HomeEntertainmentFilmFight Scene တွေမှာ Jackie Chan ကို မှီငြမ်းထားတယ်ဆိုတဲ့ Bullet Train ရုပ်ရှင်

Fight Scene တွေမှာ Jackie Chan ကို မှီငြမ်းထားတယ်ဆိုတဲ့ Bullet Train ရုပ်ရှင်

မကြာခင် ထွက်ရှိလာတော့မယ့် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကား Bullet Train ထဲက fight scene တွေကိုတော့ နာမည်ကျော်မင်းသားကြီး Jackie Chan ရဲ့ တိုက်ခိုက်ကွက်တွေနဲ့ မှီငြမ်းဖန်တီးထားတယ်လို့ ဒါရိုက်တာ David Leitch က ပြောပြထားပါတယ်။

Bullet Train ရုပ်ရှင်ထဲမှာတော့ နာမည်ကျော် မင်းသား Brad Pitt ၊ နာမည်ကျော် မင်းသမီး Sandra Bullock တို့နဲ့အတူ The Kissing Booth မင်းသမီးလေး Joey King ၊ MCU သရုပ်ဆောင် Aaron Taylor-Johnson ၊ Brian Tyree Henry ၊ နာမည်ကျော် ဂျပန်မင်းသား Hiroyuki Sanada နဲ့ Bad Bunny တို့ အဓိက ပါဝင်ထားပါတယ်။

Photo: bullettrainmovie/ Instagram

ဇာတ်လမ်းကတော့ Ladybug (Brad Pitt)ဟာ လုပ်ကြံရေးသမားတစ်ဦး ဖြစ်ပြီး ဘဝကြီးကို စိတ်ကုန်ငြီးငွေ့နေကာ လူ့လောကထဲက ထွက်သွားဖို့ ကြံစည်နေသူ ဖြစ်ပါတယ်။ ဖြစ်ချင်တော့ သူ့ရဲ့ ကြီးကြပ်သူ Maria Beetle (Sandra Bullock)ဟာ အရေးကြီးကိစ္စတစ်ခုကို ခိုင်းဖို့ ရှိနေတဲ့အတွက် Ladybug ကို သေချင်စိတ်ပျောက်အောင် လုပ်ပေးလာပါတယ်။

သူ့ကိုခိုင်းတဲ့ ကိစ္စကတော့ ကျည်ဆန်ရထားတစ်စင်းပေါ်မှာ ရှိနေတဲ့ လက်ဆွဲသေတ္တာတစ်ခုကို ယူပေးဖို့ ဖြစ်ပါတယ်။ သို့သော်လည်း ကိစ္စဟာ ထင်ထားသလို ရိုးရှင်းလွယ်ကူမနေဘဲ Ladybug ဟာ သူ့အလုပ်နဲ့ ဆက်စပ်နေတဲ့ အလုပ်ကို ခိုင်းစေခံထားရတဲ့ လုပ်ကြံရေးသမားတစ်စုရဲ့ အလယ်ကို ရောက်သွားရပါတော့တယ်။

Photo Credit: SONY Pictures

လာမယ့် ဇူလိုင်လမှာ ရုံတင်ပြသတော့မယ့် Bullet Train ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဒါရိုက်တာ David Leitch ကတော့ Empire သတင်းဌာနနဲ့ တွေ့ဆုံပြီး ဒီဇာတ်ကားအကြောင်း ဆွေးနွေးထားပါတယ်။ ဒါရိုက်တာရဲ့ ပြောပြချက်အရ ဒီဇာတ်ကားထဲက အက်ရှင်ခန်းတွေဟာ Jackie Chan ရဲ့ တိုက်ခိုက်ပုံတွေကို တော်တော်များများ မှီငြမ်းထားတယ်လို့ သိရပြီး တရစပ် fight scene တွေနဲ့အတူ ဟာသကိုပါ တွဲလုပ်သွားတဲ့ ပုံစံကိုလည်း မှီငြမ်းထားတယ်လို့ ဆိုပါတယ်။

“တိုက်ခိုက်တဲ့ အခန်းတွေမှာလည်း ဟာသလေးတွေ ထည့်ထားတာ ရှိပါတယ်။ တိုက်ခိုက်ခန်းတွေကတော့ ကာရိုက်တာတွေကို ပိုပြီးပေါ်လွင်စေဖို့ ရည်ရွယ်ထားပါတယ်။ ဒီကားကို ကြည့်ရင်တော့ ရထားတစ်စီးပေါ်မှာ ဖြစ်ပျက်နေတာတွေကို ကောင်းကောင်းကြည့်ရမှာပါ … ” လို့ David Leitch က ဆိုပါတယ်။

တကယ်တော့ Jackie Chan ရဲ့ အက်ရှင်ခန်းတွေကို မှီငြမ်းဖန်တီးတာဟာ Bullet Train က ပထမဆုံး မဟုတ်ပါဘူး။ မင်းသားကြီး Jackie Chan ရဲ့ physical comedy fighting style ကို မှီငြမ်းထားတဲ့ အခြားသော နာမည်ကြီးရုပ်ရှင်တွေလည်း ရှိပါသေးတယ်။ Marvel ရဲ့ Shang-Chi and the Legend of Ten Rings ရုပ်ရှင်ဆိုရင်လည်း Jackie Chan ရဲ့ စတန့်အဖွဲ့က Brad Allan ကို စတန့်အတိုင်ပင်ခံ၊ ကြီးကြပ်သူအဖြစ်နဲ့ရော second unit director အဖြစ်နဲ့ပါ ငှားရမ်းခဲ့ပါတယ်။ Shang-Chi ရုပ်ရှင်ထဲမှာဆိုရင်တော့ ဘတ်စ်ကားပေါ်မှာ တိုက်ခိုက်ကြတဲ့အခန်းဟာ Jackie Chan ရဲ့ အက်ရှင်ခန်းတွေက စတိုင်လ်ကို မှီငြမ်းထားတာ ဖြစ်ပါတယ်။

လာမယ့် ဇူလိုင်လ(၂၉)ရက်နေ့မှာ ရုံတင်ပြသတော့မယ့် Bullet Train ရုပ်ရှင်ကတော့ Jackie Chan ရဲ့ ဘယ်လို တိုက်ခိုက်ပုံ၊ တိုက်ခိုက်နည်းတွေကို မှီငြမ်းပြီး ပြန်လည် ဖန်တီးထားမလည်းဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Vancouver

Source: screenrant

RELATED ARTICLES

Most Popular