HomeCharacterကောမစ်ထဲမှာ Bruce Wayne ရဲ့ မိဘတွေကို ဘယ်သူက သတ်သွားတာလဲ?

ကောမစ်ထဲမှာ Bruce Wayne ရဲ့ မိဘတွေကို ဘယ်သူက သတ်သွားတာလဲ?

Batman ရဲ့ ရုပ်ရှင်တွေတိုင်းမှာတော့ Bruce Wayne ရဲ့ မိဘတွေ အသတ်ခံခဲ့ရတဲ့ညကို မြင်တွေ့ခဲ့ရပါတယ်။ ယခု အသစ်ထွက်ရှိထားတဲ့ The Batman ရုပ်ရှင်ထဲမှာလည်း အဲ့ဒီညကို ရိုက်ပြထားပါသေးတယ်။ ဒီဇာတ်ဝင်ခန်းကတော့ Batman ရဲ့ Origin ပဲ ဖြစ်ပြီး စူပါဟီးရိုးတွေထဲက အကောင်းဆုံး Origin တွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ ဒါကြောင့်ပဲ ရုပ်ရှင်တွေအဖြစ် ပြန်လည် ဖန်တီးတဲ့အချိန်မှာတော့ ဒီဇာတ်ဝင်ခန်းကို ပုံစံတွေမတူအောင် ဖန်တီးခဲ့ကြပါတယ်။ အဲ့ဒီညကိုတော့ Live Action ထဲမှာ ခြောက်ကြိမ်တိတိ ပါဝင်ခဲ့ပြီး Animation တွေထဲမှာတော့ မရေတွက်နိုင်လောက်အောင်ကို ထည့်သွင်းခဲ့ပါတယ်။

photo via screerant

ကောမစ်ထဲမှာလည်း ဒီ Origin ကို ပုံစံအမျိူးမျိူးနဲ့ ပြန်လည် ဖန်တီးခဲ့တာမျိူးတွေ ရှိပါသေးတယ်။ Elseworlds ဇာတ်လမ်းတစ်ခုမှာတော့ Thomas Wayne နဲ့ Superman ရဲ့ ဖခင် Jor-El တို့ဟာ အနာဂတ်ကို ကြိုမြင်နိုင်တဲ့ နည်းပညာကို အတူတူ တီထွင်ခဲ့ကြပါတယ်။ Thomas Wayne ဟာ အဲ့ဒီနည်းပညာကြောင့် သူတို့ဇနီးမောင်နှံ သေဆုံးမှာကို ကြိုသိခဲ့ပေမယ့်လည်း ဒီအဖြစ်အပျက်ဟာ ဖြစ်ဖို့လိုအပ်တယ် ဆိုတာကို နားလည်တာကြောင့် သူရဲ့ကံကြမ္မာကို လက်ခံခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman #47 ကောမစ်ထဲမှာတော့ Booster Gold ရဲ့ အချိန်ခရီးသွားမှုကြောင့် ဒီအဖြစ်အပျက် ဖြစ်လာရတယ်လို့ ဖော်ပြထားပါတယ်။ အစတုန်းကတော့ Booster Gold ဟာ Batman ရဲ့ မိဘတွေကို ပြန်လည်ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း Timeline တွေဟာ တလွဲတွေ ဖြစ်ကုန်တာကြောင့် ပြန်လည် ပြင်ဆင်ဖို့အတွက် Batman ရဲ့ မိဘတွေကို အသေခံခိုင်းခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီလမ်းကြားထဲမှာ Bruce Wayne ကို ကြောက်လန့်သွားစေတဲ့ တိုက်ခိုက်သံတွေဟာလည်း Booster Gold ကြောင့် ဖြစ်လာတာပါ။

photo via screerant

ဒီ Origin ကို ပုံစံအမျိူးမျိူးနဲ့ ဖန်တီးခဲ့ကြပေမယ့်လည်း အများစုကတော့ Bruce Wayne ရဲ့ မိဘတွေကို ဘယ်သူက သတ်သွားတယ် ဆိုတာကိုတော့ အတူတူပဲ ဖော်ပြခဲ့ကြပါတယ်။ ဒီ Origin ကတော့ DC ကောမစ်ထဲမှာ Batman စတင်ပါဝင်ပြီး ခြောက်လအကြာ ၁၉၃၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Detective Comics #33 ထဲမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ အမည်မဖော်နိုင်တဲ့ ဓားပြတစ်ယောက်က သတ်သွားတယ်လို့ပဲ ဖော်ပြခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ထပ် ကိုးနှစ်အကြာ ၁၉၄၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman #47 ကောမစ်ထဲမှာတော့ အဲ့ဒီဓားပြဟာ Joe Chill ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

photo via screerant

ဒီလိုနဲ့ Batman ဟာ Joe Chill ကို ရှာဖွေပြီး တစ်သက်လုံး ကြောက်ရွံ့သွားစေဖို့အတွက် သူကိုယ်တိုင်က Batman ကို ဖန်တီးမိခဲ့တဲ့အကြောင်း ပြောပြပြီး မျက်နှာဖုံးကို ချွတ်ပြခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Joe Chill ဟာ သူ့ရဲ့ဒုစရိုက်မိတ်ဆွေတွေဆီကို အကူအညီ သွားတောင်းခဲ့ပါတယ်။ သို့သော်လည်း သူ့ရဲ့မိတ်ဆွေတွေဟာ သူတို့ထဲက လူတစ်ယောက်က Batman ကို ဖန်တီးမိခဲ့တယ်ဆိုတဲ့ အချက်ကို ဒေါသအမျက်ချောင်းချောင်း ထွက်သွားကြတာကြောင့် Batman က ဘယ်သူလည်းဆိုတာ မပြောပြနိုင်ခင်မှာပဲ Joe Chill ကို သေနတ်နဲ့ ပစ်သတ်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ Batman ဘယ်သူလည်း ဆိုတာကိုတော့ မသိသွားခဲ့ကြပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular