HomeCharacterကောမစ်ထဲမှာ နောက်ထပ်စူပါဟီးရိုး Identity တစ်ခုကို ဖန်တီးခဲ့တဲ့ Bruce Wayne

ကောမစ်ထဲမှာ နောက်ထပ်စူပါဟီးရိုး Identity တစ်ခုကို ဖန်တီးခဲ့တဲ့ Bruce Wayne

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

DC ကောမစ်ထဲမှာတော့ Bruce Wayne ဟာ သူ Batman ဆိုတာကို တစ်ခြားသူတွေ မသိအောင် နှစ်ပေါင်းများစွာ ဖုံးကွယ်ထားနိုင်ခဲ့ပါတယ်။ လူအများရဲ့ အမြင်မှာတော့ Bruce ဟာ ဘီလျံနာတစ်ယောက် ဖြစ်ပြီး အမြဲတမ်း မိန်းကလေးတွေ၊ ပါတီတွေနဲ့ ဘဝကို ပေါ့ပေါ့လေး ဖြတ်သန်းနေသူလို့ မြင်ကြတာကြောင့် ဘယ်လိုသာမန်လူကမှ Bruce ကို Batman လို့ မထင်ခဲ့ကြပါဘူး။

ဒါ့အပြင် ပိုပြီးတော့ အံ့ဩဖို့ကောင်းတဲ့အချက်ကတော့ Batman ဟာ Bruce ရဲ့တစ်ခုတည်းသော Identity မဟုတ်ပါဘူး။ Batman ကောမစ်တွေကို လက်မလွှတ်တမ်း ဖတ်ကြသူတွေဆိုရင်တော့ Bruce ဟာ ရာဇဝတ်မှုတွေကို စုံစမ်းဖို့အတွက် Matches Malone ဆိုတဲ့ ဂိုဏ်းစတား တစ်ယောက်အနေနဲ့လည်း နေထိုင်ခဲ့ဖူးတယ်ဆိုတာ သိကြပါလိမ့်မယ်။

Photo via quora

ဒါ့အပြင် Bruce ဟာ ဂေါ်သမ်မြို့ကို Batman အနေနဲ့ မဟုတ်ဘဲ တစ်ခြားစူပါဟီးရိုးတစ်ယောက်အနေနဲ့ ကာကွယ်ပေးဖို့အတွက် Insider ဆိုတဲ့ နောက်ထပ်စူပါဟီးရိုး Identity တစ်ခုကို ဖန်တီးခဲ့ပါတယ်။ Insider ကတော့ ၂၀၀၈ခုနှစ်က ထွက်ရှိခဲ့တဲ့ Final Crisis ဆိုတဲ့ ကောမစ်စီးရီးထဲက အဖြစ်အပျက်တစ်ခုကြောင့် ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဖြစ်ပုံကတော့ Darkseid က universe ကြီးတစ်ခုလုံးကို ထိန်းချုပ်ပြီးသွားတဲ့နောက်မှာ Batman ဟာ သူ့ဘာသာ ချမှတ်ထားတဲ့ စည်းမျဉ်းထဲကတစ်ခုကို ချိူးဖောက်ခဲ့ရပါတယ်။ အဲ့ဒါကတော့ သေနတ်ကို အသုံးမပြုဘူးဆိုတဲ့ စည်းကမ်းပဲ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်မှာတော့ Batman ဟာ Darkseid ကို သတ်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ ကျည်ဆံနဲ့ ပစ်ခတ်ခဲ့ပါတယ်။

photo via screenrant

အဲ့ဒါကြောင့်ပဲ Darkseid ဟာ သူ့ရဲ့ Omega Beam နဲ့ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် Batman ဟာ သေဆုံးသွားတယ်လို့ ထင်ခဲ့ရပါတယ်။ နောက်ပိုင်းကျမှသာ Darkseid ဟာ Batman ကို မသတ်ခဲ့ဘဲ အတိတ်ကာလတစ်ခုကို ပို့လိုက်တာဖြစ်ကြောင်း သိခဲ့ရပါတယ်။ Darkseid ရဲ့ အစီအစဉ်ကတော့ Batman က အတိတ်ကာလကို ရောက်နေတဲ့အချိန်မှာ ကမ္ဘာကြီးကို ဖျက်ဆီးဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Darkseid ရဲ့ အစီအစဉ်ဟာ မအောင်မြင်ခဲ့သလို Batman ကလည်း အကောင်းတိုင်း ပစ္စပ္ပုန်ကာလကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဒီမှာတင် Bruce ဟာ Insider ဆိုတဲ့ စူပါဟီးရိုးအဖြစ်နဲ့ သူ မရှိတဲ့အချိန်မှာ ဂေါ်သမ်မြို့ကြီးက ဘာတွေပြောင်းလဲသွားလည်း ဆိုတာကို စုံစမ်းခဲ့ပါတယ်။

photo via screenrant

The Insider ဟာ Bruce အတွက် နာမည်လေးပဲ ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ ရာဇဝတ်မှုတွေကို တိုက်ခိုက်နေတဲ့အချိန်မှာလည်း သူ ပြန်လာတယ်ဆိုတာ တစ်ခြားသူတွေ မသိရအောင် Insider Suit လို့ခေါ်တဲ့ ဝတ်စုံအသစ်ကိုလည်း ဖန်တီးခဲ့ရပါတယ်။

အဲ့ဒီဝတ်စုံဟာ ပုံစံလေးပဲ ကြည့်ကောင်းနေတာ မဟုတ်ဘဲ သာမန် Batsuit ထက်လည်း ပိုပြီးတော့ နည်းပညာ မြင့်မားပါတယ်။ ဒါ့အပြင် အဲ့ဒီဝတ်စုံကို ဝတ်ထားတဲ့အချိန်ဆိုရင် Bruce ဟာ Justice League အဖွဲ့ဝင်အများစုရဲ့ စွမ်းအားတွေကိုလည်း အသုံးပြုလို့ရပါတယ်။ အဲ့ဒီစွမ်းအားတွေကတော့ လျင်မြန်လွန်းတဲ့ အရှိန်၊ လေပေါ်ပျံနိုင်ခြင်း၊ ကိုယ်ပျောက်နိုင်ခြင်းနဲ့ heat vision တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Lasso of Truth ရဲ့ စွမ်းအားရှိတဲ့ ကိရိယာတစ်ခုလည်း ပါဝင်သလို လူဖန်တီးထားတဲ့ Green Lantern လက်စွပ်လည်း ပါဝင်ပါသေးတယ်။

photo via screenrant

အဲ့ဒီလိုစွမ်းအားတွေကို အသုံးပြုလို့ရတာကြောင့် ဒီဝတ်စုံဟာ သိပ်ကိုစွမ်းအားကြီးတယ်လို့ ထင်ရပေမယ့်လည်း အဓိက အားနည်းချက်တစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ ဒီဝတ်စုံဟာ သာမန်ဝတ်စုံတွေထက် နည်းပညာပိုင်းမှာ အများကြီးသာလွန်တာကြောင့် အချိန်အကြာကြီး အားသွင်းရပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ ပါဝါမကုန်သွားခင်မှာ အဲ့ဒီစွမ်းအားတွေကို အချိန်အတိုင်းအတာတစ်ခုအထိပဲ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့်လည်း Insider Suit ဟာ Batman ရဲ့ စွမ်းအားအကြီးဆုံး ကိရိယာတွေထဲက တစ်ခုအပါအဝင် ဖြစ်နေပါတယ်။

photo via screenrant

လူအများစုဟာ အဲ့ဒီအဖြစ်အပျက်တွေကို မသိကြတာကြောင့် Dick Grayson ဟာလည်း Batman ဆိုတဲ့ ဟီးရိုးတစ်ယောက် မပျောက်ကွယ်သွားဖို့အတွက် Nightwing အဖြစ်ကို စွန့်လွှတ်ပြီး Batman အနေနဲ့ နေထိုင်ခဲ့ပါတယ်။ Batman ဟာလည်း အခုလို စွမ်းအားကြီးတဲ့ ဝတ်စုံကို ပိုင်ဆိုင်ထားပေမယ့် အချိန်ကာလအနည်းငယ်ပဲ ဒီဝတ်စုံကို သုံးခဲ့ပြီး Batman အဖြစ်နဲ့ ပြန်လည်နေထိုင်ခဲ့ပါတယ်။ Bruce ကို Insider အနေနဲ့ မြင်တွေ့ခဲ့ရတဲ့ တစ်ခုတည်းသော ကောမစ်ရဲ့နာမည်ကတော့ Bruce Wayne: The Road Home ပဲ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ပြီးတည်းက Batman ဟာ Insider ဆိုတဲ့ စူပါဟီးရိုးအဖြစ်ကနေ အနားယူခဲ့ပြီး Insider Suit ကိုလည်း အနားပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကနေ စပြီးတော့ သူဟာ နောက်ထပ်တစ်ခါ Insider အဖြစ် ပြန်လည်နေထိုင်ခဲ့ခြင်း မရှိတော့ပါဘူး။ ဒါပေမယ့်လည်း အနာဂတ်ကာလ တစ်ခုခုမှာတော့ Bruce ဟာ အကြောင်းအမျိူးမျိူးကြောင့် အဲ့ဒီဝတ်စုံကို ဝတ်ပြီးတော့ Insider အဖြစ်နဲ့ ပြန်လည်မြင်တွေ့ရနိုင်ချေ ရှိပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

DC ေကာမစ္ထဲမွာေတာ့ Bruce Wayne ဟာ သူ Batman ဆိုတာကို တစ္ျခားသူေတြ မသိေအာင္ ႏွစ္ေပါင္းမ်ားစြာ ဖုံးကြယ္ထားႏိုင္ခဲ့ပါတယ္။ လူအမ်ားရဲ႕ အျမင္မွာေတာ့ Bruce ဟာ ဘီလ်ံနာတစ္ေယာက္ ျဖစ္ၿပီး အၿမဲတမ္း မိန္းကေလးေတြ၊ ပါတီေတြနဲ႔ ဘဝကို ေပါ့ေပါ့ေလး ျဖတ္သန္းေနသူလို႔ ျမင္ၾကတာေၾကာင့္ ဘယ္လိုသာမန္လူကမွ Bruce ကို Batman လို႔ မထင္ခဲ့ၾကပါဘူး။

ဒါ့အျပင္ ပိုၿပီးေတာ့ အံ့ဩဖို႔ေကာင္းတဲ့အခ်က္ကေတာ့ Batman ဟာ Bruce ရဲ႕တစ္ခုတည္းေသာ Identity မဟုတ္ပါဘူး။ Batman ေကာမစ္ေတြကို လက္မလႊတ္တမ္း ဖတ္ၾကသူေတြဆိုရင္ေတာ့ Bruce ဟာ ရာဇဝတ္မႈေတြကို စုံစမ္းဖို႔အတြက္ Matches Malone ဆိုတဲ့ ဂိုဏ္းစတား တစ္ေယာက္အေနနဲ႔လည္း ေနထိုင္ခဲ့ဖူးတယ္ဆိုတာ သိၾကပါလိမ့္မယ္။

Photo via quora

ဒါ့အျပင္ Bruce ဟာ ေဂၚသမ္ၿမိဳ႕ကို Batman အေနနဲ႔ မဟုတ္ဘဲ တစ္ျခားစူပါဟီး႐ိုးတစ္ေယာက္အေနနဲ႔ ကာကြယ္ေပးဖို႔အတြက္ Insider ဆိုတဲ့ ေနာက္ထပ္စူပါဟီး႐ိုး Identity တစ္ခုကို ဖန္တီးခဲ့ပါတယ္။ Insider ကေတာ့ ၂၀၀၈ခုႏွစ္က ထြက္ရွိခဲ့တဲ့ Final Crisis ဆိုတဲ့ ေကာမစ္စီးရီးထဲက အျဖစ္အပ်က္တစ္ခုေၾကာင့္ ျဖစ္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

ျဖစ္ပုံကေတာ့ Darkseid က universe ႀကီးတစ္ခုလုံးကို ထိန္းခ်ဳပ္ၿပီးသြားတဲ့ေနာက္မွာ Batman ဟာ သူ႔ဘာသာ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းထဲကတစ္ခုကို ခ်ိဴးေဖာက္ခဲ့ရပါတယ္။ အဲ့ဒါကေတာ့ ေသနတ္ကို အသုံးမျပဳဘူးဆိုတဲ့ စည္းကမ္းပဲ ျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္မွာေတာ့ Batman ဟာ Darkseid ကို သတ္ဖို႔အတြက္ အထူးျပဳလုပ္ထားတဲ့ က်ည္ဆံနဲ႔ ပစ္ခတ္ခဲ့ပါတယ္။

photo via screenrant

အဲ့ဒါေၾကာင့္ပဲ Darkseid ဟာ သူ႔ရဲ႕ Omega Beam နဲ႔ ျပန္လည္တိုက္ခိုက္ခဲ့တာေၾကာင့္ Batman ဟာ ေသဆုံးသြားတယ္လို႔ ထင္ခဲ့ရပါတယ္။ ေနာက္ပိုင္းက်မွသာ Darkseid ဟာ Batman ကို မသတ္ခဲ့ဘဲ အတိတ္ကာလတစ္ခုကို ပို႔လိုက္တာျဖစ္ေၾကာင္း သိခဲ့ရပါတယ္။ Darkseid ရဲ႕ အစီအစဥ္ကေတာ့ Batman က အတိတ္ကာလကို ေရာက္ေနတဲ့အခ်ိန္မွာ ကမာၻႀကီးကို ဖ်က္ဆီးဖို႔ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Darkseid ရဲ႕ အစီအစဥ္ဟာ မေအာင္ျမင္ခဲ့သလို Batman ကလည္း အေကာင္းတိုင္း ပစၥပၸဳန္ကာလကို ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။ ဒီမွာတင္ Bruce ဟာ Insider ဆိုတဲ့ စူပါဟီး႐ိုးအျဖစ္နဲ႔ သူ မရွိတဲ့အခ်ိန္မွာ ေဂၚသမ္ၿမိဳ႕ႀကီးက ဘာေတြေျပာင္းလဲသြားလည္း ဆိုတာကို စုံစမ္းခဲ့ပါတယ္။

photo via screenrant

The Insider ဟာ Bruce အတြက္ နာမည္ေလးပဲ ေျပာင္းလဲသြားတာ မဟုတ္ပါဘူး။ ရာဇဝတ္မႈေတြကို တိုက္ခိုက္ေနတဲ့အခ်ိန္မွာလည္း သူ ျပန္လာတယ္ဆိုတာ တစ္ျခားသူေတြ မသိရေအာင္ Insider Suit လို႔ေခၚတဲ့ ဝတ္စုံအသစ္ကိုလည္း ဖန္တီးခဲ့ရပါတယ္။

အဲ့ဒီဝတ္စုံဟာ ပုံစံေလးပဲ ၾကည့္ေကာင္းေနတာ မဟုတ္ဘဲ သာမန္ Batsuit ထက္လည္း ပိုၿပီးေတာ့ နည္းပညာ ျမင့္မားပါတယ္။ ဒါ့အျပင္ အဲ့ဒီဝတ္စုံကို ဝတ္ထားတဲ့အခ်ိန္ဆိုရင္ Bruce ဟာ Justice League အဖြဲ႕ဝင္အမ်ားစုရဲ႕ စြမ္းအားေတြကိုလည္း အသုံးျပဳလို႔ရပါတယ္။ အဲ့ဒီစြမ္းအားေတြကေတာ့ လ်င္ျမန္လြန္းတဲ့ အရွိန္၊ ေလေပၚပ်ံႏိုင္ျခင္း၊ ကိုယ္ေပ်ာက္ႏိုင္ျခင္းနဲ႔ heat vision တို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ Lasso of Truth ရဲ႕ စြမ္းအားရွိတဲ့ ကိရိယာတစ္ခုလည္း ပါဝင္သလို လူဖန္တီးထားတဲ့ Green Lantern လက္စြပ္လည္း ပါဝင္ပါေသးတယ္။

photo via screenrant

အဲ့ဒီလိုစြမ္းအားေတြကို အသုံးျပဳလို႔ရတာေၾကာင့္ ဒီဝတ္စုံဟာ သိပ္ကိုစြမ္းအားႀကီးတယ္လို႔ ထင္ရေပမယ့္လည္း အဓိက အားနည္းခ်က္တစ္ခုေတာ့ ရွိပါတယ္။ အဲ့ဒါကေတာ့ ဒီဝတ္စုံဟာ သာမန္ဝတ္စုံေတြထက္ နည္းပညာပိုင္းမွာ အမ်ားႀကီးသာလြန္တာေၾကာင့္ အခ်ိန္အၾကာႀကီး အားသြင္းရပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ ပါဝါမကုန္သြားခင္မွာ အဲ့ဒီစြမ္းအားေတြကို အခ်ိန္အတိုင္းအတာတစ္ခုအထိပဲ အသုံးျပဳႏိုင္ပါတယ္။ ဒါေပမယ့္လည္း Insider Suit ဟာ Batman ရဲ႕ စြမ္းအားအႀကီးဆုံး ကိရိယာေတြထဲက တစ္ခုအပါအဝင္ ျဖစ္ေနပါတယ္။

photo via screenrant

လူအမ်ားစုဟာ အဲ့ဒီအျဖစ္အပ်က္ေတြကို မသိၾကတာေၾကာင့္ Dick Grayson ဟာလည္း Batman ဆိုတဲ့ ဟီး႐ိုးတစ္ေယာက္ မေပ်ာက္ကြယ္သြားဖို႔အတြက္ Nightwing အျဖစ္ကို စြန႔္လႊတ္ၿပီး Batman အေနနဲ႔ ေနထိုင္ခဲ့ပါတယ္။ Batman ဟာလည္း အခုလို စြမ္းအားႀကီးတဲ့ ဝတ္စုံကို ပိုင္ဆိုင္ထားေပမယ့္ အခ်ိန္ကာလအနည္းငယ္ပဲ ဒီဝတ္စုံကို သုံးခဲ့ၿပီး Batman အျဖစ္နဲ႔ ျပန္လည္ေနထိုင္ခဲ့ပါတယ္။ Bruce ကို Insider အေနနဲ႔ ျမင္ေတြ႕ခဲ့ရတဲ့ တစ္ခုတည္းေသာ ေကာမစ္ရဲ႕နာမည္ကေတာ့ Bruce Wayne: The Road Home ပဲ ျဖစ္ပါတယ္။

ဒီအျဖစ္အပ်က္ၿပီးတည္းက Batman ဟာ Insider ဆိုတဲ့ စူပါဟီး႐ိုးအျဖစ္ကေန အနားယူခဲ့ၿပီး Insider Suit ကိုလည္း အနားေပးခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကေန စၿပီးေတာ့ သူဟာ ေနာက္ထပ္တစ္ခါ Insider အျဖစ္ ျပန္လည္ေနထိုင္ခဲ့ျခင္း မရွိေတာ့ပါဘူး။ ဒါေပမယ့္လည္း အနာဂတ္ကာလ တစ္ခုခုမွာေတာ့ Bruce ဟာ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ အဲ့ဒီဝတ္စုံကို ဝတ္ၿပီးေတာ့ Insider အျဖစ္နဲ႔ ျပန္လည္ျမင္ေတြ႕ရႏိုင္ေခ် ရွိပါေသးတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular