HomeCharacterShang-Chi ရုပ်ရှင်ထဲမှာ Bruce Banner ဟာ ဘာကြောင့် Smart Hulk မဟုတ်တော့တာလဲ?

Shang-Chi ရုပ်ရှင်ထဲမှာ Bruce Banner ဟာ ဘာကြောင့် Smart Hulk မဟုတ်တော့တာလဲ?

***Spoiler Alert***

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Shang-Chi and the Legend of Ten Rings ရုပ်ရှင်ရဲ့ Post-Credit Scene ထဲမှာတော့ Bruce Banner ဟာ Smart Hulk မဟုတ်တော့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒီအကြောင်းကိုတော့ Eternals ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းရေးဆရာ Kaz Firpo က အင်တာဗျူးတစ်ခုမှာ ပြောပြထားပါတယ်။ Shang-Chi and the Legend of Ten Rings ရုပ်ရှင်ကတော့ ဟီးရိုးအသစ်ဖြစ်တဲ့ Shang-Chi ရဲ့ Origin ကို အဓိကထား ရိုက်ပြသွားပြီး နောက်ပိုင်းမှာတော့ သူဟာ Avengers လိုမျိူး ဟီးရိုးတွေ စုပေါင်းထားတဲ့ ရုပ်ရှင်တွေမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

photo via screenrant

ဇာတ်လမ်းရဲ့ အစပိုင်းမှာတော့ Abomination နဲ့ Wong တို့နှစ်ယောက်ဟာ Xialing ရဲ့ Fight Club မှာ တိုက်ခိုက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း Wong ဟာ ဘာကြောင့် Xialing ရဲ့ Fight Club ကို ရောက်ရှိလာပြီး Abomination နဲ့ တိုက်ခိုက်နေရတာလည်း ဆိုတာကိုတော့ မပြသသွားပါဘူး။ (ဒီဇာတ်ဝင်ခန်းအတွက် ဖြစ်နိုင်ချေရှိတဲ့ အချက်ကိုတော့ နောက်တစ်ရက်မှာ နောက်ထပ်စာတစ်ပုဒ်နဲ့ ထပ်မံဖော်ပြပေးသွားပါမယ်။)

ဒီရုပ်ရှင်ရဲ့ နောက်ပိုင်းမှာတော့ Wong ဟာ Shang-Chi တို့ဆီ ပြန်ရောက်လာပြီး Ten Rings အကြောင်းကို မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Captain Marvel နဲ့ Bruce Banner တို့ဟာ ဟော်လိုဂရမ်ကနေတဆင့် ဆွေးနွေးနေကြပြီး စိတ်ဝင်စားစရာကောင်းတာကတော့ Bruce ဟာ သာမန်လူပုံစံ ပြန်ဖြစ်နေတာပါပဲ။

Photo Credit: Marvel Studios/ Disney Studios

Eternals ရဲ့ ဇာတ်ညွှန်းရေးဆရာ Kaz Firpo ဟာ Screen Rant သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ ဒီအချက်ကိုပါ ရှင်းပြသွားခဲ့ပါတယ်။ သူ့ရဲ့ပြောစကားအရ ဆိုရင်တော့ Bruce Banner ဟာ Endgame ပြီးသွားတဲ့နောက်မှာ သူ့ကိုယ်သူ သာမန်လူအဖြစ် ပြန်လည်ပြောင်းလဲဖို့ နည်းလမ်းရှာနေတာလို့ သိရပါတယ်။

ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ခဲ့ရသလိုဆိုရင် Bruce ဟာ အဲ့ဒီနည်းလမ်းကို ရှာတွေ့ခဲ့ပြီလို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ မြင်ခဲ့ရတဲ့ ပုံစံအတိုင်းဆိုရင် Bruce ဟာ အရင်ကထက် ပိုပြီးအိုမင်းနေသလို ဖြစ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။

photo via screenrant

ဒါကြောင့်ပဲ Bruce ဟာ Smart Hulk အနေနဲ့ နေထိုင်တာ ကြာလာတာနဲ့အမျှ လူကြားထဲမှာဆိုရင် အမြဲကွဲထွက်နေတဲ့ ခံစားချက်ကြောင့် အခုလို သာမန်လူအဖြစ် ပြန်လည်ပြောင်းလဲဖို့ နည်းလမ်းရှာဖွေခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ Smart Hulk အနေနဲ့ နေထိုင်ရတာဟာ Bruce အတွက် ဘေးထွက်ဆိုးကျိူးတွေ ရှိလာလို့လည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်လည်း အခုလို သာမန်လူအဖြစ် ပြန်လည်ပြောင်းလဲလိုက်တဲ့ အချက်ကြောင့် သူ့အတွက် ဘေးထွက်ဆိုးကျိူးတွေလည်း ရှိလာနိုင်ပါသေးတယ်။ အဲ့ဒီအချက်တွေကိုတော့ အသစ်ထွက်ရှိလာမယ့် She-Hulk ဇာတ်လမ်းတွဲထဲမှာ သေချာမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Bruce ဟာ အခုလိုမျိူး သာမန်လူအဖြစ် ပြောင်းလဲသွားရခြင်းဟာ ကောလာဟလထွက်နေတဲ့ Planet Hulk ရုပ်ရှင်နဲ့လည်း ဆက်စပ်နေနိုင်ပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

***Spoiler Alert***

Shang-Chi and the Legend of Ten Rings ႐ုပ္ရွင္ရဲ့ Post-Credit Scene ထဲမွာေတာ့ Bruce Banner ဟာ Smart Hulk မဟုတ္ေတာ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒီအေၾကာင္းကိုေတာ့ Eternals ႐ုပ္ရွင္ရဲ့ ဇာတ္ညႊန္းေရးဆရာ Kaz Firpo က အင္တာဗ်ဴးတစ္ခုမွာ ေျပာျပထားပါတယ္။ Shang-Chi and the Legend of Ten Rings ႐ုပ္ရွင္ကေတာ့ ဟီးရိုးအသစ္ျဖစ္တဲ့ Shang-Chi ရဲ့ Origin ကို အဓိကထား ရိုက္ျပသြားၿပီး ေနာက္ပိုင္းမွာေတာ့ သူဟာ Avengers လိုမ်ိဴး ဟီးရိုးေတြ စုေပါင္းထားတဲ့ ႐ုပ္ရွင္ေတြမွာ ပါဝင္လာမွာ ျဖစ္ပါတယ္။

photo via screenrant

ဇာတ္လမ္းရဲ့ အစပိုင္းမွာေတာ့ Abomination နဲ႔ Wong တို႔ႏွစ္ေယာက္ဟာ Xialing ရဲ့ Fight Club မွာ တိုက္ခိုက္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္လည္း Wong ဟာ ဘာေၾကာင့္ Xialing ရဲ့ Fight Club ကို ေရာက္ရွိလာၿပီး Abomination နဲ႔ တိုက္ခိုက္ေနရတာလည္း ဆိုတာကိုေတာ့ မျပသသြားပါဘူး။ (ဒီဇာတ္ဝင္ခန္းအတြက္ ျဖစ္နိုင္ေခ်ရွိတဲ့ အခ်က္ကိုေတာ့ ေနာက္တစ္ရက္မွာ ေနာက္ထပ္စာတစ္ပုဒ္နဲ႔ ထပ္မံေဖာ္ျပေပးသြားပါမယ္။)

ဒီ႐ုပ္ရွင္ရဲ့ ေနာက္ပိုင္းမွာေတာ့ Wong ဟာ Shang-Chi တို႔ဆီ ျပန္ေရာက္လာၿပီး Ten Rings အေၾကာင္းကို ေမးျမန္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Captain Marvel နဲ႔ Bruce Banner တို႔ဟာ ေဟာ္လိုဂရမ္ကေနတဆင့္ ေဆြးေႏြးေနၾကၿပီး စိတ္ဝင္စားစရာေကာင္းတာကေတာ့ Bruce ဟာ သာမန္လူပုံစံ ျပန္ျဖစ္ေနတာပါပဲ။

Photo Credit: Marvel Studios/ Disney Studios

Eternals ရဲ့ ဇာတ္ညႊန္းေရးဆရာ Kaz Firpo ဟာ Screen Rant သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးထဲမွာေတာ့ ဒီအခ်က္ကိုပါ ရွင္းျပသြားခဲ့ပါတယ္။ သူ႔ရဲ့ေျပာစကားအရ ဆိုရင္ေတာ့ Bruce Banner ဟာ Endgame ၿပီးသြားတဲ့ေနာက္မွာ သူ႔ကိုယ္သူ သာမန္လူအျဖစ္ ျပန္လည္ေျပာင္းလဲဖို႔ နည္းလမ္းရွာေနတာလို႔ သိရပါတယ္။

ဒီ႐ုပ္ရွင္ထဲမွာ ျမင္ေတြ႕ခဲ့ရသလိုဆိုရင္ Bruce ဟာ အဲ့ဒီနည္းလမ္းကို ရွာေတြ႕ခဲ့ၿပီလို႔ ေျပာနိုင္ပါတယ္။ ဒါ့အျပင္ ကၽြန္ေတာ္တို႔ ျမင္ခဲ့ရတဲ့ ပုံစံအတိုင္းဆိုရင္ Bruce ဟာ အရင္ကထက္ ပိုၿပီးအိုမင္းေနသလို ျဖစ္ေနတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

photo via screenrant

ဒါေၾကာင့္ပဲ Bruce ဟာ Smart Hulk အေနနဲ႔ ေနထိုင္တာ ၾကာလာတာနဲ႔အမၽွ လူၾကားထဲမွာဆိုရင္ အျမဲကြဲထြက္ေနတဲ့ ခံစားခ်က္ေၾကာင့္ အခုလို သာမန္လူအျဖစ္ ျပန္လည္ေျပာင္းလဲဖို႔ နည္းလမ္းရွာေဖြခဲ့တာ ျဖစ္နိုင္ပါတယ္။ ဒါမွမဟုတ္ရင္ေတာ့ Smart Hulk အေနနဲ႔ ေနထိုင္ရတာဟာ Bruce အတြက္ ေဘးထြက္ဆိုးက်ိဴးေတြ ရွိလာလို႔လည္း ျဖစ္နိုင္ပါတယ္။

ဒါေပမယ့္လည္း အခုလို သာမန္လူအျဖစ္ ျပန္လည္ေျပာင္းလဲလိုက္တဲ့ အခ်က္ေၾကာင့္ သူ႔အတြက္ ေဘးထြက္ဆိုးက်ိဴးေတြလည္း ရွိလာနိုင္ပါေသးတယ္။ အဲ့ဒီအခ်က္ေတြကိုေတာ့ အသစ္ထြက္ရွိလာမယ့္ She-Hulk ဇာတ္လမ္းတြဲထဲမွာ ေသခ်ာျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ Bruce ဟာ အခုလိုမ်ိဴး သာမန္လူအျဖစ္ ေျပာင္းလဲသြားရျခင္းဟာ ေကာလာဟလထြက္ေနတဲ့ Planet Hulk ႐ုပ္ရွင္နဲ႔လည္း ဆက္စပ္ေနနိုင္ပါေသးတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular