္ကြယ္…” လို႔ Victoria က ပို႔စ္တင္ထားပါတယ္။

Photo: brooklynbeckham/ Instagram

Nicola ဟာ Brooklyn နဲ႔မတိုင္ခင္မွာ နာမည္ေက်ာ္ ေမာ္ဒယ္လ္ေတြျဖစ္တဲ့ Gigi Hadid နဲ႔ Bella Hadid တို႔ရဲ႕ ေမာင္ Anwar Hadid နဲ႔လည္း တြဲခဲ့ဖူးပါေသးတယ္။

Brooklyn ကေတာ့ ဖခင္ရဲ႕႐ုပ္ေျဖာင့္မႈနဲ႔ စန္းပြင့္တဲ့ ဓာတ္ခံေတြကို အေမြရရွိထားသူျဖစ္တာေၾကာင့္ Nicola နဲ႔မတိုင္ခင္မွာ ခ်စ္သူေတာ္ေတာ္မ်ားမ်ား ထားခဲ့ဖူးသူ ျဖစ္ပါတယ္။ Brooklyn ဟာ နာမည္ေက်ာ္ သ႐ုပ္ေဆာင္ Chloe Grace Moretz နဲ႔ ၂၀၁၄ခုႏွစ္ကစလို႔ ၂၀၁၇ခုႏွစ္အထိ တြဲလိုက္ ျပတ္လိုက္နဲ႔ အခါခါ လုပ္ခဲ့ဖူးပါတယ္။ အဲ့ဒီၾကားထဲမွာ ေမာ္ဒယ္လ္ Sonia Ben Ammar နဲ႔ ၂၀၁၅ခုႏွစ္မွာ ခဏေလာက္ တြဲလိုက္ျပန္ပါေသးတယ္။ အဲ့ဒီ့ေနာက္ ၂၀၁၇ခုႏွစ္မွာေတာ့ အေမရိကန္အဆိုေတာ္ Madison Beer နဲ႔ တြဲခဲ့ဖူးကာ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလမွာေတာ့ ၿဗိတိန္ေမာ္ဒယ္လ္ Hana Cross နဲ႔ တြဲခဲ့ဖူးပါေသးတယ္။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular