HomeCharacterကောမစ်ထဲမှာ ငွေကြေးတွေ ဆုံးရှုံးခဲ့ပြီး ဘီလျံနာတစ်ယောက် မဟုတ်တော့တဲ့ Batman

ကောမစ်ထဲမှာ ငွေကြေးတွေ ဆုံးရှုံးခဲ့ပြီး ဘီလျံနာတစ်ယောက် မဟုတ်တော့တဲ့ Batman

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Joker War ဆိုတဲ့ အဖြစ်ပျက်ဟာ ဂေါ့သမ်မြို့ကြီးကို အကြီးအကျယ်ပြောင်းလဲစေခဲ့သလို Batman ကိုလည်း ပြောင်းလဲသွားစေပါတယ်။ အဲ့ဒီအဖြစ်အပျက်ကတော့ Batman ဆိုတဲ့ ကောမစ်စီးရီးမှာ ဖြစ်ခဲ့ပြီး Batman #101 မှာ‌တော့ အဲ့ဒီအဖြစ်အပျက်ဟာ ပြီးဆုံးသွားခဲ့ပါပြီ။ အဲ့ဒီအဖြစ်အပျက်ကတော့ Joker ဟာ Bruce Wayne ဆီကနေ ဘီလျံနဲ့ချီတဲ့ ဒေါ်လာတွေကို ခိုးခဲ့ပြီး အဲ့ဒီပိုက်ဆံတွေနဲ့ သူ့ရဲ့ကိုယ်ပိုင် စစ်တပ်ကြီး ဖန်တီးကာ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ လက်နက်တွေကို အသုံးပြုခဲ့ပါတယ်။

ဒါ့အပြင် ဒီအဖြစ်အပျက်ဟာ Joker ရဲ့ အကြီးမားဆုံးအောင်မြင်မှုတွေထဲ တစ်ခုလို့ပြောလို့ရပြီး အရင်တုန်းက ဂေါ့သမ်မြို့နဲ့ Batman ကို အခုလောက် မထိခိုက်စေခဲ့ပါဘူး။ အဲ့ဒီအဖြစ်အပျက်အပြီးမှာတော့ Catwoman က Joker ဆီကနေ ဘီလျံချီတဲ့ ပိုက်ဆံတွေကို ပြန်ခိုးလာခဲ့ပြီး Lucius Fox ကို ပြန်ပေးခဲ့ပါတယ်။ အကြောင်းကတော့ Bruce ကိုယ်တိုင်က Fox ကို Wayne Enterprises ရဲ့ CEO အဖြစ် ထားခဲ့လို့ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Batman #101 ထဲမှာတော့ Fox နဲ့ Batman တို့က အဲ့ဒီပိုက်ဆံတွေနဲ့ ဘာဆက်လုပ်ကြမလည်း ဆိုပြီးတော့ တိုင်ပင်ကြရပါတော့တယ်။

photo via screenrant

အဲ့ဒီအချိန်မှာတော့ Fox ဟာ “အဲ့ဒီပိုက်ဆံတွေကို Bruce ကို ပြန်ပေးခဲ့ရင်တောင် အစိုးရက စောင့်ကြည့်နေတာကြောင့် Bruce ဟာ အဲ့ဒီပိုက်ဆံတွေကို Batman အနေနဲ့ နေထိုင်ဖို့အတွက် အသုံးပြုလို့ရမှာ မဟုတ်တော့ပါဘူး” လို့ပြောခဲ့ပါတယ်။ ဒါ့အပြင် Bruce ဆီက ပိုက်ဆံတွေ အခိုးခံရတာဟာ သူဟာ စီးပွားရေးနဲ့ ပတ်သက်ပြီး ဂရုစိုက်မှုမရှိတဲ့အပြင် သူ့ရဲ့ပိုက်ဆံတွေကြောင့် ဂေါ့သမ်မြို့ဟာ စစ်မြေပြင်လို ဖြစ်ခဲ့လာတယ်လို့ Wayne Enterprises ရဲ့ ဘုတ်အဖွဲ့က ယူဆခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဘုတ်အဖွဲ့ကလူတွေဟာ Bruce ကို နှစ်စဉ်တိုင်းမှာ ပိုက်ဆံပေးသွားပြီး ဘုတ်အဖွဲ့ကနေ ထုတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲ့ဒီအချက်တွေကြောင့်ပဲ Bruce ဟာ အရင်လိုမျိူး Batman အနေနဲ့ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ စက်ပစ္စည်းတွေကိုလည်း အသုံးမပြုနိုင်တော့သလို ဟီးရိုးတစ်ယောက် အဖြစ် နေထိုင်ဖို့ လိုအပ်လာတဲ့ ပိုက်ဆံတွေကိုလည်း အသုံးပြုဖို့အတွက် မလွယ်ကူတော့ပါဘူး။ အဲ့ဒါကြောင့်ပဲ Fox ဟာ “Batman ရဲ့ Batmobile ပျက်သွားရင်လည်း Batman ကိုယ်တိုင် ပြင်ရမှာ ဖြစ်ပြီး သူကတော့ ဝင်ကူညီလို့ မရတော့ပါဘူး” လို့လည်း ပြောခဲ့ပါတယ်။

photo via screenrant

အဲ့ဒါကြောင့်ပဲ နောက်ပိုင်းမှာ ကောမစ်တွေမှာ ပါဝင်လာမယ့် Batman ကတော့ အရင်နဲ့လုံးဝကို တူညီတော့မှာ မဟုတ်တော့ပါဘူး။ ပရိသတ်တွေအချို့ကလည်း Bruce ဟာ သူ့ရဲ့ပိုက်ဆံတွေကို Batman လုပ်ဖို့အတွက် အများကြီးသုံးပစ်တာကို ဝေဖန်ခဲ့တာတွေလည်း ရှိပါတယ်။ အဲ့ဒါကြောင့်ပဲ ရှေ့လျှောက်မြင်ရမယ့် Batman က အရင်လိုမျိူး လက်နက်အဆန်းကြီးတွေနဲ့ နည်းပညာသစ်တွေကို အသုံးပြုနိုင်တော့မှာ မဟုတ်တာကြောင့် Batman ကို ရှေ့လျှောက် ဘယ်လိုမျိူး မြင်တွေ့ရမလည်းဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့အရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Joker War ဆိုတဲ့ အျဖစ္ပ်က္ဟာ ေဂါ့သမ္ၿမိဳ႕ႀကီးကို အႀကီးအက်ယ္ေျပာင္းလဲေစခဲ့သလို Batman ကိုလည္း ေျပာင္းလဲသြားေစပါတယ္။ အဲ့ဒီအျဖစ္အပ်က္ကေတာ့ Batman ဆိုတဲ့ ေကာမစ္စီးရီးမွာ ျဖစ္ခဲ့ၿပီး Batman #101 မွာ‌ေတာ့ အဲ့ဒီအျဖစ္အပ်က္ဟာ ၿပီးဆုံးသြားခဲ့ပါၿပီ။ အဲ့ဒီအျဖစ္အပ်က္ကေတာ့ Joker ဟာ Bruce Wayne ဆီကေန ဘီလ်ံနဲ႔ခ်ီတဲ့ ေဒၚလာေတြကို ခိုးခဲ့ၿပီး အဲ့ဒီပိုက္ဆံေတြနဲ႔ သူ႔ရဲ႕ကိုယ္ပိုင္ စစ္တပ္ႀကီး ဖန္တီးကာ ေနာက္ဆုံးေပၚနည္းပညာေတြနဲ႔ လက္နက္ေတြကို အသုံးျပဳခဲ့ပါတယ္။

ဒါ့အျပင္ ဒီအျဖစ္အပ်က္ဟာ Joker ရဲ႕ အႀကီးမားဆုံးေအာင္ျမင္မႈေတြထဲ တစ္ခုလို႔ေျပာလို႔ရၿပီး အရင္တုန္းက ေဂါ့သမ္ၿမိဳ႕နဲ႔ Batman ကို အခုေလာက္ မထိခိုက္ေစခဲ့ပါဘူး။ အဲ့ဒီအျဖစ္အပ်က္အၿပီးမွာေတာ့ Catwoman က Joker ဆီကေန ဘီလ်ံခ်ီတဲ့ ပိုက္ဆံေတြကို ျပန္ခိုးလာခဲ့ၿပီး Lucius Fox ကို ျပန္ေပးခဲ့ပါတယ္။ အေၾကာင္းကေတာ့ Bruce ကိုယ္တိုင္က Fox ကို Wayne Enterprises ရဲ႕ CEO အျဖစ္ ထားခဲ့လို႔ပဲ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Batman #101 ထဲမွာေတာ့ Fox နဲ႔ Batman တို႔က အဲ့ဒီပိုက္ဆံေတြနဲ႔ ဘာဆက္လုပ္ၾကမလည္း ဆိုၿပီးေတာ့ တိုင္ပင္ၾကရပါေတာ့တယ္။

photo via screenrant

အဲ့ဒီအခ်ိန္မွာေတာ့ Fox ဟာ “အဲ့ဒီပိုက္ဆံေတြကို Bruce ကို ျပန္ေပးခဲ့ရင္ေတာင္ အစိုးရက ေစာင့္ၾကည့္ေနတာေၾကာင့္ Bruce ဟာ အဲ့ဒီပိုက္ဆံေတြကို Batman အေနနဲ႔ ေနထိုင္ဖို႔အတြက္ အသုံးျပဳလို႔ရမွာ မဟုတ္ေတာ့ပါဘူး” လို႔ေျပာခဲ့ပါတယ္။ ဒါ့အျပင္ Bruce ဆီက ပိုက္ဆံေတြ အခိုးခံရတာဟာ သူဟာ စီးပြားေရးနဲ႔ ပတ္သက္ၿပီး ဂ႐ုစိုက္မႈမရွိတဲ့အျပင္ သူ႔ရဲ႕ပိုက္ဆံေတြေၾကာင့္ ေဂါ့သမ္ၿမိဳ႕ဟာ စစ္ေျမျပင္လို ျဖစ္ခဲ့လာတယ္လို႔ Wayne Enterprises ရဲ႕ ဘုတ္အဖြဲ႕က ယူဆခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဘုတ္အဖြဲ႕ကလူေတြဟာ Bruce ကို ႏွစ္စဥ္တိုင္းမွာ ပိုက္ဆံေပးသြားၿပီး ဘုတ္အဖြဲ႕ကေန ထုတ္ပစ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

အဲ့ဒီအခ်က္ေတြေၾကာင့္ပဲ Bruce ဟာ အရင္လိုမ်ိဴး Batman အေနနဲ႔ ေနာက္ဆုံးေပၚနည္းပညာေတြနဲ႔ စက္ပစၥည္းေတြကိုလည္း အသုံးမျပဳႏိုင္ေတာ့သလို ဟီး႐ိုးတစ္ေယာက္ အျဖစ္ ေနထိုင္ဖို႔ လိုအပ္လာတဲ့ ပိုက္ဆံေတြကိုလည္း အသုံးျပဳဖို႔အတြက္ မလြယ္ကူေတာ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ Fox ဟာ “Batman ရဲ႕ Batmobile ပ်က္သြားရင္လည္း Batman ကိုယ္တိုင္ ျပင္ရမွာ ျဖစ္ၿပီး သူကေတာ့ ဝင္ကူညီလို႔ မရေတာ့ပါဘူး” လို႔လည္း ေျပာခဲ့ပါတယ္။

photo via screenrant

အဲ့ဒါေၾကာင့္ပဲ ေနာက္ပိုင္းမွာ ေကာမစ္ေတြမွာ ပါဝင္လာမယ့္ Batman ကေတာ့ အရင္နဲ႔လုံးဝကို တူညီေတာ့မွာ မဟုတ္ေတာ့ပါဘူး။ ပရိသတ္ေတြအခ်ိဳ႕ကလည္း Bruce ဟာ သူ႔ရဲ႕ပိုက္ဆံေတြကို Batman လုပ္ဖို႔အတြက္ အမ်ားႀကီးသုံးပစ္တာကို ေဝဖန္ခဲ့တာေတြလည္း ရွိပါတယ္။ အဲ့ဒါေၾကာင့္ပဲ ေရွ႕ေလွ်ာက္ျမင္ရမယ့္ Batman က အရင္လိုမ်ိဴး လက္နက္အဆန္းႀကီးေတြနဲ႔ နည္းပညာသစ္ေတြကို အသုံးျပဳႏိုင္ေတာ့မွာ မဟုတ္တာေၾကာင့္ Batman ကို ေရွ႕ေလွ်ာက္ ဘယ္လိုမ်ိဴး ျမင္ေတြ႕ရမလည္းဆိုတာကေတာ့ စိတ္ဝင္စားဖို႔ေကာင္းတဲ့အရာတစ္ခု ျဖစ္လာခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular