HomeCharacterလူတွေမထင်ထားတဲ့ ဗီလိန်တစ်ယောက်ရဲ့ လက်ချက်နဲ့ ဘဝအဆုံးသတ်သွားရတဲ့ Batman

လူတွေမထင်ထားတဲ့ ဗီလိန်တစ်ယောက်ရဲ့ လက်ချက်နဲ့ ဘဝအဆုံးသတ်သွားရတဲ့ Batman

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဘီလျံနာတစ်ယောက်ဖြစ်သူ Bruce Wayne ဟာ သူ့ရဲ့အသက်ကို စွန့်စားပြီးတော့ ဂေါ့သမ်မြို့ကြီးကို အမြဲတမ်း ကာကွယ်နေလေ့ရှိပါတယ်။ သူဟာ ရာဇဝတ်သားမျိူးစုံနဲ့ တိုက်ခိုက်ခဲ့ရပြီးတော့ တစ်ချို့ဗီလိန်တွေဆိုရင် သူ့ကို သတ်ပစ်နိုင်လုနီးနီးတောင် စွမ်းဆောင်နိုင်ခဲ့သူတွေ ရှိပါတယ်။ အခုနောက်ဆုံးထွက်ထားတဲ့ Detective Comics #1027 ထဲမှာတော့ ပရိသတ်တွေ လုံးဝမထင်မှတ်ထားတဲ့ ဗီလိန်တစ်ယောက်ဟာ Batman ကို သတ်ပစ်နိုင်ခဲ့တယ်ဆိုတာကို ဖော်ပြထားပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ Doctor Phosphorous ဆိုတဲ့ ဗီလိန်တစ်ယောက်ဟာ Batman ကို တိုက်ခိုက်ခဲ့ရုံတင်မဟုတ်ဘဲ ကင်ဆာရောဂါဖြစ်စေကာ နောက်ဆုံးမှာ အသက်ဆုံးရှုံးသွားစေခဲ့တဲ့အထိ လုပ်ပစ်ခဲ့ပါတယ်။

Doctor Phosphorous ကတော့ ၁၉၇၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Detective Comics #469 မှာ စတင်ပါဝင်ခဲ့ပြီးတော့ သူ့ရဲ့နာမည်အရင်းဟာ Doctor Alexander Sartorius ဖြစ်ပါတယ်။ သူဟာ ဂေါ့သမ်မြို့မှာ နျူကလီးယား စက်ရုံတွေ တည်ဆောက်ဖို့အတွက် စီစဉ်ခဲ့တဲ့ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ ဒီလိုနဲ့ သူဟာ နောက်ပိုင်းမှာတော့ ရေဒီယိုသတ္တိကြွမှုတွေ အများကြီးနဲ့ ထိတွေ့ပြီး သူကိုယ်တိုင်က နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခုလို ဖြစ်သွားခဲ့ပါတယ်။

ဘေးထွက်ဆိုးကျိူးအနေနဲ့ သူ့ရဲ့ခန္ဓာကိုယ်ဟာ တောက်ပနေပြီးတော့ အရိုးတွေဟာလည်း အရေပြားတွေကနေတစ်ဆင့် ဖောက်ထွင်းပြီး မြင်နေရပါတယ်။ Post-Crisis ကာလမှာတော့ သူဟာ အဲ့လိုပြောင်းလဲသွားတာကြောင့် လက်စားချေတဲ့အနေနဲ့ ဂေါ့သမ်မြို့ရဲ့ ရေပေးဝေတဲ့စနစ်ထဲမှာ အဆိပ်ခတ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူနဲ့ Batman ဟာ ရန်သူတွေ ဖြစ်လာတဲ့အပြင် ဂေါ့သမ်မှာရှိတဲ့ တစ်ခြားဟီးရိုးတွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲ့ဒီနောက် Post-Flashpoint ကာလမှာတော့ မကောင်းမှုဒုစရိုက်တွေနဲ့ ပြည့်နှက်နေတဲ့ မြေအောက်မြို့တော် Charneltown ကို ကြီးစိုးနေတဲ့ ဘုရင်တစ်ယောက်အဖြစ် ပြန်ပေါ်လာခဲ့ပါတယ်။

photo via cbr

ဒါပေမယ့်လည်း Doctor Phosphorous ဟာ ရေဒီယိုသတ္တိကြွမှုတွေကြောင့် ထိခိုက်မှုတွေ ရှိလာပြီးတော့ အသက်ဆုံးရှုံးနိုင်တဲ့ ကင်ဆာရောဂါကို ခံစားနေရကြောင်း Detective Comics #1027 ထဲမှာ ဖော်ပြသွားပါတယ်။ အဲ့ဒီအချိန်မှာတော့ သူရဲ့ခန္ဓာကိုယ်ကနေ ရေဒီယိုသတ္တိကြွမှုတွေဟာ အဆမတန် မြင့်တက်နေပြီးတော့ သူ့ရဲ့ဘေးနားမှာရှိနေတဲ့လူတွေပါ ကင်ဆာရောဂါရနိုင်တဲ့အထိ ပြင်းထန်နေတာ ဖြစ်ပါတယ်။

သူ့အတွက် လုံးဝကို မျှော်လင့်ချက်မရှိတော့ဘဲ သေရမှာ သေချာနေတဲ့အချိန်မှာတော့ Doctor Phosphorous ဟာ တစ်ယောက်တည်း ရောဂါခံစားပြီးတော့ မသေဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့်ပဲ Batman နဲ့ တစ်ယောက်ချင်း တိုက်ခိုက်ဖို့အတွက် စိန်ခေါ်လိုက်ပါတော့တယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက် တိုက်ခိုက်မယ့်အချိန်မှာတော့ Doctor Phosphorous ဘက်က စည်းကမ်းအနည်းငယ် ထုတ်ထားပါတယ်။ အဲ့ဒီစည်းကမ်းတွေကတော့ Batman ဟာ ထူးခြားတဲ့ armor တွေကို ဝတ်ဆင်ခွင့်မရှိသလို ဘာနည်းပညာကိုမှလည်း အသုံးပြုခွင့်မရှိဘဲ သူတို့နှစ်ယောက်လုံးဟာ လက်ဗလာနဲ့ တိုက်ခိုက်ကြမှာ ဖြစ်ပါတယ်။

Doctor Phosphorous ဟာ Batman နဲ့ တစ်ယောက်ချင်း တိုက်ခိုက်တဲ့အချိန်မှာ လုံးဝကို မယှဉ်နိုင်ခဲ့ပေမယ့်လည်း သူတို့နှစ်ယောက်ဟာ အချိန်တော်တော်ကြာကြာကို တိုက်ခိုက်ခဲ့ရပါတယ်။ တကယ်တော့ သူဟာ Batman ကို လက်ချည်းပဲ တိုက်ခိုက်ပြီး အနိုင်ယူဖို့ ဆန္ဒမရှိသလို အဲ့လိုနည်းနဲ့ အနိုင်မရနိုင်တာကိုလည်း သိထားပြီးသား ဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကို အချိန်ဆွဲနိုင်သမျှ ဆွဲထားပြီးတော့ Batman ကို ရေဒီယိုသတ္တိကြွမှုတွေနဲ့ အချိန်ကြာကြာ ထိတွေ့စေချင်တာဖြစ်ပြီး နောက်ပိုင်းမှာလည်း သူ့ရဲ့ရည်ရွယ်ချက်ကို Batman ကို ပြောပြခဲ့ပါတယ်။

photo via cbr

ဒီလိုလုပ်မှသာ Batman ရဲ့ဆဲလ်တွေဟာ ရေဒီယိုသတ္တိကြွသွားပြီး ကင်ဆာရောဂါ ဖြစ်စေမှာ ဖြစ်ပါတယ်။ သူ့ရဲ့အဲ့ဒီလုပ်ရပ်ကြောင့်ပဲ Batman ဟာ သေချာပေါက် ကုသလို့မရနိုင်တဲ့ ကင်ဆာရောဂါကို ခံစားရမှာဖြစ်ပြီး နောက်ပိုင်းမှာ တစ်ခြားသူတစ်ယောက်ယောက်က Batman ကို မသတ်နိုင်ခဲ့ရင် Batman ဟာ သူ့ကြောင့်ဖြစ်ခဲ့တဲ့ ကင်ဆာရောဂါနဲ့ပဲ သေဆုံးရမှာ ဖြစ်ပါတယ်။

အခုလိုမျိူး ပြုလုပ်ရတဲ့အကြောင်းပြချက်ကလည်း Batman ဟာ သေကာနီးအချိန်မှာ သူ့ရဲ့ရန်သူတော်ကြီးတွေ ဖြစ်တဲ့ Joker တို့၊ Riddler တို့ကို သတိမရဘဲ လူတွေသိပ်ဂရုမစိုက်ကြတဲ့ Doctor Phosphorous ကြောင့် သေဆုံးရတော့မယ်ဆိုပြီး သတိရစေချင်လို့ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ရဲ့ တိုက်ပွဲဟာ ပြီးဆုံးသွားပြီး Doctor Phosphorous ဟာ ရှုံးနိမ့်သွားတဲ့အချိန်မှာတော့ Wayne ဖောင်ဒေးရှင်းဟာ ကင်ဆာရောဂါသည်တွေကို ကုသပေးနေပါတယ်လို့ ပြောပြခဲ့ပြီး သူ့ကိုလည်း ကုသပေးဖို့ စီစဉ်ပေးပါမယ်ဆိုပြီးတော့ Batman ဘက်က ကမ်းလှမ်းခဲ့ပါတယ်။

Doctor Phosphorous ဟာ သူ့ကို သေချာပေါက် သေစေနိုင်တဲ့ ကင်ဆာရောဂါဖြစ်အောင် လုပ်ခဲ့တာတောင် သူတတ်နိုင်တဲ့ဘက်ကနေ ကူညီဖို့အတွက် Batman က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် စိတ်မကောင်းစရာတစ်ခုကတော့ Batman ကို ကင်ဆာရောဂါ ခံစားရအောင် လုပ်မယ့် Doctor Phosphorous ရဲ့အစီအစဉ်ဟာ အောင်မြင်သွားခဲ့ပါတယ်။

photo via cbr

အဲ့ဒီနောက်မှာတော့ အနာဂတ်ကာလတစ်ခုကို ပြသခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Bruce ဟာ ကင်ဆာရောဂါကို ခံစားနေရတဲ့ အဘိုးကြီးတစ်ယောက် ဖြစ်နေပြီး သူ့ရဲ့ဇနီးဖြစ်သူ Selina Kyle နဲ့အတူ နေထိုင်နေပါတယ်။ ဒီလိုအနာဂတ်ကာလကို အရင်တုန်းကလည်း ကောမစ်တွေထဲမှာ ခဏခဏ အရိပ်အမြွက် ပြသခဲ့ပါတယ်။

အဲ့ဒီအနာဂတ်မှာတော့ Bruce ဟာ အသက်တွေအိုမင်းလာတာနဲ့အမျှ ကင်ဆာရောဂါကလည်း ပြင်းထန်လာပါတယ်။ သို့ပေမယ့် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ခဲ့တဲ့အပြင် သူ့ရဲ့ Bat Family ကြီးပြင်းလာတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ သူနဲ့ Selina ဟာလည်း Helena Wayne ဆိုတဲ့ သမီးလေးတစ်ယောက် မွေးဖွားခဲ့ပါသေးတယ်။ အဲ့လိုနဲ့ နောက်ပိုင်းမှာတော့ Bruce ဟာ ပျော်ရွှင်စရာ ဘဝလေးကို ပိုင်ဆိုင်ခဲ့ပြီး ငြိမ်းချမ်းစွာနဲ့ပဲ သေဆုံးသွားခဲ့ပါတယ်။

သူဟာ သေဆုံးခါနီးအချိန်မှာတော့ အိပ်ယာထဲမှာ လှဲနေပြီး Selina ရဲ့လက်ကို ကိုင်ကာ သေဆုံးသွားခဲ့ပုံကိုပါ ပြသသွားခဲ့ပါတယ်။ Batman အတွက်ကတော့ တစ်ဘဝလုံး အသက်ကို ပဓာနမထားဘဲ ဟီးရိုးလုပ်ခဲ့ပြီး ဂေါ့သမ်မြို့ကို ကာကွယ်ခဲ့ကာ နောက်ဆုံးမှာတော့ ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်သွားတဲ့အတွက် ဒီအဆုံးသတ်ဟာ သူ့အတွက် အနည်းငယ် ဝမ်းနည်းစရာကောင်းပေမယ့်လည်း သင့်တော်တယ်လို့ ပြောလို့ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ဘီလ်ံနာတစ္ေယာက္ျဖစ္သူ Bruce Wayne ဟာ သူ႔ရဲ႕အသက္ကို စြန႔္စားၿပီးေတာ့ ေဂါ့သမ္ၿမိဳ႕ႀကီးကို အၿမဲတမ္း ကာကြယ္ေနေလ့ရွိပါတယ္။ သူဟာ ရာဇဝတ္သားမ်ိဴးစုံနဲ႔ တိုက္ခိုက္ခဲ့ရၿပီးေတာ့ တစ္ခ်ိဳ႕ဗီလိန္ေတြဆိုရင္ သူ႔ကို သတ္ပစ္ႏိုင္လုနီးနီးေတာင္ စြမ္းေဆာင္ႏိုင္ခဲ့သူေတြ ရွိပါတယ္။ အခုေနာက္ဆုံးထြက္ထားတဲ့ Detective Comics #1027 ထဲမွာေတာ့ ပရိသတ္ေတြ လုံးဝမထင္မွတ္ထားတဲ့ ဗီလိန္တစ္ေယာက္ဟာ Batman ကို သတ္ပစ္ႏိုင္ခဲ့တယ္ဆိုတာကို ေဖာ္ျပထားပါတယ္။ အဲ့ဒီေကာမစ္ထဲမွာေတာ့ Doctor Phosphorous ဆိုတဲ့ ဗီလိန္တစ္ေယာက္ဟာ Batman ကို တိုက္ခိုက္ခဲ့႐ုံတင္မဟုတ္ဘဲ ကင္ဆာေရာဂါျဖစ္ေစကာ ေနာက္ဆုံးမွာ အသက္ဆုံးရႈံးသြားေစခဲ့တဲ့အထိ လုပ္ပစ္ခဲ့ပါတယ္။

Doctor Phosphorous ကေတာ့ ၁၉၇၇ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Detective Comics #469 မွာ စတင္ပါဝင္ခဲ့ၿပီးေတာ့ သူ႔ရဲ႕နာမည္အရင္းဟာ Doctor Alexander Sartorius ျဖစ္ပါတယ္။ သူဟာ ေဂါ့သမ္ၿမိဳ႕မွာ န်ဴကလီးယား စက္႐ုံေတြ တည္ေဆာက္ဖို႔အတြက္ စီစဥ္ခဲ့တဲ့ သိပၸံပညာရွင္တစ္ေယာက္ ျဖစ္ပါတယ္။ ဒီလိုနဲ႔ သူဟာ ေနာက္ပိုင္းမွာေတာ့ ေရဒီယိုသတၱိႂကြမႈေတြ အမ်ားႀကီးနဲ႔ ထိေတြ႕ၿပီး သူကိုယ္တိုင္က န်ဴကလီးယား ဓာတ္ေပါင္းဖိုတစ္ခုလို ျဖစ္သြားခဲ့ပါတယ္။

ေဘးထြက္ဆိုးက်ိဴးအေနနဲ႔ သူ႔ရဲ႕ခႏၶာကိုယ္ဟာ ေတာက္ပေနၿပီးေတာ့ အ႐ိုးေတြဟာလည္း အေရျပားေတြကေနတစ္ဆင့္ ေဖာက္ထြင္းၿပီး ျမင္ေနရပါတယ္။ Post-Crisis ကာလမွာေတာ့ သူဟာ အဲ့လိုေျပာင္းလဲသြားတာေၾကာင့္ လက္စားေခ်တဲ့အေနနဲ႔ ေဂါ့သမ္ၿမိဳ႕ရဲ႕ ေရေပးေဝတဲ့စနစ္ထဲမွာ အဆိပ္ခတ္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူနဲ႔ Batman ဟာ ရန္သူေတြ ျဖစ္လာတဲ့အျပင္ ေဂါ့သမ္မွာရွိတဲ့ တစ္ျခားဟီး႐ိုးေတြနဲ႔ တိုက္ခိုက္ခဲ့ပါေသးတယ္။ အဲ့ဒီေနာက္ Post-Flashpoint ကာလမွာေတာ့ မေကာင္းမႈဒုစ႐ိုက္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ေျမေအာက္ၿမိဳ႕ေတာ္ Charneltown ကို ႀကီးစိုးေနတဲ့ ဘုရင္တစ္ေယာက္အျဖစ္ ျပန္ေပၚလာခဲ့ပါတယ္။

photo via cbr

ဒါေပမယ့္လည္း Doctor Phosphorous ဟာ ေရဒီယိုသတၱိႂကြမႈေတြေၾကာင့္ ထိခိုက္မႈေတြ ရွိလာၿပီးေတာ့ အသက္ဆုံးရႈံးႏိုင္တဲ့ ကင္ဆာေရာဂါကို ခံစားေနရေၾကာင္း Detective Comics #1027 ထဲမွာ ေဖာ္ျပသြားပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူရဲ႕ခႏၶာကိုယ္ကေန ေရဒီယိုသတၱိႂကြမႈေတြဟာ အဆမတန္ ျမင့္တက္ေနၿပီးေတာ့ သူ႔ရဲ႕ေဘးနားမွာရွိေနတဲ့လူေတြပါ ကင္ဆာေရာဂါရႏိုင္တဲ့အထိ ျပင္းထန္ေနတာ ျဖစ္ပါတယ္။

သူ႔အတြက္ လုံးဝကို ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘဲ ေသရမွာ ေသခ်ာေနတဲ့အခ်ိန္မွာေတာ့ Doctor Phosphorous ဟာ တစ္ေယာက္တည္း ေရာဂါခံစားၿပီးေတာ့ မေသဖို႔အတြက္ ဆုံးျဖတ္လိုက္ပါတယ္။ ဒါေၾကာင့္ပဲ Batman နဲ႔ တစ္ေယာက္ခ်င္း တိုက္ခိုက္ဖို႔အတြက္ စိန္ေခၚလိုက္ပါေတာ့တယ္။ ဒါေပမယ့္လည္း သူတို႔ႏွစ္ေယာက္ တိုက္ခိုက္မယ့္အခ်ိန္မွာေတာ့ Doctor Phosphorous ဘက္က စည္းကမ္းအနည္းငယ္ ထုတ္ထားပါတယ္။ အဲ့ဒီစည္းကမ္းေတြကေတာ့ Batman ဟာ ထူးျခားတဲ့ armor ေတြကို ဝတ္ဆင္ခြင့္မရွိသလို ဘာနည္းပညာကိုမွလည္း အသုံးျပဳခြင့္မရွိဘဲ သူတို႔ႏွစ္ေယာက္လုံးဟာ လက္ဗလာနဲ႔ တိုက္ခိုက္ၾကမွာ ျဖစ္ပါတယ္။

Doctor Phosphorous ဟာ Batman နဲ႔ တစ္ေယာက္ခ်င္း တိုက္ခိုက္တဲ့အခ်ိန္မွာ လုံးဝကို မယွဥ္ႏိုင္ခဲ့ေပမယ့္လည္း သူတို႔ႏွစ္ေယာက္ဟာ အခ်ိန္ေတာ္ေတာ္ၾကာၾကာကို တိုက္ခိုက္ခဲ့ရပါတယ္။ တကယ္ေတာ့ သူဟာ Batman ကို လက္ခ်ည္းပဲ တိုက္ခိုက္ၿပီး အႏိုင္ယူဖို႔ ဆႏၵမရွိသလို အဲ့လိုနည္းနဲ႔ အႏိုင္မရႏိုင္တာကိုလည္း သိထားၿပီးသား ျဖစ္ပါတယ္။ သူ႔ရဲ႕ရည္႐ြယ္ခ်က္ကေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ တိုက္ပြဲကို အခ်ိန္ဆြဲႏိုင္သမွ် ဆြဲထားၿပီးေတာ့ Batman ကို ေရဒီယိုသတၱိႂကြမႈေတြနဲ႔ အခ်ိန္ၾကာၾကာ ထိေတြ႕ေစခ်င္တာျဖစ္ၿပီး ေနာက္ပိုင္းမွာလည္း သူ႔ရဲ႕ရည္႐ြယ္ခ်က္ကို Batman ကို ေျပာျပခဲ့ပါတယ္။

photo via cbr

ဒီလိုလုပ္မွသာ Batman ရဲ႕ဆဲလ္ေတြဟာ ေရဒီယိုသတၱိႂကြသြားၿပီး ကင္ဆာေရာဂါ ျဖစ္ေစမွာ ျဖစ္ပါတယ္။ သူ႔ရဲ႕အဲ့ဒီလုပ္ရပ္ေၾကာင့္ပဲ Batman ဟာ ေသခ်ာေပါက္ ကုသလို႔မရႏိုင္တဲ့ ကင္ဆာေရာဂါကို ခံစားရမွာျဖစ္ၿပီး ေနာက္ပိုင္းမွာ တစ္ျခားသူတစ္ေယာက္ေယာက္က Batman ကို မသတ္ႏိုင္ခဲ့ရင္ Batman ဟာ သူ႔ေၾကာင့္ျဖစ္ခဲ့တဲ့ ကင္ဆာေရာဂါနဲ႔ပဲ ေသဆုံးရမွာ ျဖစ္ပါတယ္။

အခုလိုမ်ိဴး ျပဳလုပ္ရတဲ့အေၾကာင္းျပခ်က္ကလည္း Batman ဟာ ေသကာနီးအခ်ိန္မွာ သူ႔ရဲ႕ရန္သူေတာ္ႀကီးေတြ ျဖစ္တဲ့ Joker တို႔၊ Riddler တို႔ကို သတိမရဘဲ လူေတြသိပ္ဂ႐ုမစိုက္ၾကတဲ့ Doctor Phosphorous ေၾကာင့္ ေသဆုံးရေတာ့မယ္ဆိုၿပီး သတိရေစခ်င္လို႔ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ရဲ႕ တိုက္ပြဲဟာ ၿပီးဆုံးသြားၿပီး Doctor Phosphorous ဟာ ရႈံးနိမ့္သြားတဲ့အခ်ိန္မွာေတာ့ Wayne ေဖာင္ေဒးရွင္းဟာ ကင္ဆာေရာဂါသည္ေတြကို ကုသေပးေနပါတယ္လို႔ ေျပာျပခဲ့ၿပီး သူ႔ကိုလည္း ကုသေပးဖို႔ စီစဥ္ေပးပါမယ္ဆိုၿပီးေတာ့ Batman ဘက္က ကမ္းလွမ္းခဲ့ပါတယ္။

Doctor Phosphorous ဟာ သူ႔ကို ေသခ်ာေပါက္ ေသေစႏိုင္တဲ့ ကင္ဆာေရာဂါျဖစ္ေအာင္ လုပ္ခဲ့တာေတာင္ သူတတ္ႏိုင္တဲ့ဘက္ကေန ကူညီဖို႔အတြက္ Batman က ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ ေနာက္ထပ္ စိတ္မေကာင္းစရာတစ္ခုကေတာ့ Batman ကို ကင္ဆာေရာဂါ ခံစားရေအာင္ လုပ္မယ့္ Doctor Phosphorous ရဲ႕အစီအစဥ္ဟာ ေအာင္ျမင္သြားခဲ့ပါတယ္။

photo via cbr

အဲ့ဒီေနာက္မွာေတာ့ အနာဂတ္ကာလတစ္ခုကို ျပသခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Bruce ဟာ ကင္ဆာေရာဂါကို ခံစားေနရတဲ့ အဘိုးႀကီးတစ္ေယာက္ ျဖစ္ေနၿပီး သူ႔ရဲ႕ဇနီးျဖစ္သူ Selina Kyle နဲ႔အတူ ေနထိုင္ေနပါတယ္။ ဒီလိုအနာဂတ္ကာလကို အရင္တုန္းကလည္း ေကာမစ္ေတြထဲမွာ ခဏခဏ အရိပ္အႁမြက္ ျပသခဲ့ပါတယ္။

အဲ့ဒီအနာဂတ္မွာေတာ့ Bruce ဟာ အသက္ေတြအိုမင္းလာတာနဲ႔အမွ် ကင္ဆာေရာဂါကလည္း ျပင္းထန္လာပါတယ္။ သို႔ေပမယ့္ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ခဲ့တဲ့အျပင္ သူ႔ရဲ႕ Bat Family ႀကီးျပင္းလာတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ သူနဲ႔ Selina ဟာလည္း Helena Wayne ဆိုတဲ့ သမီးေလးတစ္ေယာက္ ေမြးဖြားခဲ့ပါေသးတယ္။ အဲ့လိုနဲ႔ ေနာက္ပိုင္းမွာေတာ့ Bruce ဟာ ေပ်ာ္႐ႊင္စရာ ဘဝေလးကို ပိုင္ဆိုင္ခဲ့ၿပီး ၿငိမ္းခ်မ္းစြာနဲ႔ပဲ ေသဆုံးသြားခဲ့ပါတယ္။

သူဟာ ေသဆုံးခါနီးအခ်ိန္မွာေတာ့ အိပ္ယာထဲမွာ လွဲေနၿပီး Selina ရဲ႕လက္ကို ကိုင္ကာ ေသဆုံးသြားခဲ့ပုံကိုပါ ျပသသြားခဲ့ပါတယ္။ Batman အတြက္ကေတာ့ တစ္ဘဝလုံး အသက္ကို ပဓာနမထားဘဲ ဟီး႐ိုးလုပ္ခဲ့ၿပီး ေဂါ့သမ္ၿမိဳ႕ကို ကာကြယ္ခဲ့ကာ ေနာက္ဆုံးမွာေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အနားယူႏိုင္သြားတဲ့အတြက္ ဒီအဆုံးသတ္ဟာ သူ႔အတြက္ အနည္းငယ္ ဝမ္းနည္းစရာေကာင္းေပမယ့္လည္း သင့္ေတာ္တယ္လို႔ ေျပာလို႔ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular